ပုသိမ်မြို့ကနေ ရွေးကောက်ပွဲဝင်မယ့် ကြံ့/ဖွံ့ ပါတီက ဦးအောင်တင်မြင့်ရဲ့ ဘာသာရေး၊
လူမျိုးရေးတွေ အပေါ်ခုတုံးလုပ်မဲဆွယ်နေတာတွေကို ပုသိမ်ဝန်းကျင်က ပြည်သူတွေ
နေ့စဉ်နဲ့အမျှ မြင်တွေ့နေရပါတယ်။
ပုသိမ်မြို့ဝန်းကျင်မှာ နာမည်ကြီးတဲ့ ဆရာတော်ဦးဥာဏော တည်တဲ့ ၁၀၈တောင် စေတီကို သူတည်ဆောက်လှူဒါန်းသယောင် ၊ပြန်လည်ဖွဲ့စည်းထားတဲ့ မြို့မဆွမ်းလောင်းအသင်းကို သူ မတည်လှူခဲ့သယောင်၊ ငွေဆောင်မြို့ဦးစေတီ ကို စိန်ဖူးတော်တင်သယောင်နဲ့ တကယ့်အလှူရှင်ဖြစ်တဲ့ မြင့်မြတ်မိတ္တူဆိုင် ပိုင်ရှင်တွေကိုတော့ ဘေးချိတ်၊
နာမည်ဖျောက်ထားပါတယ်။
နမ်ဖု သက်သက်လွတ်ကွမ်ရင်မယ်တော်ကျောင်း ရဟန်းခံ၊ ရှင်ပြုပွဲမှာလည်း သူလှူဒါန်းတဲ့
ပုံစံဖြစ်အောင် လုပ်ထားတာမြင်ရပါတယ်။ နောက်ဆုံး ပုသိမ်တက္ကသိုလ်မုဒ်ဦးကိုလည်း သူဦးဆောင်ဆောက်လုပ်ပေးသွားသလို လိမ်ထားပါတယ်။အရင်တစ်ပတ်က ၀န်ကြီးချုပ် ဦးသိန်းအောင်ပုံတွေနဲ့ ခြိမ်းခြောက် မဲဆွယ်ထားတဲ့ ပိုစတာတွေ ဖယ်ရှားပေးခဲ့ရပြီးဖြစ်ပါတယ်။
ဒါကိုအရှက်မရှိဆက်လိမ် ဖို့ကြိုးစားနေတာပါ။ သူ့ရဲလိမ်ဆင်တွေဟာ အရင် မြေစာရင်းမှူး
လုပ်ကတည်းက အများအပြားရှိခဲ့တာပါ။ ချောင်းသာနဲ့ ငွေဆောင်က လယ်မြေတွေ၊
အုန်းခြံသိမ်းယူပြီး စာရင်းပျောက်လုပ်ခဲ့တဲ့အတွက် ဒေသခံတွေက အမြင်ကြည်လင်မှု
နည်းနည်းမှ မရှိခဲ့ပါဘူး။
(၂၁.၃.၂၀၁၂) ရက်နေ့ ၁၀နာရီ ၄၀ မိနစ်မှာ ချောင်းသာကမ်းခြေ ရွှေသောင်ယံမြို့
အမှတ်(၂)ရပ်ကွက် ဆိမ်းကမ်းကို ဦးအောင်တင်မြင့် ဦးဆောင်တဲ့ ကြံ့/ဖွံ့ တွေ ကား(၂)စီးနဲ့ရောက်လာပြီး ဒေါ်အောင်ဆန်းစုကြည်ကို အကြည်ညိုပျက်စေရန် ပုတ်ခတ်ရေးသားထားတဲ့စာတွေကို ဦးအောင်တင်မြင့် ကိုယ်တိုင် ဖြန့်ဝေခဲ့ပါတယ်။
ရေးတဲ့သူက ပညာရေး အငြိမ်းစား ဦးကျော်လွင်(ကျော်(ပညာရေး)) လို့ သိရပါတယ်။
ဒီကိစ္စကို အမျိုးသားဒီမိုကရေအဖွဲ့ချုပ် ဧရာဝတီတိုင်းအောင်နိုင်ရေးအဖွဲ့က တိုင်းကော်မရှင်နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(ဗဟို)ကို တိုင်ကြားထားတယ်လို့ သိရပါတယ်။
ပုသိမ်မြို့ ခံတဦးသတင်းရေးသားပေးပို့ ထားတာဖြစ်ပါတယ်။
Myanmar News Now

ဘာသာရေးခုတုံးလုပ်မဲဆွယ် တဲ့ ပုသိမ် ကြံ့/ဖွံ့ ဦးအောင်တင်မြင့်
Reviewed by သစ်ထူးလွင်
on
17:31
Rating:
13 comments:
ကြံ့ဖွတ်အမတ်လောင်းမောင်အောင်တင်မြင့်ရေ လွတ်တော်ထဲသွားမနေပါနဲ့ကွာ ဒီလောက်ဘာသာတရားကိုင်းရှိုင်းနေမှာတော့ မင်းလှူထားတဲ့ဘုရား၊ ကျောင်းကန်မှာဘဲ
အေးအေးလူလူ ကပိယဘဲလုပ်လိုက်ပါတော့နော်။
ဦးအောင်တင်မြင့် ဆိုတဲ့ သူခိုးက နမ်ဖုက ဆရာသူခိုးနဲ့ သွားပေါင်းတာကိုး။ နမ်ဖု က ဆရာဆိုတဲ့သူက ဘာသာရေးအကြောင်းပြုပြီးခိုးနေတဲ့သူလေ။ အင်း သူခိုးအချင်းချင်းပေါင်းမိတာပေါ့။ မြင့်မြတ်ကပိုင်ရှင်ကို အောင်တင်မြင့် ဘေးချိတ် တယ်ဆိုတာထက် သူတို့က စင်ပေါ်တင်ပေးတာပါ။ သူတို့က အစိုးရအဖွဲ့အစည်းမှန်သမျှ ဖားနေတာ။ သူတို့ဖွင့်ထားတဲ့ဆိုင်ခန်းကလည်း မြေစာရင်းဆိုင်ခန်းဆိုတော့ ဖားရတာပေါ့။ မယက က ဖွဲ့ပေးထားတဲ့ စာစီစာရိုက်အသင်းတို့ ကွန်ပျူတာအသင်းတို့မှာလည်း ပါတယ်လေ။ ဖားဖားလင်မယားပေါ့
စောက်ပေါတစ်ကောင်ပေါ်လာပြန်ပီ..
သနားပါတယ်ဗျာ၊ မဲရဖို့အတွက်နဲ့ သိက္ခာကိုလဲရဲတဲ့ သတ္တိတော့လေးစားတယ်ဗျာ။ ယောကျာင်္းကြီးလုပ်ပြီးတော့ မရှက်ဘူးထင်တယ်။
ယုံဘူး ယုံဘူး ယုံဘူး တင်အောင်မြင့်ရယ်......
ကြန့်ဖွတ် ဦးတင်အောင်မြင့်ရေ...
ပညာရေးကို ခုတုံးလုပ်တာရယ်
ကျန်းမာရေးကို ခုတုံးလုပ်တာရယ်
ဘာသာရေးကို ခုတုံးလုပ်တာရယ်
ဘယ်ဟာက အပြစ်အကြီးဆုံးလည်းဆိုတာ သေချာသုံးသပ်နော်။
ချီးထုတ်အောင်တင်မြင့် ... လည်တာမှ မွှတ်နေတာပဲ ... သေနာကြီး ... စောစောသေရမှာ ... မှတ်မှတ်ရရဖြစ်သွားအောင် ... မတ်၂၇ မှာ သေ ...
နောက်တစ်ခုရှိသေးတယ် ... ပညာရေး အငြိမ်းစား ဦးကျော်လွင်(ကျော်(ပညာရေး)) ရေးတယ်ဆိုတဲ့ သတင်းကို အမှန် သူကိုယ်တိုင်ဖန်တီးထားတာ.. ရေးတာလဲဒင်းကိုယ်တိုင်ပဲ .... အပြစ်လျော့အောင် အကွက်ဆင်လိုက်တာ... အခုကြံ့ဖွတ်မှာ ဒီလူမွှေလို့ ..... ကျန်တဲ့ ပုဂ္ဂိုလ်တွေရဲ့ ဂုဏ်သိက္ခာပါထိခိုက်တယ် ... ဆိုးပါ့ကွာ ...
God can't help you who kill priest .wait for your turn .
ကြံ့ဖွတ် အောင်တင်မြင့် ..ပုသိမ်မှာ ကြည့်လို့ကိုမရဘူး..မတရားသဖြင့် စည်းရုံးရေးတွေလုပ်နေတယ်..ရပ်ကွက်တွေမှာ ကြံ့ဖွတ် စည်းရုံးရေးမှူးတွေထားပြီး မဲလိမ်၊မဲခိုးဖို့ကြိုးစားခိုင်းနေတယ်...NLD အဖွဲ့ကိုလည်း မနာလိုဖြစ်နေတာ..
ကြံ့ဖွံ့တွေကို လွှတ်တော်ထဲတော့မပို့ဘူး...ဘေးမဲ့တောထဲကိုပဲ လွှတ်
တော်မူလိုက်ပါ..
ရွှေစက်တော်ဘုရားပွဲတွင် ရေနွေးရောင်းနေတဲ. 5တန်း ကလေးကိုမြင်သောအခါ နာကျင်ရပါဧ။်
ဒီသစ္စာတရားမှန်ကန်ပါက ကြံဖွံ အသင်းထိပ်ဆုံးမှအောက် အားလုံး
မျက်နှာ စောင်.ကန်ပါရစေ
ရွှေစက်တော်တင်မကပါ၊မြန်မာနိုင်ငံ အရပ်ရပ်မှ အသက်မပြည့်သေး သောကလေးများ အလုပ်လုပ်နေကြရပါ သည်။
ဒယ်အိုးပါတီရဲ့ဒယ်အိုးအောင်တင်မြင့်ပေါ့။ဒယ်အိုးသွားမဲ့ဒယ်အိုးကောင်တွေ
Post a Comment