ဖေဖော်ဝါရီလအတွင်း ဆွဲကြိုးချ သေဆုံးခဲ့သည့် ဖြစ်စဉ် သုံးခုဖြစ်ပွား

ငွေကြေး အဆင်မပြေသဖြင့် သေတမ်းစာရေး၍ အသက် ၅၅ နှစ် အရွယ် အမျိုးသားတစ်ဦး ဆွဲကြိုးချ သေဆုံးခဲ့သည့် ဖြစ်စဉ်တစ်ခု အပါအ၀င် ဖေဖော်ဝါရီလအတွင်း ဆွဲကြိုးချဖြစ်စဉ် ငါးခုဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။
ငွေကြေး အဆင်မပြေသဖြင့် သေဆုံးခဲ့သူ၏ဖြစ်စဉ်မှာ ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ ၁၆ ရက်နေ့ နံနက် ၆ နာရီ ၄၀ အချိန်တွင် စမ်းချောင်းမြို့နယ် မုန့်တောင်ရပ်ကွက်၊ ရွှေနှင်းဆီလမ်းရှိ ဆောက်လက်စ ကန်ထရိုက်တိုက်တွင် အမျိုးသားတစ်ဦး ဆွဲကြိုးချ သေဆုံးနေကြောင်း သတင်းအရ သွားရောက်စစ်ဆေးရာ သေဆုံးသူမှာ ဦး....(၅၅)နှစ်၊ ကန်ထရိုက်တိုက် အလုပ်သမား၊ စမ်းချောင်းမြို့နယ်နေသူဖြစ်ပြီး ၎င်းသည် ငွေကြေး အဆင်မပြေသဖြင့် သေတမ်းစာရေးသားကာ ရှစ်ပေခန့် မြင့်သော ကွန်ကရစ်တုတ်တန်းတွင် ၁၀ ပေခန့်ရှိ အစိမ်းရောင်နိုင် လွန်ကြိုးအား လည်ပင်းတွင်စွပ်လျက် ဦးခေါင်းတွင် ကြွပ်ကြွပ်အိတ်စွပ်၍ ဆွဲကြိုးချ သေဆုံးနေသည်ကို တွေ့ရှိရသည်။
အဆိုပါ သေမှုသေခင်း ရေးဖွင့် ဆောင်ရွက်မှုအား စမ်းချောင်းရဲစခန်း သေမှုသေခင်း အမှတ်စဉ် ၃/ ၂၀၁၂ ဖြင့် အမှုဖွင့်ပြီး စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထို့အတူ ဖေဖော်ဝါရီလ ၁၈ ရက်နေ့ ညနေ ၅ နာရီအချိန်တွင် ဒဂုံတောင်မြို့နယ် ၁၈ ရပ်ကွက်၊ မောင်းမကန် ကန်သာလမ်းရှိ နေအိမ် တစ်အိမ်တွင် သွေးတိုးရောဂါနှင့် အခြားရောဂါများ ခံစားနေရသူ ဦး..... ၆၂ နှစ် မှီခိုမှာ ၎င်းနေထိုင်သည့် နေအိမ်အောက်ထပ် အမြင့်ရှစ်ပေခန့်ရှိ တုတ်တန်းတွင် အရှည်ရှစ်ပေလုံးပတ် တစ်မတ်လုံးခန့် နိုင်လွန်ကြိုးဖြင့် ချည်နှောင်လျက် ဆွဲကြိုးချသေဆုံးနေပြီး ခြေထောက်တစ်ဖက်မှာ ကြမ်းပြင်နှင့် ရှပ်ထိကာ ကျန်တစ်ဖက်မှာ အလျားတစ်ပေခွဲ၊ အနံတစ်ပေခွဲ၊ အမြင့်တစ်ပေခန့်ရှိ သစ်သားစားပွဲ ပေါ်တွင်တင်လျက် စားပွဲခုံပုပေါ်တက် ၍ဆွဲကြိုးချ သေဆုံးသည့်အနေအထား တွေ့ရှိပြီး စစ်ဆေးဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
အလားတူ ဖေဖော်ဝါရီလ ၂၄ ရက်နေ့ မွန်းလွဲ ၃ နာရီအချိန်တွင် ဒဂုံမြောက်မြို့နယ် ၄၈ ရပ်ကွက် ဗိုလ်မှူးဗထူးလမ်းရှိ ပစ္စည်းအဟောင်း ရောင်းဝယ်ရေးဆိုင် အပေါ်ထပ်တွင် လူတစ်ဦး ဆွဲကြိုးချသေဆုံးနေကြောင်း သွားရောက်စစ်ဆေးရာ သေဆုံးသူမှာ ဦး... ၄၈ နှစ်ဖြစ်ပြီး ၎င်းသည် စီးပွားရေး အဆင်မပြေသည့်အပြင် ငှား၍ ဖွင့်ထားသည့် ပစ္စည်းအဟောင်းဆိုင်အား ဦးလေးဖြစ်သူ ဦး .... မှ ဖယ်ရှားခိုင်းသဖြင့် စိတ်ညစ်ပြီးအမြင့် ကိုးပေရှိတုတ်တန်းတွင် ပလတ်စတစ်ကြိုး အသေးများ ကျစ်ထားသည့် ငါးမူးလုံးခန့် အရှည်ခုနစ်ပေခန့်ရှိ ကြိုးအား လှေကားလက်တန်းပေါ်ချည်ကာ ဆွဲကြိုးချ သေဆုံးနေကြောင်း သိရှိရသည်။
အဆိုပါဖြစ်စဉ်၏ သေမှုသေခင်း ရေးဖွင့် ဆောင်ရွက်မှုအား ဒဂုံမြောက်ရဲစခန်း သေမှုသေခင်း အမှတ်စဉ် ၁၂/၂၀၁၂ဖြင့် အမှုဖွင့်ပြီး စစ်ဆေးဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
EMG
ဖေဖော်ဝါရီလအတွင်း ဆွဲကြိုးချ သေဆုံးခဲ့သည့် ဖြစ်စဉ် သုံးခုဖြစ်ပွား ဖေဖော်ဝါရီလအတွင်း ဆွဲကြိုးချ သေဆုံးခဲ့သည့် ဖြစ်စဉ် သုံးခုဖြစ်ပွား Reviewed by သစ်ထူးလွင် on 00:14 Rating: 5

10 comments:

Mg Khwe said...

မြန်မာပြည်မှာ စိတ်ပိုင်းဆိုင်ရာ အခက် အခဲ ဖြစ်နေသူတွေ အတွက် help line တစ်ခုတော့ ရှိသင့်ပြီ ထင်ပါတယ်။ သက်ဆိုင်ရာကို အဲဒါတင်ပြပြီး လူထုကြားမှာ လည်း ပညာပေးရေး တွေ လုပ်ဖို့ အရေး ကြီးလာပြီဗျာ။

pitipaygyi said...

ခက်တယ်ဗျာ ကျနော်တို့ဗမာပြည်လဲ ဘယ်တော့များမှချမ်းသာမှာလဲမသိပါဘူးဗျာ
အမေစုကိုပဲအားကိုးရတော့မှာပဲ
ဟိုငနဲကြီးတွေကြောင့်ဒီလိုမွဲနေကြရတာ

အာကာထက် said...

လူတွေမှာ စိတ်ဖိစီးမှု stress တွေများလာရင်ဒါမျိုးက တိုင်းပြည်မရွေးဖြစ်တတ်ပါတယ် အများအားဖြင့် ဆင်းရဲချမ်းသာကွာဟမှုတွေများလာရင် ပိုဖြစ်တတ်ပါတယ် ကျနော်တို့ တိုင်းပြည်ဆိုရင် ပိုဆိုးတာပေါ့ ဒါပေမဲ့ တကယ်တမ်း ပြု့ပင်ပြောင်းလဲ လိုက်ရင်တော့ လုပ်ငန်းတွေပေါများတဲ့အခါ အဆင်ပြေသွားမှာပါ အချိန်ရှိတုန်း ပြုပြင်ပြောင်းလဲရေးကို ဆင်းရဲသားတွေဘက်ကတွေးတောပြီးလုပ်စေချင်ပါသည်

pitipaygyi said...

ခက်တယ်ဗျာ ကျနော်တို့ဗမာပြည်လဲ ဘယ်တော့များမှချမ်းသာမှာလဲမသိပါဘူးဗျာ
အမေစုကိုပဲအားကိုးရတော့မှာပဲ
ဟိုငနဲကြီးတွေကြောင့်ဒီလိုမွဲနေကြရတာ

Mone Mone said...

ခက်တယ်ဗျာ ကျနော်တို့ဗမာပြည်လဲ ဘယ်တော့များမှချမ်းသာမှာလဲမသိပါဘူးဗျာ
အမေစုကိုပဲအားကိုးရတော့မှာပဲ
ဟိုငနဲကြီးတွေကြောင့်ဒီလိုမွဲနေကြရတာ ပြောတဲ့ komoeေ၇

မှားနေပြီ၊ပြောင်းပြန်မပြောနဲ့၊ မြန်မာလူမျိုးတွေ Anti လုပ်ချင်တာဘဲသိတယ်။ တကယ် တရားခံကိုသိရဲ့သားနဲ့

ktd said...

အချို့က အထုံပါတယ်လို့ ဆိုကြတယ်။
သဘောကတော့ သူ့ဘ၀ကို ဒီလိုဇာတ်ပိုင်းမယ်လို့ နဂိုကတည်းက သူ့ကြမ္မာက ဖန်တီးပြီးသားလို့ ပြောကြတယ်။
ခုဖြစ်စဉ်မှာက ငွေကြေးပြသနာဆိုတာနဲ့ လူနေမှုစရိတ်ကြီးမြင့်မှု၊ မြန်မာပြည်မှာ(လူ့လောကမှာ)နေရတာကို မခံစား၊ မနှစ်မြို့၊ စွန့်ခွာချင်တဲ့စိတ်က၊ သက်ရှိနေထိုင်မှုဘ၀ကို အမြန်ဆုံးသဘာဝမကျတဲ့နည်းနဲ့ ဖြေရှင်းလိုက်ကြတာဘဲလေ၊
ခံစားမိပါတယ်။ လူတစ်ဦး၊ လူ့ဘ၀မှာ နေထိုင်စားသောက်သွားလာပြုမူ၊ ဆက်ဆံ၊ အစစအရာရာမှာ ပျော်ရွှင်စရာနေ့ရက်တွေနဲ့၊ စိတ်ညစ်စရာအချိန်တွေဆိုတာ၊ အခါအားလျော်စွာ ဖြစ်ပေါ်မြဲဘဲ၊
ရခဲလှတဲလူ့ဘ၀ကို မိုက်မဲကြီးစွာ စွန့်လွှတ်သွားကြသူတွေဟာ သူ့ဘ၀အတွက် အတိုင်းအတာမသိ အခက်အခဲတွေ၊ ရင်မဆိုင်နိုင်မှုတွေကို သူ့ကိုယ်စားဘယ်သူ့ကိုမှလဲ မျှဝေလို့ မရမဲ့အတူ
အဖန် ငါးရာ့ငါးကမ္ဘာ မကလို့ ဘယ်လောက်ဘဲဖြစ်ဖြစ်ဆိုပြီး အဆုံးသတ်သွားမှုကို ဘယ်လိုမှ မခံစားနိုင်ဘူး၊
သက်ရှိထင်ရှား လူသားများ၊ ပြည်သူများ၊ နိုင်ငံသူများ၊ ဒီလိုဘ၀တွေနဲ့ အဆုံးသတ်မှုတွေကို ပပျောက်အောင် ၀ိုင်းဝန်းအကြံပြု၊ ဆွေးနွေး၊ တွေးခေါ်ခြင်းဖြင့် အနာဂတ် မြန်မာ့လူ့ဘောင်ကို အကောင်းဆုံးတည်ဆောက်တဲ့နေရာမှာ စဉ်းစားသင့်တယ်လို့ဘဲ မြင်မိပါတယ်။

pyaponthu said...

မြန်မာပြည် မှာ ချမ်းသာတဲ့သူနဲ့ဆင်းရဲတဲ့သူ လူတန်းစားကွာလွန်းလှတယ်။အစိုးရအနေနဲ့ သြစီ ကို အတုယူသင့်တယ်။လူတန်းစားကို အတတ်နိုင်ဆုံးမ ကွာအောင် အထူးသဖြင့်မဆင်းရဲအောင် လိုအပ်တာတွေလုပ်ပေးတယ်။မြန်မာ ပြည်ကရော ဘာလို့မလုပ်ပေးနိုင်ရတာရတာလဲ။လူကြီးတွေ အိတ်ဘယ်တော့ပြည့်မှာလဲ။ဘယ်တော့မှပြည့်မှာမဟုတ်ဘူး။

nilaraung15 said...

လူ့ဘ၀ဆိုတာ ပန်းခင်းလမ်းမဟုတ်တာ လူတိုင်းသိကြပါတယ်။အဓိက ကတော့ စိတ်ဓာတ်ကြံ့ခိုင် ဘို့အရေးကြီးပါတယ်။ကိုယ်မသိပေမယ့် ကိုယ့်
ထက် ဆိုးရွားတဲ့ အဖြစ်အပျက်တွေနဲ့ရင်ဆိုင်နေကြရသူတွေ တစ်ပုံကြီးပါ။
မှတ်ထားရမှာက ကိုယ်တစ်ယောက်တည်း မဟုတ်ပါဘူး။ဘ၀ကို အရှုံးနဲ့
ရင်ဆိုင်မှာလား? အနိုင်နဲ့ ပိုင်းမလား?..... သူငယ်ချင်း.....စဉ်းစားနော်။

seazinyaw said...

လွှတ်တော် မှာတင်အာမနေ ကြပါနဲ့ လူတိုင်းအလုပ်အကိုင်ရရှိေ၇း အောက်ခြေစနစ်တွေ အမြန်ပြောင်းဘို.လိုပါတယ်၊ အခုအရေးကြီးတာက ရွှေမန်းပြောသလို လစာတိုးရေးမဟုတ် ပါ၊ လူငယ်များ အလုပ် အကိုင်ရရှိရေးဖြစ်ပါတယ်၊ ဒါမှဝင်ငွေ ရှိကြ လည်ပတ် ကြမှာဖြစ်ပါတယ်၊

Powered by Blogger.