ကော့မှူးမြို့နယ်က ၀ါးဘလောက်သောက် ကျေးရွာမှာ လူအယောက် လေးရာကိုးဆယ် ခန့်မဲစာရင်းထဲပါမလာပါဘူး။ အဲဒီလိုဖြစ်တာဟာ ယခင်ရွေးကောက်ပွဲတုန်းက မဲစာရင်းကိုအခြေခံပြီးတော့ မဲစာရင်းထပ်မံမကောင့်ခံတဲ့အတွက် အခုလိုဖြစ်တာဖြစ်ပါတယ်။ အခုလိုဖြစ်နေတာတွေကို ကော့မှူးမြို့နယ်အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကိုတင်ပြမှာဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်မှတဆင့် နေပြည်တော်ကိုသွားရောက်တင်ပြဖို့ အစီစဉ်လုပ်ထားပါတယ်။ အဲဒီလိုမဲမသမာမှုတွေအပြင် ကျေးရွာတွေမှာလဲ ကြံ့ခိုင်ရေးပါတီဝင်တစ်ဦးဆိုတဲ့အမည်နဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မကောင်းကြောင်းတွေကို ရေးသားဖြန့်ဝေနေတယ်လို့သိရှိရပါတယ်ခင်ဗျာ။
ဘားမားဗီဂျေ
ကော့မှူးမြို့နယ်မှ ဆန္ဒမဲအတွက် လိမ်လည်မှုတွေပြုလုပ်နေ (ရုပ်/သံ)
Reviewed by သစ်ထူးလွင်
on
17:03
Rating:
8 comments:
ဦးတင်အေး ရေကြည့်လုပ်နော်။
ပြည်သူတွေစောင့်ကြည့်နေတယ်။
ဒေါက်တာစိုးမင်း၊ ရေအပြောကတော့ကောင်းကောင်းမွန်မွန်ပါပဲ။
အရမ်းကိုအမတ်ဖြစ်ချင်ရင်ပြောနော် အိမ်မှာခေါ်ပြီး ခေါင်းညိမ့်ခိုင်းထားမယ်။
လွှတ်တော်ထဲမှာလည်းခေါင်းသွားညိန့်မှာ ဆိုတော့။
ကော့မှူးမှမဟုတ်ပါဘူး...အနယ်နယ်အရပ်ရပ်မဲဆန္ဒနယ်တွေမှာ ခုအခြေအနေအတိုင်း မဲပေးရမယ့်လူစာရင်းကို တိတိကျကျမလုပ်တာတွေ့နေရပါတယ်။....တရားခံဘယ်သူလည်းဆိုတော့..
တစ်ကောင်တည်းပါပဲ...ဒါပေမယ်...ဖွတ်...
ကျွန်တော်က ကော့မှုးမြို့ နယ်ဝါးဘလောက်သောက်ကပါ ၀ါးသောက်သားစစ်စစ်ပါ မနှစ်က ရွာမှာဖြစ်တာက မဲပေးပိုင်ခွင့်ရှိတဲ့ လူတွေမဲမပေးလိုက်ရပါဘူး ဒါမနှစ်ကဖြစ်တာပါ ဒါပေမယ့် (NLD) ရွေးကောက်ပွဲမ၀င်လို့  မပေးလိုက်ရလို့ သိပ်တော့မခံစားရပါဘူး အခု ဒီနှစ် (NLD)လည်းရွေးကောက်ပွဲဝင်ပြီဆိုတော့ မပြောလို့ မဖြစ်ပါဘူး
မနှစ်က ရွာမှာလုပ်သွားတာက ကျေးရွာ ဥက္ကဌ နဲ့  ရပ်ကွက်လူကြီးတွေက သူတို့ လုပ်ချင်သလိုလုပ်သွားတာပါ အသက် (၁၈)နှစ်ပြည့်ပြီးသူတိုင်းမဲမပေးလိုက်ရပါဘူး သူတို့ ကြံ့ ဖွတ်ကိုမဲပေးမယ်ထင်တဲ့ သူတွေကိုပဲရွေးဖိတ်ပြီး မဲပေးခိုင်းပါတယ် မဲပေးတာတောင်မှကွက်ကျားပေးလိုက်ရတယ် ဥပမာ - အိမ်ထောင်စုတစ်စုမှာ မိသားစု-၅ ယောက်ရှိတယ်ထား (၂)ယောက်က ၁၈နှစ်မပြည့်သေးလို့ မဲပေးလို့ မရဘူး ကျန်တဲ့ သုံးယောက်က ၁၈နှစ်ပြည့်ပြီးလို့ မဲပေးလို့ ရတယ် အဒီမဲပေးပိုင်ခွင့်သုံးယောက်တောင်မှ သားနဲ့ မအေက မဲပေးလိုက်ရတယ် ဖအေက မဲမပေးလိုက်ရဘူး တချို့ အိမ်တွေဆို တစ်မိသားစုလုံးမပေးရဘူး ပေးလိုက်ရတဲ့ အိမ်ပေးရတယ် မပေးရတဲ့ အိမ်မပေးရဘူး အလိုမျိုးတွေ သူတို့ လုပ်ချင်သလိုလုပ်သွားတယ် အခုဒီနှစ်မှာတော့ သေချာလေးလုပ်စေချင်တယ် (NLD)ကတာဝန်ရှိတဲ့ သူတွေရော နိုင်ငံတကာစောင့်ကြည့်လေ့လာသူတွေရော သေချာစောင့်ကြည့်စစ်ဆေးစေချင်ပါတယ် နေရာတိုင်းမှာ ခုထိသူတို့ လုပ်ချင်သလိုလုပ်နေတုန်းပါပဲ
ကိုသစ်ရေ..အန်တီစုကိုပြောပေးပါ....
ကျွန်တော့်မိသားစုဝင်အားလုံးပေါင်း ၄ ယောက်ရှိပါတယ်။ ဒါပေမယ့် ကျွန်တော်တို့က အိမ်ငှားနေကြတာပါ။ ခု မဲပေးဖို့ကောင်စီရုံးမှားစာရင်းသွားကြည့်တော့ ကျွန်တော်တို့ မိသားစုဝင်အားလုံး မဲပေးလို့မရဘူးလို့ပြောပါတယ်။ ဘာလို့လဲမေးတော့ ဘာမှတိတိကျကျ မဖြေကြပါဘူး။ ဒီမှာတင်ဘဲ ဒေါ်စုရဲ့ မဲ ၄ မဲနစ်နာသွားပါပြီ။ ကျွန်တော့အမေက မဲမပေးရလို့စိတ်မကောင်းဖြစ်ပြီးပြောပြပါတယ်။ ကျွန်တော်တို့မိသားစုမဲပေးခွင့်မရှိပေမယ့် ကျွန်တော့်အဖေကတော့ မဲပေးဖို့စောင့်နေလောက်ပါပြီ ဘာလို့လဲဆိုတော့ သူကတမလွန်ရောက်နေလို့ပါဘဲ။
နေရာတိုင်းမှာ လူဦးရေ ရာထောင်ချီပြီးမှားနေတာ မတော်တဆလား။ တတိုင်းပြည်လုံးနဲ့ဆိုင်တဲ့ ဒီလောက်အရေးကြီးတဲ့ကိစ္စမှာ မှားတာကိုဆင်ခြေပေးလို့ ရလား။ တတ်သိနားလည်တဲ့ ပညာရှင်များခင်ဗျား ရွေးကောက်ပွဲတာဝန်ရှိသူများကို ဘယ်လိုအရေးယူနိုင်မလဲ ဒါမှမဟုတ်ပြည်သူ့ဆန္ဒနဲ့ ဖြုတ်ပစ်လို့ရမရ စဉ်းစားပေးကြစေချင်ပါတယ်။ ကုမ္ပဏီမှာလုပ်တဲ့ဝန်ထမ်းဆိုရင်တောင် ဘယ်အလုပ်ရှင်မှ အဲဒီလောက်အမှားမခံပါဘူး။ ဒီရွေးကောက်ပွဲဟာ ကျွန်တော်တို့နိုင်ငံရဲ့အရေးအကြီးဆုံးနဲ့ လူစိတ်ဝင်စားမှုအရှိဆုံးလုပ်ဆောင်ချက်ဖြစ်ပါတယ်။ Sanction များပြန်ရုတ်သိမ်းရေးအတွက်လည်း အရေးအကြီးဆုံးအခန်းကဏ္ဍမှ ပါဝင်ပါတယ်။ လောလောဆယ်မှာဒီထက်အရေးကြီးတဲ့ကိစ္စကျွန်တော်တို့နိုင်ငံမှာမရှိပါဘူး။ အရေးယူပေးကြပါ။
သမ္မတကြီးရေ....ဦးတင်အေးရေ....ဒီတသက်မှာဒီတခါအားကိုးမယ်နော်....ပြည်သူတွေရင်နာအောင်မလုပ်လိုက်ပါနဲ့နော်။ (အမှန်တရားကိုမြတ်နိုးတဲ့စစ်သားလို့ယုံခြင်တယ်)။
ပြန်လည်စိစစ်ကြပါဦး ကော်မရှင်တို့ရေ
ဖွတ်တွေသောင်းကျန်းနေတယ်
ဖွတ်တွေကို တရုတ်ဖက်မောင်းချရင်မောင်းချ မဟုတ်ရင် ဘင်္ဂလားပို့လိုက်ကြပါ
ဖွတ်ရှိတာ လဒ်ပိတ်တယ်။
ဒီလောက်မှားနေမှတော့ ရွေးကောက်ပွဲ ကော်မရှင်တွေအားလုံးကို တာဝန်က ရပ်ထားပြီး သမာသမတ်ရှိတဲ့သူတွေနဲ့ အစားထိုးလို့ မရဘူးလား။ ဖြေကြပါအုံး။ နီးလေ ညစ်လေ ဖြစ်နေဘီ။
Post a Comment