အဓိဌာန်ရေစဉ်နဲ့ ရောဂါကုတဲ့ ဆရာလေး ဒေါ်သုနန္ဒာ (ရုပ်/သံ)

 
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့က ညောင်ပင်သာ ဘုန်းတော်ကြီးကျောင်းမှာ ဆေးထိုးအပ်တွေ ခွဲစိတ်ဓားတွေ ဆေးဝါးပစ္စည်းတွေမသုံးပဲ သစ္စာသမာဓိ အဓိဌာန်ရေစဉ်နဲ့ မွေးရာပါ ဆွံ့အ နားမကြား သူတွေ ၊ လေဖြတ်နေတဲ့သူတွေ ၊ အရိုးပျော့ ရောဂါကြောင့် လမ်းမလျှောက် နိုင်တဲ့သူတွေကို ဆရာလေး ဒေါ်သုနန္ဒဟာ သူ့ရဲ့ အဓိဌာန်ရေစဉ်နဲ့ ထောင်နဲ့ချီလာရောက် ကုသကြတဲ့ ဝေဒနာရှင်တွေကို ၃ ၇က်တိုင်တိုင် ကုသပေးနေပါတယ်။ ရပ်ဝေးက လာရောက်ကုသတဲ့ သူတွေကို လည်း နေရာထိုင်ခင်း အစားအသောက်ကအစ အခမဲ့ ကုသပေးနေတယ်လို့ သိရပါတယ်။
ဘားမားဗီဂျေ
အဆိုပါသတင်းနှင့်ပါတ်သတ်၍ Myanmar News Now မှ ဖော်ပြခဲ့ပြီ ဖြစ်တဲ့ သတင်းကို အောက်မှာ ပူးတွဲ ဖော်ပြပေးလိုက်ပါတယ်။ 

သီလရှင်တပါး သံဃနာယကဥက္ကဌဘုန်းကြီးကျောင်းတွင် တန်ခိုးဖြင့် ဆေးကုသခြင်းကို ကြံ့ခိုင်ရေးပါတီဝင်များပါဝင် 

ဧရာဝတီတိုင်း ပုသိမ်မြို့ ၊  နိဂြောဓာလမ်း၊သံဃနာယက ဥက္ကဌကြီးရဲ့  ညောင်ပင်သာကျောင်းတိုက်မှာ
(8.3.2012) မှ (11.3.2012) နေ့ထိ ပြုလုပ်တဲ့ (သာသနာတော်စည်ပင်ထွန်းကားပြန့်
ပွားရေးရည်ရွယ်တဲ့) မယ်သီလရှင်ဆရာလေးဆိုသူရဲ့ ဆေးကုသပွဲကို တိုင်းဒေသကြီးဝန်ကြီးတွေတက်ရောက် ဆေးကုသ ခံယူခဲ့ပါတယ်။  ထိုပွဲမှာ ကုသိုလ်ယူဆောင်ရွက်ပေးကြတာက ကြံ့ဖွံ့ပါတီဝင်တွေပါ.. သူတို့က "ရေမန်း"
 ရောင်းပေးတယ်၊ စာရွက်ကလေးတွေဝေပေးတယ်.. စာရွက်ဆိုတာကလည်း လာမယ့်ကြားဖြတ်ရွေးကောက်ပွဲမှာ ပုသိမ်မှာအရွေးခံမယ့် ကြံ့ဖွံ့က ပုဂ္ဂိုလ်ရဲ့မဲဆွယ်ကြောင်း
စာရွက်တွေ... ဒါတွေထားပါတော့...
ကျွန်တော်သိချင်တာက ဆရာလေးရဲ့ရေမန်း စွမ်း/မစွမ်းမဟုတ်ပါဘူး...
- ရွေးကောက်ပွဲမှာ ဘာသာ/သာသနာ ခုတုံးလုပ်လို့ရတယ်လား? ...
- တိုင်းအဆင့်သံဃာ့ အကြီးအကဲက ဗုဒ္ဓမြတ်စွာတားမြစ်တဲ့ သာသနာဝန်းကျင်ကပုဂ္ဂိုလ်တွေ ဆေးမကုသရဆိုတာကိုဆန့်ကျင်ပြီး  ဗုဒ္ဓမြတ်စွာဟောတဲ့တရားတွေကို ပြန်ဟောတဲ့ ဓမ္မကထိက ဆရာတော်တွေကိုကျတော့
တရားဓမၼေဟာေ
ပြာခွင့် ပိတ်တာ  ဖြစ်သင့်သလား?...(မဟန ၄၇ပါးက မမြင်တာလား/မသိ
ချင်ယောင်ဆောင်
သလား မသိ)
- ၂၂၇ သွယ်သောသိက္ခာပုဒ်တွေနဲ့ပြည့်စုံပါတယ်ဆိုတဲ့ ဆရာတော်တွေက သီလရှင်ရဲ့ အတို့(သူကကုရင်တို့ပြီးကုတယ်ပြောတယ်)
ခံလိုက်ပြီး အားကိုးတကြီးဖြစ်နေသင့်သလား?...(ဒါဆို ကျွန်တော်တို့ သီလရှင်သရဏံ
ဂစ္ဆ္တာမိလို့ထည့်မဆို
ရတော့မယ်ထင်ရဲ... တကယ်သိက္ခာရှိသော သီလရှင်ဆရာကြီး။
ဆရာလေးများကို မဆိုလိုပါ)
-လွန်ခဲ့တဲ့နှစ်ပေါင်း ၂၆၀၀ ကတည်းက ဗုဒ္ဓမြတ်စွာက ဟောခဲ့တယ် နာမကျန်းရင်
 ဗောဇ္ဇင်သုတ် ရွတ်ပြီးခန္ဓာကို ရှု/မြင်အောင်ကြည့်ပါ ဆိုတာက မလေးစားတော့တာလား၊ ၀ဋ်ရှိရင်ခံရမယ်ဆိုတာကို နားမလည်တာလား၊ မမြဲသောအနတ္တ၀ါဒကို လစ်လျှူရှုတာလား .... ? ကျွန်တော်မတွေးတတ်တော့ပါ...
ကျွန်တော်က မိရိုးဖလာ ဗုဒ္ဓဘာသာဝင်တစ်ယောက်ပါ ငယ်ငယ်ကတည်းကသာမာန်
ဘာသာရေးအသိပဲ
ရှိပါတယ်... နောက်ပိုင်းမှ ဗုဒ္ဓဘာသာအကြောင်း အခြေခံကစဟောပြောညွှန်ပြတဲ့ဆရာတော်တွေကြောင့် နည်းနည်းပဲသိလာရပါတယ်...
 ဒါပေမယ့် ကျွန်တော် အခု ရေမန်းကိစ္စကို သိပ်မကြိုက်ပါဘူး... ဆရာလေးက သူဘာသာ လာရောက်ကုသတယ်ဆိုရင် ဘာမှမပြောချင်ပါဘူး... အခုက တိုင်းအဆင့်ဆရာတော်က ပင့်လို့လာရတာတွေ/ ပါတီနိုင်ငံရေးရောထွေးလာတာတွေ ...စသည်ဖြင့်ပေါ့...
ကျွန်တော်ဖတ်ဘူးတယ် အိန္ဒိယမှာ သာသနာကွယ်ခြင်းအစက ပျောက်စေကိုယ်တော်တွေ များလာလို့ သာသနာအတုအယောင်တွေ များလာလို့ ဖြစ်တယ်ဆိုတာ... ဒီအတိုင်းဆို မြန်မာပြည်သာသနာအတွက်(ကြီးကြီးကျယ်ကျယ်ပြောရရင် )ရင်လေးမိပါတယ်
အဲ့ဒါနဲ့ပဲ ပုသိမ်က တရားဟောဓမ္မကထိက ဆရာတော်တစ်ပါးဆီကို ဆက်သွယ်..ရင်ဖွင့်တဲ့အခါမှာ ဆရာတော်ကပြောပါတယ် "'ဒကာတို့ ဒီလိုစိတ်ရှိတာ ၀မ်းသာပါတယ်တဲ့၊ သစ်ပင်မှန်တိုင်းရေလောင်းတာ ကောင်းရဲ့လား စဉ်းစားကြည့်ပေါ့" တဲ့... ဒီလိုပါပဲ...ပုသိမ်က ကျောင်းထိုင် ဆရာတော်တွေခမျာ.. ဥက္ကဌကြီးကလုပ်တာမို့ပြောမရ...ဗုဒ္ဓဘာသာဝင်အစစ် ပြည်သူတွေခမျာ အစိုးရကခွင့်ပြုတာမို့ ပြောမရဖြစ်နေပါတယ်... ကြားထဲက ရေသန့်ဘူးကတော့ရောင်းကောင်းလိုက်တာမှ..လွန်ပါလေရော
ဟုတ်ကဲ့ပါ...
-မနက်တိုင်း မြန်မာ့အသံကလွှင့်တဲ့ တောင်တန်းသာသနာပြုဆရာတော်ကြီးရဲ့ ရေမန်းထက် တန်ခိုးကြီးတဲ့ ရေမန်း ကျွန်တော်တို့ ပုသိမ်မှာ တစ်ဘူးကို ၅၀၀ ကျပ်နဲ့ ၀ယ်နိုင်ပါတယ်....
-ကြားကတော့ ကြံ့ဖွံ့ပ်ါတီက အမြတ်ယူသွားတာပေါ့....
သာသနာတော် ထွန်းကားပြန့်ပွားရေး လုပ်နေတယ်ဆိုတာ တကယ်လား... မဟန (၄၇) ပါးသောဆရာတော်များကိုမေးပါရစေ...
ကြားဖြတ်ရွေးကောက်ပွဲမှ တရားမျှတစွာ မဲဆွယ်ကြရဲ့လား ရွေးကောက်ပွဲကော်မရှင်ကိုမေးပါရစေ....
 နောင်မျိုးဆက်တွေ နိုင်ငံရေးနှလုံးသွင်း... ဘာသာရေးနှလုံးသွင်းမှန်ကြစေဖို့...

(10.3.2012) နေ့မှာ  ထိုသီလရှင်ဆိုသူမှာ  နောက်ဆုံးနေ့ကုသပြီး  ဧရာဝတီတိုင်းဒေသကြီးသံဃာ့နာယက ဥက္ကဌဆရာတော်နှင့်  ရေသန့်ဘူးအမြတ်ခွဲရာမှ စကားများရာ  ည (၁၀း၀၀) နာရီခန့်တွင်  သူတော်ကောင်းဆရာလေးဆိုသူ  စိတ်ဆိုးပြီး  ကျောင်းမှ ပြန်သွားကြောင်း  ကြားသိရပါသည်။






ပုသိမ်မြို့ သံဃနာယကဥက္ကဌကျောင်းမှာ သီလရှင်တစ်ပါး တန်းခိုးနှင့်ဆေးကုသနေပုံ
ပုသိမ်မြို့ ခံတဦးရေးသားပေးပို့ လာတာပါ။
Myanmar News Now


အလားတူ သတင်းတပုဒ်ကိုလည်း အောက်မှာ ဆက်လက်ကြည့်ရှုလေ့လာနိုင်ပါတယ်။

 
 (ရုပ်/သံ) 
ဗုဒ္ဓဘာသာကို ဖျက်ဆီးနေတဲ့ ဘုန်းကြီးအတု " 

စိတ်ဓါတ်မြှင့်တင်ရေး သင်တန်းရဲ့  ခေါင်းဆောင် ဗုဒ္ဓသာသနာကို ဖျက်ဆီးနေတဲ့ ဘုန်းကြီး တစ်ဦး ကရင်ပြည်နယ် ဖားအံမြို့ မှာ ၁၈/၁၁/၂၀၁၀ ကနေ ၇/၁၂/၂၀၁၀ အထိ ဇွဲကပင်ခန်းမ မှာ စည်းရုံးသိမ်းသွင်းခြင်များဖြစ်ခဲ့ပါတယ်။

ဘုန်းကြီးက စိတ်ဓါတ်မြှင့်တင်ရေး သင်တန်းသားဦးရေ တိုးပွါးရေးအတွက် လူ တစ်ယောက်ကနေ ၅ ယောက် စည်းရုံးပေးကြဖို့ စည်းရုံးသိမ်းသွင်း ပြောကြားခဲ့တာပါ။ ဟောကြားချက်တွေထဲမှာတော့ သာဓုမခေါ်နဲ့ ဘုန်းဘုန်းက လက်ခုပ်တီးတာပဲ ကြိုက်တယ်တဲ့။ သင်တန်းသားတွေကို အဆိပ်ထုတ်တဲ့ အနေနဲ့ တရုတ်သီချင်းဖွင့်ပြီး ကခိုင်းတယ်။ အဲဒီအချိန်က သင်တန်းသားတွေ စစ်တပ်၊ ဌာနဆိုင်ရာ နဲ့ ကြံ့ ဖွံ့ လူကြီးတွေပါပါတယ်။ သူတို့လည်း လိုက်ကကြတယ်။ 

အဲဒီနောက်--- No.1 စိတ်ဓာတ်မြှင့်တင်ရေးသင်တန်းခေါင်းဆောင် (သို့ မဟုတ်) ဗုဒ္ဓသာသနာတော်အတွက်အဆိပ်ထုပ်ကြီး ခမျာ မြန်မာနိုင်ငံမှာ သာသနာရေးဌာနက အရေးယူတဲ့အခါမှာ "စီးပွားရေး ပိတ်ဆို့ တာ တို့မမှုပါ" သီချင်းစာသား အလိုက်ကလေး" သာသနာရေးက ပိတ်ဆို့ တာ ဘုန်းဘုန်းတို့  မမှုပါ"ဟု ဟစ်ကြွေးကာ ၀ိုင်းတော်သူ၊ ၀ိုင်းတော် သားများနှင့် အတူ မလေးရှားနိုင်ငံသို့ သင်တန်း ဖွင့်လှစ်ရန် ရှိလာပြန်ပါတယ်။ မြန်မာနိုင်ငံတ၀ှမ်း မည်သည့်နေရာ၌မဆို ရဟန်းတပါး အနေဖြင့် လူမှု ဆက်ဆံရေးနှင့်အောင်မြင်မှုနည်းပညာသင်တန်းနှင့်အလားတူသင်တန်းများကို သင်ကြားပို့ ချခြင်းမပြုလုပ်တော့ပါ၊ သင်တန်းနှင့်သက်ဆိုင်သည့် စာအုပ်စာတမ်း၊ လက်ကမ်းစာစောင်များနှင့် စီဒီများကိုလည်း ဖြန့်ဝေခြင်းမပြုတော့ပါကြောင်း မြန်မာနိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ရှေ့မှောက်တွင် သင်တန်းနည်းပြကြီး ကိုယ်တိုင် ၀န်ခံကတိပြု လက်မှတ် ရေးထိုးပြီး နောက် ၃ လအကြာ "တတ်သည့်ပညာ မနေသာ"၍ မလေးရှားမှာ သင်တန်းပေးဖို့ ရောက်လာတာဖြစ်ပါတယ်။ 

ဒီလိုအပြောအဆိုတွေဟာ မဟန ကို ဂရုမစိုက်ဘူးလို့ ဆိုတာပါ။ ဒီဘုန်းကြီးကို ဒုဗ္ဗစ ပုဂ္ဂိုလ်(ဆိုဆုံးမလို့ မရတဲ့ပုဂ္ဂိုလ် )လို့ မဟန က မသတ်မှတ်ခဲ့ပါဘူး။ အဓမ္မသင်္ကန်းချွတ်ဖို့ လည်း မကြိုးစားခဲ့ပါဘူး။ မဟန ဘာလဲဆိုတာသိရှိအောင် လွန်ခဲ့တနှစ်ကျော်က ဗွီဒီယို ကိုပြန်လည်တင်ပြလိုက်ပါတယ်။

By: သစ်ထူးလွင်
အဓိဌာန်ရေစဉ်နဲ့ ရောဂါကုတဲ့ ဆရာလေး ဒေါ်သုနန္ဒာ (ရုပ်/သံ) အဓိဌာန်ရေစဉ်နဲ့ ရောဂါကုတဲ့ ဆရာလေး ဒေါ်သုနန္ဒာ (ရုပ်/သံ) Reviewed by သစ်ထူးလွင် on 18:27 Rating: 5

30 comments:

datha said...

မြန်မာနိုင်ငံမှာရှိတဲ့ ဆေးရုံဆေးခန်တွေပိတ်လိုက်၇တော့မှာလား
မြန်မာနိုင်ငံက လူတွေ တော်တော်တုံးနေပြီနော်
အဲဒါကြောင့်လဲ ခုလို ကျွန်ဖြစ်နေတာ
သံဃာတွေကပါ အားပေးအားမြောက်လုပ်နေတာ တော်တော် စိတ်ပျက်
စရာဘဲ
အထူးသဖြင့် ဧရာဝတီတိုင်းကလူတွေကို စာဖတ်ဖို့ စာကြည့်တိုက်
များများထောင်ပေးဘို့ လိုအပ်နေပြီ
စဉ်းစားချင့်ချိန်တတ်တဲ့ ဦးနှောက်ကို မရှိတော့တာ သနားစရာ
အင်းပေါ့လေ
အုပ်ချုပ်တဲ့ သမ္မတက ဂေါက်တောက်တောက်ဆိုတော့
ပြည်သူတွေကလဲ ဒီလိုဘဲနေမှာပါ
မထူးဆန်တော့ပါဘူး
အဲဒီထဲမှာတော့ ကိုယ်မပါစေနဲ့နော်

သူရိယ said...

ဘယ်လိုယုံကြည်စရာသက်သေတွေပြနိုင်လို့ အခုလိုလူတွေအများကြီးကစိတ်ဝင်စားနေကြတာလဲ။ အရင်ခေတ်တွေတုန်းကလည်း ဘိုးတော်တွေက ရိုးအတဲ့လူတွေကို နည်းမျိုးစုံသုံးပြီးလှည့်စားခဲ့ဘူးတယ်နော်။ အခုကိစ္စကအစိုးရလူကြီးတွေကပါ ပင့်ဖိတ်တယ်ဆိုတော့ နိုင်ငံရေးလှည့်ကွက်များလား။ ပြီးတော့ တိုင်းပြည်ခေါင်းဆောင်တွေအနေနဲ့လည်း သူများယောင်တိုင်းလိုက်မယောင်သင့်ပါဘူး။ ကိုယ်ပိုင်ယုံကြည်ချက် ၊ ခံယူချက်ခိုင်ခိုင်မာမာမရှိဘဲ ကိုယ့်ကိုယ်ပိုင်ဆုံးဖြတ်ချက်လည်းအားနည်းမယ်ဆိုရင် ခေါင်းဆောင်လုပ်ဖို့ စံနှုန်းမမှီဘူးလို့ဘဲပြောပါရစေ။ ဟိုတခါ ကခိုင်းတဲ့ ဘုန်းကြီးနဲ့တုန်းကလည်း တပ်မတော်အရာရှိကြီးတွေကိုယ်တိုင် သွားကလိုက်ကြတာ မရှက်ဘူးလားမသိဘူး။ ဘုရားဟောတရားအတိုင်းမကျင့်ကြံမနေနိုင်ကြတဲ့ လူကြီးများဟာ နတ်လိုလို ၊ ဘိုးတော်လိုလို ၊ ပျောက်စေလိုလို နဲ့ ယတြာအားကိုးမှုတွေများလာတာပါဘဲ။ ယောင်ဝါးဝါးတွေအုပ်ချုပ်တဲ့တိုင်းပြည်ဟာလည်း ယောင်ဝါးဝါးတိုင်းပြည်ဘဲဖြစ်မှာပါ။ ရှေ့ဆောင်နွားလားက ဖြောင့်ဖြောင့်သွားဖို့လိုပါတယ်။

စေလိုရာ said...

ဧရာဝတီကလူတွေတော်တော်ရှုးတာပဲကိုယ်ဖာသာကိုယ်ရှေးဘဝကဘာတွေလုပ်ခဲ့မှန်းမသိယခုဘဝမှာလည်းသီလမလုံခြုံကြလို့ဖြစ်ကြတဲ့ကိစ္စကိုရေမန်းသောက်ပျောက်စေသတည်းဆိုရင်နောက်ထပ်ရောဂါတစ်ခုတစ်ခုထပ်တိုးလာလိမ့်မယ်ဘာရောဂါလည်းသိချင်လားသောက်ရှုးရောဂါလေ

ZAWAUNG said...

သစ္စာသမာဓိအဓိဌာန်ဆိုတာကစွမ်းအားကြီပါတယ်..
ဘုရားလက်ထက်မှာ ဘုရားဟာမဟာပထ၀ီမြေကြီးကိုသက်သေပြုလို့သစ္စာဆိုတဲ့
အခါ မြေကြီးဟာအိုးထိန်းစက်လိုလည်ပြီးမာန်နတ်စစ်သည်တော်တို့တပ်ပျက်ကုန်
ပါတယ်..ရှင်မောဂလန်ဟာသူ့ရဲ့ဘုန်းတန်ခိုးနဲ့မဟာပထ၀ီမြေကြီးကိုဖျာလိုလိပ်ပြီး
ဌိဒိအပေါင်းကိုကြောက်လန့်အောင်ဆုံးမတော်မူပါတယ်.ဒီဘက်ခေတ်မှာဆရာ
တော်ဦးဥတ္တမသာရဟာသူ့ရဲ့သီလသမာဓိကြောင့်တရားဟောပြီးတိုင်း ရေအိုးရေ
ခွက်တွေ ရေပုလင်းတွေဟာပွက်ပွက်ဆူကုန်ကြတာ မြင်ဖူးကြမှာပါ..
လူထဲမှာဆိုလည်း၁၅ရာစုရခိုင်သမိုင်းမှာ ဘုရင်မင်းဗာကြီးရဲ့ မိဖုရားစောမဲကျီ
ဟာမသေခင် သစ္စာဆိုပါတယ်..သေပြီးတော့အလောင်းဖေါင်ပေါ်တင်ပြီးမြစ်ထဲ
မျှေချတဲ့အခါ ဒီရေကိုပြောင်းပြန်ဆန်တက်ပါတယ်..အဲဒီအခါမှမင်းဗာဘုရင်
ဟာမိဖုရားရဲ့ကိုယ်ကျင့်သီလနန့်သမာဓိကိုယုံကြည်ပါတယ်..
အနှစ်ချုပ်ပြောလိုတာက လူတိုင်းလူတိုင်းမှာ သီလသမာဓီတည်မြဲရင် သစ္စာ
အဌိဓါန်ဟာအောင်မြင်စူးချတတ်ပါတယ်..ဗုဒ္ဒဘာသာတိုင်းပြည်ဖြစ်လို့
ဒီခေတ်ကြီးမှာ ဘာသာတရားကို လိုက်စားပြီး အရိယာဖြစ်နေသူတွေ
အနည်းဆုံး သီလသမာဓိလုံပြီး သူတော်စင်ဖြစ်နေသူတွေ ရှိနိုင်တယ်ဆိုတဲ့အ
ချက်ပါ..ဒီလိုသူတော်စင်တွေကိုစော်ကားမိပြီဆိုရင်အ၀ီစိငရဲကမတက်နိုင်
တော့ပါ..ဒီအချက် အသိပေးတာပါ..ဘာပဲဖြစ်ဖြစ်ဘယ်သူကိုဖြစ်ဖြစ် ဘာသာ
တရားနဲ့ပက်သက်လာရင်မစော်ကားမိဖို့လိုပါတယ်..အားလုံးအပြစ်ကင်းကြ
အောင်ပါ..ဒီလရှင်ဟာတကယ် သူတော်စင်ဖြစ်ရင်လည်းဖြစ်နေမယ်
မဖြစ်ရင်လည်းမဖြစ်ဘူး..ဖြစ်နေခဲ့ရင်စော်ကားမိရင်တော့ငရဲကြီးနိုင်ပါတယ်..
ဖြစ်နိုင်ချေများပြီးတော့ကြံ့ဖွတ်ကအသုံးချတာလည်းဖြစ်နိုင်ပါတယ်..
သူတော်စင်တွေက နိုင်ငံရေး အလှည့်အကွေ့မှာအသုံးချခံရတယ်ဆိုရင်တော့
ကျွန်တော်တို့တိုင်းပြည်မှာအုပ်ချုပ်တဲ့ ဗုဒ္ဒဘာသာအစိုးရကိုမေးခွန်းထုတ်စရာ
ပါ..ကြံ့ဖွတ်ကလည်း ဘာသာတရားနဲ့နွယ်ပြီး နိုင်ငံရေးမဲဆွယ်မှုလုပ်တယ်ဆို
ရင် မလုပ်သင့်တာလုပ်တယ်ပဲသဘောထားပါတယ်..အားလုံးကိုကျေးဇူးပါ..

ZAWAUNG said...

သစ္စာသမာဓိအဓိဌာန်ဆိုတာကစွမ်းအားကြီပါတယ်..
ဘုရားလက်ထက်မှာ ဘုရားဟာမဟာပထ၀ီမြေကြီးကိုသက်သေပြုလို့သစ္စာဆိုတဲ့
အခါ မြေကြီးဟာအိုးထိန်းစက်လိုလည်ပြီးမာန်နတ်စစ်သည်တော်တို့တပ်ပျက်ကုန်
ပါတယ်..ရှင်မောဂလန်ဟာသူ့ရဲ့ဘုန်းတန်ခိုးနဲ့မဟာပထ၀ီမြေကြီးကိုဖျာလိုလိပ်ပြီး
ဌိဒိအပေါင်းကိုကြောက်လန့်အောင်ဆုံးမတော်မူပါတယ်.ဒီဘက်ခေတ်မှာဆရာ
တော်ဦးဥတ္တမသာရဟာသူ့ရဲ့သီလသမာဓိကြောင့်တရားဟောပြီးတိုင်း ရေအိုးရေ
ခွက်တွေ ရေပုလင်းတွေဟာပွက်ပွက်ဆူကုန်ကြတာ မြင်ဖူးကြမှာပါ..
လူထဲမှာဆိုလည်း၁၅ရာစုရခိုင်သမိုင်းမှာ ဘုရင်မင်းဗာကြီးရဲ့ မိဖုရားစောမဲကျီ
ဟာမသေခင် သစ္စာဆိုပါတယ်..သေပြီးတော့အလောင်းဖေါင်ပေါ်တင်ပြီးမြစ်ထဲ
မျှေချတဲ့အခါ ဒီရေကိုပြောင်းပြန်ဆန်တက်ပါတယ်..အဲဒီအခါမှမင်းဗာဘုရင်
ဟာမိဖုရားရဲ့ကိုယ်ကျင့်သီလနန့်သမာဓိကိုယုံကြည်ပါတယ်..
အနှစ်ချုပ်ပြောလိုတာက လူတိုင်းလူတိုင်းမှာ သီလသမာဓီတည်မြဲရင် သစ္စာ
အဌိဓါန်ဟာအောင်မြင်စူးချတတ်ပါတယ်..ဗုဒ္ဒဘာသာတိုင်းပြည်ဖြစ်လို့
ဒီခေတ်ကြီးမှာ ဘာသာတရားကို လိုက်စားပြီး အရိယာဖြစ်နေသူတွေ
အနည်းဆုံး သီလသမာဓိလုံပြီး သူတော်စင်ဖြစ်နေသူတွေ ရှိနိုင်တယ်ဆိုတဲ့အ
ချက်ပါ..ဒီလိုသူတော်စင်တွေကိုစော်ကားမိပြီဆိုရင်အ၀ီစိငရဲကမတက်နိုင်
တော့ပါ..ဒီအချက် အသိပေးတာပါ..ဘာပဲဖြစ်ဖြစ်ဘယ်သူကိုဖြစ်ဖြစ် ဘာသာ
တရားနဲ့ပက်သက်လာရင်မစော်ကားမိဖို့လိုပါတယ်..အားလုံးအပြစ်ကင်းကြ
အောင်ပါ..ဒီလရှင်ဟာတကယ် သူတော်စင်ဖြစ်ရင်လည်းဖြစ်နေမယ်
မဖြစ်ရင်လည်းမဖြစ်ဘူး..ဖြစ်နေခဲ့ရင်စော်ကားမိရင်တော့ငရဲကြီးနိုင်ပါတယ်..
ဖြစ်နိုင်ချေများပြီးတော့ကြံ့ဖွတ်ကအသုံးချတာလည်းဖြစ်နိုင်ပါတယ်..
သူတော်စင်တွေက နိုင်ငံရေး အလှည့်အကွေ့မှာအသုံးချခံရတယ်ဆိုရင်တော့
ကျွန်တော်တို့တိုင်းပြည်မှာအုပ်ချုပ်တဲ့ ဗုဒ္ဒဘာသာအစိုးရကိုမေးခွန်းထုတ်စရာ
ပါ..ကြံ့ဖွတ်ကလည်း ဘာသာတရားနဲ့နွယ်ပြီး နိုင်ငံရေးမဲဆွယ်မှုလုပ်တယ်ဆို
ရင် မလုပ်သင့်တာလုပ်တယ်ပဲသဘောထားပါတယ်..အားလုံးကိုကျေးဇူးပါ..

ကိုသာဓု said...

datha ဆိုတဲ့လူ-
ခင်ဗျားက “မြန်မာနိုင်ငံက လူတွေ တော်တော် တုံးနေပြီ” ပြောရအောင် ခင်ဗျား မြန်မာ မဟုတ်ဘူးလား။ မြန်မာမြေမှာ နေပြီး မြန်မာရေကို သောက်ခဲ့ဘူးပါလျက် ခင်ဗျားပါစပ်က ဒီလိုစကားမျိုး ပြောထွက်တာ အံ့ပါရဲ့ ဗျာ။
ခုကိစ္စမှာ ခင်ဗျား မယုံရင် ခင်ဗျားဖာသာ ခင်ဗျား လွတ်လွတ်လပ်လပ် နေလို့ရတယ်။ ရောဂါဝေဒနာသည်တွေက သူ့ ယုံကြည်ချက်နဲ့ သူ သွားကုကြတဲ့ ကိစ္စကို ခင်ဗျား အပြစ်ပြောနေတာ သူတပါး ယုံကြည်ချက်ကို စော်ကားတာပဲ။ နိုင်ငံနဲ့ ချီပြီး ပြောလိုက်တာ တစ်နိုင်ငံလုံးကို စော်ကားလိုက်တာပဲ။
လူတိုင်းမှာ လွတ်လပ်စွာ ယုံကြည်ပိုင်ခွင့် ရှိတယ်-ဆိုတာကို ခင်ဗျား သဘောပေါက်ဖို့ လိုတယ်။
ခင်ဗျား မြန်မာ မဟုတ်နိုင်ဘူး။ မြန်မာမြေမှာ နေ၊ မြန်မာရေကို သောက်၊ မြန်မာဆန်စပါးကို စားသောက်ခဲ့ပြီး မြန်မာနိုင်ငံက လူတွေကို စော်ကားနေတဲ့ လူမျိုးခြားတစ်ယောက်ပဲ-ဆိုတာ ခင်ဗျားစကားက သက်သေပဲ။ ကျုပ်တို့ လူမျိုးတွေခြားထဲမှာ ခင်ဗျား ဘာမှ ၀င်ရှုပ်စရာ မလိုဘူးဆိုတာ သတိပေးလိုက်မယ်။

phyo1980 said...

..ပျောက်လို့လာကျတာပေါ့ကွာ။သေချာလေ့လာပြီးမှဝေဖန်ပါdatha။သူတစ်ပါးလုပ်တဲ့
အလုပ်ကို respect ရှိပါ။မင်းကိုမင်းတော်တော်သိတော်တော်တတ်နေရင်လည်း
သေချာလေ့လာပြီးမှဝေဖန်ပါ။

phyo1980 said...

datha မင်းကဘယ်နိုင်ငံမှာမွေးပြီး ဘယ်နိုင်ငံရေကိုသောက်ခဲ့ လို့ လူပါးဝနေတာလည်း။ဘ၀င်ရူးကောင်။အကြမ်းဖက်ဗုံးခွဲသမားလိုဘဲ မြန်မာပြည်မှာမွေးမြန်မာပြည်ရေကိုသောက်ပြီး မြန်မာနိုင်ငံကိုစော်ကားတဲ့ကောင်

မောင်သစ္စာ said...

သီလရှင်ဆရာလေးရဲ့ ရေမန်း အစွမ်းထက်/မထက်၊ ရောဂါဝေဒနာ ပျေက်/ မပျောက်ဆိုတာကိုတော့ လာရောက်ကုသနေကြတဲ့ ရောဂါဝေဒနာရှင်တွေသာ အသိဆုံး ဖြစ်ပါလိမ့်မယ်။
ယနေ့အချိန်အခါလို မြွေဆိပ်ဖြေဆေးတွေ ကျယ်ကျယ်ပြန့်ပြန့် မသုံးနိုင်သေးတဲ့ အချိန်ကာလတုန်းက ကျွန်တော်တို့ ထမင်းရှင် တောင်သူဦးကြီးတွေ လယ်ယာလုပ်ငန်းခွင်မှာ မြွေကိုက်ခံရလို့ ရှိရင် ရေမန်းနဲ့ မန်းမှုတ်ပြီး ကုသပေးကြတဲ့ ဆရာများရဲ့ ကျေးဇူးကြောင့် အသက်ရှင်ခွင့် ရခဲ့တာမျိုးတွေလဲ အမှန်တကယ်ကို ရှိခဲ့ဘူးပါတယ်။
သိပ္ပံပညာနဲ့ ကိုက်ညီမှု ရှိ/မရှိတော့ မပြောတတ်ပါဘူး။
လောကမှာ မျက်စိနဲ့ မမြင်နိုင်တဲ့ သစ္စာတရား၊ မေတ္တာတရားတွေရဲ့ စွမ်းအားကိုတော့ တရားတော်အတိုင်း လက်ခံယုံကြည်ပါတယ်။

phyo1980 said...

အဲ့လိုဘဲပြည်ပရောက်ပြီးနိုင်ငံသားခံတဲ့ ကောင်တွေတော်တော်များများပါးစပ်ကနိုင်ငံကြီးကိုကယ်တင်တော့မလိုလို မြန်မာပြည်ကိုဘဲသေလောက်အောင်ချစ်သလိုလို နဲ့ စောက်ရှက်မရှိတဲ့ ကောင်တွေ။မြန်မာနိုင်ငံကိုဘဲသူတို့ကသနားသလိုလိုမြန်မာပြည်ကလူတွေကမင်းတို့ ထမင်းစားနေတာမဟုတ်ဘူးကွ

nyomya said...

အုပ်စုဖွဲ့ လိမ်တာပါဗျာ... ရှင်းရှင်းလေးကို.. အဲ့လောက်စွမ်းနေတယ်ဆိုရင်လည်း မျက်မမြင်ကျောင်းနဲ့ စွံအနားမကြား ကျောင်းကို ပို့လိုက်ပါဗျာ.. ဘယ်လောက်ကုနိုင်လဲဆိုတာ ကြည့်ကြည့်လိုက်ပေါ့.. စကားကိုက ခံထားတာ.. အတိတ်ကရေစက်တွေကော.. ပဌာန်းစက်တွေကော စုံနေတာပဲ.. အဲ့ဒီပျောက်သွားတဲ့သူက သူ့လူပဲနေမှာပေါ့... အင်း လူတွေ လူတွေ ...

Thet said...

လောကမှာ သိပ္ဗံပညာက လက်တွေ့မပြနိုင်တာတွေ အများကြီးရှိတယ်။

D Mo said...

ဟေ့ကောင် datha ...မင်းက ရောဘယ်လောက်သိနေလို့လဲ.... မင်းဘာတွေကို ဘယ်လောက်နားလည်ထားသလဲ... .. မင်းနားလည်တယ်ဆိုရင်လဲ မင်းနားလည်သလောက်အတိုင်းအတာထိ ပြောပြစမ်းပါ... တကယ်တမ်း သနားစရာကောင်းတာမင်းလိုကောင်မျိုးတွေက..ကိုယ်ပြောတဲ့စကားကို ဘယ်ရောက်မှန်းမသိ .... မင်းသူများတွေကို စာမတတ်ဘူးပြောရအောင် မင်းပညာအရည်အချင်း အဆင့်ဘယ်လောက်ရှိလဲ ..... သူတို့တွေ အတိုင်းတာတစ်ခုထိယုံကြည်လို့ ဒီလောက်လူများနေတာပေါ့ ... မင်း အရမ်းတတ်ကျွမ်းနားလည်တဲ့ လူတစ်ယောက်ဆိုရင် လူကြီးလူကောင်းဆန်ပါ ... အခြားသူတစ်ယောက်ရဲ့ ယုံကြည်မူကို မစော်ကားပါနဲ့ ... ပြီးတော့ မနှိမ့်ချပါနဲ့ ...မင်းတို့လိုကောင်မျိုးတွေရှိနေလို့ ဘယ်အရာမှရှေ့မေ၇ာက်တာ..... ကိုယ့်အကြောင်းကို စိတ်မ၀င်စားပဲ သူများအကြောင်းပဲ ဝေဖန်ဖို့ဆောင့်နေတဲ့ လူမျိုးတွေ.....

Bagan Min said...

datha ဆိုတဲ့ သူငယ်၊၊ ကျူပ်ကတော့ ဒီယုံကြည်ချက်ကိစ္စနဲ့ ပတ်သက်ပြီးသိပ်ပြီးဝင်မပြောချင်ဘူး၊၊ " အုပ်ချုပ်တဲ့ သမ္ဗတက ဂေါက်တောက်တောက်" ဆိုတဲ့စကားပြင်ဗျာ၊၊ ဒီလိုဝင်ပြောလို့  ကြံ့ဖွံ့ ဆိုပြီးလာမစွတ်စွဲနဲ့ ၊၊ ဒီဂေါက်တောက်တောက် လုပ်ပေးနေလို့ ခင်ဗျားတို့ ဒီလိုတွေ ၀င်ပြောလာနိုင်တာ၊၊ ဒေါ်စုမဲဆွယ်ခွင့်ရနေတာ... ပြင်ဆင်ရေးလမ်းကြောင်းကိုဦးတည်နေတာ.. မောင်မင်းကိုနိုင်တို့ လွတ်လွတ်လပ်လပ် ပွင့်လင်းလူ့ အဖွဲ့အစည်းကို ရှင်းပြခွင့်ရနေတာ... ကားသစ်တွေ သွင်းခွင့်ရနေတာ..၊ ဖုန်းတွေဈေးကြလာနေတာ... တစ်ခါလာလည်း ဒီစကားတွေပဲ...

supergunner said...

ပြီးရင်..ဖွတ်ကြီးကိုမဲပေးခိုင်းတော့မယ်..

Unknown said...

ညီလေး ဒဿရေ၊ မျက်မှန်လေးချွတ်လိုက်ပါအုံး၊
ပြီးတော့ နားကြပ်လေးလည်း ဖြုတ်လိုက်အုံးနော်၊ ကဲ......သေချာကြည့်လိုက်တော့၊ ဘာတွေ့ရသလဲ။
အော်...ဒါနဲ့ မင်းက မှိုင်းတွေမိထားတာပဲ။
ကဲ......ကဲ..............မျက်နာသစ်၊ သွားတိုက်လိုက်ပါအုံးကွယ်။

Min Ko Aung said...

တကယ်အစွမ်းထက်တယ်ဆိုရင်တော့
အတိုင်းထက်အလွန်းဝမ်းသာဂုဏ်ယူပါတယ်..
ဒါပေမဲ့ အတွေ့ကြုံအရတော့ ဒါမျိုးတွေဟာ
အတုအယောင် အလိမ်ငြာတွေများတာ သမိုင်းသက်သေတွေအများကြီးရှိတယ်..
ချင့်ချိန်ပြီးတော့ ယုံကြပါ....
ကြားထဲက ကြံ့ဖွတ်စားသွားမှာ စိုးရိမ်လို့သတိပေးရတာပါ..

iban said...

ယုံကြည်သူတွေ ယုံကြည်နိုင်သလို..
လက်တွေ့မှ ယုံချင်သူတွေအတွက် အဲဒီရေကို စနစ်တကျ ဓာတ်ခွဲစမ်းသပ်သင့်တယ်။ ဘယ်လိုရောဂါဝေဒနာပဲဖြစ်ဖြစ် ပင်မဗဟိုနာဗ်ကြောကို ထုံထိုင်းစေပြီး ဥဏှောက်ကို သတင်းမရောက်အောင် ဟန့်တားထားတဲ့ဆေးဝါးတွေ.. စတီးရိုက်၊ မော်ဖင်းပါတဲ့ ဆေးတွေသောက်မိရင် ဘယ်လိုရောဂါမျိုးမဆို အချိန်ပိုင်း ရက်ပိုင်း သက်သာပျောက်ကင်းနိုင်တယ်။ ရောဂါက တကယ်ပျောက်သွားတာ မဟုတ်ဘူး။ စိတ်ကြွဆေး အနွယ်ဝင် ဆေးဝါးတွေကလည်း အာရုံကြောတုံပြန်မှု မူမမှန်တဲ့ ရောဂါဝေဒနာတွေအပေါ် အကျိုးသက်ရောက်မှုရှိတယ်။

ကျနော်ကတော့ မယုံကြည်သူထဲမှာ ပါတယ်။ ဗွီဒီယိုထဲက မွေးရာပါဆွံ့အသူ ချက်ချင်းစကားပြောနိုင်တယ်ဆိုတာ အလံရှုးလို့ပဲ ယူဆတယ်။ ခေတ်ပညာတတ် လူလိမ်တွေဆိုရင် သူတို့ရဲ့ အလံရှုးက မီဒီယာတွေအထိ ပျံ့နှံနိုင်တယ်။ ဆရာလေးတွေက သီလရှင်အရောင်ကို မ၀တ်ပဲ ထိုင်းဘုန်းကြီးသင်္ဃန်းအရောင်ကိုဝတ်ပြီး နေကာမျက်မှန်နဲ့.. ဘိုးတော်တွေလို ဦးဂေါင်းကို အ၀တ်ပတ်ထားသေးတယ်။ ဒီလိုပဲ မြန်မာပြည်အလည်ပိုင်းမှာထွက်ရပ်ပေါက် အသက်၁၀၀၀ကျော်တဲ့ ဘုန်းကြီး ဆိုတာ.. ဖိုလ်ဝင်တဲံ ဗွီဒီယိုခွေတွေထွက်လာသေးတယ်။ ပရိသတ်က ဒီထက်အဆတစ်ရာလောက်များတယ်။ အလံရှုးတွေနဲ့ စနစ်တကျလုပ်တာ။ နောက်တော့ သူ့ရဲ့ ဒေးဗစ်ကော်ပါးဖီးလို အစီအရင်တွေ၊ မြေအောက်ခန်းတွေ၊ တိတ်တိတ်ပုံး မိန်းမတွေ၊ အလံရှုးတွေနဲ့ စနစ်တကျလုပ်နေတာ ထောက်လှန်းရေးက ဖော်ထုတ်လိုက်ပြီး အခုတော့ အဲဒီ အသက် ၁၀၀၀ ဆရာတော်ထောင်ထဲမှာ.. ဒါတောင်သူ့ကို ယုံကြည်ကြသူတွေ အခုထိ ယုံနေကြတုန်းပဲ။ လွန်ခဲ့တဲ့ အနှစ် ၄၀ ၀န်းကျင်က ဆေးကုတဲ့ သိမ်ဖြူဆရာတော်ဆိုတာလည်း အဓိဌာန် ဈာန်ပျံသလိုလိုနဲ့ ဆေးတွေကု အောင်မြင်လိုက်တာ.. နောက်ဆုံးတော့ အလိမ်ဇယားတွေ၊ တိတ်တိတ်ပုံး မိန်းမတွေပေါ်ပြီး ထောင်ထဲရောက်.. ပြီးတော့ လူထွက်လိုက်ရတယ်။ အသက် ၁၀၀၀ ဘုန်းကြီးကို ယုံကြည် ကိုးကွယ်တဲ့အထဲမှာ ဗိုလ်ချုပ်ထွန်းကြည်တို့ ခေတ်က ဗိုလ်ချုပ်တော်တော် များများပါတယ်။


ဗွီဒီယိုထဲမှာ အဲဒီကို ရောဂါအကုသခံချင်ရင် ဆရာလေးနဲ့မတွေ့ခင် အရင်ဆုံး.. ရေစင်ကိုသောက် သောက်ရမယ်။ အဲဒီရေ သောက်မထားရင် ကုသလို့ မရနိုင်ဘူးဆိုတော့.. အစွမ်းသတ္တိက ရေထဲမှာရှိနေတာ။ အဲဒီရေက ဘာရေလဲ။ ဆရာလေးရဲ့ မေတ္တာတရားက ရုပ်ဝတ္တုကန့်သတ်ချက်တွေနဲ့ဆိုတာ လုံးဝ.. လုံးဝ အဓိပါယ်မရှိဘူးပဲ ယူဆတယ်။

ယုံကြည်ကြသူတွေ ယုံကြည်နိုင်ပါတယ်။ ယုံကြည်ခွင့်ရှိပါတယ်။ သစ္စာနဲ့ ထုံမွမ်းတဲ့ယုံကြည်မှုဟာ ရောဂါတောင်တ၀က် ပျောက်နိုင်ပါတယ်။ သစ္စာမပါသည့်တိုင် အကြွင်းမဲ့ယုံကြည်မှု ပေးနိုင်တယ်ဆိုရင်လည်း ရောဂါဝေဒနာတွေ ပျောက်ကင်းနိုင်စွမ်းပါတယ်။

သဘောထားကွဲလွဲသူမှာလည်း ကွဲလွဲပိုင်ခွင့်ရှိပါတယ်။
ကျနော်အနေနဲ့ မေတ္တာတရားရဲ့ အစွမ်းကို အကြွင်းမဲ့ ယုံကြည်တယ်။ လက်ခံတယ်။ သီလ၊ သမာဓိအစွမ်း၊ မေတ္တာအစွမ်းတွေဆိုတာ ကန့်သတ်မှုဘောင်တွေက လွတ်မြောက်နေပါတယ်။ ဟိုရေသောက်မှ၊ ဒီလိုလုပ်မှ မေတ္တာရမယ်ဆိုရင် စဉ်းစားစရာပါ။

ilvagsansuukyi said...

Comment တော့သိပ်မရေးတတ်ပါဘူး.. ကြည့် မိတော့လဲ မနေနိုင်လို့ ရေးလိုက် ပါတယ် :) ....ဆရာလေး အစွမ်းနဲ့ဆေးကု ချိန်က အမေစု ရဲ့ ကြားဖြတ်ရွေးကောက်ပွဲအတွက် စည်းရုံး ရေး ဆင်းနေချိန်နဲ့ ကိုက်နေပြီး ပြည်သူ့တွေ ရဲ့ အာရုံ က ဆရာလေး ဆီ ရောက် သွားတော့ ကြံ့ဖွတ် တို့ အတွက် ကွင် ဖြစ် သွား တာပေါ့... ထန်းသီး ကြွေခိုက် ကျီးနင်းလိုက် ဆိုသလိုဖြစ်နေပြီ... :) :)။

မောင်သစ္စာ said...

ကိုiban ရေ-
ခင်ဗျား ဝေဖန်ချက်ထဲက “လွန်ခဲ့တဲ့ အနှစ် ၄၀ ၀န်းကျင်က ဆေးကုတဲ့ သိမ်ဖြူဆရာတော်ဆိုတာလည်း အဓိဌာန် ဈာန်ပျံသလိုလိုနဲ့ ဆေးတွေကု အောင်မြင်လိုက်တာ.. နောက်ဆုံးတော့ အလိမ်ဇယားတွေ၊ တိတ်တိတ်ပုံး မိန်းမတွေပေါ်ပြီး ထောင်ထဲရောက်.. ပြီးတော့ လူထွက်လိုက်ရတယ်။” ဆိုတာကတော့ အချက်အလက် မပြည့်စုံဘူးလို့ ထင်တယ်ဗျာ။
သိမ်ဖြူဆရာတော် လူထွက်လိုက်ရတာ ၁၉၈၀၊ သာသနာ့သန့်ရှင်းရေး ကာလကပါ။ မိန်းမကိစ္စကြောင့် လူထွက်ရတာလဲ ဟုတ်ပါတယ်။ ထောင်ကျတယ်-လို့တော့ မကြားမိဘူး။ “အဓိဋ္ဌာန် ဈာန်ပျံသလိုလိုနဲ့ ဆေးတွေကု” တယ် ဆိုတာကတော့ မဟုတ်ပါဘူးဗျာ။
အဲဒီဆရာတော်ဆေးကုတာက တိုင်းရင်းဆေးပညာနဲ့ ဆေးကုတာပါ။ တိုင်းရင်းဆေးပညာကို အိန္ဒိယမှာ သင်ယူခဲ့တယ်။ အိန္ဒိယဆေးကျမ်းတွေကိုလဲ ဘာသာပြန်ပေးခဲ့တယ်။ ဆရာတော် ရေးသားခဲ့တဲ့ “ပုံပြဆေးအဘိဓာန်” လေးတွဲ ဆိုတာ တိုင်းရင်းဆေးလောကမှာ အလွန်ထင်ရှားပါတယ်။ ပုံပြဆေးအဘိဓာန်ရဲ့ နိဒါန်းမှာ ဆရာတော်ရေးထားတာတွေ ဖတ်ကြည့်လိုက်ရင် တိုင်းရင်းဆေးပညာနဲ့ ပတ်သက်လို့ တော်တော်ကို နှံ့နှံ့ စပ်စပ် လေ့လာထားတဲ့ ပညာရှင်ဆရာတော်တစ်ပါး ဆိုတာ သိနိုင်ပါတယ်ဗျာ။
တချို့ အိန္ဒိယသား ပရဆေးဆိုင်ပိုင်ရှင်တွေက မြန်မာနိုင်ငံမှာ ပေါပေါများများ ရနေတဲ့ ဆေးပင်တွေကို “ဒါက အိန္ဒိယကလာတာ၊ ဒီမှာ မရှိဘူး-ဆိုပြီး မတန်တဆ ဈေးတင်ရောင်းနေကြ၊ မြန်မာတွေအပေါ် ကလိမ်ကကျစ်လုပ် အမြတ်ထုတ်နေကြတာတွေကိုလဲ ဆရာတော်က ဖော်ထုတ်ပေးခဲ့ပါတယ်။ ဒီဆေးပင်ဟာ ဒီနိုင်ငံမှာတင် ရှိတယ်၊ ဘယ်ဒေသမှာ ပေါက်တယ်-ဆိုတာမျိုး ရှင်းပြထားပါတယ်။
ပြောလိုတာက သိမ်ဖြူဆရာတော်ကို မိန်းမကိစ္စအတွက် ကျွန်တော်တို့ ကဲ့ရဲ့ ပြစ်တင်ထိုက်ပေမဲ့ တိုင်းရင်းဆေးပညာနဲ့ ပတ်သက်လို့ကတော့ အလွန်ကို လေးစားဂုဏ်ပြုရမယ့် ကျေးဇူးတင်ရမယ့် ဆရာတော်ဖြစ်တယ်ဆိုတာပါ။ ယခုထိလဲ သူ့ရဲ့ ဆေးပညာစာအုပ်တွေကို တိုင်းရင်းသမားတော်တွေ မှီခိုအားထားနေရတုန်းပါဗျာ။

naing ag tide said...

လိမ်ဆင်ဖြစ်နိုင်တယ် ....အိုဗျာ ဖြစ်ကိုဖြစ်ရမယ် အရိယာ သူတော်စင်ဆိုတာ ဒီလိုပွဲလမ်းသဘင်မျိုးနဲ့ မိုက်တလုံးကိုင်ပြီး ရှိုးပွဲပြသလို လုပ်မယ်လို့မထင်ဘူး အခုသူပြောနေတာကိုက ကြော်ညာနေသလိုဖြစ်နေတယ် နောက်ခံ အင်အား ကောင်းကောင်းနဲ့လှည့်စားတာပါ...သဘေလာထားတင်းမာတဲ့ စစ်အုပ်စုက လူတွေ ပါဝင်ပါတ်သက်နိုင်တယ်

thitsa said...

ကုသခံရသူ အားလုံးမဟုတ်ပဲ ပါရမီရေစက်ပါသူသာ ပျောက်ကင်းတယ်လို့ ပြောသွားတာ ကြားတယ်ဟုတ် ၊ အဲ့ ဒီပြောက်တဲ့ သူအကုန်လုံး က ဘယ်သူထင်လဲ အကုန်လုံး ဇာတ်တိုက်ထားတဲ့  လူတွေချည်းပဲ
ဒီဇာတ်လမ်းတွေ က International မှာရိုးနေပြီ ၊ Christian တွေမှာ Jesus လာကုတယ် ဆိုပြီး အခွေတွေ ထွက်ခဲ့ တာ တစ်ပုံကြီး ၊ ကြည့် ရတာ အဲ့ ဒီအခွေ ကြည့် ဖူးတဲ့ လူက ခွင်ဖန်လိုက်တာ ဖြစ်မယ် ။
ရိုးသားတဲ့ ပြည် သူတွေကို ညာစားတာ ၊

မိုးချစ်သူ said...

datha
ဆိုတဲ့သူကို မကွေးမြို့မှာ ၁၀တန်းကျောင်းသူလေး လူပြုစားခံရလို့ ကျောက်ခဲတွေ ပါးစပ်ထဲကနေ အလုံးပေါင်း ၂၀၀ ကျော် အန်တဲ့ တကယ့်ဖြစ်ရပ်မှန် အခွေကို ပေးလိုက်ကြစမ်းပါ။ ခွဲစိပ်ပါရဂူတွေ လုပ်လို့ရပါ့မလား။ အောက်လမ်း ကို အထက်လမ်းမြန်မာဆရာတွေနဲ့ ကုသရတယ်။ အဲ့လိုလုပ်ပေးတဲ့ အောက်လမ်းကဝေ ကလားဆရာကိုလဲ မြန်မာအထက်လမ်းဆရာတွေက ဘယ်လိုအနိုင်ယူသလဲဆိုတာ အားလုံးပါတယ်။ အဲ့ဒါလဲ ရေမန်းတွေ၊ စီရင်ထားတဲ့အရေတွေ ဘယ်လောက်ပါတယ်ဆိုတာ မင်းလို အသိညဏ်မရှိတဲ့သူ ဘယ်သိပါ့မလဲ။ အခုထိမြန်မာနိုင်ငံမှာ ရှေးရိုးကို လွန်ဆန်လို့ မရတဲ့ အထာတွေ သူ့နေရာနဲ့သူရှိတယ်ကွ။ ဘယ်ကနေ လေလွင့်လာပြီး မြန်မာနိုင်ငံမှာ လာသောင်တင်နေတဲ့ မင်းအတွက်ကတော့ ဒါတွေပြောပြနေလို့ အလကားပါပဲ။ ကာလ ဒေသ အပိုင်းအခြားလိုက်ပြီး၊ အမှားအမှန်ဆိုတာ ကွဲသွားတာပဲ။

မိုးချစ်သူ said...

datha
ဆိုတဲ့သူကို မကွေးမြို့မှာ ၁၀တန်းကျောင်းသူလေး လူပြုစားခံရလို့ ကျောက်ခဲတွေ ပါးစပ်ထဲကနေ အလုံးပေါင်း ၂၀၀ ကျော် အန်တဲ့ တကယ့်ဖြစ်ရပ်မှန် အခွေကို ပေးလိုက်ကြစမ်းပါ။ ခွဲစိပ်ပါရဂူတွေ လုပ်လို့ရပါ့မလား။ အောက်လမ်း ကို အထက်လမ်းမြန်မာဆရာတွေနဲ့ ကုသရတယ်။ အဲ့လိုလုပ်ပေးတဲ့ အောက်လမ်းကဝေ ကလားဆရာကိုလဲ မြန်မာအထက်လမ်းဆရာတွေက ဘယ်လိုအနိုင်ယူသလဲဆိုတာ အားလုံးပါတယ်။ အဲ့ဒါလဲ ရေမန်းတွေ၊ စီရင်ထားတဲ့အရေတွေ ဘယ်လောက်ပါတယ်ဆိုတာ မင်းလို အသိညဏ်မရှိတဲ့သူ ဘယ်သိပါ့မလဲ။ အခုထိမြန်မာနိုင်ငံမှာ ရှေးရိုးကို လွန်ဆန်လို့ မရတဲ့ အထာတွေ သူ့နေရာနဲ့သူရှိတယ်ကွ။ ဘယ်ကနေ လေလွင့်လာပြီး မြန်မာနိုင်ငံမှာ လာသောင်တင်နေတဲ့ မင်းအတွက်ကတော့ ဒါတွေပြောပြနေလို့ အလကားပါပဲ။ ကာလ ဒေသ အပိုင်းအခြားလိုက်ပြီး၊ အမှားအမှန်ဆိုတာ ကွဲသွားတာပဲ။

လောကပါလ said...

စောက်ရူးတွေကွာ။ မဟန ၄၇ပါးက ဒီကုလားဘုန်းကြီး သာသနာကိုညှိုးနွမ်းအောင်လုပ်နေတဲ့ကောင်ကျတော့ဘာမှမပြောတော့ဘူးလား။အခမ်းအနားနဲ့တောင်ကျင်းပပေးနေလိုက်တာများ။လိုက်ကနေ လိုက်လုပ်နေတဲ့သူတွေကလဲအသိဥာဏ်မရှိဘူးလား။စောက်ရူးခိုင်းတော့ စောက်ပေါတွေလိုက်လုပ်နေကြတယ်။ရင်းလေးမိပါတယ်ဗျာ။

လောကပါလ said...

ကျွန်တော်တို့ဗုဒ္ဓသာသနာတော်ကိုညှိုးနွမ်းအောင်မလုပ်ကြပါနဲ့ဗျာ။ဘာသာခြားတွေသိရင်ဘယ်လိုလုပ်မလဲဗျာ။ခင်ဗျားတို့အတုအယောင်တွေကြောင့် ကျန်တဲ့ဆရာတော်တွေဆရာလေးတွေကျတော့ဂုဏ်သိက္ခာထိခိုက်တယ်။တကယ်သိလို့တက်လို့ဟောတဲ့ဆရာတော်တွေကျတော့ပိတ်ပင်တယ်။ဘာလဲအာဏာပါးကွပ်သားတွေ။ဘုရားရှင်ဟောကြားခဲ့တယ်သာသနာ့ဝန်ထမ်းပုဂ္ဂိုလ်တွေဆေးမကုရဘူး။ပြည်သူတွေအနေနဲ့ အဲဒီလိုလူတွေကိုမကိုးကွယ်ကြပါနဲ့ဗျာ။အောက်က ကုလားဘုန်းကြီးရောပဲ

Dr.Hellboy2009 said...

ကိုသစ်ထူးလွင်ခင်ဗျား..‌ရောဂါ‌ပျောက်ကင်းသူ‌တွေရဲ့‌အမည်‌နေရပ်လိပ်စာ
သိလျှင်စုံစမ်းနိုင်မည် ဖြစ်၍ အများအတွက်သာဓု‌ခေါ်ဆိုနိုင်မည်
ဖြစ်ပါသည်။

thihathuya said...

phyo1980.ပြည်တွင်းတွေပြည်ပတွေခွဲပြီးသူ့ထက်ငါချစ်ကြောင်း
အမွှန်းတင်မနေနဲ့..အကုန်လုံးကိုယ့်ထမင်းကိုယ်ရှာစားနေတဲ့သူ
တွေချည်းပဲ..တစ်ယောက်commentကိုမကြိုက်တာနဲ့အားလုံးကို
ပတ်ခြူံပြီးမရိုင်းပါနဲ..့.နောက်ကဖတ်ရတဲ့သူတွေအ'ကုသိုလ်များလို့.

nyiminthant.com said...

မြန်မာပြည်သားတွေ ရာခိုင်နှုံးအတော်များများကတော့ ဗဟုသုတ အရာမှာ အားနဲတာအမှန်ပဲဗျ..နောက်ပြီး နှစ်ပေါင်းများစွာ (အင်္ဂလိပ်-ခေတ်ကစလို့)--ယခုအချိန်ထိ ဖိနှိပ်အုပ်ချုပ်ခံလာရတာဆိုတော့ သူတို့တွေဟာ (တန်ခိုးရှင်) ကို လိုလားတောင့်တတဲ့စိတ်အမြဲရှိနေတယ်ဗျ သူတို့တွေရဲ့ဘဝကို ကယ်ဆယ်မြှင့်တင်ပေးနိုင်တဲ့ပုဂ္ဂိုလ် ဆိုအားကိုးချင်တယ်..ကိုးကွယ်ချင်တယ် ...ခင်များတို့ ကွန်မန့်ထဲမှာ ရန်ဖြစ်နေကြမဲ့အစား သူတို့တွေဘဝဘယ်လိုမြှင့်တင်ပေးနိုင်မလဲဆိုတာ စဉ်းစားကြပါ..ဒီလို လိမ်လည်လှည့်ဖျားမှုတွေကိုလဲ ဝိုင်းပြီးအရေးယူပေးကြပါ...

Myanmar said...

ဒီအချန်မှာ မြန်မာတွေ သိဖို့သင့်နေပီ မြန်မာတွေ ဘာသာရေးကို ယုံကြည်တာနဲ့ လုပ်ငန်းနှုင်းစာကြည့်လျှင် စစ်အတွင်းက ကုပေးခဲ့ တဲ့ ဆေးဆရာတွေ မျာက်နှာထောက်ပါဦး...။

Powered by Blogger.