ထိုင်းနိုင်ငံဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ် ထိုင်းနိုင်ငံဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်သည် မြန်မာနိုင်ငံသို့ နှစ်ရက်တာလာရောက်ခဲ့ပြီး ယနေ့နံနက်ပိုင်းတွင် ပြန်လည်ထွက်ခွာသွားကြောင်း စုံစမ်းသိရသည်။ ရန်ကုန်မြို့ချက်ထရီယမ်ဟိုတယ်တွင် တစ်ညတာတည်းခိုသွားခဲ့ပြီး ယနေ့နံနက်ပိုင်းတွင် ပြန်လည်ထွက်ခွာသွားကာ ဟိုတယ်ဝန်ထမ်းများနှင့်အတူ အမှတ်တရဓာတ်ပုံလည်း ရိုက်ကူးခဲ့ကြောင်း စုံစမ်းသိရသည်။ ထိုင်းဝန်ကြီးချုပ်ဟောင်း မစ္စတာသက်ဆင်မြန်မာနိုင်ငံသို့ မည်သည့်အကြောင်းနှင့်လာရောက်သည်ကိုမူ စုံစမ်းနေဆဲဖြစ်သည်။ 7Day
2 comments:
၂၀၁၁ နှစ်ကုန်ပိုင်းတုန်းက နေပြည်တော်ကိုတစ်ခါလာသွားတယ်။ ခုတစ်ခါလာတာနဲ့ပါဆိုရင် ၂ ခါရှိပြီ...သူလဲဘာတွေယူဖို့ကြံနေလဲမသိဘူး။
ဝရမ်းပြေး သက်ဆင်ပါ ...သူ့လက်ထက်မှာထိုင်းနိုင်ငံရှိတဲ့ဗမာနိုင်ငံသား
တွေ တော်တော် လေး ခံစားလိုက်ရတယ်..လက်ရှိစစ်အစိုးရနဲ့ အရမ်းကို
စိတ်တူ ကိုယ်တူ ပုလင်းတူ ဗူးဆို့ ပါ ။ ၀ရမ်းပြေးလေ..ထိုင်းကို ပြန်မ၀င်
လာရဲဘူး..
Post a Comment