ဆက်သွယ်ရေး စာတိုက်နှင့်
ကြေးနန်း ဝန်ကြီးဌာနနှင့် ပြည်နယ်/ တိုင်းဒေသကြီး အစိုးရအဖွဲ့များ၏
ကြီးကြပ်မှုဖြင့် မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းနှင့် ဒေသတွင်း ဆက်သွယ်မှု
ဆောင်ရွက်သည့် ကုမ္ပဏီတို့ ညှိနှိုင်း၍ မိုဘိုင်းလ် တယ်လီဖုန်းများ ရောင်းချမည့်
အစီအစဉ်များမှာ
(က) ၂၀၁၂ ခုနှစ် မတ်လ ၁၄ ရက်နေ့တွင်
ပြည်နယ်များအားလုံး၌ GSM မိုဘိုင်းလ်ဖုန်းများ စတင် ရောင်းချပါမည်။
(ခ) ၂၀၁၂ ခုနှစ် မတ်လ ၂၈ ရက်နေ့တွင်
နေပြည်တော်နှင့် တိုင်းဒေသကြီး (၇) ခု၌ (ရန်ကုန်တိုင်း ဒေသကြီးနှင့် မန္တလေး
မြို့မှအပ) GSM မိုဘိုင်းလ်ဖုန်းများ စတင်ရောင်းချပါမည်။
(ဂ) ၂၀၁၂ ခုနှစ် ဧပြီလ ၉ ရက်နေ့တွင်
ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးမြို့များ၌ GSM မိုဘိုင်းလ်ဖုန်းများ စတင်
ရောင်းချပါမည်။
(ဃ) ၂၀၁၂ ခုနှစ် ဧပြီလ ၉ ရက်နေ့တွင်
ပြည်နယ်နှင့် တိုင်းဒေသကြီးများ၌ (ရန်ကုန်တိုင်း ဒေသကြီးနှင့် မန္တလေးမြို့မှအပ)
WCDMA မိုဘိုင်းလ်ဖုန်းများ စတင် ရောင်းချပေးမည် ဖြစ်ပါသည်။
(င) ၂၀၁၂ ခုနှစ် ဧပြီလ ၂၃ ရက်နေ့တွင်
ရန်ကုန်တိုင်း ဒေသကြီးနှင့် မန္တလေး မြို့တို့၌ WCDMA မိုဘိုင်းလ်ဖုန်းများ စတင်
ရောင်းချပေးမည် ဖြစ်ပါသည်။
(စ) CDMA 450 MHz နှင့် CDMA 800 MHz
မိုဘိုင်းလ်ဖုန်းများမှာ တည်ဆောက်ထားသည့် လိုင်းအင်အား ပြည့်နေပြီ ဖြစ်သဖြင့်
လောလောဆယ်တွင် ရောင်းချပေးနိုင်ခြင်း မရှိသေးပါ။ ရောင်းချပေးနိုင်မည့် ကာလကို
ထပ်မံ အသိပေး တင်ပြသွားမည် ဖြစ်ပါသည်။
(ဆ) ၂၀၁၂ ခုနှစ် မတ်လ ၁၄ ရက်နေ့မှ စ၍
ရောင်းချပြီး ဖြစ်သည့် GSM မိုဘိုင်းလ်ဖုန်းများသည် ရန်ကုန်တိုင်း ဒေသကြီးနှင့်
မန္တလေးမြို့ စည်ပင်သာယာ နယ်နမိတ်များ အတွင်းသို့ လောလောဆယ်တွင် ယူဆောင်၍
ဆက်သွယ်ပြောဆို ရရှိနိုင်ခြင်း မရှိသေးပါ။ ကျန်ရှိသည့် မြန်မာ နိုင်ငံတစ်ဝှမ်းရှိ
GSM/ UMTS Stations ရှိသည့် နေရာများတွင်မူ ဆက်သွယ် ပြောဆိုနိုင်ပြီ ဖြစ်ပါသည်။
ရန်ကုန်မြို့နှင့် မန္တလေးမြို့များတွင် GSM/ UMTS Network အား
ပိုမိုကောင်းမွန်အောင် ဆောင်ရွက်ခြင်း၊ Transmission လမ်းကြောင်းများနှင့် Gateway
များ တိုးချဲ့ ဆောင်ရွက်ခြင်း လုပ်ငန်းများ ပြီးစီးမည့် ၂၀၁၂ ခုနှစ် မေလ
ပထမပတ်တွင် နေရာဒေသမရွေး ယူဆောင် ဆက်သွယ် ပြောဆိုနိုင်မည် ဖြစ်ပါသည်။
(ဇ) ရောင်းချရာတွင် ဒေသတွင်းရှိ
အမှန်တကယ် သုံးစွဲလိုသော ဒေသခံ ပြည်သူများ လက်ဝယ်သို့ ရောက်ရှိရေး အတွက် ပြည်နယ်/
တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် သက်ဆိုင်ရာ ပြည်နယ်/ တိုင်းဒေသကြီး
ဆက်သွယ်ရေး မန်နေဂျာများနှင့် ၎င်းဒေသတွင် စီမံကိန်းလုပ်ငန်း ဆောင်ရွက်သည့်
ကုမ္ပဏီများ ပူးပေါင်းညှိနှိုင်း၍ ဆောင်ရွက်သွားမည်ဟု သတင်းရရှိပါကြောင်း။
The Voice Weekly
နှစ်သိန်းတန်ဖုန်း ရောင်းချမည့် အစီအစဉ်များ
Reviewed by သစ်ထူးလွင်
on
05:54
Rating:
21 comments:
ရောင်းချတဲ့စနစ်က တမျိုးလေးဖြစ်နေတယ်၊အမှန်တကယ်သုံးစွဲ လိုသော
ဒေသခံအတွက်၊ပြည်နယ်/တိုင်းက ကြီးကြပ်မှု ဖြင့် ဆိုတာတွေကလွယ်လွယ်
နဲ့ဝယ်လို့မရဘူးဆိုတာလား၊အ၀ယ်လိုက်အောင်အတွက် အရင်ကလိုဖုန်းဝယ်
ခွင့်ရတာ ရှင်ဘုရင်ရဲ့ဆုလာဘ် ကြီးလိုတော့မလုပ်စေချင်တော့ဘူး၊ ၅၀၀၀ိ/
တန်ဖုန်းသတင်းကြောင့် အ၀ယ်နည်းမည်ထင်ပြီး ခက်အောင်မလုပ်စေချင်ဘူး
အရင် ၅၀၀၀၀၀ိ/တန်တုန်းက ဒီစနစ်တွေမရှိပါဘူးဗျာ၊
ဖြစ်မှဖြစ်ရလေ MPT ရယ် . . . အံ့သြပါရဲ့ 
ကျေးဇူးပဲ...ကိုသစ်ရေ...ဖုန်းပုံပြောင်းတင်ပေးတဲ့အတွက်....
hahaha..လို့ တောင်မရယ်ချင်တော့ ပါဘူး...
မိုဘိုင်းဖုန်းစနစ်အင်မတန်များတဲ့ ကျုပ်တို့တိုင်းပြည်။
လုပ်ချင်ရာလုပ်နေကြတဲ့ အမ်ပီတီ။
မ၀ယ်ရေးချ မ၀ယ်။
sim card တစ်ကဒ် ကို ၃၀၀၀/ကျပ်နှင့် ရောင်းချရန် india co.တခု
မှ ထပ်မံရောင်းချရန် ကြီုးစားနေပါသည်။
အခုတမျိုး..တော်ကြာတမျိုးနဲ့ သောက်ရူးတွေလား.တိကျသေချာတဲ့ စီမံကိန်းမရှိဘူးလား..ခလေးကစားနေသလိုဖြစ်နေတယ်..သူများတိုင်းပြည်တွေကိုလည်းအတုယူအားကျ...ပါဦး
ဘာလုပ်တာလဲလို့တောင်မစဉ်းစားတတ်တော့ဘူး......
အခုထိတောင်ခေါင်းမပါပဲအလုပ်လုပ်နေကြတုန်း...
အော်..ခုထိ ဒီစနစ်ဆိုး အကျင့်ဆိုးတွေ မပျောက်သေးပါလားနော်..ရန်ကုန် မြို့ နဲ့ မန္တလေးမြို့ တွေကအ၀ယ်နဲမယ်ဆိုတာ ကြိုသိထားလို့ နယ်တွေကို အရင်ရောင်းတဲ့သဘောပေါ့..MPT ကတော့ လူရော မူရောပြောင်းမှရမယ်နော်...
တို့ကတော့၅၀၀၀တန်ဖုန်းထွက်မှပဲဝယ်ကိုင်တော့မယ်ဟေ့..............
လုပ်မနေနဲ့ဟေ့ ဖုန်းတလုံးကိုနှစ်သိန်းဆိုကတည်းက မဟုတ်သေးပါ။ နိုင်ငံတကာဈေးနဲ့လဲ မပေးနိုင်သေးဘဲနဲ့ မရှက်ဘူးလားကွ။ ငါးထောင်မဟုတ်ရင်မ၀ယ်ကျပါနဲ့ဗျို့။
မ၀ယ်ပါ။ အရင် ငှားထားတဲ့ ဖုန်း မြန်မာ့ဆက်သွယ်ရေးကို ပြန်အပ်ဖို့ သဘောတူပါတယ်။ တကယ်တော့ အဲလိုပဲ ဖြစ်သင့်တာပါ။ အဲဒီအချိန်တွေတုန်းက ဖုန်း တစ်လုံး တန်ဖိုးဟာ ယုဇန တိုက်ခန်း တစ်ခန်းစာနဲ့ လဲခဲ့ရတာပါ။ ခုတော့ ယုဇန တိုက်ခန်းလည်း မရခဲ့ပါဘူး။ မ၀ယ်တော့ဘူး။ ငါးထောင်ကျမှ ၀ယ်မယ်။
စိတ်ညစ်.. စိတ်ညစ်.. စိတ်ညစ်.. စိတ်ညစ်တယ် ကိုသစ်ထူးရေ......
ဒါကြီးက ဈေးသက်သာတာလားဗျာ..
ကိုရွှေပြည်တံခွန်ကဆရာသမားတို့ရေ..၅၀၀၀ ဖုန်းလေး လုပ်ပါတော့ဗျာ...
ဖိုးတောက်-------ရွှေပြည်တခွန် ပြေးပြီ--
ဆက်သွယ်ရေးကတော့လုပ်လိုက်ရင်အရူးကွက်နဲ့ကလေးကွက်တွေချည်းပဲ...
ကျက်သရေကို ဝယ်တုန်းနေတဲ့ မြန်မာ့ ဆက်သွယ်ရေးကွ...သိက္ခာကို မရှိဘူး..အဆင့်အတန်းလည်းမရှိဘူး....
ပြည်သူအပေါင်း တို့ရေ ကလိမ်ကကျစ် မှာတော့ သံခမောက်ဆောင်းတွေဘဲ ဒီဘ၀မှာမကျွတ်နိုင်တော့ပါဘူး။
လွှတ်တော်ဆရာကြီးများ လုပ်ကြပါအုံး
မြန်မာ့ဆက်သွယ်ရေးအတွက် တစ်ခွန်တည်းသောစကားကိုပဲ မပြောင်းလဲပဲ ပြောနေမယ်..။ " နိုး "
တော်တော်လေးကို စိတ်ပျက်ဖို့ကောင်းတယ်....။ ရောင်းမယ်ဆိုလည်း အားလုံးတစ်ပြေးညီရောင်းသင့်တယ်။ ခုဟာက သူတို့လက်ခုတ်ထဲကရေလိုပဲ။ သွန်ချင်သလိုသွန် မှောက်ချင်သလိုမှောက် လုပ်ချင်တိုင်းလုပ်နေတဲ့ MPT အင်္ဂလိပ်ခေတ်ကလို တောင်ပေါ်မြေပြန့်ခွဲနေတာလား....။ တကယ်စိတ်ပျက်မိတယ်...။
ရောင်းချင်ရောင်းဝယ်ချင်ဝယ်အမြာတ်ကြီးမစားကျဘာနက်
သပိတ်မှောက်ကြပါစို့
Post a Comment