
မကြာမီကာလတွင်ပြုလုပ်တော့ မည့်ကြားဖြတ်ရွေကောက်ပွဲတွင် မြောင်းမြမြို့ နယ် ကြံ့ခိုင်ရေးပါတီမှ ၀င်ရောက် အရွေ.ချယ်ခံမည့် လွှတ်တော်ကိုယ်စားလှယ်လောင်း ဖြိုးကိုကိုတင့်ဆန်းသည် ကိုယ်စားလှယ်လောင်းအဖြစ်အမည်စာရင်တင်သွင်းသည့်အခါတွင် ၎င်း ၏ မိခင်အရင်းအမည်မှန်ကို ချန်လှပ်ထားပြီး ဖခင်ဖြစ်သူ(ဟိုတယ်နှင့်ခရီးသွားဝန်ကြီး) ဦးတင့်ဆန်း၏ယခုလက်ရှိပေါင်းသင်းနေသည့်ဒုတိယမြောက်ဇနီး ဒေါ်ဌေးဌေးငြိမ်း အမည်အား ၎င်းမိခင်ဖြစ်သည်ဟုတင်သွင်းထားခဲ့သည်ဟုသိရပါသည်။
ယခု(ဟိုတယ်နှင့်ခရီးသွားဝန်ကြီး)ဖြစ်နေသူ ဖြိုးကိုကိုတင့်ဆန်း၏ ဖခင် ဦးတင့်ဆန်းသည် ပထမ အိမ်ထောင်ဖြစ်သော ဒေါ်မာမာအေး(ဘ)ဦးလွင်နှင့် သားသမီးသုံးယောက်ထွန်ကားခဲ့ပါသည်။ထိုးသားသမီးသုံးယောက်မှာ ဖြိုးကိုကိုတင့်ဆန်း ၊ စံကိုကိုတင့်ဆန်း နှင့် မိငြိမ်း တို့ ဖြစ်ကြသည်ဟု၎င်းမိသားစုနှင့်နီးစပ်သူများထံမှသိရပါသည်။ထို့ နောက် ဦးတင့်ဆန်းသည် ဇနီးသည်၏ အိမ်ထောင်ရေးဖောက်ပြန်မှု့ကြောင့် ဇနီးဖြစ်သူဒေါ်မာမာအေးနှင့်ကွာရှင်းခဲ့ပြီး တရပ်ထဲနေသူဖြစ်သည့် ဒေါ်ဌေးဌေးငြိမ်း( ဘ )ဦးကြင်ရှိန် နှင့်ဒုတိယအိမ်ထောင်ပြုခဲ့သည် ။ ဒေါ်ဌေးဌေးငြိမ်းနှင့်ပေါင်းသင်းခဲ့သည့်ကာလတလျှောက်တွင် ယခုချိန်ထိသားသမီးထွန်းကားခဲ့ခြင်းမရှိခဲ့ပေ။

ထို့နောက် ဦးတင့်ဆန်း(ဟိုတယ်နှင့်ခရီးသွားဝန်ကြီး) သည်ပုသိမ်မြို့သို့ ပြောင်းရွှေ့ခဲ့ပြီး ACE ဆောက်လုပ်ရေး လုပ်ငန်းကို စတင်ထူထောင်ခဲ့ပါသည်။နောက်ပိုင်းတွင် ထို့အချိန်က ဧရာဝတီတိုင်းမှုးအဖြစ်တာဝန်ထမ်းဆောင်ခဲ့သော ဗိုလ်ချုပ်မြင့်အောင်နှင့် ရင်းနီးမှုရယူခဲ့ပြီး ပုသိမ်မြို့ရှိအားကစားကွင်းများကို ပြင်ဆင်ဆောက်လုပ်ခွင့်ရ ရှိလာခဲ့ပြီး ဦးတင့်ဆန်း ပိုင်ဆိုင်သော ACEဆောက်လုပ်ရေးလုပ်ငန်းမှာလည်း စတင်အောင်မြင်လာပါသည်။ ထို့ နောက် ACE ဆောင်လုပ်ရေးလုပ်ငန်းကို တိုးချဲ့ ပြီး ရန်ကုန်မြို့ သာကေတ သံလျှင်တံတား အဆင်းအနီးတွင် ACE ဆောက်လုပ်ရေးရုံးချုပ်ကိုတည်ထောင်ခဲံပြန်ပါသည်။ရန်ကုန်မြို့သို့ ပြောင်းရွေ့လာခဲ့ပြီးနောက်ပိုင်းတွင် ဒုတိယဇနီးဖြစ်သော ဒေါ်ဌေးဌေးငြိမ်း၏ အကိုရင်းဖြစ်သော ဒုဗိုလ်မှုးကြီး ကြည်ထွန်း၏ ဆက်သွယ်ပေးမှုဖြင့် ဗိုလ်ချုပ်ခင်ညွှန်နှင့် ထပ်မံရင်းနှီးခွင့်ရကာ ဆောက်လုပ်ရေးလုပ်ငန်းများ ပိုမိုတိုးချဲ့ ခွင့်ရခဲ့ပြန်သည် ။ နောက်ပိုင်းတွင် အခွင့်အရေးကို အမြဲ တမ်းအသုံးချရန်စောင့်စားနေသူ ဦးတင့်ဆန်း(ဟိုတယ်နှင့်ခရီးသွားဝန်ကြီး) သည် ဗိုလ်ချုပ်မှုးကြီးသန်းရွှေ နှင့်ပါရင်းနှီးခဲ့ပြီး နေပြည်တော်ရှိဆောင်လုပ်ရေးများ ကို တည်ဆောက်ခွင့်ရခဲ့ပြီး ယခုချိန်ထိ နေပြည်တော်တွင် ACE ဆောက်လုပ်ရေး လုပ်ငန်းမှ နိုင်ငံတော်အဆောက်အဦး များကိုဆောင်လုပ်နေဆဲဖြစ်သည်။ ACE ဆောက်လုပ်ရေးမှ ဆောက်လုပ်ခဲ့သည် ထင်ရှားသည့်အဆောက်အဦးများမှာ ယခုလွှတ်တော်အဆောက်အအုံ ၊ လမ်းဆုံများရှိ ပန်းအ၀ိုင်းများနှင့် အခြားသောအဆောက်အဦး များစွာတို့ ဖြစ်သည် ။ ဦးတင့်ဆန်းသည် ၀န်ကြီးဖြစ်လာပြီးနောက်ပိုင်းတွင် ACE ဆောက်လုပ်ရေးနှင့် ၎င်းတည်ထောင်ထားခဲ့သော ဘောလုံးအသင်းတို့ အား သားဖြစ်သူ ဖြိုးကိုကိုတင့်ဆန်းကို လွှဲပြောင်း လုပ်ကိုစေခဲ့သည် ။ မကြာသေးခင်ကာလမှ ဖြိုးကိုကိုတင့်ဆန်း သည် ဖခင်ဖြစ်သူ၏အရှိအ၀ါ ၊ သုံးမကုန်ဖြုန်းမကုန်ဖြစ်နေသည့် ငွေကြေးစည်းစိမ်များထဲ့မှ အချို့ အား နိုင်ငံတော်သို့  ရက်ရက်ရောရော လှုဒါန်းမှု့များကြောင့် အစိုးရမှ ချီးမြင့်သောဒေါက်တာဘွဲ့ ရရှိခဲ့သည်။ သို့ ပါသော်လည်း ဖြိုးကိုကိုတင့်ဆန်းသည် ဒေါက်တာဘွဲ့ ရရှိစေကာမှု ပညာရေးအနေဖြင့် ဆယ်တန်းအောင်မြင်ရန်အတွက် ငွေကြေးလဘ်ထိုးမှုပြုခဲ့ရသည်ဟုလည်း သိရပါသည်။

ယခုအချိန် ဖြိုးကိုကိုတင့်ဆန်း ၀င်ရောက်အရွေးချယ်ခံမည့်မြောင်းမြ မြို့ နယ် မဲဆန္ဒနယ်တွင် ကြံခိုင်ရေးစည်းရုံးရေးမှုးများမှ မဲဆွယ်ရာတွင် ကြံ့ခိုင်ရေးပါတီသို့  မဲပေးသူများအား ငွေကျပ်သိန်းစီပေးမည် ဟူ၍လည်းကောင်း အိမ်ယာများဆောက် လုပ်ပေးမည်ဟူ၍လည်းကောင်း ၊ ကျေးရွာအလိုက်မဲအများဆုံးရရှိသည့် ကျေးရွာများကိုဆုငွေများချီးမြင့်သွားမည်ဟုလေသံလွှင့်စည်းရုံးနေသကဲ့သို့  မဲမပေးသူများအား ယခုလက်ရှိကြံ့ခိုင်ရေးပါတီမှ အတိုးနှုန်း ၂ကျပ်နှုန်း ဖြင့် ထုတ်ချေးပေးနေခြင်းအား ဆက်လက်ထုတ်မပေးတော့  ဟူ၍လည်း နောက်ကွယ်မှ တရားမ၀င်သောနည်းလမ်းများဖြင့် စည်းရုံးနေသည်ဟုလည်းသိရပါသည်။
by Myanmar Mediamm
ကြံ့ခိုင်ရေးပါတီမှဝင်ရောက်အရွေးခံမည့် ဖြိုးကိုကိုတင့်ဆန်း သည် မိခင်အမည်မှန်ကို လိမ်လည်ထား
Reviewed by သစ်ထူးလွင်
on
15:48
Rating:
49 comments:
အဖေရော...သားရော...ရုပ်ကိုကမာတယ်....ဟင်း.....
Corruption should be eliminated from the top related to Generals
အဖေရော...သားရော...ရုပ်ကိုကမာတယ်....ဟင်း.....
အော် သောက်ကျင့်ကတော့ ဖအေ အတိုင်းပါပဲ။
Aww , like that lar .... ပုပ်လို့ပေါ်လာပြီ ....
အစထဲက လိမ်နေတဲ့ ဒီလိုလူမျိုးက နေရာတစ်နေရာအတွက် မဲများရသွားရင် နောက်ထပ် ဘယ်လောက်များများ ထပ်လိမ်နေဦးမယ်ဆိုတာ တွေးသာ ကြည့်ကြပေတော့.......
ဒီလိုလူမျိုးတွေ လွှတ်တော်ထဲမှာ ရောက်နေတာ ရောက်မှာကို ဘယ်လိုကာကွယ်သင့်သလဲ မဲပေးပို့ကန့်ကွက်ချင်ပါတယ် မြောင်းမြလူထုကို....
သားဖ နှစ်ယောက်လုံးကတော့ ရုပ်နဲ့လိုက်အောင် ယုတ်မာ မဲ့ ရုပ်မျိုးတွေပဲနော်
မင်းတို့ရဲ့ မသားစုအကြောင်းကို သိရတော့ ...အော် ဖြိုးကိုကိုတင့်ဆန်းဆိုတာ အိမ်ထောင်ရေးဖောက်ပြန်တဲ့ မိသားစုက ပေါက်ဖွားလာတဲ့ ယုတ်မာတဲ့ အရှက်မရှိတဲ့ မျိုးရိုးဆိုတာကို သိလိုက်ရတယ်နော်
စိတ်မကောင်းပါဘူးကွာ ..
ကျွတ် ကျွတ် ကျွတ်
ကမ္ဘာ့အကျွမ်းကျင်ဆုံး ခိုးမှုရေးရာပါရဂူဘွဲ့ ရရှိသူ ဒေါက်တာ ဖြိုးကိုကိုတင့်ဆန်း
ရုပ်ကို က..
ကိုယ်ရေးအချက်အလက်များလိမ်လည်ကြေညာရင် ကိုယ်စားလှယ်လောင်း အရည်အချင်းပျက်ယွင်သည်။ရွေးကောက်ပွဲကော်မရှင်ဘာလုပ်မလဲ စောင့်ကြည့်
ကြပါကုန်။
အဖေကော သားပါလွန်စွာမှကျက်သရေကင်းမဲ့(ကျက်သရေယုတ်)ကြောင်းဖတ်ရှုသူများထင်မြင်ပါကမှားအံ့မထင်။အတွင်းစိတ်တို့၏ယုတ်ညံ့ယုတ်မာသိမ်ဖျင်းနိမ့်ကျသောအရှိန်ကြောင့်ရုပ်ရည်တွင်အထင်အရှားပေါ်လွင်နေသည်ကားအသေအချာပင်...
ဖေါ်ပြပါအချက်အလက်အတိုင်းလိမ်လည်ထားပါကလွှတ်တော်ကိုယ်စားလှယ်လောင်းမဖြစ်ထိုက်ပါ။
ဖအေရော.. သားရော.. ရုပ်ကိုက ကလိမ်ကကျစ်နဲ့ ....
အဖေနဲ့သားကတော့ကန်းကုန်အောင်ကိုမိုက်နေတော့တာဘဲ။ဥပတိရုပ်တွေကလည်းညံလိုက်တာလွန်ပါရော
်ဦးတင့်ဆန်းတို့ကတော့ မျိုးနဲ့ ရိုးနဲ့ကို မကောင်းတာပဲ ..
အော့ ရွံစရာ ကောင်းလိုက်တာ... သားလုပ်တဲ့သူကလဲ မသမာတဲ့ နည်းနဲ့ မဲခိုးတော့မယ်....
ဒီအဖေကမွေးတဲ့..သားကလည်း..အဖေလိုဘဲ..လိမ်ညာပြီးလုပ်ချင်၇ာလုပ်နိုင်အောင်..မတ၇ားတဲ့ နည်းနဲ့ အာဏာ၇အောင်ကြိုးပမ်းမှာပါ..ပွဲမစမီက..အလိမ်ပေါ်နေသူကို..ယုံကြည်ပြီး...ထောက်ခံမဲပေးဘို့ ..လုံးဝမဖြစ်နိုင်ပါ။
တော်ပါတော့ ကောင်လေးရေ...
မင့်အဖေလုပ်လို့ နိုင်ငံတော်ပိုက်ဆံလည်းတော်တော်ကုန်ပြီ
သူ့ဌာနက ၀န်ထမ်းတွေလည်း တော်တော်များများ ထွက်ကုန်ပြီ... တချို့ဆို ကိုယ့်အသက်ကိုယ်တောင် ရန်ရှာနေကြဆိုပဲ... မင့်အဖေသတင်းကတော့ မွှေးပ... အချိန်မလေးစားဘူးဆိုလား... ၀န်ထမ်းတွေကို မထေမဲ့မြင်လုပ်နေသလားဆိုလား အစည်းအဝေးလုပ်မယ်ဆိုပြီး ထိုင်စောင့်ခိုင်းတာ ရောက်ကတည်းက(ခဏခဏ)ဆိုပဲ စနေ၊ တနင်္ဂနွေလည်း အစည်းအဝေလုပ်မယ်ဆိုပြီးခေါ် ပြီးတော့ သူကမလာ.... အဲလိုဖြစ်ပေါင်းများတော့ ညီးနေကြတာ ကျုပ်တော့ အသံသဲ့သဲ့ကြားမိတယ်....ကိုယ်ပိုင်အလုပ်ကြောင့် ရုံးအလုပ်မလုပ်နိုင်ရင်လည်း ၀န်ကြီးတော့မလုပ်နဲ့မောင်... ဟုတ်မဟုတ်တော့ သိသူများ ဖော်ပြပေးကြပါ...
အမိယုတ်တော့ နှုတ်ကြမ်း အဖယုတ်တော့ ကိုယ်ကြမ်း အမိရော အဖရော ယုတ်တဲ့မင်းကတော့ လွှတ်တော်နဲ့ကို မတန်ဘူးဆိုတာ စဉ်းစားစရာလိုသေးလို့လား
သူတို့နဲ့ပက်သက်တဲ့ အရာမှန်သမျှကို ကန့်ကွတ်ကြပါ။ ၀ိုင်းပယ်ကြပါ။
တတ်နိုင်သမျှ မပက်သက်ကြပါနဲ့။
အဲဒီလောက်မပြောကြပါနဲ့ဗျာ ...သနားစရာလေး ရုပ်ကိုက ပိုလီရိုကြပ်မပြည့်ရုပ်လေးတွေပါ ...ဟဲဟဲ ...ရိုက်သတ်ပြီး ဟင်းချက်စားလိုက်ရအောင်ဗျာ ...ဒါပေမယ့် သွားတော့နာမယ် ...အရေထူတော့ ၀ါးရခက်တယ်လေ...
မင်းတို့အမျိုးကလဲ ငြိမ်းချမ်းတို့ ရှဲဒိုးတို့ အငြိမ့်က အမျိုးစပ်တာထက်ဆိုးနေတယ် ကိုယ့်အမေ နာမည်မှ လိမ်နေရင် ကျန်တာတော့မတွေးရဲစရာပဲ ရုပ်ကို က သောက်ခွက်ရိုက်လိုက်ရ................
မြောင်းမြမြို့သူ/သားများတို့အပေါ်မှာ မူတည်သွားပါပြီဗျာ
သူတို့က မဲပေးရမဲ့သူတွေလေ၊ အားကျလောက်စရာဗျာ၊
ဘာတဲ့ ပညာအရည်အချင်းက ကချာလာ၊
လူမှုရေး၊ စီးပွားရေး၊ အတွေးအခေါ်၊ အမြော်အမြင်၊
မျိုးရိုးဗီဇ၊ အစစအရာရာ အောက်တန်းကျလိုက်တာဗျာ၊ ။ ။
ဖအေနဲ့သား ရုပ်ချင်းကလည်း၊ ကောက်ညစ်ဆင်းလဲမဲ့ရုပ်၊ ။ ။
ကိုယ်စာလှယ်လောင်း အဖြစ်မှပယ်ရမှာပေါ့။
ဦးတင့်ဆန်းလည်း သားသမီးကို မဲရစေချင်ဇောနဲ့ မကောင်းတာတွေလုပ်မိပြီး လူမုန်းတော်တော်ခံနေရပြီ။ သူကောင်းခဲ့တဲ့ အချက်တွေတော်တော်များများ မြောင်းမြ အထူးသဖြင့် တစ်ဖက်ကမ်း (ကွယ်လွယ်) မှာ ရှိခဲ့ပါတယ်။ ဦးတင့်ဆန်းက ပထမဇနီးအိမ်ထောင်ရေးဖောက်ပြန်မှု့ကြောင့် သားသမီး သုံးယောက်စလုံးကို သူပဲ ငယ်ငယ်လေးထဲက စောင့်ရှောက်ခဲ့ရတာပါ။ သူ့သားအကြောင်းတော့ မသိပါ။ မြောင်းမြလူထုက ကြံခိုင်ရေးစည်းရုံးရေးမှုးများမှ မဲဆွယ်ရာတွင် ပေးမယ်ဆိုတဲ့ ငွေကို မက်ပြီး ဖြိုးကိုကိုတင့်ဆန်းကို မဲပေးမှာ မဟုတ်ပါဘူး။ NLD မှ NLD ပါ။
မပူပါနဲ့ ဇော်ဇော် ရေ ။ အန်တီစု က ပုသိမ်ကို စည်းရုံးရေး ဆင်း တုန်းက ရတဲ့ ရလာဒ် ကို ဖြိုးကိုကိုတင့်ဆန်းတွေ့မှာပါ ။ဖားတုလို့ ခရုခုန် ......
ချီးထုပ် ၇ှက်တတ်သေး၇င် နုတ်ထွက်လိုက်တော့။ ။
တကယ်ပါ၊ ရုပ်ရည်ရူပကာလေးကတော့.......ဖြစ်ထိုက်ပါတယ်....သူတောင်းစား...
ရှေ့ကနွားဖြောင့်ဖြောင့်သွားမှ နောက်ကနွားလဲဖြောင့်ဖြောင့်လိုက်နိုင်မှာပါ
ကိုယ်ကျင့်တရားမကောင်းတဲ့ မျိုးရိုးကဆိုတော့ ကိုယ်နဲ့သင့်တော်တဲ့ နေရာမှာ
ရွေးပြီးနေတာ ကောင်းလိမ့်မယ်လို့ထင်ပါတယ် ဆွမ်းဆန်ထဲမှာကြွက်ချေးမရောစေချင်လို့ပါ
ရုပ်ကိုက ဘယ်လိုကြည့်ကြည့် ကြက်သရေမရှိ... မျိုးရိုးကလည်း မျိုးသန့်ရိုးသန့်... ဒတ်တောနဲ့ ချွတ်ရင်တောင်မှ ဒတ်တောဖိုးနမျောစရာ.... အဖေ့လုပ်စာထိုင်စားပြီး ဝက်တူနွားတူဖြစ်နေတဲ့အကောင်ကများ.... တောက်!!!! ရွံတာကွာ
အခုအချိန်ထဲက လိမ်လည်တတ်တဲ့ စောက်ကျင့်နဲ့ ကိုယ်ကျင့်တရား မကောင်းတဲ့ မိဘ အသိုင်းအဝိုင်းက မွေးဖွားလာ မှတော့ဘယ်ကောင်းတော့မလဲကွာ၊ ဒီလိုကောင်မျိုးတွေ လွှတ်တော်ထဲ မရောက်သင့်ဘူး၊မရောက်စေနဲ့ မြောင်းမြမှာရှိတဲ့ ပြည်သူတွေမှာ တာဝန်ရှိတယ် ညီညွတ်ကြပါစေ။
"ဖြိုးကိုကိုတင့်ဆန်းသည် ဒေါက်တာဘွဲ့ ရရှိစေကာမှု ပညာရေးအနေဖြင့် ဆယ်တန်းအောင်မြင်ရန်အတွက် ငွေကြေးလဘ်ထိုးမှုပြုခဲ့ရသည်ဟုလည်း သိရပါသည်။".
အဲလိုကောင်က အမတ်လုပ်အုံးမယ် ဟုတ်လား......
ကိုယ့်အခြေအနေကိုယ်သိပြီးဝင်အရွေးမခံတာပိုကောင်းလိမ့်မယ်
ဒီထက်ပိုပြီးအရှက်မကွဲချင်ရင် ကျွတ်... ကျွတ်.... ကျွတ်
I would like to suggest to act as Glone U saw in making the moving of Bo Aung San documentary. For your face is suitable .
ဒီကောင်က ခေါင်းနဲနဲမကောင်းဘူး။ စောက်သုံးမကြတဲ့ဒေါက်တာဘွဲ့ပေးလိုက်တော့ အရူးရင့်သွားပြီး။ ACE ဆောက်လုပ်ရေးမှာဆို ပိုဆိုးတစ်ညလုံးအရက်သောက် အင်ဂျင်နီယာတွေခေါ်ရစ်..သုံးစားလို့လုံးဝမရ......
ဟားဟားဟား ရီရတယ် :D
ရုပ်ကိုကြည့်ထဲက အသိသာကြီး ယုံကြည်ပြီး မဲထည့်ပေးချင်လောက်တဲ့ပုံ တကွက်မှမတွေ့ ဘူး ။ကြာကူလီရုပ်နဲ့  တိုင်းပြည်အတွက်ဘာကောင်းကျိုးမှပေးမဲ့ပုံမပေါ်ပါ ဘူး ။ကိုယ့်အကြောင်းကိုသိပြီး မရွေးပါနဲ့ တော့..........................
မိထွေးလည်း အမေပါဘဲ။ ဒါပေမဲ့ သူ့ရဲ့ ရာဇ၀င် အသေးစိတ် ဖတ်ရတာ တော်တာ် စိတ်ဝင်စားဖို့ ကောင်းတယ်။ ဒီမိုကရေစီ ရပြီးတဲ့ အခါ ဒီလို အကောင်ကြီးတွေ ဘယ်လို ချမ်းသာလာတယ် ဆိုတာကို အိန်ဒိယ မှာ ရှိတဲ့ စီဘီအိုင်လို အဖွဲ့တစ်ဖွဲ့ ဖွဲ့ပြီး စုံစမ်း စစ်စေးသွားနိုင်ဖို့ လုပ်သင့်တယ် လို့ ထင်တယ်။ ဖိလစ်ပိုင်က မားကိုစ် ရဲ့ ပိုင်ဆိုင်မှု တွေကို သိမ်းခဲ့သလို ဒီကောင် ကြီးတွေရဲ့ ပိုင်ဆိုင်မှု တွေ သိမ်းပြီး တိုင်းပြည် ပြုပြင်ရေး လုပ်လိုက်ရရင်ဗျာ ကျွန်တော် တို့ မြန်မာပြည် နေ့ချင်းညချင်း တိုးတက် သွားမှာ နော်။
အော်---မဲ၁စောင် ၁သိန်းဆိုရင်တောင် ၁ရက်မှ ၅၀/-ဗျာ။
ကျွန်တော်တော့ မြောင်းမြသားဆိုရင်စဉ်းစားမှာပဲ၊
ပေးစရာလူအပြိုင် မရှိရင်တောင် ဒီလိုလူမျိုးမဲမပေးဘဲ ဆုတ်ဖြဲလိုက်မယ်။
၅ နှစ်လောက်စိတ်ညစ်မခံဘူး။
အော်ဒါနဲ့ သူက အဖေခြေရာ ၁ နေရာနင်းနိုင်တယ်၊
မိန်းမက တရားဝင် ၃ယောက်ဗျ
ကြာကူလီရုပ်နဲ့ လာပြီးမင်းသားလာလျှောက်နေတယ်။
သူကြီးသားဖိုးစီ အနေနဲ့တော့ သုံးမယ်ဆိုနဲနဲဖြစ်နိုင်တယ်။
သူများမယားကြာခိုမယ့်အခန်းမျိုးမှာလည်းသုံးလို့ရတယ်။
ရှေးခေတ်ရာဇ၀င်ဇာတ်ကားမျိုးဆိုရင်
အာဏာပါးကွက်သားနေရာမှာသုံးချင်သုံး။ ...
တခြား သင့်တော်ရာနေရာလေးတွေစဉ်းစားကြည့်ကြပါဦး။
သိပ်မပြောကြပါနဲ့တော့... သနားပါတယ်... အမတ်မဖြစ်ရင်ပီးတာပဲ
မဟုတ်လား... မိုးနတ်မင်း... လေနတ်မင်း.. တွေကမနေပါဘူး...
ဒယ်အိုးထဲဆင်းသွားပါလိမ့်မယ်...
For all of friends,we must be careful.
For the normal people,the money can change their mind.If they are pressed with their loan,they must.......Let's see the actual condition and think how to prepare...
အေး သူငယ်ချင်းများအးလုံးပြောတာတွေ ဖတ်ရတာ ကြည်နူးစရာကြီး ပါဘဲလား။ မင်းတို့ ပြောတာနဲ့တင် သူကို မဲပေးကြမယ့် သူတွေတောင် တွန့်ကုန်ကျပြီ၊ မြောင်းမြမြို့သူမြို့သားများ စဉ်းစားကြပေါ့ဗျာ၊ မဲတစ်ပြားကို တန်ဖိုးရှိရှိ အသုံးချကြပါလို့ တိုက်တွန်းလိုက်ပါတယ်
" One Person, One Vote " One Vote, One Value "
" One Person, One Vote ", " One Vote, One Value "
Should not be include inside parliament if that matter was correct about them.Let's all oppose for by-election.
မင်းတို့သားအဖ၂ယောက် ငရဲပြည်သွားပြီးဆောက်လုပ်ရေးသွာလုပ်ကြ
တော်တော်စိတ်ပျက်စရာကောင်းတဲ့သူတွေနော် ဒီလိုလူတွေ လွှတ်တော်ထဲ ရောက်ရင် ငါတို့နိုင်ငံတော့ ရှေ့ရေးမတွေးရဲစရာဘဲ
ကိုယ့်အမေကို တောင်လိမ်ထားတာ မရှက်ဘူးလား
ဒီလိုလူတွေက မဲလိမ်ပြီးလွှတ်တော်ထဲရောက် ကုန်ရင် ငါတို့ နိုင်ငံတော့ ရှေ့ရေး ရင်လေးပါသေးတယ်
ဒီကောင်တွေကို အခုထိ ကန့်ကွက်သံမကြား၇တာဘာလို့လဲဗျာ။ အန်အယ်ဒီက အလုပ်မလုပ်တာလား။ အဖွဲ့ချုပ်ကို အားကိုးပါ၇စေ။
Post a Comment