ယခုနှစ်တွင် စပါးဈေးကျ ဆင်းခြင်း၊ ပဲဈေးကျဆင်းခြင်းအပြင် စပါးနှင့်ပဲအထွက်နှုန်းပါကျဆင်းခဲ့ ရကြောင်း၊ ထပ်မံ၍ မိုးမိပါက ပိုမိုဆုံးရှုံးရမည်ဖြစ်ကြောင်းလည်း တောင်သူများက ပြောကြားခဲ့ပါသည်။
''အိမ်ရှိလူကုန် အကုန်လုံးသုံး ပြီးပဲသိမ်းနေတာပါ။ ပဲဈေးက မနှစ် ကနဲ့ဆို ထက်ဝက်ကျတယ်။ စပါး ဈေးက တင်းတစ်ရာကို အခုကျပ် သုံးသိန်းသုံးသောင်းခုနှစ်ထောင် ပေါက်ဈေးရှိတယ်။ ဒါတောင်မှ တစ်တင်း ၄၆ ပေါင်နဲ့မဟုတ်ဘူး။ ပေါင် ၅၀ နဲ့ ၀ယ်ကြတာ။ ပဲ အထွက်၊ စပါး အထွက်ကျပါတယ်ဆိုမှ မိုးမိရင်ပိုဆိုးမယ်။ ဒီနေ့ မတ် လ ၁၁ ရက်နေ့မှာ မိုးရွာတယ်လေ။ မပျက်စီးသေးပေမယ့် ရသမျှ လူအင်အားနဲ့ အကုန်သိမ်းနေရတယ်'' ဟု ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော်မြို့နယ်အတွင်းရှိ တောင်သူတစ်ဦးက ပြောကြားခဲ့ပါသည်။
EMG
အချိန်ခါမဟုတ် မိုးရွာသွန်း၍ နွေစပါးနှင့် မတ်ပဲစိုက်တောင်သူများ အလျင်အမြန် ရိတ်သိမ်းနေရ
Reviewed by သစ်ထူးလွင်
on
07:03
Rating:
1 comment:
ံ့မြန်မာနိုင်ငံရဲ့ ၇၀ရာခိုင်နှုန်းသောပြည်သူတွေဖြစ်တဲ့တောင် သူလယ်သမားတွေရဲ့ ဘဝတိုးတက်မှသာတိုင်းပြည်တိုး တက်မှာဖြစ်ပါတယ်။ မြန်မာပြည်ဟာစက်မှုနိုင်ငံမဟုတ်သေးပါဘူး။ စက်မှုနိုင်ငံကိုသွားနေတဲ့စိုက်ပျိုးရေးနိုင်ငံဖြစ်ပါတယ်။ လူပြိန်းကြိုက် လက်တန်းမူဝါဒတွေချပြီးစိတ်ကူးပေါက်သလိုဆောင်ရွက်တာတွေ ရပ်သင့်ပြီထင်ပါတယ်။ မြို့ နေလူနည်းစုအဆင်ပြေနေတာကိုကြည့်ပြီး တိုင်းပြည်စီးပွားရေးကောင်းနေတယ်လို့မထင်ပါနဲ့။ ကျွန်တော်ဟာလယ်သမားသားဖြစ်လို့ လယ်သမားတွေရဲ့ ဘဝကိုအမြဲသိမြင်နေရပါတယ်။ သေချာတာတစ်ခုကလူများစုဖြစ်တဲ့လယ်သမားတွေရဲ့ဘဝတိုးတက်မှသာတိုင်းပြည်တိုးတက်မှာဖြစ်ပါတယ်။ လယ်သမားလက်ထဲငွေရှိမှဈေးသည်တွေဈေးရောင်းကောင်းမှာဖြစ်ပါတယ်။ ဈေးသည်တွေဈေးရောင်းကောင်းမှတုတ်လုပ်သူ၊ တင်သွင်းသူ၊ တင်ပို့သူတွေအလုပ်ဖြစ်မှာပါ။ ပြီးရင်တဆင့်ပြီးတဆင့်တိုင်းပြည်အတွက် အကျိုးဖြစ်ထွန်းစေမှာဖြစ်ပါတယ်။ ဒီConcept ကိုမူဝါဒချမှတ်အကောင်အထည်ဖော်သူတွေသတိထားဖို့လိုပါတယ်၊
Post a Comment