By ဇာဏီ၊ မတ်လ ၈ ရက်နေ့၊ ၂၀၁၂ ခုနှစ်။
လာမည့် ဧပြီလ ၁ ရက်နေ့မှာ ကျင်းပမယ့် ကြားဖြတ် ရွေးကောက်ပွဲတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ ပြန်ကြားရေး တာဝန်ခံဖြစ်သည့် ဦးအုန်းကြိုင် ဝင်ရောက်ယှဉ်ပြိုင်မည့် မန္တလေးတိုင်း မဟာအောင်မြေ ပြည်သူ့လွှတ်တော် နေရာအတွက် မဲပေးပိုင်ခွင့် ရှိသည့်စာရင်းမှာ ချန်လှပ်ခံရတဲ့လူတွေ အများအပြား ရှိနေသည်ဟု သတင်းရရှိပါသည်။
"ကျနော်တို့ မဲပေးချင်တဲ့လူရှိရင် ရုံးရှေ့မှာ နာမည်တွေနဲ့ ကပ်ထားတယ်။ ရပ်ကွက်တွေ ဥပမာ ၄၁၅၊ ၄၃၁ တို့ အကွက်တွေ အများကြီးပဲ ကပ်ထားပါတယ်။ မဲပေးချင်တဲ့လူတွေ လာကြည့်၊ နာမည်မပါရင် လာပြောဖို့ သူတို့ကြေငြာတဲ့အခါ ကျနော်တို့ မတ်လ ၈ ရက်နေ့ ဒီကနေ့ သွားကြည့်တယ်။ အကွက် (၄၀၅) စာရင်းမှာ ကျနော်တို့ တမိသားစုလုံးရဲ့ နာမည်မပါဘူး။ အဲ့ဒီအတွက် ရပ်ကွက်ရုံးကို သွားပြောတဲ့အခါမှာ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးခင်မောင်ကြည် က ဒီနေ့ မတ်လ ၈ ရက်နေ့ ဖြစ်နေပြီမို့ မဲစာရင်းက ပိတ်သွားပြီ၊ မင်းတို့ မဲပေးပိုင်ခွင့် မရှိတော့ဘူး လို့ ပြန်ပြောပါတယ်" ဟု မိသားစုတစုလုံး မဲစာရင်းမှာ ချန်လှပ်ခံခဲ့ရတဲ့ အကွက် (၄၀၅) နေ ပြည်သူတဦးက ဘားမားဗီဂျေ မီဒီယာကို ပြောပါတယ်။
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ သံလျှက်မှော်အရှေ့၊ အကွက် (၄၀၅)လက်သမားရပ် (စိန်ပန်း) မှ ရပ်ကွက်အုပ်ချုပ်ရေးမှူး ရုံးမှာ မဲပေးပိုင်ခွင့်ရှိသည့် စာရင်းကို ကပ်ထားတာဖြစ်ပြီး ဖေဖော်ဝါရီ ၂၉ ရက်နေ့မှ မတ်လ ၇ ရက်နေ့အထိသာ လာရောက်ပြင်ဆင်နိုင်ခွင့်ရှိတယ်လို့ ကြေငြာထားတာ ဖြစ်ပါတယ်။
"တချို့လူတွေကျတော့ သွားမကြည့်နိုင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ နာမည်တွေက အများကြီးဆိုတော့ တော်ယုံတန်ယုံ မကြည့်နိုင်တဲ့လူတွေကျတော့ မဲပေးပိုင်ခွင့်မရှိတော့ဘူး ဖြစ်သွားတာ တော်တော်တော့ များမယ်။ လူတွေက ကိုယ့်အလုပ် ကိုယ်လုပ်နေကြတာဆိုတော့ တကူးတကကြီး နာမည်လာရှာမနေနိုင်ဘူး။ စာရင်းတွေကလဲ အများကြီး ကပ်ထားတော့ အများကြီး လိုက်ရှာရမှာ။ တကယ်လို့ ကိုယ့်နာမည်မတွေ့ရင် အိမ်ထောင်စုဇယား ယူ ၊ မှတ်ပုံတင် ယူပြီးတော့မှ သူတို့ဆီ နာမည် ပြန်ပေး၊ အဲကျတော့မှ ကျနော်တို့က မဲထည့်လို့ရမှာတဲ့၊ အခုကျတော့ မဲပေးခွင့် မရတော့ဘဲ ကျန်ခဲ့တယ်။" လို့ ဆိုပါတယ်။
"ဒါက သူတို့ မသမာမှု ပြုလုပ်တာပဲ၊ မဲထည့်ရမည့်လူတွေကို အလုပ်ရှုပ်အောင် လုပ်တယ်။ မဲပေးပိုင်ခွင့်ရှိတဲ့ စာရင်းမှာ သွားပြီး မထည့်ဖြစ်တဲ့လူ၊ မကြည့်ဖြစ်တဲ့ လူနဲ့ သတိမထားမိတဲ့လူတွေက တော်ယုံတန်ယုံကျတော့ သွားမပေးဖြစ်တော့ဘူး၊ မပေးဖြစ်တဲ့ မဲတွေက သူတို့ထဲရောက်ပြီး ကြိုတင်မဲတွေ ဖြစ်သွားမှာ။ ကျနော်တို့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ( NLD) ကို မဲပေးချင်တာလေ။ ကျနော်တို့ချစ်တဲ့လူ၊ ကျနော်တို့ တကယ်တမ်း အားပေးမည့်လူ သူ့အတွက် နေရာတခုခု မရမှာကို ကြောက်တယ်။ ကျနော်တို့က အမှောင်မှာလဲ နေလာတာ ကြာပြီဆိုတော့ အခုမှ အလင်းတွေ့တာ၊ကျနော်တို့နိုင်ငံကို ကောင်းတာပဲ ဖြစ်စေချင်ပါတယ်"လို့ ထပ်မံ ပြောဆိုလိုက်ပါတယ်။
မိသားစုတစုလုံး မဲစာရင်းထဲမှာ မပါဝင်တဲ့အတွက် ဒီကနေ့ မတ်လ ၈ ရက်နေ့မှာ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို သွားရောက်ပြောကြားတဲ့အခါ မဲစာရင်းပိတ်သွားပြီဟုသာ အကြောင်းပြန်ကြားလိုက်တဲ့အတွက် ဧပြီလ ၁ ရက်နေ့မှာ ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲမှာ ဝင်ရောက်မဲပေးခွင့်ဆုံးရှုံးသွားပြီဖြစ်တဲ့ အကွက်(၄၀၅)နေ ပြည်သူတဦးက ဘားမားဗီဂျေမီဒီယာ နက်ဝက်ကို ဆက်သွယ်ပြောကြားလာတာ ဖြစ်ပါတယ်။

ကြားဖြတ်ရွေးကောက်ပွဲတွင် မဲပေးပိုင်ခွင့်ရှိသည့်စာရင်းမှာ ပြည်သူများ ချန်လှပ်ခံရ
Reviewed by သစ်ထူးလွင်
on
07:28
Rating:
8 comments:
Many cases in Mayan Kone Tsp: also. Not fair any more.
တော်တော်စုတ်ပြတ်သတ်နေအောင် လိမ်နေကြတုန်းပဲနော်
မှန်ကန်သောအစိုးရဖြစ်ချင်တဲ့ သမ္မတကြီးဦးသိန်းစိန်ရဲ့နောက်ကျောဓါးနဲ့ထိုးနေတာပဲ
သမ္မတကြီးရေ ကိုယ့်အောက်ကမဲလိမ်တော့မယ့်ဝန်ထမ်းတွေကိုကြည့်ထိန်းပါဦး
အကျင့်ဆိုးတွေပျက်အောင်..။
မဲဆန္ဒရှင်တွေ အနေနဲ့အမြဲတမ်းနိုင်ငံရေးနိုးကြားတက်ကြွနေဖို့လိုပါတယ်..ကျနော်ဆိုရင်ဖော်ရီလမကုန်ခင်ကတည်းက ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှာသွားသွားမေးနေတာပါ မဲပေးခွင့်ဆိုတာ မိမိအခွင့်အရေးပါ မှန်ကန်တဲ့တရားမျှတတဲ့မိမိအခွင့်အရေးကိုရယူတဲ့နေရာမှာမည်သူ့ကိုမျှကြောက်နေစရာမလိုပါ သူတို့ကအချိန်ကိုနည်းနိုင်သမျှနည်းအောင်ညစ်ထားတာပါ မိမိဖက်ကလည်းသတ်မှတ်ရက်အတွင်းတောင်းဆိုနိုင်အောင်ဝိရိယရှိဖို့တော့လိုပါတယ် အင်မတန်မှနစ်နာပါတယ်
Why they limited the date as 7 March ???
Why ???
They do not want to help people...
It can see clearly, they do not have good mind on all people...
ဒီဇယားတွေမလုပ်ဘဲမဲပေးလိုမ၇ဘူးလာ
ဥပမာပေါ့ နှိင်းငံသားစီစစ်ေ၇းကပ်တွေ၇ှိနေဒါဘဲ
မဲပြာပေါ်မှာ (နှိင်းငံသားစီစစ်ေ၇းကပ်တွေေ၇း အမည်ေ၇း နေ၇ပ်
လိပ်စားတွေေ၇းပြီ ပေလိုမ၇ဘူးလာ)
မဲသာပေ၇တော့မယ် မဲပေမက်သူတွေ ခုထိဘယ်လိုပေ၇မယ်ဆိုဒါ
မသိကြသေးဘူး..........
ျမရမ်းကုန်းမြို့နယ် ကပါ မတ်လ ( ရ ) ၇က်နေ. မှာ မဲစာရင်းပါ မပါ သွားကြည့်ခဲ့ပါတယ်။ ကြည့်လို့မရတော့ဘူးလို့ပြောတယ် ။ဒါပေမဲ့ ၆ ရက်နေ. ညအထိပဲ လို. ပြောတယ်။ မဲစာ ရင်းမပါ တဲ့ အတွက် ဘယ်လိုလုပ်ရမလဲမေးတော့ ခရိုင်ကို တင်ပေးမယ်လို့ ပြော တယ်။ ပထမတော့ မတတ် နိုင် ဘူးပြောတယ်။ နောက်ရက်တွေမှာလာကြည့်ပါတဲ့ ..ဥကဌ က သူတို့ကတော့ မဲမထည့်ရလည်း ပြသနာမရှိဘူး နာမည်မပါလည်း ဘာမှမဖြစ်ဘူး လို့ပြောတယ်။ ကျမ က လည်း ကျမကတော့ မဲထည့်ဘို့ အတွက် အပြည့်အ၀ တာဝန်ရှိတယ် လို့ ပြောလိုက်တယ်။ today I will go and find my name in commission office at Mayangone tsp. Bcoz, they told me contact them . And I ask his phone number.
အရင် ရွေးကောက်ပွဲတုန်းက ဒီနည်းနဲ့ လိမ်လာတာ၊ ခုတော့ ပိုသေချာတဲ့ သက်သေတွေ ထွက်ပေါ်လာတာပေါ့။
မင်းတို့ရဲ့လိမ်စင်တွေကို တစ်ကမ္ဘာလုံးကလဲ မျက်လုံးဒေါက်ထောက်ကြည့်နေပါပြီကွာ..........ခွေးမြီးကောက်ကျည်တောက်စွပ်ထားတာပါ ။ ကျည်တောက်ပြုတ်သွားရင် ပြန်ကောက်သွားမှာပဲလေ.....မင်းသားခေါင်းဆောင်းပြီးတော့ဘီလူးဆိုင်းတီးနေကြတာပါ......မင်းတို့ရဲ့ လှည့်ကွက်တွေက မီးစ တစ်ဖက် ရေမှုတ်တစ်ဖက်နဲ့ ......အောက်တန်းနောက်တန်းတော်တော်ကျတဲ့ သောက်ရှက်မရှိတဲ့ကောင်တွေပဲ.....မင်းတို့လို နောက်လိုက် သခင်အားရကျွန်ပါးဝ နေတဲ့ကောင်တွေကို -ီးနဲ့ဆားနဲ့ သွေးပြီးတော့ တိုက်ချင်တယ်ဟေ့......
Post a Comment