မြစ်ဆုံအထက်ပိုင်း ရွှေသတ္တု တူးဖော်ရေး ဥပဒေနှင့် မညီညွတ်ကြောင်း သိရ

72611
မန်ဒေါင်ဆိပ်ကမ်းတွင် ရွှေဖောင်များကို ၂၀၀၀ ပြည့်နှစ်က တွေ့ရစဉ်

ကချင်ပြည်နယ်၊ ၀ိုင်းမော်မြို့နယ်၊ မှန်ဒေါင်ရွာ၊ ရှာငေါ်ရွာ၊ ခ၀မ်ရွာဒေသ မေခမြစ်ကမ်းဘေးတွင် ရွှေများထွက်သည့် အတွက် ရွှေသတ္ထု တူးဖော်သည့် ကုမ္ပဏီအများအပြား လုပ်ကိုင်ကြပြီး ၎င်းလုပ်ငန်းများသည် သတ္တုတွင်းဝန်ကြီးဌာန အမှတ်(၂) သတ္တုတွင်းလုပ်ငန်း၏ ဥပဒေနှင့် မညီညွတ်ကြောင်း စုံစမ်း သိရှိရသည်။
အမှတ်(၂) သတ္တုတွင်းလုပ်ငန်း ၏ ဥပဒေတွင် အကြီးစားစက် ယန္တရားကြီးများ ဘူဒိုဇာ စသည်များအား အသုံးမပြုရန် အသိပေး အကြောင်းကြားထားကြောင်း သိရသည်။ “စည်း ကမ်းချက်အရ ၁/ဃ မှာ မိမိတို့လုပ် ပိုင်ခွင့်ရထားတဲ့ လုပ်ကွက်ကို ဘယ်သူကိုမျှ ကိုယ်စားလှယ် လုပ်ကိုင်စေခြင်း၊ ၀န်ကြီးဌာနရဲ့ ခွင့်ပြုချက်မရဘဲ လွှဲပြောင်းရောင်းချခြင်း မပြုရလို့ပါတယ်။ ဒါပေမယ့် ဒီမှာလုပ်နေတာ တရုတ် လူမျိုးအများကြီးပဲ။ စစ်ဆေးသလား၊ မစစ်ဆေးဘူးလား မသိရဘူး။ တရုတ် လုပ်ကွက်တွေထဲမှာလည်း ဘူဒိုဇာတွေ၊ ဘက်ဖိုးတွေစတဲ့ ယန္တရားကြီးတွေ အများကြီးသုံးထားတယ်။ ဒီဒေသမှာတင် အစီးပေါင်းရာဂဏန်း ရှိမယ်။ နောက်ပြီးတော့ စည်းကမ်း ချက် ၁/ဈ အရ အလုပ်သမား စာရင်းကိုလည်း စနစ်တကျ ပြုစုသင့်တယ်။ မြန်မာလုပ်သားတွေက လစာနည်းပြီး တိုင်းခြားလူမျိုးတွေက လစာများတယ်။ အခြား အခွင့်အရေး တွေပိုရတယ်။ ၁/ဍ အရ ဆိုရင် သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှုတွေ၊ ပတ်ဝန်းကျင်ထိခိုက်မှု တွေ မဖြစ်စေရဘူးလို့လည်း ပါတယ်။ ဒါပေမယ့် ဒီဒေသက လိမ္မော်ခြံတွေ၊ လယ်ယာမြေတွေ ပျောက်ကုန်ပြီ။ မေခမြစ်၊ ဧရာဝတီမြစ်ထဲကို စွန့်ပစ်တဲ့ပြဒါးနှင့် အခြားသတ္တုတွေ အမြဲ စွန့်ပစ်နေတာပဲ။ ဒါတွေကို သက်ဆိုင်ရာက စစ်ဆေးပြီး လျှော့သင့်တာ လျှော့၊ ပိတ်သင့်တာပိတ်သင့်ပြီ”ဟု သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းမှု တိုင်းရင်းသားတစ်ဦးက ပြောပြသည်။ အဆိုပါ ရွှေတူးသည့် လုပ်ငန်းများ ကြောင့် သဘာဝပတ်ဝန်းကျင် ပျက်စီးခြင်း၊ ရွှေမျောမှ ထွက်သည့် ရွှံ့ရည်များ၊ စွန့်ပစ်ပစ္စည်းများ ဖြစ်သည့် ပြဒါးနှင့် အခြားဓာတုပစ္စည်းများ မေခမြစ်အတွင်းသို့ အမြဲစီးဝင်နေခြင်းများ ဖြစ်လျက်ရှိသည်။ ထို့ကြောင့် ရေရှည်တွင် နိုင်ငံတော်အတွက် အကျိုးရှိမှုနည်းပြီး ဆုံးရှုံးနစ်နာမှု များစွာ ဖြစ်နိုင်ပါသဖြင့် တာဝန်ရှိသူများ အနေဖြင့် ထိန်းသိမ်းစောင့်ရှောက်ရန် အထူးလိုအပ်နေကြောင်း သတင်းရရှိပါသည်။
EMG
မြစ်ဆုံအထက်ပိုင်း ရွှေသတ္တု တူးဖော်ရေး ဥပဒေနှင့် မညီညွတ်ကြောင်း သိရ မြစ်ဆုံအထက်ပိုင်း ရွှေသတ္တု တူးဖော်ရေး ဥပဒေနှင့် မညီညွတ်ကြောင်း သိရ Reviewed by သစ်ထူးလွင် on 15:02 Rating: 5

5 comments:

tharzaw said...

တရားအားထုတ်နေတဲ့ သူရရွှေမန်းတို့ ဒါတွေကို မသိကြရော့လေလား

san san said...

သက်ဆိုင်ရာ လူကြီးတွေ က အောက်ခြေ ကိစ္စအားလုံးလောက်နီးပါး လုံးဝ ပြန်လှည့် မကြည့်ကြဘူး။မြန်မာ ပြည်အောက်ခြေ မှာ ဘာဖြစ်နေသလဲ ဘယ်သူ ကြည့်ကြလဲ။အဆင်ပြေသလိုနေ နေကြတယ်။တ၇ုတ် ယုတ်မာတာ သိသိကြီးနဲ့ စီမံကိန်းတွေဆက်လုပ်ဘို့ ပြောတဲ့လူကြီးတွေကို အံသြမိတယ်။

Myanmar said...

တို့သမ္မတကြီးက သဘောကောင်းတယ်။ အလှူေ၇စက်လက်နဲ့မကွာဘဲ။ ဝေသန္တ၇ာလက်သစ်လို့ပြော၇င် နည်းသေးတယ်။ ဆင်း၇ဲတွင်းနက်လွန်းလို့ ဆန္ဒလေးဖော်ထုတ်မိပါတယ်။ နောက်ထပ်ဒုက္ခတွေကင်းဝေး၇အောင် သေနတ်စာကြွေးလိုက်တယ်။ ပညာကိုလိုချင်လို့ ဆန္ဒဖော်ထုတ်မိပါတယ်။ နောက် ပညာသင်စ၇ာမလိုအောင် တက္ကသိုလ်တွေ အဝေးကြီးပို့ပစ်တယ်။ ကျန်းမာေ၇းလေး မကောင်းလို့ ဆန္ဒလေးဖော်ထုတ်မိပါတယ် နောက်ထပ်ဆေးကုစ၇ာမလိုအောင် ကျန်းမာေ၇းစ၇ိတ်တွေ ဖြတ်တောက်ပစ်လိုက်တယ်။ တိုင်းပြည်သယံဇာတတွေ အကြောင်းပြောမိပါတယ်။ နောက်ပြောစ၇ာမလိုတော့အောင် အကျင့်ပျက် ၀န်ထမ်းနဲ့ ၀ိသမလောဘသား၊ ပေါက်ဖော်နဲ့ မာမူကြီးကိုပေးပစ်လိုက်တယ်။ ဒါနဲ့တင် မလုံလောက်သေးဘူးထင်ပါ့။ အေ၇ာဝတီကို အစကတွေ အဆုံးထိ နေစဉ်၇က်ဆက် အဆိပ်တွေ ခပ်နေလဲ တို့သမ္မတက ခပ်ပြုံးပြုံးဘဲ။ သဘာဝပတ်ဝန်ကျင်နဲ့ ဆက်စပ်လူတွေကို တမြေ့မြေ့ သေဆုံးစမယ့် ကျောက်မီးသွေး စက်၇ုံတွေကို မြို့လည်၇ပ်ကွက်မှာ ဆောက်လုပ်လည်ပတ်တော့လဲ တို့သမ္မတက ခပ်ပြုံးပြုံးဘဲ။ တိုင်းတပါးမှာ ကိုယ့်ပြည်သူကို တိ၇ိစ္ဆာန်လို့ အနိုင်ကျင့်စော်ကားခံ၇တဲ့သတင်းတွေ လှိုင်လှိုင်ထွက်နေလဲ တို့သမ္မတက အပြုံးမပျက်ပါဘူး။ ပြည်တွင်းကိုလာပီး ကိုယ့်ပြည်သူကို မ၀ေ၇စာပေးပီး မသေမ၇ှင်နှိပ်စက်နေပါတယ်ဆိုလဲ ဗြဟ္မစို၇်တ၇ားအားကောင်းလှတဲ့ တို့သမ္မတက ခပ်ပြုံးပြုံးဘဲ။ ဝေဿန္တထက်တောင် ခန္တီပါ၇မီ အားကောင်းလှတဲ့သူပါဘဲ။ ခက်တာက ဘုန်းကြီးမ၀တ်ဘဲ သမ္မတလာဖြစ်နေတာတော့ မြန်မာပြည်သားတို့ရဲ့ကံပေါ့ဗျာ။

nationalism said...

MYANMAR BECOME CHINA COLONY ?????????

Kyaw Khant Zaw said...

စနစ်တကျဖြစ်ဖို့ အောက်ခြေထိဆင်းဖို့ လိုပါတယ်

Powered by Blogger.