အခု မြန်မာပြည် ဆင်ခြေဖုံးရပ်ကွက်တွေမှာ ခေတ်စားနေတဲ့ လျှပ်စစ်ဆိုင်ကယ် |
သိမ်းဆည်းထားသော လျှပ်စစ်ဆိုင်ကယ် အစီး ၃၀ ကျော်ရှိပြီး ရန်ကုန်စည်ပင်သာယာ နယ်နိမိတ် ရန်ကုန်မြို့တွင်း မောင်းနှင် စီးနင်းသော လျှပ်စစ်စက်ဘီးများ ဖြစ်ကြောင်း ကြိုးမဲ့ကြေးနန်းနှင့် ယာဉ်ထိန်းတပ်ဖွဲ့မှူးရုံး ယာဉ်ထိန်းရဲအရာရှိက ဆိုသည်။ ရန်ကုန်မြို့တော် စည်ပင်သာယာ နယ်နိမိတ်ပြင်ပတွင် လျှပ်စစ်ဆိုင်ကယ်စီးနင်းခွင့် လျှောက်ထားရာ တောင်ပိုင်းခရိုင်ရုံးတွင်သာ အစီး ၂၀ ခန့် လိုင်စင် ထုတ်ပေးထားကြောင်း၊ ရန်ကုန်မြို့တော် စည်ပင်သာယာ နယ်နိမိတ်အတွင်း လိုင်စင်ထုတ်ပေးထားခြင်း မရှိသော်လည်း လိုင်စင်မရှိသော လျှပ်စစ်စက်ဘီးများစွာ မြင်တွေ့ကာ စီးနင်းမှုများ ရှိကြောင်း ယင်းရုံးထံမှ သိရသည်။ လျှပ်စစ်စက်ဘီး ဝယ်ယူမှုများမှာ ၂၀၁၁ ခုနှစ် နှစ်ကုန်ပိုင်းတွင် ရထားပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက လျှပ်စစ်စက်ဘီးများ လိုင်စင်ထုတ်ပေးမည်ဟု ပြောကြားခဲ့သည့် နောက်ပိုင်း မြင့်တက်ခဲ့ကြောင်း တောင်ဥက္ကလာပ မြို့နယ်တွင် လျှပ်စစ်စက်ဘီးရောင်းချသူ တစ်ဦးက ဆိုသည်။ “အဲဒီတုန်းက အရောင်းအဝယ် တော်တော်ဖြစ်သွားတယ်။ အခုတော့ စီးရင်ဖမ်းမယ် ဆိုလို့ ဝယ်မယ့်သူတောင် မရှိတော့ဘူး”ဟု ၎င်းက ရှင်းပြသည်။
လျှပ်စစ်စက်ဘီးများမှာ ဘက်ထရီကို အားသွင်းထားပါက မိုင် ၃၀ ခန့်သာ အသုံးပြုနိုင်ပြီး မိုင် ၃၀ ပြည့်ပါက သူ့အလိုလို ရပ်တန့်သွားကြောင်း၊ သဘာဝပတ်ဝန်းကျင်နှင့် ကိုက်ညီမှုရှိကြောင်း၊ ခေတ်မီ၍ အချိန်ကုန်လူပင်ပန်း သက်သာသော စက်ပစ္စည်း ဖြစ်ကြောင်း လျှပ်စစ်စက်ဘီး ဝယ်ယူသူတစ်ဦးက ဆိုသည်။ အဆိုပါ လျှပ်စစ်စက်ဘီးများကို ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် သန်လျင်ရုံးနှင့် မြောက်ပိုင်းခရိုင် အင်းစိန်ရုံးတို့တွင် မှတ်ပုံတင် ဆောင်ရွက်ကာ စီးနင်းနိုင်သော်လည်း မြောက်ပိုင်းခရိုင်ရုံးတွင် လျှောက်ထားသူ မရှိသေးကြောင်း၊ ရန်ကုန်မြို့တော် စည်ပင်သာယာ နယ်နိမိတ် ပြင်ပ သန်လျင်၊ မှော်ဘီ၊ ထန်းတပင် စသည့် မြို့နယ်တို့တွင် စီးနင်းနိုင်ကြောင်း က.ည.န တာဝန်ရှိသူတစ်ဦးက ဆိုသည်။
ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန၏ ၁၉၆၄ ခုနှစ် မော်တော်ယာဉ် ဥပဒေအခန်း (၁)၊ ပုဒ်မ (၂) အပိုဒ် (က) အရ မော်တော်ယာဉ်ကို စက်အားဖြင့် ဖြစ်စေ၊ လျှပ်စစ်ဓာတ်အားဖြင့် ဖြစ်စေ အားလုံးကိုလည်းကောင်း၊ အချို့တစ်ဝက်မျှ သော်လည်းကောင်း အသုံးပြု၍ ပြည်သူများဆိုင်ရာ လမ်းများပေါ်တွင် မောင်းနှင်သွားလာသည့် သို့မဟုတ် မောင်းနှင်သွားနိုင်သည့် ယာဉ်များ ပါဝင်သည်ဟု ဖော်ပြထားသည်။ ယင်းဥပဒေ၏ အခန်း(၂) ပုဒ်မ (၃)တွင် မည်သည့် မော်တော်ယာဉ်မဆို မှတ်ပုံတင်မထားသော၊ မှတ်ပုံတင် ခေတ္တရပ်စဲထားသော၊ ဖျက်သိမ်းထားသော၊ သက်တမ်း ကုန်ဆုံးပြီးသော မော်တော်ယာဉ်ကို ပြည်သူတို့ဆိုင်ရာ နေရာတစ်ခုခုတွင် မည်သူမျှ မမောင်းနှင်စေရ၊ မောင်းနှင်ခွင့်မပြုရဟု သတ်မှတ်ထားပြီး လိုက်နာမှုမရှိပါက ထောင်ဒဏ်ခြောက်လအထိ ချမှတ်နိုင်ကြောင်း ယင်းဥပဒေအရ သိရှိရသည်။
ရန်ကုန်စည်ပင်နယ်နိမိတ် လျှပ်စစ်ဆိုင်ကယ် အရေးယူမည်
Reviewed by သစ်ထူးလွင်
on
16:28
Rating:
8 comments:
လွယ်တာကို ခက်အောင်လုပ်ကြတယ်။ လုပ်စားကြတယ်။ ပြည်သူဆီက ပေါင်းညာချတယ်။ ညှစ်ယူကြတယ်။ ဘန်ကောက်တစ်မြို့လုံး ဆိုင်ကယ်တွေ ပွထနေတာပဲ။ အဆင်ပြေလိုက်တာ။ သူများတွေ ဘယ်လို ဖြေရှင်းလဲ မကြည့်ကြပါလား။ အော် စစ်အာဏာရှင် စနစ် ဆိတ်သုန်းဖို့  လိုပါသေးလား။
အမှန်တကယ်ကတော့ခွင့်ပြု သင့်ပါတယ် ဘာလို့လဲဆိုတော့ တရုတ်နိုင်ငံ ဗီယက်နမ်နိုင်ငံတွေမှာတောင် ဒီလိုဆိုင်ကယ်လေးတွေကို လမ်းဘေးမှာလမ်းတစ်လမ်းသတ်မှတ်ပြီးခွင့်ပြုထားပါတယ်။နေပူရင်ထီးလေးတွေတောင်တပ်ထားပါသေးတယ်။တကယ်တော့ ဒီဆိုင်ကယ်လေးတွေက စွမ်းအင်ချွေတာရာရောက်သလို သဘာဝပတ်ဝန်းကျင်လေထုညစ်ညမ်းမှုကိုလဲ ကာကွယ်ရာရောက်ပါတယ်။ လက်ရှိနေပြည်တော်မှာ ကျွန်တော်ကိုယ်တိုင်လဲ စီးနေပါတယ်ရုံးတက်ရုံးဆင်းစီးတာပါ။ယဉ်အန္တရာယ်ကိုလဲကာကွယ်ရာရောက်ပါတယ်။
ဖြစ်နိုင်ရင်ဝန်ထမ်းတွေကိုဒါမျိုးတစ်ယောက်တစ်စီးအရစ်ကျထုတ်ပေးရင်တောင်ကောင်းသေးတယ်ဗျ။ဆီချွေတာသလိုဝန်ကြီးဌာနကားတွေလဲ မကုန်တော့ဘူး။လေထုညစ်ညမ်းမှုလဲမဖြစ်တော့ဘူးတော့။လောလောဆယ်တော့ကျွန်တ်ာတစ်ယောက်ထဲစီးနေလို့ ရုံးသွားတိုင်း မြင်တြ့သူတိုင်းက ရယ်ကျဲကျဲနဲ့ မြန်မာပြီပြီလှောင်ကြတာလား၊အံသြတာလားတော့မသိတော့ပါဘူး။စီးသင့်ပါတယ်ဗျာ..........
အဲဒါ democracy လား ကွ
ဟုတ်ပါတယ်ဗျာ။တခြားနိုင်ငံတွေအကုန်လုံးစီးလို့ရနေတာပဲ။ဘာမှမဖြစ်ဘူး။ဖြစ်ရင်လဲဥပဒေကရှိနေတာပဲ။ဖမ်းဆီးအရေးယူပေါ့။ဖမ်းမယ့်ရဲတွေလဲတပုံကြီးရှိနေတာပဲ။ရဲတွေပေါသလားမပေါသလားဆိုတာကိုဘုန်းကြီးအရေးအခင်းမှာတွေ့မြင်နေရတာပဲ။မြန်မာနိုင်ငံရဲ့မြို့တော်ဖြစ်လို့မစီးရဘူးဆိုတဲ့ဥပဒေကတော့မှားနေပြီ။ရန်ကုန်ကအရင်ကတော့ဟုတ်တယ်။အခုမဟုတ်တော့ဘူး။မြန်မာနိုင်ငံရဲ့မြို့တော်ကနေပြည်တော်ဖြစ်သွားပြီ။အဲဒါသောက်ရူးတွေပြည်သူတွေကိုဒုက္ခရောက်အခက်တွေ့အောင်လုပ်နေကြတာ။တချို့အသက်ကြီးတဲ့ပြည်သူတွေကစက်ဘီးမနင်းနိုင်လို့ဒါလေးတွေကိုအားကိုးပြီးတော့သွားလာနေရတာ။ကားမ၀ယ်နိုင်လို့သွားရေးလာရေးအဆင်ပြေအောင်ဝယ်နိုင်တဲ့ဒါလေးတွေဝယ်စီးတာကိုဖမ်းတော့ဘာနဲ့သွားကြမလဲ။အသက်ကြီးတဲ့သူတွေ၊ဒူး မကောင်းတဲ့သူတွေ ကိုယ့်ခြေထောက်သာကိုယ်ဖြတ်ပြီးတော့ wheel-Chair သာပြောင်းဝယ်ပြီးတော့သာသွားကြပေတော့။
တိုင်းပြည်အုပ်ချုပ် မင်းလုပ်နေတဲ့ကောင်တွေ ပြည်ပနိုင်ငံတွေ ကိုမရောက်ဖူးဘူးနဲ့တူတယ် မလေးရှားလဲလာကြည့်ပါအုန်းဘယ်လိုလဲဆိုတာ မင်းတို့လိုတာဆိုရင် ခက်၇ချည်ရဲ့ လျှပ်စစ်စက်ဘီးက လိုင်စင်လုပ်၇အုန်းမှာလားဟ
မိုးထက်(မြိတ်)
သတ်မှတ်ထားတဲံ့နေရာမှာမစီးဖိုဆိုတာမှန်တယ်လိုင်စင်ထုတ်ပြီးသတ်မှတ်ထားတဲ့နေရာမှာစီးဖို့ဆိုတာလည်းမှန်တယ်..ဒီလိုတွေမှန်အောင်လုပ်ပြီးရင်တခြားနေရာတွေမှာမှန်အောင်လုပ်နိုင်မယ်ဆိုရင်ဦးတည်ထားတဲ့(စည်းကမ်းရှိတဲ့ဒီမိုအရေးစီ)ကိုလျှောက်လှမ်းနှိင်မှာပါ(အကြံပေးခြင်း)
ဘန်ကောက်၊ ကွာလာလမ်ပူ၊ စင်ကာပူ ကားတွေသိပ်ကျပ်တယ်
ကားတွေကြားကနေ ဆိုင်ကယ်တွေတရွှီးရွှီးဘဲ။
ရန်ကုန်တိုင်းဝန်ကြီးချူပ်ဟာ အဲဒြီမို့တွေကို မရောက်ဘူးတာတော့မဟုတ်ေ လာက်ပါဘူး။ ရူးချင်ယောင်ဆောင်တာဘဲနေမှာပါ။
စိတ်တိုဖို့ ကောင်းလိုက်တာ။ရန်ကုန်မှာ ဆိုင်ကယ်စီးမရလို့။
Post a Comment