"လူထုခေါင်းဆောင်၏ ဘိတ်ခရီးစဉ်နှင့် စခန်းသစ်မိန့် ခွန်း ခြိမ်းခြောက်တိုင်းမကြောက်ဖို့ ပြောကြားခဲ့" အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ လာမယ့် ဧပြီလ ၁ ရက်နေ့ ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် တနသာင်္ရီတိုင်း မြိတ်မြို့နယ်က ကျွန်းစုတွေကို မက်လ ၂၄ ရက်နေ့က မဲဆွယ်စည်းရုံးရေးသွားရောက်ခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ ကျန်းမာရေးမကောင်းတာကြောင့် ဒီခရီးစဉ်မှာ မြိတ်နဲ့ ကျွန်းစုမြို့နယ်က စခန်းသစ်ရွာကိုပဲ သွားရောက်နိုင်ခဲ့ပြီး အခြားမြို့နယ်တွေကို သွားရောက်ဖို့အစီအစဉ်တွေကို ဖြတ်သိမ်းခဲ့ရပါတယ်။ ဘားမားဗီဂျေ ပြည်သူတွေ အတွက် မလျော့သောဇွဲလုံလနဲ့ ပင်လယ်ကို လှေငယ်နဲ့ ဖြတ်ခဲ့တဲ့ ခရီးစဉ်
1 comment:
ဦးသိန်းစိန်တို့ ဦးရွှေမန်းတို့ မသိချင်ရောင်ဆောင်နေတာလား။ ။ဒီမိုကရေစီနိုင်ငံတော်ကိုတည်ဆောက်ချင်တယ်ဆိုရင် ပြည်သူတို့ ရဲ့ အသံကိုလည်းနားထောင်ဖို့ လိုတယ်ဗျာ။ အောက်ခြေကိုလည်းအဆက်မပြတ်ဖို့ လိုတယ်ဗျာ။ လူကြီးတွေလည်းပြောချင်တာတွေပြော အောက်မှာလည်းလုပ်ချင်တာတွေလုပ်ဆိုတာတော့ မကောင်းပါဘူးဗျာ။အဲဒီအကွက်တွေကနှစ်ပေါင်း ၂၀ တောင်ကျော်သွားပြီ။
Post a Comment