ကြားဖြတ်ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ကြမည့် ကိုယ်စားလှယ်လောင်းအချို့၏ ကိုယ်ရေးအကျဉ်း(၂)


ဦးကျော်မြင့်(အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်)
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း
မြန်အောင်မြို့နယ်
  • မွေးသက္ကရာဇ် - ၃၀-၈-၁၉၄၃
  • ပညာအရည်အချင်း -
  • ပါဝင်ယှဉ်ပြိုင်မည့်လွှတ်တော် ပြည်သူ့လွှတ်တော် ။
  • မဲဆန္ဒနယ် မြန်အောင်မြို့နယ်
နိုင်ငံရေးအတွေ့အကြုံ - ၁၉၉၀ ရွေးကောက်ပွဲတွင် ဇလွန်မြို့နယ်အမှတ်(၁) ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် အနိုင်ရ ရွေးကောက်ခံရ။ ၁၉၉၇ တွင် ထောင် နှစ်လ ကျခံခဲ့ရ။ တိုင်းစည်းတာဝန်၊ ဗဟိုကော်မတီ(CC)တာဝန်များကို ထမ်းဆောင်စဉ် မကြာခဏ ထိန်းသိမ်းခံခဲ့ရ။

ဦးဝင်းထွန်း(အမျိုးသားဒီမိုကရေစီအင်အားစု)
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း
တောင်ငူမြို့နယ်
  • မွေးသက္ကရာဇ် - ၂၇-၂-၁၉၆၃
  • ပညာအရည်အချင်း -
  • ပါဝင်ယှဉ်ပြိုင်မည့်လွှတ်တော် - ပြည်သူ့လွှတ်တော်
  • မဲဆန္ဒနယ် - တောင်ငူမြို့နယ်
နိုင်ငံရေးအတွေ့အကြုံ -၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် ပဲခူးတိုင်းဒေသကြီး အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အဖြစ် အမျိုးသားဒီမိုကရေစီအင်အားစုပါတီ ကိုယ်စားပြု ၀င်ရောက်ယှဉ်ပြိုင်ခဲ့။

ဦးမြင့်သိန်း(အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်)
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း
မကွေးမြို့နယ်
  • မွေးသက္ကရာဇ် - ၃-၉-၁၉၄၃
  • ပညာအရည်အချင်း - ၀ိဇ္ဇာဘွဲ့(သမိုင်း)
  • ပါဝင်ယှဉ်ပြိုင်မည့်လွှတ်တော် - ပြည်သူ့လွှတ်တော်
  • မဲဆန္ဒနယ် - မကွေးမြို့နယ်
နိုင်ငံရေးအတွေ့အကြုံ - ၁၉၇၄ ချောက်ရေနံမြေ ဆန်သပိတ်တိုက်ပွဲတွင် ပါဝင်ခဲ့။ ၁၉၇၆ တွင် ဆိုရှယ်လစ်စီးပွားရေးစနစ် တည်ဆောက်မှု ကာကွယ်သည့် ဥပဒေ ပုဒ်မ ၁၅/၁ ဖြင့် ထောင်ကြီးချုပ်ဖြင့် ဖမ်းဆီးခံရ။ ၁၉၇၈ ဖေဖော်ဝါရီလတွင် တရားသေ လွတ်မြောက်။ ၁၉၈၂ လုံခြုံမှု စိတ်မချဟူသော အကြောင်းပြချက်ဖြင့် အလုပ်မှ ထုတ်ပယ်ခံရ။ ၁၉၈၈ လူထုအရေးတော်ပုံသပိတ် ဗဟိုကော်မတီအဖြစ် ဦးဆောင်ခဲ့။

ဦးဝင်းမြင့်(အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်)
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း
ပုသိမ်မြို့နယ်
  • မွေးသက္ကရာဇ် - ၁၉၅၁
  • ပညာအရည်အချင်း - B.Sc, (Geology), H.G.P, RL
  • ပါဝင်ယှဉ်ပြိုင်မည့်လွှတ်တော် ပြည်သူ့လွှတ်တော်
  • မဲဆန္ဒနယ် - ပုသိမ်မြို့နယ်
နိုင်ငံရေးအတွေ့အကြုံ - ၁၉၈၈ ဒီမိုကရေစီ လှုပ်ရှားမှုတွင် ပါဝင်ခဲ့။ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် ဓနုဖြူမြို့နယ် မဲဆန္ဒနယ်အမှတ်(၁)မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခြင်းခံခဲ့ရ။ ၁၉၉၃ မှ ၁၉၉၅ အထိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်အဖြစ် အမျိုးသားညီလာခံသို့ တက်ရောက်ခဲ့။ ၁၉၉၅ တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုဥပဒေ အထောက်အကူပြုအဖွဲ့ အတွင်းရေးမှူးအဖြစ် တာဝန်ယူခဲ့။ ၁၉၉၆ တွင် နှစ်ကြိမ်၊ ၁၉၉၈ မှ ၂၀၀၀ အထိတစ်ကြိမ် ဖမ်းဆီးခြင်းခံခဲ့ရ။

ဦးရဲမင်းသိန်း (ခ) ရသ(အမျိုးသားဒီမိုကရေစီပါတီသစ်)
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း
မရမ်းကုန်းမြို့နယ်
  • မွေးသက္ကရာဇ် - ၁ - ၁၂ - ၁၉၈၂
  • ပညာအရည်အချင်း - B.A (English)
  • အလုပ်အကိုင် - အနုပညာ
  • ပါဝင်ယှဉ်ပြိုင်မည့်လွှတ်တော် - ပြည်သူ့လွှတ်တော်
  • မဲဆန္ဒနယ် - မရမ်းကုန်းမြို့နယ်
နိုင်ငံရေးအတွေ့အကြုံ- ၂၀၁၀ ရွေးကောက်ပွဲ၊ သင်္ဃန်းကျွန်းမြို့နယ် ရွေးကောက်ပွဲ အောင်နိုင်ရေး စည်းရုံးရေးဆင်းရာတွင် လိုက်ပါဆောင်ရွက်ခဲ့ပြီး အမျိုးသားဒီမိုကရေစီပါတီသစ် တည်ထောင်ရာတွင် ပါဝင်ခဲ့၊ သင်္ဃန်းကျွန်းမြို့နယ်လွှတ်တော် ကိုယ်စားလှယ်များနှင့်အတူ လူထု၏ အခက်အခဲများ ဖြေရှင်းရာတွင် လိုက်ပါဆောင်ရွက်ရင်း နိုင်ငံရေးအတွေ့အကြုံများ လေ့လာဆည်းပူးလျက်ရှိပါသည်။

ဦးလှကော်(ခ)ဦးခင်မောင်လှ
(တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ)

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း
ကလောမြို့နယ်
  • မွေးသက္ကရာဇ် - ၁၉၄၂ ခုနှစ်
  • ပညာအရည်အချင်း - တန်းမြင့်ကျောင်းထွက်
  • မဲဆန္ဒနယ် ကလောမြို့နယ်
  • အလုပ်အကိုင် - ကုန်သွယ်ရေးအငြိမ်းအစား
နိုင်ငံရေးအတွေ့အကြုံ - ၁၉၆၇ ခုနှစ်တွင် အလုပ်သမားကောင်စီ တွဲဖက်အတွင်းရေးမှုး (၁)၊ ကလောမြို့နယ် ပြည်သူ့ပါတီ ကောင်စီဝင်၊ ၁၉၇၅ ခုနှစ်တွင် ပါတီယူနစ် ကော်မတီဝင်၊ မြို့နယ်လမ်းစဉ် လူငယ်ဥက္ကဋ္ဌ၊ စတုတ္ထအကြိမ် ပါတီညီလာခံ ကိုယ်စားလှယ်၊ ၁၉၈၁ ခုနှစ်တွင် ဒုတိယအကြိမ် အလုပ်သမားအစည်းအရုံး ဥက္ကဋ္ဌ၊ ဒုတိယအကြိမ် အလုပ်သမားအစည်းအရုံး ညီလာခံမှ ဗဟိုဦးစီးအဖွဲ့ဝင်၊ ၁၉၈၈ ခုနှစ်မှ ယနေ့အထိ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီတွင် ပါတီဝင်၊ ၂၀၁၁ ခုနှစ် တွင်နာယကအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။

ဦးလှကို(အမျိုးသားဒီမိုကရေစီအင်အားစု)
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်
မဟာအောင်မြေမြို့နယ်
  • မွေးသက္ကရာဇ် - 
  • ပညာအရည်အချင်း - ၀ိဇ္ဇာဘွဲ့(နိုင်ငံရေးသိပ္ပံ၊ စိတ်ပညာ၊ အနောက်တိုင်းသမိုင်း)
  • ပါဝင်ယှဉ်ပြိုင်မည့်လွှတ်တော် - ပြည်သူ့လွှတ်တော်
  • မဲဆန္ဒနယ် - မဟာအောင်မြေမြို့နယ်
  • အလုပ်အကိုင် တရားလွှတ်တော်ရှေ့နေ
လူမှုရေးအတွေ့အကြုံ - Mandalay Law Firm ကို ထူထောင်ခဲ့ပြီး ဥပဒေစာအုပ်များ ပြုစုထုတ်ဝေခြင်း၊ ဥပဒေပညာ သင်ကြားပေးခြင်း၊ ဥပဒေအကြံပေးခြင်းတို့ကို ဆောင်ရွက်လျက်ရှိသည်။ မန္တလေးရှေ့နေကြီးများကထိန်တော်အသင်း၏ ဥက္ကဋ္ဌလည်း ဖြစ်သည်။

ဒေါက်တာဇော်မြင့်မောင်(အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်)
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း
ကျောက်ပန်းတောင်းမြို့နယ်
  • မွေးသက္ကရာဇ် - ၁၁-၁၂-၁၉၅၁
  • ပညာအရည်အချင်း - M.B;B.S
  • ပါဝင်ယှဉ်ပြိုင်မည့် လွှတ်တော် ပြည်သူ့လွှတ်တော်
  • မဲဆန္ဒနယ် - ကျောက်ပန်းတောင်းမြို့နယ်
နိုင်ငံရေးအတွေ့အကြုံ - ၁၉၈၈ မန္တလေးဆေးတက္ကသိုလ် သပိတ်ကော်မတီတွင် အတွင်းရေးမှူး၊ အထက်မြန်မာနိုင်ငံ ဆရာဝန်များ သပိတ်ကော်မတီတွင် တွဲဖက်အတွင်းရေးမှူးအဖြစ် လုပ်ဆောင်ခဲ့။ ၁၉၉၀ တွင် အမရပူရ မဲဆန္ဒနယ်အမှတ်(၁)မှ လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ယှဉ်ပြိုင်ပြီး အနိုင်ရခဲ့။ ယင်းနှစ်တွင် ပုဒ်မ ၁၂၂(၁)အရ ထောင်ဒဏ် ၂၅ နှစ် ချမှတ်ခံရပြီး ၁၉၉၃ တွင် လွတ်ငြိမ်းချမ်းသာခွင့် အရ ၁၀ နှစ် သို့ပြောင်းခဲ့။ ၂၀၀၉ တွင် ထောင်မှ လွတ်မြောက်ပြီးနောက် မန္တလေးတိုင်း စည်းရုံးရေး အဖွဲ့ဝင်၊ ဗဟိုဦးစီးအဖွဲ့ဝင်အဖြစ် ဆောင်ရွက်လျက်ရှိ။

ဦးဝင်းရွှေ(အမျိုးသားဒီမိုကရေစီပါတီသစ်)
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း
ဒဂုံဆိပ်ကမ်းမြို့နယ်
  • မွေးသက္ကရာဇ် - ၂၅-၄-၁၉၄၅
  • ပညာအရည်အချင်း - B.A ,H.G.P,R.L
  • ပါဝင်ယှဉ်ပြိုင်မည့်လွှတ်တော် ပြည်သူ့လွှတ်တော်
  • မဲဆန္ဒနယ် - ဒဂုံဆိပ်ကမ်းမြို့နယ်
နိုင်ငံရေးအတွေ့အကြုံ - ၁၉၈၉ တွင် NLD ပါတီဝင်ခဲ့၊ ၁၉၉၀ ရွေးကောက်ပွဲတွင် သင်္ဃန်းကျွန်း NLD မြို့နယ် ရွေးကောက်ပွဲ အောင်နိုင်ရေးကော်မတီ (ဥပဒေ အထောက်အကူ) အဖွဲ့တွင် တာဝန်ယူခဲ့၊ ၈-၈-၂၀၁၀ တွင် NDF ပါတီဝင်ခဲ့၊ အမျိုးသားဒီမိုကရေစီပါတီသစ် တည်ထောင်သူနှင့် ပါတီ ဒု-ဥက္ကဋ္ဌတာဝန်၊ ဗဟိုဥပဒေရေးရာ ကော်မတီတာဝန်ခံအဖြစ် ဆောင်ရွက်လျက်ရှိသည်။

ဦးခွန်သန်းမောင်(ခ)ခွန်ပေါလိုင်း(ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်)
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း
ကလောမြို့နယ်
  • မွေးသက္ကရာဇ် - ၂၉-၃-၁၉၅၂
  • ပညာအရည်အချင်း - ပညာရေးကောလိပ်၊ ရန်ကုန်
  • အလုပ်အကိုင် - ကျောင်းဆရာ(ငြိမ်း)
  • ပါဝင်ယှဉ်ပြိုင်မည့်လွှတ်တော် ပြည်သူ့လွှတ်တော်
  • မဲဆန္ဒနယ် - ကလောမြို့နယ်
နိုင်ငံရေးအတွေ့အကြုံ - ၁၉၈၉ ခုနှစ်မှ ၂၀၁၁ ခုနှစ်အထိ ပြည်ထောင်စု အမျိုးသားအဖွဲ့ချုပ်(PNO) ကလောမြို့နယ်အတွင်းရေးမှုး၊ ၁၉၉၂ ခုနှစ်မှ ၂၀၁၂ ခုနှစ်အထိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီတွင် စည်းရုံးရေးအဖြစ်ဆောင်ရွက်ခဲ့။

ဦးအောင်သိန်း(ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ)
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း
လက်ပံတန်းမြို့နယ်
  • မွေးသက္ကရာဇ် - ၂၇-၄-၁၉၄၄
  • ပညာအရည်အချင်း - ၀ိဇ္ဇာဘွဲ့(အင်္ဂလိပ်စာ)
  • ပါဝင်ယှဉ်ပြိုင်မည့်လွှတ်တော် - ပြည်သူ့လွှတ်တော်
  • မဲဆန္ဒနယ် - လက်ပံတန်းမြို့နယ်
  • အလုပ်အကိုင် - ဒု-၀န်ကြီး (ငြိမ်း- မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီးဌာန)၊ စာရေးဆရာ(ကလောင်အမည်-အောင်စည်ဟိန်း)

ဒေါ်နန်းကြူသန်းဝင်း(အမျိုးသားဒီမိုကရေစီအင်အားစု)
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း
လက်ပံတန်းမြို့နယ်
  • မွေးသက္ကရာဇ် - ၂၀-၉-၁၉၆၇
  • ပညာအရည်အချင်း - ၀ိဇ္ဇာဘွဲ့(သမိုင်း)
  • ပါဝင်ယှဉ်ပြိုင်မည့်လွှတ်တော် - ပြည်သူ့လွှတ်တော်
  • မဲဆန္ဒနယ် - လက်ပံတန်းမြို့နယ်
နိုင်ငံရေးအတွေ့အကြုံ ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် အုတ်ဖိုမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် အမျိုးသားဒီမိုကရေစီအင်အားစုပါတီ ကိုယ်စားပြု ၀င်ရောက်ယှဉ်ပြိုင်ခဲ့သည်။

ဦးဖုန်းမြင့်(အမျိုးသားဒီမိုကရေစီပါတီသစ်)
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း
မင်္ဂလာတောင်ညွှန့်မြို့နယ်
  • မွေးသက္ကရာဇ် - ၁-၁-၁၉၅၈
  • ပညာအရည်အချင်း - Marine Technology (ရေကြောင်းသိပ္ပံ ) Certificate (3m/ 290)
  • ပါဝင်ယှဉ်ပြိုင်မည့်လွှတ်တော် - ပြည်သူ့လွှတ်တော်
  • မဲဆန္ဒနယ် - မင်္ဂလာတောင်ညွှန့်မြို့နယ်
  • အလုပ်အကိုင် - ကုန်သည် (တပ်မတော်ရေ)ငြိမ်း
နိုင်ငံရေးအတွေ့အကြုံ - ၂၀၀၀ ပြည့်နှစ်မှ ၂၀၀၇ ခုနှစ်အထိ ရ.ယ.က ဥက္ကဋ္ဌ တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၁၁ ခုနှစ် အောက်တိုဘာလတွင် အမျိုးသားဒီမိုကရေစီပါတီသစ်၏ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်တစ်ဦးအဖြစ် တာဝန်ထမ်းဆောင်နေ။

ဦးစ၀်သာဦး(ခ)သီဟသူ(ရှမ်းတိုင်ရင်းသားများဒီမိုကရက်တစ်ပါတီ)
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း
ကလောမြို့နယ်
  • မွေးသက္ကရာဇ် - ၁၉၆၁
  • ပညာအရည်အချင်း - B.E com (Eco) Q,D.A
  • ပါဝင်ယှဉ်ပြိုင်မည့်လွှတ်တော် - ပြည်သူ့လွှတ်တော်
  • မဲဆန္ဒနယ် - ကလောမြို့နယ်
  • အလုပ်အကိုင် - လယ်ယာစိုက်ပျိုးရေးလုပ်ငန်း၊ စိုက်ပျိုးရေးနှင့် ခရီးသွားလုပ်ငန်း
လူမှုရေးလှုပ်ရှားမှု - ၂၀၀၅ ခုနှစ်တွင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရင်း ထိန်းသိမ်းခံခဲ့ရသည်။ ထိန်းသိမ်းခံဘ၀မှ လွတ်မြောက်ပြီးနောက် မိဘမဲ့ဂေဟာများ၊ ဘုန်းတော်ကြီး စာသင်ကျောင်း၊ ဆေးပေးခန်းများ၊ အခမဲ့မူကြိုများ ဆောက်လုပ်ခြင်း၊ ထောက်ပံ့ခြင်းစသည့် လူမှုရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။

ဦးကျော်မင်း(အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်)
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း
လက်ပံတန်းမြို့နယ်
  • မွေးသက္ကရာဇ် - ၂၀-၆-၁၉၆၁
  • ပညာအရည်အချင်း - B.Sc ( Maths )
  • ပါဝင်ယှဉ်ပြိုင်မည့်လွှတ်တော် - ပြည်သူ့လွှတ်တော်
  • မဲဆန္ဒနယ် - လက်ပံတန်းမြို့နယ်
နိုင်ငံရေးအတွေ့အကြုံ - ၁၉၈၈ ခုနှစ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တည်ထောင်သည်မှ ယနေ့အထိ မြို့နယ် လူငယ်တာဝန်ခံ၊ တောင်သူလယ်သမား ဗဟိုအဖွဲ့ဝင်၊ ပဲခူးတိုင်း လူငယ်အဖွဲ့ဝင်၊ ပဲခူးတိုင်း လူမှုအထောက်အကူပြု အဖွဲ့ဝင်၊ မြို့နယ်အတွင်းရေးမှူး တာဝန်များ ဆောင်ရွက်နေ၊ ၁၉၉၈ ခုနှစ်တွင် သက်ဆိုင်ရာမှ (၂) ကြိမ် ထိန်းသိမ်းခြင်းခံခဲ့ရ။

ဒေါက်တာဒေါ်သန်းငွေ(အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်)
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း
ကလောမြို့နယ်
  • မွေးသက္ကရာဇ် - ၁၉၄၈
  • ပညာအရည်အချင်း - M.B.B.S (Ygn)
  • ပါဝင်ယှဉ်ပြိုင်မည့်လွှတ်တော် - ပြည်သူ့လွှတ်တော်
  • မဲဆန္ဒနယ် - ကလောမြို့နယ်
လူမှုရေးလှုပ်ရှားမှု - ၁၉၇၉ မှ ၁၉၈၉ အထိ မြို့နယ် သမ၀ါယမဆေးခန်း တာဝန်ခံဆရာဝန်အဖြစ် အခြေခံ လူတန်းစားများအပေါ် ကျန်းမာရေး စောင့်ရှောက်ခဲ့၊ ၂၀၀၂ ခုနှစ်မှ ယနေ့အထိ အေးသာယာရွှေတောင်တန်း ပရဟိတဘုန်းတော်ကြီးသင် ပညာရေးကျောင်းသား ၂၀၀ ကျော်၏ စားဝတ်နေရေး၊ ပညာရေးအား ဆောင်ရွက်နေ၊ နိုင်ငံရေး အကျဉ်းသားများအတွက် ငွေကြေးနှင့် စားသောက်ဖွယ်ရာများ ကုညီပံ့ပိုးခဲ့။

EMG
ကြားဖြတ်ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ကြမည့် ကိုယ်စားလှယ်လောင်းအချို့၏ ကိုယ်ရေးအကျဉ်း(၂) ကြားဖြတ်ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ကြမည့် ကိုယ်စားလှယ်လောင်းအချို့၏ ကိုယ်ရေးအကျဉ်း(၂) Reviewed by သစ်ထူးလွင် on 05:16 Rating: 5

No comments:

Powered by Blogger.