ဖွဲ့စည်းပုံနှင့် မညီသည့် အစိုးရ လုပ်ရပ်များ ဦးရွှေမန်း ထောက်ပြ

ချင်းမိုင် (မဇ္ဈိမ) ။      ။ သမ္မတ ဦးသိန်းစိန် ဦးဆောင်သော အစိုးရအဖွဲ့၏ လုပ်ဆောင်ချက် အချို့သည် ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့် မညီကြောင်း အောက်လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်း က ထောက်ပြ ပြောဆိုလိုက်သည်။

ထို့ကြောင့် အခြေခံဥပဒေနှင့် အညီလုပ်ဆောင်ရန် သောကြာနေ့တွင် ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်သို့ သဝဏ်လွှာပေးပို့ကာ ဦးရွှေမန်း က တိုက်တွန်းလိုက်သည်ဟု လွှတ်တော်တက် အမတ်များက မဇ္ဈိမကို ပြောသည်။

အစိုးရအဖွဲ့တခုလုံး လစာခံစားခွင့် လျှော့ယူခြင်း၊ အစိုးရ ပင်စင်စားများကို လစာ တိုးမြှင့်ပေးခဲ့ခြင်း၊ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် ဖွဲ့စည်းခြင်း စသည့် လုပ်ဆောင်ချက်များတွင် ပြည်ထောင်စု လွှတ်တော်၏ အတည်ပြုချက် ရယူခြင်း မရှိခဲ့ဟု ဦးရွှေမန်း၏ သဝဏ်လွှာတွင် ပါရှိကြောင်း လွှတ်တော်အမတ် ဦးဖုန်းမြင့်အောင်က
ပြောသည်။
shwemann
သမ္မတ ဦးသိန်းစိန် ဦးဆောင်သော အစိုးရအဖွဲ့၏ လုပ်ဆောင်ချက် အချို့သည် ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့် မညီကြောင်း အောက်လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်း က ထောက်ပြ (ဓါတ်ပုံ မဇ္ဈိမ)

"ဒီကိစ္စတွေက အစိုးရအဖွဲ့မှာ သူ့ဟာသူ လုပ်ပိုင်ခွင့် မရှိဘူး။ ပြည်ထောင်စု လွှတ်တော်ကို တင်ပြပြီး သဘောတူညီချက် ယူပြီးတော့မှ လွှတ်တော်ရဲ့ ဆုံးဖြတ်ချက်နဲ့ လုပ်ပိုင်ခွင့်ရှိတယ်။ အဲဒီကိစ္စကို ဖွဲ့စည်းပုံနဲ့အညီ လုပ်ဖို့ အစိုးရကို တိုက်တွန်းတာ" ဟု မဇ္ဈိမကို ပြောသည်။

ဦးရွှေမန်း၏ အဆိုပါ သဝဏ်လွှာကို "ပြည်ထောင်စု လွှတ်တော်က အတည်ပြုတယ်။ အဲဒါကို အစိုးရအဖွဲ့က ပြန်လည်
ပြုပြင်ပြီး လွှတ်တော်ကို တင်ပြဖို့ ကျနော်တို့ လွှတ်တော်က တိုက်တွန်းတယ်ပေါ့ဗျာ" ဟုလည်း လွှတ်တော်အမတ်
ဒေါက်တာ အေးမောင်က မဇ္ဈိမကို ပြောသည်။

ဦးသိန်းစိန်သည် သမ္မတ ရာထူးလက်ခံရယူသည့် ၂ဝ၁ဝ မတ်လ ၃ဝ ရက်နေ့ မိန့်ခွန်းတွင် "လစဉ်ချီးမြှင့်ငွေကို
နိုင်ငံတော်၏ လက်ရှိအခြေအနေ၊ နိုင်ငံတော်၏ ငွေရေးကြေးရေး အခြေအနေနဲ့ နိုင်ငံသားများ၏ အကျိုးကို ရှေးရှုသော အားဖြင့် မိမိတို့ခံစားခွင့်မပြုဘဲ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဗဟိုအဖွဲ့အစည်း အသီးသီးတွင် တာဝန် ထမ်းဆောင်ခဲ့သည့် ပုဂ္ဂိုလ်များ၏ ခံစားခဲ့သော လစဉ်ထောက်ပံ့ငွေ အတိုင်းသာ ခံစားသွားရမှာ ဖြစ်ပါတယ်" ဟု ပြောကြားခဲ့သည်။

သမ္မတ၏ အဆိုပါ လုပ်ဆောင်ချက်သည် ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ ပုဒ်မ ၆၉ တွင်ပါရှိသည့် "နိုင်ငံတော် သမ္မတနှင့် ဒုတိယ သမ္မတများသည် ဥပဒေဖြင့် သတ်မှတ်ထားသည့် လစာ၊ စရိတ်နှင့် အဆောင်အယောင်များ ရရှိစေရမည်။ သင့်တင့် လျောက်ပတ်သည့် အိမ်တော်တဆောင်စီကိုလည်း ရရှိစေရမည်" ဟူသည့် ပြဋ္ဌာန်းချက်နှင့် ကိုက်ညီမှုမရှိဟုလည်း လွှတ်တော်အမတ်များက မဇ္ဈိမကို ပြောသည်။

ယင်းအပြင် ၂ဝ၁၁ ခုနှစ် ဇွန်လ ၃ဝ ရက်နေ့တွင် နိုင်ငံ့ဝန်ထမ်း ပင်စင်စားများ၏ လစာ တိုးမြှင့်ပေးခဲ့ရာတွင်လည်း လွှတ်တော်၏ အတည်ပြုချက် ရယူခြင်း မရှိသောကြောင့် ဖွဲ့စည်းပုံ အခြေခံနှင့် မညီဟု လွှတ်တော်အမတ်များက
ပြောသည်။

ထိုစဉ်အခါက နိုင်ငံ့ဝန်ထမ်း ပင်စင်စားများ၏ လစာတိုးမြှင့်ပေးအမိန့်ကို ဘဏ္ဍာရေးဝန်ကြီး ဦးလှထွန်းမှ လက်မှတ် ထိုးထားပြီး ပြည်ထောင်စုအစိုးရအဖွဲ့၏ အစည်းအဝေး အမှတ်စဉ် ၁၂/၂ဝ၁၁ ဆုံးဖြတ်ချက်အရ လစာတိုးပေးရန် ဆုံးဖြတ်ခြင်းဟု ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးရုံး၏ အမိန့်ကြော်ငြာစာအမှတ် ၁ဝ၆/၂ဝ၁၁ ဖြင့် ထုတ်ပြန်ခဲ့သည်။

သူရဦးရွှေမန်း ထောက်ပြသည့် အမျိုးသားလူ့အခွင့်အရေး ကော်မရှင်ကို ၂ဝ၁၁ ခုနှစ် စက်တင်ဘာလ ၅ ရက်နေ့တွင် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။ ထိုကော်မရှင်ဖွဲ့စည်းမှုကို ပြည်ထောင်စုအစိုးရအဖွဲ့က အမိန့်ကြေညာချက်အမှတ် ၃၄/၂ဝ၁၁
ဖြင့် ထုတ်ပြန်ကြေညာခြင်းဖြစ်ပြီး အဆိုပါအမိန့်ကို ပြည်ထောင်စုအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးတင်မျိုးကြည်မှ လက်မှတ်ထိုးထားသည်။

"အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ကို ဗဟိုအဖွဲ့အစည်းမှာ ထည့်တာ ဒါက ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ကိုက်ညီမှု မရှိဘူး" ဟု ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂ဝ၂ကို ကိုးကား၍ ဒေါက်တာအေးမောင်က မဇ္ဈိမကို ပြောသည်။

အခြေခံဥပဒေပုဒ်မ ၂ဝ၂ အရ "နိုင်ငံတော် သမ္မတသည် ပြည်ထောင်စု လွှတ်တော်၏ သဘောတူညီချက်ဖြင့်
ပြည်ထောင်စု အစိုးရဝန်ကြီးဌာနများကို လိုအပ်သလို သတ်မှတ်နိုင်သည်။ ထို့ပြင် ဝန်ကြီးဌာနများကို ပြင်ဆင် သတ်မှတ်ခြင်း ဖြည့်စွက်ခြင်း ပြုနိုင်သည်" ဟု ပြဋ္ဌာန်းထားသည်။

အစိုးရအဖွဲ့နှင့် လွှတ်တော်အကြား အထက်ဖေါ်ပြပါ ကွဲလွဲချက်များကို ဧပြီလ ၂၃ ရက်နေ့တွင် ညှိနှိုင်းဖွယ်ရှိပြီး
အောက်လွှတ်တော်နှင့် အထက်လွှတ်တော် နှစ်ရပ်လုံး ထိုနေ့တွင် ကျင်းပနိုင်ရန် ခေါ်ယူထားသည်ဟု သိရသည်။

နေပြည်တော်တွင် ဇန်နဝါရီလ ၂၆ ရက်နေ့ကတည်းက စတင်ကျင်းပနေသည့် လွှတ်တော်အရပ်အရပ် အစည်းအဝေးများကို ခေတ္တရပ်ဆိုင်းလိုက်ကြောင်း သိရသည်။
ဖွဲ့စည်းပုံနှင့် မညီသည့် အစိုးရ လုပ်ရပ်များ ဦးရွှေမန်း ထောက်ပြ ဖွဲ့စည်းပုံနှင့် မညီသည့် အစိုးရ လုပ်ရပ်များ ဦးရွှေမန်း ထောက်ပြ Reviewed by သစ်ထူးလွင် on 21:37 Rating: 5

23 comments:

naing oo aung said...

Going to twist on everything.

iban said...

သူရဦးရွှေမန်းရဲ့ ဒီမိုကရေစီဖော်ဆောင်မှုတွေကို အားပေးပါတယ်။ တိုင်းပြည်အတွက် အမှန်တကယ် ကောင်းအောင်လုပ်သူတွေကို ပြည်သူလူထုတွေက ရင်ထဲမှာ အမှတ်တွေ ပေးနေတာပါ။

Toe Toe said...

ဦးရွှေမန်းကြီးကတော့သူ့အလုပ်သူစလုပ်နေပြီ၊မှန်ကန်တဲ့ထောက်ပြချက်ပါ။ဖွဲ့စည်းပုံဥပဒေနဲ့အညီလုပ်တာဟာအကောင်းဆုံးပါဘဲ။အစိုးရကခုထိအသားမကျ
သေးလို့လွှတ်တော်ကမနေနိုင်ဘဲလိုက်သင်ပေးနေရတယ်။ဥက္ကဌ ကြီးရေဒီထက်
ပြင်းပြင်းလေးထပ်လုပ်ပေးပါအုံး။ ဒါမှစစ်တပ်ကပြောင်းလာတဲ့သူတွေထဲမှာလဲဒီ
လိုစိတ်ရှိတဲ့သူရှိပါသေးလားလို့သိကြမှာ။မဟုတ်လို့တော့ပြည်သူ့ချဉ်ဖတ် ဖြစ်ပြီး
အနံ့တစ်ထောင်းထောင်းနဲ့မစင်ကဲ့သို့ဖြစ်နေပါပြီ၊ ထောက်ခံလျက်ပါ။ ဧပြီ(၂၃)
ရက်ခေါ်မဲ့လွှတ်တော်မှာဒေါ်စုပါ ပါလာလောက်ပြီဆိုတော့ပို မြိုင်သွားပြီပေါ့။

nay myo said...

အတူတူနဲ့ အနူနူတွေပါဘဲ
မထူးပါဘူး ဒီပုတ်ထဲကဒီပဲကြီးဘဲ
သူမသာကိုအသုဘတွေ

ငွေသော်တာ said...

အမှန်တရားပေါ်မှာ ရပ်တည်ရှင်သန်ပြီး ကိုယ်လုပ်တဲ့  အလုပ်ပေါ်မှာ လိပ်ပြာ သန့် နိုင်တယ်ဆိုရင် အာဏာမရှိတဲ့  သူတွေမှာလဲ စွမ်းအားတော့  ရှိပါတယ်.....
သူရဦးရွှေမန်း ရဲ့ ဒီမိုကရေစီ ဖေါ်ဆောင်မှုတွေကို အားပေးပါတယ်ဗျာ...

serrano said...

အဲဒါ..နိုင်ငံရေးလှဲ့ကွက်လို့ခေါ်ပါတယ်။

အောင်တေဇ said...

ရွှေမန်းထောက်ပြသွားတာနိုင်ငံရေး တစ်ခုမပါဘူး ...........

ငရဲသား said...

ဦးရွှေမန်းက အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီကို ကျတော့ ဘာဖြစ်လို့ မဝေဖန်သလဲဗျ..။ အဲဒီအဖွဲ့ကကော ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ညီပြီး လွှတ်တော်မှာဖွဲ့စည်းထားတဲ့ အဖွဲ့ ဟုတ်ရဲ့လား..မသိပါဘူး..။

ဦးရွှေမန်း သူ့အလုပ်သူလုပ်နေတယ်လို့ ပြောလို့မရပါဘူး..။ သူက ရှေ့မှာသာလုပ်နေတာ နောက်မှာ သူ့သားတွေကို အရင်စစ်အစိုးရလက်ထက်ကတည်းက အခုအထိ လုပ်ပိုင်ခွင့်တွေ စီမံကိန်းတွေ အများကြီးပေးထားခဲ့ဖူးပါတယ်.။ မင်းသားမျက်နှာဖုံးစွပ်ပြပြီး လူထုထောက်ခံမှုရအောင် သမ္မတကို ထောက်ပြနေတယ်လို့ မြင်ပါတယ်.။

လယ်သမားတွေ လယ်ပိုင်ဆိုင်ခွင့်ရအောင် ပြောခဲ့ပေမယ့် အောင်သက်မန်းရဲ့ ဧရာရွှေဝါကုမဏီဟာ လွန်ခဲ့တဲ့ ၂၀၀၁ ခုနှစ်လောက်ကစပြီးဧရာဝတီတိုင်းရဲ့ ကြွေးနဲ့လယ်အသိမ်းဆုံးသော ချစ်တီးကုမဏီတွေထဲမှာ တစ်ခုအပါအ၀င်ဖြစ်ပါတယ်။ အဲဒီတစ်နှစ်တည်းမှာပင် စိုက်ပျိုးစရိတ်ချေးငွေပေးပြီး ကြွေးနဲ့သိမ်းခဲ့တဲ့ လယ်ဧက သုံးသောင်းလောက်ရှိပါတယ်..။နတခ တိုင်းမှူးဖြစ်တုန်းက ဧရာရွှေဝါက ဧရာဝတီတိုင်းတစ်တိုင်းလုံးရဲ့ ဓာတ်မြေသြဇာရောင်းချခွင့်လိုင်စင်ရခဲ့တာက သက်သေပါပဲ..။



၂၀၀၃ ခုနှစ် ဗိုလ်ချုပ်ကြီးရာထူးရရခြင်း ဧရာရွှေဝါဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ဆန်တင်ပို့ခွင့် တစ်ဦးတည်းမူပိုင်ရခဲ့သလို နိုင်ငံခြားကို ဆန်တင်ပို့ခွင့် ရတဲ့ ပထမဆုံး ပုဂလိက ကုမဏီတစ်ခု ဖြစ်ခဲ့ပါတယ်..။ ဒါတွေဟာ ဘာ့ကြောင့်ပါလဲ..။

စစ်တပ်က ကြိုးကိုင်ခဲ့တဲ့ နေပြည်တော်ဆောက်လုပ်ရေးစီမံကိန်းတွေမှာလဲ ဧရာရွှေဝါက တနင့်တပိုး လုပ်ပိုင်ခွင့်ရလိုက်ပါတယ်..။ ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းဖြစ်တဲ့ Red Link ကုမဏီကလည်း အောင်သက်မန်း အပိုင်ပါပဲ..။

သမ္မတကို ထောက်ပြနေပေမယ့် သမ္မတကိုယ်တိုင်က အဂတိမှာ နာမည်ပျက်မရှိခဲ့သလို ဘာအခွင့်အရေးမှလည်း မယူခဲ့ဘူးလို့ သိရပါတယ်။ သမ္မတ သားသမီးတွေထဲမှာလည်း စီးပွားရေးလုပ်စားသူ ခရိုနီတွေ မရှိဘူးလို့ လေ့လာသိရှိရပါတယ်..။ ဦးရွှေမန်းမိန့်ခွန်းတိုင်း ပြောကြားချက်တိုင်းမှာ တစ်ခုသတိပြုမိတာက ခရိုနီတွေစီးပွားရေးလက်ဝါးကြီအုပ်မှုကို ပယ်ဖျက်ဖို့ တစ်ခွန်းမှမပါသလို ဆက်သွယ်ရေးကဏ္ဍကိုလည်း ခေါင်းတည်ထားတာ မရှိပါဘူး.။ ၀န်ထမ်းလစာကိစ္စနဲ့ အစိုးရဖိအားပေးပြီးကို အကြပ်အတည်းဖြစ်အောင် ဖန်တီးခဲ့သူလို့ ယူဆပါတယ်..။ ပြည်ခိုင်ဖြိုးအတွက် မဲဆွယ်ဖို့ ဒီနှစ်ဘဏ္ဍာရေးနှစ်အမီ လစာတိုးခိုင်းတယ်လို့ ယူဆပါတယ်..။ အခု ဆန်ဈေး ဆီဈေး စတက်နေပါပြီ..။ ကုန်ဈေးနှုန်းတက်တာကို ကာကွယ်ပေးမယ့် စီးပွားရေးဆိုင်ရာမူဝါဒတွေ၊ ဥပဒေတွေ ခိုင်ခိုင်မာမာမရှိသေးပဲနဲ့ လစာတိုးလိုက်ခြင်းကြောင့် ဖြစ်လာတဲ့ အကျိုးဆက်ပါ...။ ၀န်ထမ်းကတော့ ခံသာပါတယ်..။ ဒါပေမယ့် သမ္မတပြောတဲ့ အခြေခံလူတန်းစား အများစုကတော့... အသက်ရှူကြပ်လာပါပြီ..။

အခုလို သမ္မတကို ထြော်ပပြီးလွှတ်တော်ထဲကနေ ထိပ်တိုက်တွေ့နေတာကတော့.. နည်းနည်း သံသယ ၀င်စရာကောင်းပါကြောင်း..။ နောက်ပိုင်းကျရင် မြစ်ဆုံကိုတောင် သမ္မတက ဆုံးဖြတ်တာ အခြေခံဥပဒေနဲ့မညီဖူးလို့ ပြောမလားမသိပါဘူး..။ ဘာ့ကြောင့်လဲဆိုတော့... ဟိုတလောက တရုတ်ပြည်သွားတုန်းက တရုတ်အစိုးရက မြစ်ဆုံကိစ္စ ပြောခဲ့သေးတာကို... သတိရကြပါ..။

အားလုံး သိပ်ဝမ်းမသာကြပါနဲ့ဦး..။.

Anonymous said...

ရန်ကုန်လိုင်သာယာစက်မူ့ဇုံမှာ.
သူရရွှေမန်းရဲ့စက်ရုံဟာ.အကြီးဆုံးလို့တောင်ပြောလို့ရပါတယ်.
ဘယ်ကရတဲ့ငွေတွေနဲ့ဆောက်ထားတာလဲ.ဒီစက်ရုံတွေလည်ပတ်ဖို့
ငွေတွေဘယ်ကရသလဲ.စစ်ထဲစဝင်တဲ့အချိန်ကနေခုထိ.သူ့လစာဝင်ငွေ
ပြန်စစ်မယ်.အစစ်ခံရဲမလား..

Anonymous said...

တကယ်...အဟုတ်..ဆိုရင်..တော့ သာဓုခေါ်ကြပါဗျာ..
အပြစ်မပြောကြပါနဲ့..ပြည်သူ့မျက်နှာပဲကြည့်ကြပါ...

tharzaw said...

ငရဲသားနှင့် ခင်ညွန့်တို့ရဲ့ အဆိုပြုချက်များကို ထောက်ခံလျှက်

မောင် said...

ရုပ်ရှင်ထဲမှာ
ရွှေဘ လူဆိုးရှိရာ လိုက်လာပြီဆိုရင် ပရိသတ်က လက်ခုပ်လက်ဝါးတီး အော်ဟစ်အားပေးကြတယ်။
ရွှေဘ လက်သီးထိုးခံရရင် ပိတ်ကားကို တွေ့ရရာနဲ့ပေါက်တော့တာဘဲ။

လွှတ်တော်ထဲမှာကော အစိုးရထဲမှာပါ ရွှေဘလို လူမျိုးတစ်ယောက်မှမပါဘဲ။

ရွှေဘလုပ်ချင်သူတွေသာ ပေါနေတာ
အရည်အချင်းမရှိတဲ့သူအချင်းချင်း ဘောင်ဘင်ခတ်နေကြတယ်။
အားလုံးလေမထူးဘူး... အရှုး။

Myanmar said...

ဒီနေ့ ဒီအချိန်မှာ အလုပ်လုပ်နေတဲ့ လွှတ်တော် ဥက္ကဌကြီးကို ယုံကြည်ပါတယ်။ ဦးသိန်းစိန်အနေနဲ့ အောက်ခြေအထိ စိတ်ဝင်စားသင့်ပါတယ်။ အောက်ခြေကို ပစ်ထား၇င် အိတ်ပေါက်နဲ့ ဖားကောက်နေတဲ့ ဦးသိန်းစိန်ဖြစ်သွားပါမယ်။ ။

aung naing said...

ဒါဆိုဦးသိန်းစိန်ဥပဒေချိုးဖောက်တာဆိုတော့ရာထူးကထွက်ပေးသင့်တယ်။ဦးရွှေမန်းကလဲတကယ်ရိုးသားဖြောက်မတ်တယ်ဆိုရင်ပိုင်ဆိုင်တာတွေကြေညာရမယ်။နိင်ငံတကာမှာဆိုအမတ်၊၀န်ကြီးဖြစ်ရင်ပိုင်ဆိုင်တာကြေငြာရတယ်။ဒါမှလာက်ပေးလာက်ယူမလုပ်နိုင်မှာ။

lwannaymie said...

ငရဲသားနဲ့ ခင်ညွန့် ကိုအားပေးပါတယ်။ good.

မောင်မောင် said...

ကိုခင်ညွန်. သူများယူတာ အပြစ်ပြောတာ ကိုယ်မရလို.ပါဗျာ..နောင်တော်ကြီးတို.အဖေ အဒီကုလားထိုင်မှာ ထိုင်ခဲ့ရရင်လည်း နောင်တော်ကြီးတို.စက်ရုံက အကြီးဆုံးဖြစ်မှာပါ...

Oakar said...

ဘာပဲလုပ်လုပ်ယုံကိုမယုံဘူး။

တစ်တီတူး said...

သူရဦးရွှေမန်းကိုမယုံပါ။အားလုံးကို ပြည်သူတွေဆီကထောက်ခံမဲလိုချင်တဲ့အတွက် အကွက်ဆင်နေတာပါ။လစာတိုးပေးဖို့ဆိုတာလည်းရွေးကောက်ပွဲမှာထောက်ခံမဲရချင်လို့ဆိုတာသေချာပါတယ်။ သူပြောတဲ့စကားတွေကို ကျော်ဆန်းက ဖြတ်တောက်ပစ်တယ်ဆိုတာလဲ ပြည်သူတွေကကျော်ဆန်းကိုတော်တော် အမြင်ကတ်နေတာ ကိုသူသိနေတဲ့အတွက် ဒီလိုပြောလိုက်ရင် ကျော်ဆန်းကိုမတည့်တဲ့သူတွေသူ့ဘက်ပါလာမယ်ဆိုတာသိလို့ပြောတာပါ။ အခုဟာကလည်းသိသာထင်ရှားစွာ ဦးသိန်းစိန်နဲ့ ပြည်သူတွေကိုရန်တိုက်ပေးချင်တာပါ။ အမေစုပြောတဲ့ ဦးသိန်းစိန်တယောက်ထဲကိုတော့ဖြင့်ယုံတယ်ဆိုတာ အလကားမဟုတ်ပါ။ ဦးသိန်းစိန်သားသမီးများ စီးပွားရေးလုပ်စားတာမရှိပါ။ သူရရွှေမန်းသားသမီးများသာရှိပါတယ်။ ဓါတ်မြေသြဇာရောင်းခိုင်းတယ်ဆိုတာလည်းအဟုတ်ပါ။ အိမ်မှာကိုကားနဲ့လာချပီး ပိုက်ဆံအရင်ပေးလိုက်ရတာပါ။ ကိုယ်က အကြွေးပြန်လိုက်ရောင်းပေးရတာပါ။ ပီးတော့ စကာင်္ပူမှနောက်တက်မဲ့ သမ္မတရဲ့သမီးလိုလာလာပီးကြွေးကြော်နေတာ သူ့သမီးပါ။

Bravo said...

သူကဒီအချိန်မှာ အသံကောင်းဟစ်ရတော့မယ်လေ။ နောင်တချိန် သမတရာထူးကိုချိန်ရွယ်နေတာဆိုတော့ ခုထဲကအသံကောင်းဟစ်ပြီး ပြုခဲ့တဲ့အပြစ်တွေ လူမသိအောင် လှည့်ကွက်ဆင်နေတာ။

မျိုးမြန်မာ said...

ငရဲသား မင်းကို ဆောက်လုပ်ရေးကအင်ဂျင်နီယာတစ်ဦးပေးစာကတည်းက သိနေတယ်။ မင်း ဘလော်ကာဆိုပြီး ဆရာဖြီးလာမလုပ်နဲ့။ မင်းနာမည်က ဦးခင်မောင်မြင့်လက်သတ်မွေးတဲ့ ဗေဒါကမာ ရထားနီလာ ပါကွာ။
မင်းဆရာက ပြည်သူ့ဘဏ္ဍာကိုအောက်လက် ဘဏ္ဍာရေးမှူးတွေကိုအာဏာပြပြီး စာရင်းလိမ် စားလို့ ဧရာဝတီမြစ်ကူးတံတား ဆယ်ဆင်းမက ဆောက်လို့ရတယ်။မင်းက၀န်ကြီးမယားကိုအမေ အမေနဲ့ကျွန်ခံပြီး ဒုညွှန်ရာထူးရ ကွန်ပျူတာအရောင်းဆိုင်လေးဖွင့်နဲ့ ခိုးလို့ရလာတာတဲ့။မင်းတို့အဖွဲ့ပဲပြောခဲ့တာပဲလေ။ တန်ရာတန်ရာပြောစမ်းပါငနာရာ။ငါ့ဆရာတွေဆီ စီမံကိန်းကို တစ်ခါလာစစ်ရင် အိမ်ပေါင်ကားပေါင်နဲ့ လူမမြင် တန်ဘိုးကြီးတဲ့အသေးဘူးလေးတွေပေးခဲ့ရတာပါ။ မင်းကဦးရွှေမန်းကိုပုတ်ခတ်တာ မင်းဆရာနှာကောက်က ဒီလိုပြောခိုင်း၊ဒီလိုရေးခိုင်း ကိုက်လမ်းပေးနေတာ မသိဘူးမှတ်နေလား။ နိုင်ငံတော်ပိုက်ဆံတွေကို ဆောက်လုပ်ရေးကခိုးပြီး ကုမဏီတွေ စီမံကိန်းတွေ အာနဲ့ ဓါးပြတိုက် စစ်ကိုင်းမှာ သူအစ်မကို တိုက်ဆောက်ပေး။ ဋ္ဌာနကခိုး ရလာတာကို နာမည်ကောင်းလေးနဲ့ပဲ လမ်းခင်းပေး စာကြည့်တိုက်အစုတ်အနုတ်လောက် ဆောက်ပေး မီးရအောင်လုပ်ပေးတာနဲ့ စစ်ကိုင်းမှာ မဲရအောင်လုပ်ခဲ့တာ မင်းသိပါတယ်။ မင်းသိအောင်ပြောလိုက်မယ် မင်းဆရာ နှာကောက်ကြီးကို ဒီနေရာရအောင် ထောက်ခံပေးတာ ဦးရွှေမန်ပဲကွ။ တိုင်းရင်းသားပဲဖြစ်ဖြစ်၊ ကြံ့ခိုင်ရေးမဟုတ်တဲ့ပါတီကအစ တိုင်းပြည်အတွက်ကောင်းရင် မင်းတို့ဝန်ထမ်းအတွက်ကောင်းရင် သူကိုယ်တိုင် တင်ပြလုပ်ပေးနေတာ လွှတ်တော် ကိုယ်စားလှယ်တော်တွေ အားလုံးသိတယ်။ မင်းကော မင်းဆရာနှာကောက်ကော မူရင်းဆရာကိုအာခံတဲ့အတွက် အာလှံဆူးတော့မယ်ကွ။
ပထမဆုံးလွှတ်တော်တုံးက ဂန့်ဂေါလွှတ်တော်ကိုယ်စားလှယ်ကို မိုက်ရိုင်းရန်တွေ့တာလဲ မင်းဆရာပဲ။ ဒါတောင်ဦးရွှေမန်းက မှားမှာဆိုးလို့တားခဲ့ ရသေးတယ်။ပထ၀ီဝင်ဘွဲ့ ကလေးရတာတောင် မင်းဆရာ နှာကောက်က လူနဲ့လူ့ပတ်ဝန်းကျင်အကြောင်း ကောင်းကောင်းမသင်ခဲ့ဘူးကို။ မင်းကမြစ်ဆုံ ကိစ္စရပ်ဆိုင်းရေးမှာ အပြည့်အ၀ ထောက်ခံတယ်လေးဘာလေးနဲ့ ဟိုဘက်မှရေးသွားသေးတယ်။ မင်းဆရာနဲ့ ၀န်ကြီး ဦးဇော်မင်းနဲ့က ကမ္ဘာရန် ။ တစောင်းစေးနဲ့ မျက်ချေး မတဲ့တာနဲ့ ထောက်ခံနေတာပါငနာရာ။ ပြည်သူကိုလာမဖြီးနဲ့။ရှေ့တင်ကျ ဦးဇော်မင်းကို အစ်ကိုကြီး နောက်ကွယ်ကျတော့ ဘောပဲထင်တယ် လို့လုပ်သေးတယ်။ နောက်တစ်ယောက်ကိုပြောသေးတယ် ရှစ်လုံးကြီး။သူပဲရိတ်တယ်ပေါ့။ သောက်သုံးမကျကန့်လန့် ခံနေတဲ့လူတဲ့။ငါတို့မပေးပဲ တပ်မတော်ကမဲ ပေးလိုက်တာ ခက်တယ်ကွာလို့ECကျရင်ငါ့ဆရာတွေကို ဝေ့၀ိုက် ပြောသေးတယ်။ ရုံးချိန်မှာ ကုလားသေကုလားမောအိပ် ၊ ကားပေါ်မှာအိပ် ရုံးဆင်း ညသန်းခေါင်မှ အိမ်တော်ကနေ ဟိုလူခေါ်ခိုင်းဒီလူခေါ်ခိုင်းလုပ်ပြနေတာ အဲဒါ မင်းဆရာရဲ့ လှည့်ကွက်ကွ။
ဝန်ကြီးတွေကြားထဲညမအိပ်ပဲတောင်အလုပ်လုပ်တယ်ပေါ့ တော်တော်ရယ်ရတဲ့ပြကွက်။ ငါတို့မှာတော့ ပြန်သွားတဲ့မိန်းခလေး တပည့်တွေကို မျက်နှာချိုသွေးပြီး ပြန်ခေါ်ရပြင်ရနဲ့။ ထောက်လှမ်းရေး ဗိုလ်ကြီး ဘ၀ ကတည်းက ဦးခင်ညွှန့်ကို အတုယူခိုးချလာတဲ့ပညာလို့ မင်းတို့အဖွဲ့တွေပဲပြောတာလေကွာ။ မင်းဆရာက ဦးသန်းရွှေ၊ဦးသိန်းစိန်နဲ့တွေ့ရင် သပြေကိုနင်း ၈လုံးနဲ့တွေ့ရင် စနေနံနင်း ဦးရွှေမန်းနဲ့တွေ့ရင် ရွက်လှနင်း ဒီလိုနဲ့လူကြီးတွေကိုခြေဖ၀ါးအောက်မှာ နံနှိမ်လာတာ သူ့မယားညီအကို ဦးကံချွန် (နေပြည်တော်စည်ပင် အတွင်းရေးမှူး)အတူတူပဲ။ သူ့မိန်းမ အမယ်နုနဲ့ သူ့အစ်မက မင်းကြီးမင်းလေးနတ်နဲ့လဲ ပေါင်းတိုက်တယ်။ လူကြီးအိမ်တွေကို ထမင်းပို့တဲ့အခါ ဟိုဟာနဲ့မန်း ဒီဟာနဲ့မန်း ပို့သေးတယ် မသိတဲ့လူကြီးတော့ခံပေါ့ကွာ။
ပညာအရည်အချင်း(၁၀)တန်းပဲရှိတဲ့စစ်တပ်က ကောင်တောင် AE EE ကျောထောက် နောက်ခံနဲ့ရာထူး ဘာလို့ပေးလဲသိလား။ မင်းတို့ကိုမတန်မရာပေးတာ ငါ့အပေါ် သစ္စာစောင့်သိဖို့ ဆိုတဲ့ သူလှိုမွေးတဲ့ သောက်ကျင့်ဆိုးပဲ။ ဒါမှ လူကြားထဲ မင်းတို့ကိုဆဲဆိုပြလို့ ကောင်းတာကို။ အဲ့လိုရာထူးရတဲ့အထဲ အ၀ီဇိက မင်းဆိုတဲ့ ငရဲသားလည်းပါတယ်လေ။ ကျုပ်တို့ အင်ဂျင်နီယာတွေ ရာထူးတက်မဲ့သူလဲ ပိတ်ပြီပေါ့။ သမ္မတက နာမည်ပျက်မရှိတာမှန်ပေမဲ့ ဦးခင်မောင်မြင့်၊ဦးတင်ဆန်း၊ဦးကျော်ဆန်း၊ဦးမြင့်လှိုင်၊ဦးဇော်မင်း၊ တို့ရဲ့ရှေ့က ကာမိလို့ကတော့ ပြည်သူ့အသံနဲ့ပဲ တပ်ထားတဲ့ နှလုံးခုန်စက်ရပ်သွားမယ်။မင်းနဲ့မင်းဆရာနှာကောက်ကြီးတော့ ဥက္ကဋ္ဌကြီးကိုမြန်မြန်တောင်းပန် မင်းတို့အနားမှာ ငါနားဆွင့်နေမယ်။ မတောင်းပန်လို့ကတော့ မင်းနဲ့မင်းဆရာနှာကောက်ကြီး အတူတူရှိတဲ့ သတင်းဓာတ်ပုံတင်လိုက်မယ်။လုပ်ပြရင် လုပ်ပြ မလုပ်ပြလို့ကတော့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌရုံးကိုလဲ ဖုန်းဆက်မယ်။ အမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီကို ပုတ်ခတ်စော်ကား တဲ့အတွက် ပြည်ထဲရေး၊SB စစစ စရဖ အကုန်ပို့မယ်။ သခင်ကိုပြန်ဟောင်တဲ့ အလိုတူအလိုပါ ခွေးနှစ်ကောင် သတိထားပေါ့။ မင်းဆရာ သိအောင်ပြောလိုက်မယ် ဘယ်အစိုးရ တက်တက် ဘယ်ခေတ်တွေပြောင်းပြောင်း ဆောက်လုပ်ရေးအင်ဂျင်နီယာဆိုတာ ခိုးမစားလဲ လူတန်းစေ့အောင် နေနိုင်တယ်ဆိုတာ မှတ်ထားလိုက်ကွ။

သုခမိန် said...

Oh good Government Clean Government
How become future?

သုခမိန် said...

လူတစ်ဦးကိုဖြစ်စေ အဖွဲ့အစည်း တစ်ခုကိုဖြစ်စေ အမြဲတမ်း မကောင်းမြင် ခြင်းသော်လည်းကောင်း၊ အမြဲတမ်း အကောင်းမြင်ခြင်းသော်လည်းကောင်း မဖြစ်စေရာ...
ဒီမိုကရေစီ နိုင်ငံတော်သစ်တွင် ပြည်သူကောင်းကျိုးကို စေတနာဖြင့် ဆောင်ရွက်လာပါက ကြိုဆိုရမည်သာ.. မည်သူမဆို ဘ၀တွင် ကောင်းသော အပြစ်ကင်းသော လုပ်ဆောင်ချက်များကိုသာ ဆောင်ရွက်ခဲ့ သည်ဆိုသော် မဖြစ်နိုင်ပေ၊ ယုံကြည်စရာကောင်းလောက်အောင် မလုံလောက်ပေ၊ သို့သော် ကောင်းသော အကျိုးရှိသော ဆောင်ရွက်ချက်ကိုတော့ဖြင့် စေတနာကောင်းဖြင့်ဖြစ်စေ ပြည်သူ့ကျိုးငှာဖြစ်စေ အများတကာမြင်စေ သိစေကြားစေလိုသောငှာ ရေပေါ်ဆီသဘောဖြစ်စေ ဆောင်ရွက်ချင် ပေလိမ့်မည် မည်သို့ပင်ဆိုစေ ပြည်သူအကျိုးကို ရှေးရှုကာ ယခုမှစ မကောင်းတာမှန်သမျှပြီး ကောင်းတာများကိုသာ မြန်မာပြည်သူအားလုံး ဆောင်ရွက်သွားကြရမည်သာ

zin yaw said...

စည်ပင်သာယာရေးဦးစီးဌာနကို ဖျက်သိမ်းတာကော လွှတ်တော်က အတည်ပြုတာလား။ သမ္မတ အစိုးရကဘဲ လုပ်တာလား သိချင်ပါတယ်။

Powered by Blogger.