နိုင်ငံတော်အတွင်း နိုင်ငံတော်၏ တာဝန်ထမ်းဆောင်လျက်ရှိကြသည့် နိုင့်ငံဝန်ထမ်းများအား အပိုထောက်ပံ့ကြေး ခံစားခွင့်ပြုခြင်း
ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာ၊ ပြည်ထောင်စုဝန်ကြီးရုံး၏ ၁၃၇၃ ခုနှစ်၊
တပေါင်းလပြည့်ကျော် ၇ ရက်၊ (၂၀၁၂ ခုနှစ်) မတ်လ ၁၄ ရက်စွဲပါ
အမိန့်ကြေငြာစာအမှတမ် ၁၀၀/ ၂၀၁၂ ဖြင့် နိုင်ငံတော်အတွင်း နိုင်ငံတော်၏
တာဝန်ကို ထမ်းဆောင်လျက်ရှိကြသည့် ၀န်ထမ်းများ (ကြည်း၊ ရေ၊ လေ) ၀န်ထမ်းများအား
စားဝတ်နေရေး သက်သာချောင်လည်မှု ရှိစေရန်အတွက် လက်ရှလစာအပြင်
အပိုထောက်ပံ့ကြေးအဖြစ် တစ်ဦးလျှင် (ကျပ်သုံးသောင်းတိတိ)
ခံစားခွင့်ပြုရန်ကိုလည်းကောင်း၊
အစိုးရဌာန်များနှင့် အဖွဲ့အစည်းများရှိ နေ့စားအလုပ်သများများ၏ လုပ်ခကို
အလုပ်ချိန် တစ်နေ့ (၈) နာရီအတွက် လက်ရှိသက်မှတ်ထားသော လုပ်ခ
(ကျပ်တစ်ထောင့်တစ်ရာတိတိ) အပေါ်တွင် ထောက်ပံကြေး (ကျပ်တစ်ထောင်တိတိ) ကို
ထပ်မံခံစားခွင့် ပြုမည်ဖြစ်သဖြင့် နေ့စားအလုပ်သမားများအား နေ့စဉ်လုပ်ခ
(ကျပ်နှစ်ထောင့်တစ်ရာတိတိ) ခံစားခွင့်ပြုရန်ကိုလည်းကောင်း ၂၀၁၂ ခုနှစ်
ဧပြီလ (၁) ရက်နေ့မှ စ၍ ခံစားခွင့်ပြုလိုက်ကြောင်း သတင်းရရှိသည်။
MRTV-4
29 comments:
သုံးသောင်းတိုးပေးတာတော့ဟုတ်ပါပြီဗျာ ကျွန်တော်လက်ရှိရနေတဲ့ နေ.တွက်စားရိတ်လေးတွေ ပြန်သိမ်းသွားမှာ စိုးရိမ်နေရတယ်ဗျာ.. အဟင့်အဟင့်
အင်းဟိုတစ်နေ.ကတော့ ဒီလိုလစာတွေပေးနေနိုင်တာ ဘယ်ပါတီကလဲ လို့မေးသွားတာ ကြားလိုက်ရတယ်ရှင့် . ခြင်္သေ့ကြီးရယ် ခင်ဗျားစားနေတဲ.တစ်နေ.စာ အသားဖိုးတောင်မရှိပါဘူးဗျာ ..
ဘယ်လောက်တိုးတိုးပါ တိုးသလောက်ကို ၀မ်းသာပါတယ်ဗျာ. ဒါပေမယ့် လက်ဖက်သုပ်စား ရေသောက် အတင်းပြောနေတဲ့ လူတွေမှ ဌာနတွေမှာ အများကြီးပါ အဲဒီလိုမျိုးသူတွေကို မတိုးရုံမကဘဲ အလုပ်ကပါဖြုတ်ရှင်းထုတ်လိုက်ရင် ဌာနတွေမှာ ထွက်ငွေတွေနဲသွားမှာပါ
ဘာပဲဖြစ်ဖြစ်.. ၀န်ထမ်းများအတွက် အနည်းငယ် အဆင်ပြေသွား တာပေါ့.. ၀န်ထမ်းများအစား ကျေးဇူးတင်ရှိပါတယ်ဗျာ....
ထမ်းတွေကလစာတစ်ခါတိုး၊ကုန်ဈေးနှုန်းကနှစ်ဆတိုး၊..လွတ်တော်ထဲမှာသူရဦးရွှေမန်းအဆိုတင်သွင်းတုန်းကတစ်ခါကုန်ဈေးနှုန်းတက်တယ်။အခုတစ်ခါတက်ဦးမယ်......ငထွားလိုလူတွေကတော့ခါးနာလိုက်ကြဦးပေါ့ကွာ......
အစိုးရ၀န်ထမ်းနဲ့စစ်မှုထမ်းဘာကြောင့်ကွာခြားနေရတာလဲ၊ ၀န်ထမ်းတွေရဲ့ အနိမ့်ဆုံးလစာနဲ့အတူသာမန်တပ်မတော်သားတွေရဲ့လစာအတူတူပဲဖြစ်သင့်တဲ့ အပြင်အပိုထောက်ပံ့ကြေးပေးမယ်ဆိုရင်လဲ သင့်လျော်တဲ့ငွေကြေးအတူတူဖြစ် သင့်ပါတယ်။ တပ်မတော်သားမှ စားဝတ်နေရေးမပြေလည်တာမဟုတ်ပါဘူး၊ အစိုးရ၀န်ထမ်းလုပ်သူများလဲ အပြင်မှာ အခြားလုပ်ငန်းလုပ်ကိုင်လို့မရပါ။ အပိုထောက်ပံ့ငွေ တပ်မတော်သားအတွက်ကျပ်သုံးသောင်းနဲ့ ၀န်ထမ်းအတွက် ၁၀၀၀ ဆိုတာကတော့ကွာခြားလွန်းပါတယ်
အမျှော်ပြေလေးပေါ့ ရွေးကောက်ပွဲကလဲနီးလာပြီလေ အင်း
ဒီိလိုအမိန့်ကြော်ငြာစာနဲ့လုံးချလို့မရပါဘူး၊ ဥပဒေနဲ့အတိအကျပြဌာန်းပြီးမှ ဆောင်ရွက်ပေးရမှာဖြစ်တယ်။ အစိုးရ၀န်ထမ်းအတွက် အနိမ့်ဆုံးလစာ၊ နေ့စားအလုပ်သမားအတွက်အနိမ့်ဆုံး လစာဆိုတာကို ဥပဒေသတ်သတ်မှတ်မှတ်ပြဋ္ဌာန်းဖို့လိုတယ်။ ထို့အတူ အလုပ်သမားများအတွက် တနေ့အနည်းဆုံးလစာကိုလဲဥပဒေနဲ့ သတ်မှတ်ပေးရမှာဖြစ်တယ်။စီးပွားရေးလုပ်ငန်းများ၊ စက်မှုလုပ်ငန်းများမှာ လုပ်ကိုင်နေတဲ့အလုပ်သမားများအတွက်သင့်တင့်မျှတတဲ့ အနည်းဆုံးအခကြေးငွေဥပဒေကိုပါတဆက်တည်းပြဋ္ဌာန်းပေးဖို့လိုတယ်။ စက်ရုံအလုပ်ရုံတွေကို နိုင်ငံခြားသားများနဲ့ဖက်စပ်လုပ်ကိုင်ကြတဲ့စီးပွားရေး လုပ်ငန်းရှင်အများစုဟာ ဒီဥပဒေမရှိရင် လုပ်ခစာသတ်မှတ်ချင်သလို သတ်မှတ်နေမှာဖြစ်ပြီး အလုပ်သမားတွေကို သွေးစုပ်နေအုံးမှာဖြစ်တယ်
လယ်ယာစိုက်ပျိုးရေးတွေမှာနေ့စားလုပ်ကိုင်နေကြတဲ့ သီးစား အလုပ်သမား အတွက်သင့်တင့်တဲ့အခကြေးငွေများကိုလဲပြင်ဆင်ပြဌာန်းပေးဖို့လိုတယ်။ ခုလိုကြားဖြတ်ရွေးကောက်ပွဲနီးတဲ့အချိန်မှာ တပ်မတော်သားများနဲ့ ၀န်ထမ်းများ ကိုခံစားခွင့်တိုးပေးတာကလဲ သံသယဖြစ်စရာဖြစ်တယ်။ အလုပ်သမားများနဲ့ တောင်သူလယ်သမားများရဲ့အကျိုးခံစားခွင့်ကို လျစ်လျူရှု ထားသလိုဖြစ်နေတယ်ဆိုတာကို အစိုးရမင်းများသတိပြုသင့်ပါတယ်ခင်ဗျား
သတင်းကောင်းတစ်ခုပါ။ ကြိုဆိုပါတယ်၊
ကျွန်တော်တို.နိုင်ငံမှာ တရားဥပဒေစနစ်ကောင်းဖို.လိုပါတယ်၊
လွတ်လပ်စွာပြောဆိုပိုင်ခွင်.၊ပြည်သူတွေအားလုံးရဲ.ယုံကြည်မူရှိဖို.ဒီထက်လုပ်ပြဖို.လိုပါသေးတယ်။
ကျွန်တော်တို.တတိုင်းပြည်မှာစားဝတ်နေရေးမပြေလည်နေသူတွေအမြောက်အ
မြားရှိနေပါတယ်။
လစာတွေ တိုးပေးတယ်ဆိုတာတော့ ဝမ်းသာစရာဖြစ်ပေမဲ့ ဝမ်းနဲစရာတခုမကကျန်နေသေးတယ် ဘာကြောင့်လဲဆိုရင် အထက်ဖားအောက်မကြည့်တတ်တဲ့ ဝန်ထမ်းအကျင့်ပျက်တွေက ဘယ်လူကြီးဘာအတွက် ဘယ်အငြိမ်းစား ပင်စင်စားတွေအတွက် ဆိုပြီး လက်ရှိတာဝန်ထမ်းဆောင်နေကြတဲ့ ဝန်ထမ်းတွေလစာဟာ ငဖားကောင်တွေ ဖြတ်တောက်နေတာတော့ ရင်နာစရာဖြစ်နေမလားပဲ .......ဧရာဝတီတိုင်း နဲ့  ဟင်္သာတ မှာပါ.........ပြင်ဆင်ပေးကြပါ
လစာတွေ တိုးပြီးပြီ ဆိုတော့ သန့်၇ှင်းသော အစိုး၇ ဖြစ်ဖို့ စလုပ်တော့မှာပေါ့နော် ... မြန်မြန် စကြပါဗျို့ ။ တိုင်းပြည် နာလှပါပြီ။ သမတကြီးနဲ့ ဦးေ၇ွှမန်း ကို အားကိုးပါတယ် ။
ကြံ့ဖွတ်နဲ့ ဦးေ၇ွှမန်း ဦးသိန်းစိန်တို့ကို ခွဲခြားပီးဘဲ မြင်တယ်။ ကြံ့ဖွတ်ဆိုတဲ့အဖွဲ့စည်းကတော့ ကမ္ဘာပေါ်မှာမ၇ှိတော့၇င် အကောင်းဆုံးဘဲ။ ။
မိုးထက်(မြိတ်)
ဝန်ထမ်းလစားတိုးမယ်ဆိုရင်ဝန်ထမ်းအတွက်တော့ကောင်းတာပေါ့ဒါပေမဲ့တိုးမယ်ဆိုရင်ဝန်ထမ်းအားလုံးကိုတိုးလိုက်ပါ..ဟိုဝန်ထမ်း ဒီဝန်ထမ်းဆိုရယ်လိုတော့မခွဲ
ခြားသင့်ဘူး...ဒါပေမဲ့ထောက်ပတ်ကြေးဆိုတော့မပေးချင်တဲ့အခါမပေးပဲ့ရတယ်
ဆိုတဲ့သဘောပေါ့ (၀န်ထမ်းများအတွက်)မိုးထက်...
ဦးရွှေမန်းကိုသွားအားမကိုးနဲ့ သူတရုတ်ပြည်က ပြန်လာမှ တရုတ်စီမံကိန်းတိုးလာသလို မြစ်ဆုံပြန်စ ဘို့စကားထွက်လာတယ်။ပြည်သူကို နားလှည် ပါးမကိုက်ပါနဲ့။မီးစတဘက်ေ၇မှုတ်တဘက်။ပြည်သူကိုလခတိုးပေးပြီး ကုန်ဈေးနှန်းကို ဘယ်လိုထိန်းမလဲ ကြည့်ရအုံးမယ်။မြန်မာ ပြည်မှာ လစာတိုးတာ ၁၀ ခါရှိပြီး။ဆင်းရဲတွင်းက မတက်နိုင်သေးဘူး။သေချာတာ က လစာတိုးးတာ ကုန်သည်တွေပို ပြီးတိုးတယ်။စီးပွားရေး
လစာတိုးတာမဟုတ်ဘူး--ထောက်ပံ့ကြေးပေးတာလေ--အချိန်မေ၇ွးပြန်ရုတ်သိမ်းလို.၇တယ်--
ဘွဲ့ရအလုပ်လက်မဲ့တွေအတွက်လဲစဉ်းစားပေးကြပါအုံး အဆက်အပိုင်းမရှိတဲ့လူတွေကအရည်အချင်းတွေရှိနေပေမဲ့ အဆက်အပိုင်းမရှိတဲ့အတွက်အလုပ်ဝင်လို့မရဘူးဖြစ်နေတယ်..ကြာလာရင်ရှိတဲ့ညဏ်အ၇ည်အချင်းတွေပါတုံးသွားနိုင်တယ်။
what is the differences between military people and other staff of government. They all serving for our contry in their role. why Shwe Man? Your group want to get votes from military people,is that right?
ကုန်ဈေးနှုန်းတွေတက်လာရင် ဘာလုပ်ပေး မှာလဲ ။
ကျွန်တော် တူမလေးတယောက်၂၀၀၆ လောက်ကကုမ်ပဏီ တခုမှာသွင်းပေးဘူးတယ် ။ တလ ၃၀၀၀၀/ ရတယ် ။ အထက်တန်းပြဆရာမမှ ၁၃၀၀၀/ကျော်ဘဲရတဲ.ခောတ်....မကြာဘူး လစာတွေတိုးတော.အထက်တန်းပြ က ၄၅၀၀၀/ ကုမ်ပဏီဝန်ထမ်းက ၃၀၀၀၀/ ဘဲ ။ အိမ်သွားရင် ရေတောင်မတိုက်တော.ဘူးဗျာ ၊အဲဒီလိုလဲဖြစ်နေပါအုန်းမယ် ။
ကိုမင်းမြတ်ရေးသွားတဲ့ Comment လေး ဖတ်လိုက်ရပါတယ် ..
အစိုးရ၀န်ထမ်းနဲ့စစ်မှုထမ်းဘာကြောင့်ကွာခြားနေရတာလဲ၊ ၀န်ထမ်းတွေရဲ့ အနိမ့်ဆုံးလစာနဲ့အတူသာမန်တပ်မတော်သားတွေရဲ့လစာအတူတူပဲဖြစ်သင့်တဲ့ အပြင်အပိုထောက်ပံ့ကြေးပေးမယ်ဆိုရင်လဲ သင့်လျော်တဲ့ငွေကြေးအတူတူဖြစ် သင့်ပါတယ်။ တပ်မတော်သားမှ စားဝတ်နေရေးမပြေလည်တာမဟုတ်ပါဘူး၊ အစိုးရ၀န်ထမ်းလုပ်သူများလဲ အပြင်မှာ အခြားလုပ်ငန်းလုပ်ကိုင်လို့မရပါ။ အပိုထောက်ပံ့ငွေ တပ်မတော်သားအတွက်ကျပ်သုံးသောင်းနဲ့ ၀န်ထမ်းအတွက် ၁၀၀၀ ဆိုတာကတော့ကွာခြားလွန်းပါတယ်
ဟုတ်ကဲ့အကို .. အကိုအနေနဲ့ အစိုးရ၀န်ထမ်းတွေ နစ်နာတယ် ထင်လို့ ပြောတယ်ထင်လို့ ကျွန်တော် အခုလို ပြန်ရေးဖြစ်တာပါ .. ဒါမှမဟုတ် .. စစ်အစိုးရဆိုတာကို ကြည့်မရလို့ ရေးတယ် ဆိုရင်တော့ အခု ကွန့်မန့်ကို မရေးဖူးလို့ပဲ သတ်မှတ်ပေးပါခင်ဗျာ .. ဒီမိုကရေစီနိုင်ငံ ဖြစ်တဲ့ အတွက် ဒီမိုကရေစီ အတိုင်းအတာ နဲ့ပဲပြောပါမယ်ခင်ဗျာ .. အများစု အထင်ကြီး လေးစားနေတဲ့ ဒီမိုကရေစီ ဘိုးအေကြီး အမေရိကန်နိုင်ငံမှာတောင် တပ်မတော်နဲ့ တစ်ခြားဝန်ထမ်းတွေနဲ့ ပေးတဲ့ ရပိုင်ခွင့် လစာ ခံစားခွင့်တွေ
မတူပါဘူးခင်ဗျာ .. ရိုးရိုးလေးပဲ တွေးလို့ ရပါတယ် .. တပ်မတော်သားနဲ့ အရပ်ဖက်ဝန်ထမ်းနဲ့ မတူပါဘူး .. ဘာလို့လည်းဆိုတော့ တပ်မတော်သားသည် တပ်မတော်အတွင်း ၀င်ထဲက အသက်ကို ပေးခဲ့ရပြီး ဖြစ်ပါတယ် .. သူ၏အလုပ်သည် နိုင်ငံတော်ကို ကာကွယ်ဖို့ နိုင်ငံတော်၏ အချုပ်အချာအာဏာကို ထိပါးလာပါက အသက်ကိုပင်ပေးပြီး ကာကွယ်ရမှာ ဖြစ်ပါတယ် .. အရပ်ဖက်ဝန်ထမ်းသည် .. မည်သူမှ အသက်ကို ပေးပြီး တာဝန်ထမ်းဆောင်ရပါမည်ဟု ကတိက၀တ်ပြုပြီး ၀င်ရောက်ခဲ့သည်မဟုတ်ပါ .. ယခု နိုင်ငံဝန်ထမ်းမဖြစ်မနေလုပ်ရမည် .. အရပ်ဖက်ဝန်ထမ်းနှင့် တပ်မတော်သားအဖြစ် ဘယ်ကို ပိုပြီးတော့ ၀င်ရောက်တာဝန်ယူမည်ဆိုသည်ကို စဉ်းစားကြည့်နိုင်ပါသည် .. ဘာ့ကြောင့်ဆိုတာကိုတော့ အကိုရိုးရိုးလေးပဲ စဉ်းစားစေချင်ပါတယ် .. တစ်နေ့မှာ စစ်မှုမထမ်းမနေရ ဥပဒေ ပေါ်ပေါက်လာခဲ့မယ် ဆိုရင်တော့ အကိုကိုယ်တိုင် တပ်မတော်တွင် အမှုထမ်းဖူးခဲ့မယ်ဆိုရင် တပ်မတော်သားတွေရဲ့ ဘ၀ကို အကိုပိုပြီးစာနာ နားလည်နိုင်ပါလိမ့်မယ်လို့ ထင်ပါတယ် .. မှားနေပါတယ်ဆိုရင် ထောက်ပြ ဆွေးနွေးနိုင်ပါတယ် .. ဧရာဝတီသား ..
လစာတွေ တိုးတော့ ကုန်ဈေးနှုန်းကိုတစ်စေချင်တယ့်သဘောလားကွယ်.......
လစာတွေတော့တိုးလိုက်ပြန်ပြီပုံစံတစ်မျိုးနဲ.။ဒါပေမဲ့အချို.၀န်ထမ်းတွေကတော့
မလောက်သေးဘူးထင်ပါရဲ့လွန်ခဲ့ပြီးအချိန်တုန်းကလိုအာဏာနဲ့လုပ်ပိုင်ခွင့်ဆိုတာ
တွေကိုဆုပ်ကိုင်ပြီးလဒ်စားတုန်၊ပြည်သူကိုနိုပ်ကွပ်တုန်းပါဘဲ။
၎င်းအမိန့်ကြော်ငြာစာကိုဖတ်ရတာ ကျွှန်တော်နားလည်တာတော့ တပ်မတော်သားတွေတင်မကပါဘူး၊နိုင်ငံ့ဝန်ထမ်းအားလုံးကိုအပိုထောက်ပံ့ကြေးပေးတယ်လို့နားလည်ပါတယ်။တစ်နေ့တစ်ထောင်တိုးပေးတယ်ဆိုတာ နေ့စားအလုပ်သမားတွေအတွက်လို့နားလည်ပါတယ်။ဟုတ်လားတော့မသိဘူး။သို့သော်ဘာဘဲဖြစ်ဖြစ် တစ်လ၀င်ငွေ သုံးသောင်းလောက်တိုးလာရင်တော့ ကုန်ဈေးနှုန်းတက်ရင်တောင် အနည်းငယ်တော့ခံသာမယ်လို့မျှော်လင့်ရပါတယ်။ဒါပေမဲ့ ကုန်ဈေးနှုန်းတက်လာရင် ၄င်းကိုကာမိအောင်တော့ အခါအားလျော်စွာ လစာများမသိမသာတိုးပေးသွားရင် ကုန်ဈေးနှုန်းရဲ့ဒါဏ်ကို သိတ်မခံရတော့ဘူးပေါ့။သို့သော်လည်းအထက်ကညီနောင်များဆွေးနွေးထားသလို အမှန်တကယ်မလိုအပ်တဲ့ဝန်ထမ်းတွေကိုတော့စိစစ်ပြီး အင်အားလျှော့တန်တာလျှော့ဘို့တော့လိုမယ်ထင်ပါတယ်။လစာများကိုတစ်ကြိမ်တည်းနဲ့ အဆများစွာတိုးပေးလိုက်ရင်တော့ကုန်ဈေးနှုန်းကလန့်ပြီးလိုက်တက်တတ်ပါတယ်။ဒါ့ကြောင့် မသိမသာ နည်းနည်းစီ တိုးပေးသွားတဲ့နည်းက ပိုကောင်းမယ်လို့ထင်ပါတယ်။သို့သော် ၀န်ထမ်းတစ်ဦးအတွက် မရှိမဖြစ်ပေးဘို့လိုအပ်တဲ့ အနိမ့်ဆုံးလစာ ဆိုတာကိုတော့ နိုင်ငံတော်ရဲ့စီးပွားရေးအခြေအနေကောင်းလာရင် သတ်မှတ်ပေးသင့်ပါတယ်။
လစာတိုးတာနိုင်ငံခြားေ၇ာက်နေတဲ.ပညာသင်တွေမပါဘူးဆို
အဲဒါဟုတ်သလားမသိဘူးနော် သေချာတဲ.သတင်းလေးသိချင်တယ်
တင်ပေးပါဦး နိုင်ငံခြားမှာမြန်မာနိုင်ငံက၀န်ထမ်းလစာဘယ်လောက်လဲမေးရင်ဖြေ၇တာ အ၇မ်းမျက်နှာငယ်လို.အမှန်တိုင်းဘယ်တော.မှမဖြေဖြစ်ခဲ.ဘူး နိုင်ငံသိက္ခာကိုထောက်ပြီး သင်.တော်တဲ.လစာနှုန်းကိုပဲဖြေပေးခဲ.တယ်
ဒါပေမယ်.အခု သုံးသောင်းလေးတိုးတာတောင် နိုင်ငံခြားေ၇ာက်နေတဲ.သူတွေမပါဘူးဆို၇င်တော... ....
လစာတိုးတာနိုင်ငံခြားေ၇ာက်နေတဲ.ပညာသင်တွေမပါဘူးဆို
အဲဒါဟုတ်သလားမသိဘူးနော် သေချာတဲ.သတင်းလေးသိချင်တယ်
တင်ပေးပါဦး နိုင်ငံခြားမှာမြန်မာနိုင်ငံက၀န်ထမ်းလစာဘယ်လောက်လဲမေးရင်ဖြေ၇တာ အ၇မ်းမျက်နှာငယ်လို.အမှန်တိုင်းဘယ်တော.မှမဖြေဖြစ်ခဲ.ဘူး နိုင်ငံသိက္ခာကိုထောက်ပြီး သင်.တော်တဲ.လစာနှုန်းကိုပဲဖြေပေးခဲ.တယ်
ဒါပေမယ်.အခု သုံးသောင်းလေးတိုးတာတောင် နိုင်ငံခြားေ၇ာက်နေတဲ.သူတွေမပါဘူးဆို၇င်တော... ....
။news --- 11 months ago;; လစာတွေမတိုးမှာတော.မပူနဲ.။ ပြည်သူတွေက မတိုးပါနဲ.ဆိုရင်တောင်တိုးမှာ ၊ ငါတို.လွှတ်တော်ထဲမှာ လစာ ၃၀၀၀၀၀/ ၃ သိန်းနဲ.မလောက်ကြလို.ပူညံပူညံ ဖြစ်နေလို.၁ နှစ်အတွင်းဖြစ်အောင်တိုးပေးပါ.မယ်ပြောပြီးထိန်းထားရတယ် ။(လွှတ်တော်အမတ်တဦး ပြောစကား) 11 months ago. -----ပြည်သူတွေ ၃ သောင်းတိုး ၊အမတ်တွေ ၁ သိန်း ၂သိန်း တိုး --ဆိုပြီး စီစဉ်ထားတာ ၊ လစာမတိုးခင်တောင် လွှတ်တော်အမတ်တွေ ခံစားခွင်.ကသိန်းဂဏန်း ၇လိုက်ပြီ
အခု ထောက်ပံကြေးပေးတယ်ဆိုတာ ၀န်ထမ်း(ကြည်း၊ရေ၊လေ)(တပ်မတော်သား)များသာမဟုတ်ပါဘူး။ အားလုံးသော တိုင်းပြည်တာဝန်ထမ်းနေသော ၀န်ထမ်းအားလုံးကိုဆိုလိုတာပါ။ သေချာနားလည်အောင် ဖတ်သင့်ပါတယ်။ ရေးတဲ့သူကလည်းTransparency (ရှင်းလင်းမြင်သာ)ဖြစ်အောင် ရေးသင့်ပါတယ်။ နေ့စားဝန်ထမ်းအားလုံးကိုလည်း တစ်ရက်ကို(၁၀၀၀)ထပ်ဆောင်းပေးတာဖြစ်တဲ့အတွက် ခံစားခွင့်ထပ်တူ ဖြစ်တယ်လို့ စဉ်းစားလို့ရပါတယ်။
နောက်တစ်ခုက စစ်အာဏာရှင်စနစ်ဆိုပီး မလိုလားခဲ့ကြတာမှန်ပေမယ့်၊ တပ်မတော်သားအများစုဟာ သနားဖို့ကောင်းပါတယ်။ သိပ်လည်းပင်ပန်းပါတယ်။ မိမိတို့မှာ ရောင့်ရဲတတ်ရင် နေစရာ၊ စားစရာအဆင်ပြေနေတဲ့အချိန်မှာ တောထဲမှာ တွေ့ရာအသီးအရွက်ခူးစား၊ ရေတစ်လကိုးသလင်းမချိုးရနဲ့ အသက်စွန့်နေရတဲ့သူတွေအများကြီးပါ။
(မတစ်ထောင်သားတွေဖြစ်လို့ အားလုံးကတော့ခြောက်ပစ်ကင်းသဲလဲစင် ဖြစ်မှာမဟုတ်ပါဘူး။ သူ့အားနည်း ချက်ဆိုတာတော့နေရာတိုင်းမှာရှိပါတယ်။)
ဘွဲ့ရတွေဘာလုပ်နေလည်း အားလုံးတိုင်းပြည်တာဝန်ထမ်းဖို့ စစ်ထဲဝင်ဆို ပြေးပုန်းမယ့်သူတစ်ပုံကြီးပါ။ ဥပမာပြောရရင်။ ။လွပ်လပ်ရေးကိုပူးပေါင်းရယူတာလည်း မြန်မာတိုင်းရင်းသားတွေပဲ(အားလုံးသော တိုင်းရင်းသားများ) ဗိုလ်ချုပ်တို့ကိုလုပ်ကြံတာလည်း မြန်မာတွေပဲနော်။ အဲတာကို သတိပြုဆင်ခြင်ဖို့ကောင်းပါတယ်။ အချင်းချင်းအပြစ်မြင်သံသယမကင်းကြပဲ တစ်ဖက်တစ်ဖက်ပုတ်ခတ်နေ လို့ကတော့ ဒီထက်တိုးတက်ဖို့မစဉ်းစားနဲ့။ ဆုတ်ယုတ်မှာအသေအချာပါပဲ။ ကိုယ်မလုပ်နိုင်တာကို သူကလုပ်တယ်။ သူမလုပ်နိုင်တာကို ငါတို့က ၀ိုင်းဝန်းကူညီမယ်ဆိုရင် နှစ်ဘက်အကျိုးကျေးဇူးရှိမယ့် Win-Win Strategy ပါ။ ဗိုလ်ချုပ်ကိုအတုယူရရင် ကောင်းတာမှန်သမျှသူလက်ခံခဲ့တယ်၊ မကောင်းတာကို သူပယ်ခဲ့တယ်။ လူတစ်ယောက်ကိုလေးစားရင်သူ့အကြောင်းကိုပြောပီးဦးညွှတ်ကြယုံနဲ့မဟုတ်ဘူး။ လိုက်နာနိုင်ဖို့အရေးကြီး ပါတယ်။
စည်းလုံးခြင်း၊ နားလည်လေးစားခြင်း၊ မိမိကိုယ်ကိုယ်တိုးတက်အောင်ကြိုးစားရင်း အောင်မြင်ချမ်းသာကြပါစေ။
ဘယ်လိုပဲဖြစ်ဖြစ်အနည်းငယ်တော့လောလောဆယ်အသက်ရှု
ချောင်သွားတာပေါ့..အလုပ်သစ်တွေရှာဖွေပြီးအလုပ်လက်မဲ့တွေအတွက်စီစဉ်ပေးနိင်ရင်တော့..ပိုကောင်းတာပေါ့.positive way.
လို့ပဲမြင်မိပါတယ်..တိုင်းပြည်အတွက်လုပ်စရာတွေကတော့အများ
ကြီးကျန်နေသေးတယ်
Post a Comment