ဒေါ်အောင်ဆန်းစုကြည် သတင်းစာရှင်းလင်းပွဲ ကောက်နှုတ်ချက်

ရန်ကုန်၊ မတ်- ၃၀
ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့ နံနက် ၉ နာရီမှ စတင်ကာ သူမ၏ ခြံဝင်းအတွင်းတွင် ပြည်တွင်းပြည်ပ သတင်းထောက်များကို သတင်းစာရှင်းလင်းပွဲတစ်ရပ်ပြုလုပ်လျက်ရှိသည်။

သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်တစ်ယောက်၏ ကျန်းမာရေးအခြေအနေမေးမြန်းမှုကို
"သိပ်ပြီးနေမကောင်းသေးပါဘူး။ ဒါပေမဲ့ မေးခွန်းတွေမဖြေချင်ရင် ချက်ချင်းပဲဖျားပစ်လိုက်မှာပေါ့" ဟု ရယ်မောကာပြောဆိုခဲ့သည်။

သူမ၏ သတင်းစာရှင်းလင်းပွဲသို့ ပြည်တွင်း၊ ပြည်ပသတင်းထောက် ၃၀၀ ကျော် တက်ရောက်လျက်ရှိသည်။ ယခုအချိန်ထိ မေးမြန်းသမျှ မေးခွန်းများကို ပြန်လည်ဖြေကြားလျက်ရှိသည်။
"လွှတ်တော်ထဲမှာ အသံတစ်သံကတောင် တစ်ကမ္ဘာလုံးကို ပြန့်နိုင်ပါတယ်..။လူထုအသံကို တစ်ကမ္ဘာလုံးက ကြားနိုင်အောင် ကြိုးစားသွားမယ်.ဟု သတင်းထောက်တစ်ဦး၏ အမေးကို ဒေါ်အောင်ဆန်းစုကြည်က ဖြေကြားခဲ့သည်။ ယခု ၁၀ နာရီ၂၁ မိနစ်အထိ သတင်းထောက်များ၏ မေးမြန်းမှုကို ပြန်လည်ဖြေကြားလျက်ရှိသည်။
"ကြိုတင်မဲစာရင်းတွေကို ကော်မရှင်က ကြေညာပေးသင့်တယ်။ ထုတ်ပြန်နိုင်တဲ့ အနေအထားမျိုးရှိတယ်လို့လည်းထင်တယ်။ ကြိုတင်မဲကိစ္စက ကျွန်မတို့ ခဏခဏပြောနေရတဲ့ကိစ္စပဲ"ဟု ဒေါ်အောင်ဆန်းစုကြည်က သတင်းထောက်တစ်ဦး၏အမေးကိုဖြေကြားခဲ့သည်။ မေးခွန်းများကို ယခုအချိန်ထိဆက်လက်ဖြေကြားလျက်ရှိသည်။
 တနင်္ဂနွေနေ့တွင်ကျင်းပတော့မည့် ကြားဖြတ်ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနေနှင့် ဘယ်လောက်အထိ အနိုင်ရမည်ဟုမျှော်မှန်းထားပါသလဲ ဟုမေးမြန်းမှုကို “ကျွန်မတို့ အနေနဲ့ များနိုင်သမျှများများ အနိုင်ရလိမ့်မယ်လို့ မျှော်မှန်းထားပါတယ်” ဟု ဖြေကြားခဲ့သည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ကြားဖြတ်ရွေးကောက်ပွဲတွင် မဲဆန္ဒနယ် ၄၄နေရာတွင် ပါဝင်ယှဉ်ပြိုင်မည်ဖြစ်သည်။


ယနေ့နံနက်ကကျင်းပသော သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်တစ်ဦးက ကချင်ပြည်နယ်မြောက်ပိုင်းတွင် ဖြစ်ပွားနေသောပြဿနာများကို ယခုတိုင်မဖြေရှင်းနိုင်သေးသည်လဲဆိုသည့်မေးခွန်း မေးမြန်းရာ ဒေါ်အောင်ဆန်းစုကြည်က “ကျွန်မမှာသာ မြန်မာနိုင်ငံမြောက်ပိုင်းက ကိစ္စတွေကိုဘယ်လိုဖြေရှင်းနိုင်မလဲဆိုတဲ့အဖြေရှိရင် ချက်ချင်းပေးမှာဖြစ်ပါတယ်။ အခြေခံအားဖြင့်တော့ ယုံကြည်ချက်အားနည်းနေလို့ဘဲ ဖြစ်တယ်။ တိုင်းရင်းသားတွေကြားမှာ ညီညွှတ်မှု့ရှိဖို့၊လေးစားမှု့ရှိဖို့ဆိုရင် တစ်ဦးကိုတစ်ဦးလေးစားဖို့လိုတယ်။ အခြေခံပင်လုံစိတ်ဓာတ်မွေးမြူဖို့လိုတယ်” ဟုဖြေကြားခဲ့သည်။
ကျန်းမာရေးကြောင့် နေအိမ်တွင် ရက်အနည်းငယ်အနားယူခဲ့ရသော ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့နံနက်(၃၀-၃-၂၀၁၂)တွင်ပြုလုပ်သောသတင်းစာရှင်းလင်းပွဲ၌ သတင်းထောက်များ၏ မေးခွန်းများကို တစ်နာရီကျော်ကြာ ဆက်တိုက်ဖြေကြားခဲ့ရသဖြင့် အနည်းငယ်ပင်ပန်းနွမ်းနယ်နေပုံရသော်လည်း ကော့မှူးမြို့သို့ ဧပြီ(၁)ရက်နေ့တွင် သွားရောက်ကြည့်ရှုနိုင်ရန် ရန်ကုန်မြို့မှ မတ်လ၃၁ရက်နေ့ကတည်းကထွက်ခွာပြီး ၀ါးသိင်္ခရွာတွင် ညအိပ်မည်ဖြစ်သည်။ (ဓာတ်ပုံ-ဂျေမောင်မောင်၊အမရပူရ)


ယနေ့နံနက်(၃၀-၃-၂၀၁၂) က ဒေါ်အောင်ဆန်းစုကြည်၏နေအိမ် ခြံအမှတ်(၅၄)တွင်ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲတွင် သူမနှင့်ပြည်တွင်းပြည်ပသတင်းထောက်များကိုတွေ့ရစဉ်။ (ဓာတ်ပုံ-ဂျေမောင်မောင်၊အမရပူရ)
စစ်ကိုင်းတိုင်းနှင့်မကွေးတိုင်းဒေသကြီးတို့တွင်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အောင်နိုင်ရေးအတွက် သွားရောက်ဖျော်ဖြေသည့် အနုပညာရှင်များသည် ယနေ့နံနက်တွင်ဖျော်ဖြေရမည့် ပခုက္ကူမြို့တွင် ခွင့်ပြုချက်မရသဖြင့် ရန်ကုန်သို့ယနေ့နံနက်ကပြန်လည်ရောက်ရှိလာကြသည်။ ယနေ့နံနက်ကျင်းပသော ဒေါ်အောင်ဆန်းစုကြည်၏သတင်းစာရှင်းလင်းပွဲသို့ ခရီးမှအပြန် တိုက်ရိုက်လာရောက်ခဲ့ကြသည်။ ဒါရိုက်တာဝိုင်း၊လူမင်း၊သျှီ၊ဝေဠုကျော်၊အနဂ္ဂ၊သံသာဝင်း၊ရဲတိုက်၊အာဇာနည် စသည့် အနုပညာရှင်များသည် မတ်လ ၂၈ရက်ညနေက စစ်ကိုင်းမြို့သဲသောင်ပြင်တွင်ဖျော်ဖြေခဲ့ပြီး မတ်၂၉ရက်တွင် ပုလဲမြို့တွင် ဖျော်ဖြေခဲ့ပြီး “ဒီလိုလေးခြစ်တတ်ရင်ရပြီ ” မဲပေးသည့်ပညာပေးဇာတ်လမ်းတိုကို ပြဇာတ်အနေနှင့်ပြသခဲ့သည်။
 7Day News Journal
ဒေါ်အောင်ဆန်းစုကြည် သတင်းစာရှင်းလင်းပွဲ ကောက်နှုတ်ချက် ဒေါ်အောင်ဆန်းစုကြည် သတင်းစာရှင်းလင်းပွဲ ကောက်နှုတ်ချက် Reviewed by သစ်ထူးလွင် on 14:15 Rating: 5

9 comments:

NyiNyiLatt said...

နေရာအားလုံး နိုင်ပါစေကြောင်း ဆုမွန်တောင်းပါသည်

aungaungmoe said...

အမေရေ ကျန်းမာရေးတော.ဂရုစိုက်ပါ၊ အမေအင်အား ရှိမှ တိုင်းပြည်အင်အား ရှိမှာ။

Anonymous said...

နေရာအားလုံးနိုင်ဖို့ ကတော့ ဗေဒင်မေးစရာမလိုဘူး လုံးဝလွတ်လပ်ပြီး တရားမျှတတယ်ဆိုရင်တော့ သေချာပေါက်နိုင်ပါတယ် . .ကလိမ်ကကျစ် မလုပ်ထားဘူးဆိုရင်ပေါ့ . . . စည်းရုံးရေးခရီးစဉ်ကို ကြည့်ရင် အဖြေက ထွက်ပြီးသားပါ . . အဲဒီ့  result ပေါ်မှာ ဘယ်လို အဖြေထွက်မလဲဆိုတာကိုသာ ပြည်ပက လာရောက်စောင့်ကြည့်နေတာပါ . . .

purewhite said...

အမေ ကျန်းမာပါစေ။ ပြည်သူ့ရင်ထဲမှာတော့ အမေတို့ပါတီက နိုင်ပြီးသားပါအမေ။ ပြည်သူတစ်ဦးချင်းစီကလည်း ကိုယ့်အသိစိတ်နဲ့ တတ်နိုင်သလောက်ကြိုးစားနေကြပါတယ်။

gemuk said...

ပထမခြေလှမ်းက အေ၇းကြီးပေမယ့်  ကျန်းမာေ၇းကိုအထူးဂရုစိုက်စေချင်ပါတယ် အမေ

nayzaw said...

မညစ်ရင်နိုင်မှာပါ။

me: me: said...

တရား နတ်စောင့်မှာပါ။ ပြည်သူတွေရဲ့အဇ္ဇတ္တမှာ အမေတို့ပါတီကိုလှိုက်လှိုက် လှဲလှဲအားပေးနေပါတယ်။

me: me: said...

တရား နတ်စောင့်မှာပါ။ ပြည်သူတွေရဲ့အဇ္ဇတ္တမှာတော NLD ကိုလှိုက်လှိုက် လှဲလှဲအားပေးရင်း ပါတီအောင်နိုင်ရေးအတွက် အုပ်တစ်ချပ်သဲတစ်ပွင့် အားပေး လျှက်။

tertee said...

နေရာအားလုံး..အဆင်ပြေနေတာ..
မကွေးတိုင်းကျမှဘဲ ကဖျက်ယဖျက် တွေ တွေ.နေရတယ်...
သဘောထားသေးသိမ်ညံ့ဖျင်းလှချေလား..မကွေး တာဝန်ရှိတွေရယ်

Powered by Blogger.