နာမည်ကြီး အနုပညာရှင်တွေ ပြင်ဦးလွင်မှာ အန်အယ်ဒီ အတွက် မဲဆွယ် (ရုပ်/သံ)

ဧပြီလ ၁ ရက်နေ့ ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် နာမည်ကြီးအနုပညာရှင်တွေ စုပေါင်းပြီး သူတို့ရဲ့အနုပညာနဲ့ ပြင်ဦးလွင်မြို့နယ်က ပြည်သူလူထုကို ဖျော်ဖြေရင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အတွက် မဲဆွယ်စည်းရုံးရေး ပြုလုပ်သွားခဲ့ပါတယ်။
 ပြင်ဦးလွင်မြို့နယ်မှာ ၀င်ရောက် ယှဉ်ပြိုင် အရွေးခံမယ့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဦးကျော်သီဟကို ဒေသခံတွေ မဲထည့်ပေးကြဖို့ သူတို့က တိုက်တွန်းခဲ့ကြပါတယ်။ 
ပရိသတ် ၂၀၀၀၀ သောင်းကျော် တက်ရောက်လာတဲ ဒီပွဲမှာ ဒါရိုက်တာဝိုင်း ၊ လူမင်း ၊ ဝေဠုကျော် ၊ ရဲတိုက် ၊ ထွန်းအိန္ဒြာဗိုလ် ၊ ချစ်သုဝေ တို့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို မဲပေးကြဖို့ ရိုက်ကူးထုတ်လွှင့်ထားတဲ့ ဒီလိုလေးခြစ်တက်ရင်ရပြီ ဆိုတဲ့ ပြဇတ်ကို ခင်းကျင်းပြသခဲ့သလို ဆောင်းဦးလှိုင် ၊ မာရဇ္ဇ ၊ အာဇာနည် ၊ အနဂ္ဂ ၊ လင်းလင်း ၊ သံသာဝင်း ၊ ကဗျာဘွဲ့မှူး စတဲ့နာမည်ကြီးအဆိုတော်တွေကလည်း သူတို့ရဲ့သံစဉ်တွေနဲ့ သီဆိုဖျော်ဖြေ သွားခဲ့ ကြတာပါ။
ဘားမားဗီဂျေ 
 
နာမည်ကြီး အနုပညာရှင်တွေ ပြင်ဦးလွင်မှာ အန်အယ်ဒီ အတွက် မဲဆွယ် (ရုပ်/သံ) နာမည်ကြီး အနုပညာရှင်တွေ ပြင်ဦးလွင်မှာ အန်အယ်ဒီ အတွက် မဲဆွယ် (ရုပ်/သံ) Reviewed by သစ်ထူးလွင် on 20:01 Rating: 5

13 comments:

TT9 said...

that great!!! and Thank you very much for all

Anonymous said...

ကြည့်ရတာမျက်လုံးအေးလိုက်တာ
ဒီလိုလေးအမေစုကိုကူညီပံ့ပိုးပေးလိုက်တာနဲ့ပြည်သူကို
ကျေးဇူးဆပ်တာနဲ့ထပ်တူကြပါတယ်။
တိုင်းပြည်မှာအမှန်တကယ်လိုအပ်နေတဲ့ခေါင်းဆောင်ကောင်းတဦးကို
ပြည်သူအပါဝင်လက်ရှိအစိုးရအဖွဲ့အနေနဲ့လည်းကြိုဆိုသင့်ပါတယ်။
ချီးမြင့်ထိုက်သူတော်တဲ့သူကိုရှေ့တန်းတင်တာ
မင်္ဂလာတပါးပါ။

ko htoo said...

အနုပညာရှင်များကို လေးစားပါကြောင်း၊ ကျေးဇူးတင်လှပါကြောင်း...

noung said...

ဒီလိုသတ္တိရှိရှိ ရဲရဲဝံ့ဝံ့ ပြည်သူရှေ့ကို ကိုယ့်ရဲ့ ဆန္ဒအမှန်ကို ပွင့်ပွင့်လင်းလင်းတင်ပြရဲတဲ့ သရုပ်ဆောင် အဆိုတော်အားလုံး ကိုလေးစားဂုဏ်ယူလိုမဆုံးပါဗျာ ဒါလုပ်သင့်တဲ့အလုပ်ဘဲ တချို့ကသိတယ် ဒါပေမဲ့ မရဲကြဘူးဗျ ။သူတိုတွေကိုလည်း အပြစ်တော့မပြောဘူး အကြံတခုတော့ပေးချင်တယ် ။ ဒီအချိန်ကြောက်နေရင် အကိုတိုအမတို ကိုအားပေးနေတဲ့ ပြည်သူတွေက ဘာလုပ်လိုလုပ်ရမှန်းမသိဖြစ်နေတယ် လမ်းပြပေးကြပါအုံးလို့

dingyi said...

အခုပါဝင်လာကြတဲ့ အနုပညာရှင်တွေကို တကယ်ပဲလေးစားတယ်ဗျာ
လောကအကျိုး ပြည်သူ့အကျိုးကို ဆထက်ထမ်းပိုးနိုင်ပါစေ

Myanmar said...

အဲဒိနေ့ကို ကြိုတင်ပီ မျှော်လင့်နေတာ ကြာပါပီ ရ ရမယ်လို့ ခံယူတယ်

ေ၇ာသမမွှေ said...

thanks ,all of you, well done.

nyi nyi naung said...

လေးစားပါတယ်ဗျာ အနုပညာရှင်တွေကို အားပေးတယ် အကိုတို့အမတို့ကို ကျေးဇူးပဲ အမေစုကို ကူညီပေးလို့

tuntun said...

ဒါမှဒီမိုကရေစီအနှစ်သာရ၊ရုပ်ရှင်အနုပညာရှင်အစ်ကိုတို့၊အမတို့ကိုလေးစားပါတယ်ဗျာ.......... NLD ကိုမဲပေးကြစို့

mma said...

Good News , Golden Myanmar !

Shwe Mg said...

ငါ့အကိုတွေ...ငါ့အမတွေလည်း အမေနဲ့နည်းတူ ပင်ပန်းနေကြပြီဆိုတာ...ပြည်သူတွေအားလုံးသိပါတယ်...ပင်ပန်းတဲ့နည်းတူ...အရင်ကထက် လည်း ဒီအနုပညာရှင်တွေကို ပိုလည်းလေးစားတယ်..ပိုလို့လည်း အချစ်တိုးလာပါတယ်လို့...ပြည်သူ့မျက်လုံး၊ ပြည်သူ့နား ဖြစ်တဲ့ သစ်ထူးလွင် ဆိုဒ်ကနေပြီး...ပြောကြားလိုပါတယ်...လူလက်တန်းစားမရွေး ချမ်းသာဖို့.......NLD ကိုမဲပေးစို့

Thunder said...

လူထုကို အကြောက်တရားမရှိဖို့
ကိုယ်တိုင် အမှန်တရားကို မြတ်နိုးပြီး
လမ်းညွှန်ပေးနိုင်တဲ့ အနုပညာရှင်အပေါင်းကို
အများကြီး လေးစားပါတယ်။

shwe War said...

Thank you so much to you all.

Powered by Blogger.