ဟင်္သာတမြို့နယ်မှာ ပညာရေးတာဝန်ရှိသူတွေက ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသား သမဂ္ဂများအဖွဲ့ချုပ် (ဟင်္သာတ) အဖွဲ့ဝင် ကျောင်းသား ၈ ဦးကို စစ်မေးနေတယ်လို့ ဟင်္သတာ ဗကသ ဥက္ကဋ္ဌ ကိုသန့်ဇင်က ပြောပါတယ်။
“ဟင်္သာတတက္ကသိုလ်က ကျောင်းသားတွေကို ဒီနေ့ အဆင့်မြင့်ပညာဦးစီးဌာနက လာတဲ့ အဖွဲ့တွေက ခေါ်တွေ့တယ်ပေါ့။ ကျောင်းအုပ်ကြီးက တဆင့် ဟင်္သာတ တက္ကသိုလ်ထဲက ကလေးတွေချည်းပဲ သီးသန့်ခေါ်ပြီး စစ်ဆေးတယ်။ အခု ကျနော်တို့လည်း ကျောင်းရှေ့မှာ အခုလောလောဆယ် ရှိနေတယ်။ ဖိအားပေး အင်အားသုံးတဲ့ ခြိမ်းခြောက်တဲ့ စကားမျိုးတော့ မပြောဘဲနဲ့ ပညာရေးကို ထိခိုက်နိုင်တယ်၊ ပညာရေးကို အနှောင့်အယှက် ဖြစ်နိုင်တယ် ဆိုတဲ့ ဟာမျိုးနဲ့ပေါ့။ သူတို့က လူမှုရေးနဲ့ အဲဒီလိုမျိုး ဝင်တာပေါ့။ မိဘတွေကတော့ နားမလည်တဲ့အခါကျတော့ အခု ကျနော်တို့မြို့မှာတော့ အထိတ်တလန့်တော့ ဖြစ်သွားတာပေါ့။”
အဆင့်မြင့်ပညာဦးစီးဌာနက ဒု – ညွှန်ချုပ် ဒေါက်တာမျိုးသိန်းနဲ့ ဟင်္သာတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာစံလင်းတို့က ကျောင်းသူ ကျောင်းသား ၈ ဦးကို မိဘတွေနဲ့အတူ ပါမောက္ခချုပ်အခန်းမှာ ခေါ်ယူတွေ့ဆုံနေတာ ဖြစ်ပါတယ်။
ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသ-ဟင်္သာတ)ကို ဟင်္သာတမြို့ပေါ်က တက္ကသိုလ် ၄ ခုက ကျောင်းသားတွေက စတင်ဖွဲ့စည်းခဲ့ပြီး ဗကသ ဥက္ကဋ္ဌ ကိုကျော်ကိုကိုက မတ် ၂၉ ရက်နေ့မှာ အသိအမှတ်ပြုပြီး ဗကသအလံ လွှဲအပ်ခဲ့ပါတယ်။
ဟင်္သာတမြို့နယ် ဗကသ ဥက္ကဋ္ဌ ကိုသန့်ဇင်တို့က ဒေါက်တာမျိုးသိန်းတို့နဲ့ တွေ့ခွင့် တောင်းပေမယ့် မရတာကြောင့် ကလေးတွေရဲ့ အခြေအနေကိုပဲ စောင့်ကြည့် နေကြရတယ်လို့ ပြောပါတယ်။
ဒီဗွီဘီ

ဟင်္သာတတက္ကသိုလ်မှာ ဗကသများ စစ်ဆေးခံနေရ (မြန်မာ ၁ နာရီခွဲ)
Reviewed by သစ်ထူးလွင်
on
16:34
Rating:
3 comments:
အ.ဆ.ည မှာဒုချုပ်နှစ်ယောက်နဲ့ ညွှန်ချုပ်တစ်ယောက်ရှိတယ်
အကုန်လုံးစောင်ဖားတွေပဲ.ကျောင်းသားတွေကို ဘာမှစေတနာရှိတာမဟုတ်
ဘူး. ရာထူးရဘို့ ပဲလုပ်နေကြတာ.ဗ.က.သ မပြောနဲ့ ဒင်းတို့ က
နိင်ငံခြားအစည်းဝေးသွား. တတ်ဘို့ ပဲ လုပ်နေကြတာ.သူတို့ ရာထူးတည်မြဲ
ဘို့ ဆိုရင် ဘယ်ကျောင်းသားကိုထုတ်ထုတ် ကိုယ်ချင်းစာတတ်တာမဟုတ်ဘူး
ကျွန်ပညာရေးကိုတည်ထောင်နေတဲ့ ငဖားတွေ.DSA တတ်မှ မဟာဘွဲ့ ကို
တတ်နိုင်မယ်. အရပ်ဘက်ပြောင်းရင်လည်း ရာထူးရမယ်. ပညာရေးက
တက္ကသိုလ်တစ်ခုခုတတ်ရင်တော့.အလုပ်ကတော့.ကျွန်ရာထူးပဲရမယ်
အရာရှိဖြစ်ချင်ရင်တော့တော်ရမယ်လေ.သိလား( အဖားတော်ရမယ်. အကောင်တွေနဲ့ အမျိုးတော်ရမယ်.)အဲလိုတော်မှအရာရှိဖြစ်မယ်.နို့ မို့ ဆို
အောက်တန်းစာရေး. ဘာညာလောက်ပဲရမယ်ဗျို့  ကြေငြာမောင်းတီး
ကောင်းချီးသြဘာပေးဝေလိုက်တယ်..အရပ်ကတို့ 
ကိုသစ်ထူးလွင်ကို အရမ်းကိုလေးစားပါတယ် ... သတင်းတွေကိုအချိန်နဲ့တပြေးညီ တင်ပေးတဲ့အတွက်ပါ.... ဆက်လက်ပြီးတင်ပေးပါခင်ဗျာ....... ဒါပေမယ့် မပွင့်ဖြူရဲ့ post မှာကျွန်တော်ရေးထားသလို လဲသတိထားပါ....
အင်း ညွှန်စုတ်တွေ က လတ်စသတ်တော့ ကျွန်စုတ်တွေပါလား။
Post a Comment