ဇေကမ္ဘာကုမ္ပဏီမှ သိမ်းယူထားသည့် ရွှေနံ့သာလယ်မြေ ၈၁၅ ဧကကို တစ်ဧက ကျပ်သိန်း ၅၀ ပေးအပ်မည်ဖြစ်ကြောင်း ကုမ္ပဏီမှကမ်းလှမ်း
ဇေကမ္ဘာကုမ္ပဏီမှ ၂၀၁၀ပြည့်နှစ်၌ ကရုဏာကြေးတစ်ဧက ကျပ်သုံးသိန်းစီပေး၍ သိမ်းယူထားသော မင်္ဂလာဒုံမြို့နယ်၊ ရွှေနံ့သာကျေးရွာမှ လယ်မြေ ၈၁၅ ဧကကို တစ်ဧကလျှင် ကျပ်သိန်း ၅၀ စီပေးအပ်မည်ဖြစ်ကြောင်း လယ်သမားများထံသို့ မတ် လ ၁ ရက်နေ့ ကမ်းလှမ်းခဲ့သည်ဟု သတင်းရရှိသည်။ အဆိုပါ ကမ်းလှမ်းချက်ကို ဇေကမ္ဘာကုမ္ပဏီ မန်နေဂျာ ဦးမြင့်ဇော်က မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီ၊ ဥက္ကဋ္ဌ ဦးနေမျိုးဝေမှတစ်ဆင့် လယ်သမားများထံသို့ ပြောကြားခြင်းဖြစ်ကြောင်း ရွှေနံ့သာကျေးရွာမှ လယ်သူမကြီး ဒေါ်တင်စိန်က ဆိုသည်။
'' ဒီနေ့ ညနေ ၄ နာရီလောက်မှာ ဦးနေမျိုးဝေက အဒေါ့်ဆီ ဖုန်းဆက်ပါတယ်။ ဇေကမ္ဘာကုမ္ပဏီက အဒေါ်တို့လယ်ကွက်တွေကို တစ်ဧက သိန်း ၅၀ စီပေးမယ်တဲ့။ အဲ့ဒါ ဘယ်လိုသဘောရလဲလို့ မေးပါတယ်။ လောလောဆယ်တော့ အဒေါ်တို့ဘက်က ဘာမှ မဆုံးဖြတ်ရသေးဘူး။ ဒီထဲမှာ ပါတဲ့ လယ်သမားတွေအားလုံး တိုင်ပင်ရဦးမှာပါ'' ဟု ဒေါ်တင်စိန်က မတ်လ ၁ ရက်နေ့၌ ပြောပြခဲ့သည်။
မတ်လ ၂ ရက်နေ့၌မူ လယ်သမားများအားလုံး၏ စုဝေးတိုင်ပင်ချက်များအရ လယ်သမားအချို့က မိမိလယ်၌ ပြန်လည်လုပ်ကိုင်ခွင့်ကိုသာ လိုချင်ကြောင်းနှင့် လယ်သမားအချို့ကမူ လက်ရှိအချိန် ယင်းလယ်မြေများပေါ်၌ ကုမ္ပဏီမှ ကွန်ကရစ်လမ်းခင်းခြင်း၊ လမ်းမီးတိုင်သွယ်တန်းခြင်း၊ နှင့်ရေမြောင်းဖောက်ခြင်းတို့ ဆောင်ရွက်ထားမှုများရှိသောကြောင့် ကုမ္ပဏီ၏ ကုန်ကျခဲ့သည့်စရိတ်များကိုငဲ့ကွက်ကာ ယင်းကမ်းလှမ်းချက်ကို ညိနှိုင်းလိုသည့် ဆန္ဒရှိနေကြောင်း၊ သို့သော် ကုမ္ပဏီဘက်မှ ကမ်းလှမ်းချက်အတု အယောင်ဖြစ်မည်ကိုလည်း စိုးရိမ်နေကြကြောင်း သိရှိရသည်။
ဇေကမ္ဘာကုမ္ပဏီမှ မင်္ဂလာဒုံမြို့နယ်၊ ရွှေနံ့သာကျေးရွာ၌ နှစ်စဉ်စိုက်ပျိုးနေသည့် လယ်မြေ ၈၁၅ ဧကကို ၂၀၁၀ပြည့်နှစ်တွင် သိမ်းယူခဲ့ပြီးနောက် ဇေကမ္ဘာစက်မှုဇုန်အပိုင်း(၄)ကို အကောင်အထည်ဖော် ဆောင်ရွက်ခြင်းများ လုပ်ဆောင်ခဲ့ပြီး မြေကွက်တစ်ကွက်လျှင် ကျပ်သိန်း ၄၀၀၊ ၅၀၀ ဖြင့် ပြန်လည်ရောင်းချလျက်ရှိကြောင်း သိရသည်။
EMG
ဇေကမ္ဘာကုမ္ပဏီမှ သိမ်းယူထားသည့် ရွှေနံ့သာလယ်မြေ ၈၁၅ ဧကကို တစ်ဧက ကျပ်သိန်း ၅၀ ပေးအပ်မည်ဖြစ်ကြောင်း ကုမ္ပဏီမှကမ်းလှမ်း
Reviewed by သစ်ထူးလွင်
on
00:15
Rating:
12 comments:
Barbecue list for people of Burma,
khin shwe
tay za
zaw zaw
tun myint naing
sons of shwe man
kyaw san
aung taung
zaw min
shit lone
i am very sure there will be a lot of names to put in the list later on.
we have to grill them for the feast.
တစ်ဧကကျပ်သိန်း၁၀၀စီပေး
BBQ List က စားချင်စဖွယ်ပါလားဗျို့
တင့်ဆန်း
သိန်းဇော်
သိန်းထွန်း
ခင်ရီ
လှထွန်း
ြ့မအေး
စိုးသာ
Finally Zay Kabar Khin Shwe accepts he was wrong. It is against the law. You must have accountability. You must revoke your parliament membership.
U Nay Myo Wei and all the peasant, please proceed to remove unqualified PM from parliament.
Let Election commission knows this incident.
How many similar cases unknown to the public?
No wonder there are many Myanmar Tycoons without true business mindset.
ကိုခင်ရျွှေ ဘဝမေ့ချင် မေ့ပါဗျာ။
ဇောတ်တူသားတော့ မစားသင့်ပါဘူး၊
ဟေ့ကောင် ခင်ရွှေ
မင်း ထမင်းမစားချင်ဘူး ချီးပဲ စားမယ်ကြံရင် တစ်ဧက သိန်းငါးဆယ်မပြောနဲ့ တစ်ဆယ်ပဲပေး၊ အေး... ချီးမစားချင်ဘူး ထမင်းပဲပြန် စားပါရစေ လို့အသနားခံမယ်ဆိုရင် ( တစ်ဧက ကို စပါးကတင်းတစ်ရာထွက်တယ်။ ဒီတော့ ခပ်ညံ့ညံ့ ငစိန်ဆန် တင်းတစ်ရာကို သုံးသိန်းနဲ့ နှစ်ပေါင်6း0 မြောက်ကွာ( 18,000,000 )သိန်း) ပေး။ ဒါပဲ
၈တန်းတောင်မအောင်တဲ့ကောင်။ကုမ္မပိုင်ရှင် လွှတ်တော်အမတ် ပြီးတော့ ရမ်းချင်သလိုရမ်းဖို့ကြီူးစား။ခင်ရွှေရေ မင်းအမတ်လုပ်တာ အဲဒီအရျိန်ဝါကို သုံးချပြီး လုပ်ချင်သလို လုပ်ဖို့ကြိုးစားမယ်ဆိုရင်တော့ မင်းတို့ဘဝပျက်မယ်နော်.အရင်လိုမဟုတ်တော့ဘူးနော်။ကျိုက်ထီးဆောင်းမှာ စားထားတဲ့ သံတွေ ။ဘိလပ်မြေတွေ မင်းပြန်အံရတော့မှာ။ရွှေနံသာသူ ရွေနံသာသားများ အကြောက်တရားဘေးဖယ်ထားပါ။တရားလက်လွတ်ဘယ်သူမှလုပ်လို့မရပါဘူးဗျာ။
ကိုင်း လယ်သမားတို့
မိမိ၏လယ်မြေ (ထမင်းရှင်)ကို သတ်ပြီးမှ၊ သိန်း ၅၀ နဲ့ကျေနပ်တော့မှာလား။
ဒီလိုသာဆို မောင်ခင်ရွှေ သူလုပ်ချင်ရာလုပ်တော့ မှာဘဲ။
ဂုတ်သွေးစုပ် အမြတ်ထုတ် မတရားယူ အသားကုန်ခိုး ပထွေးတွေဖား
ရုပ်ကိုက ပြိတ္တာရုပ်နဲ. သေရင်မပူနဲ.မင်းသူငယ်ချင်းတွေ အ၀ီစိမှာစောင်.နေတယ်
ဒီခေတ်မှာ သိန်း ၅၀ ဆိုတာ ခဏ လေးနဲ့ ကုန်သွားမှာပါ . . . လယ်သမားဆိုတာ စီးပွားရေးမလုပ်တတ်ပါဘူး . . . လယ်ပဲ စိုက်တတ်တာပါ ဒါကြောင့် ကိုယ့် တစ်သက်လုံး လုပ်စားရမဲ့ လယ်မြေတွေမှာ လယ်ပြန်စိုက်ရင်း သားစဉ်မြေးဆက် အသက်ရှည်ရှည်နေချင်တယ်ဆိုရင် သိန်း ၅၀ နဲ့  မကျေနပ်သင့်ပါဘူး . . . သိန်း ၅၀ ကုန်တာနဲ့  ခင်ဗျားတို့  ဘ၀ လဲပျက်မှာပဲ . . . သားစဉ်မြေးဆက် အထိ စဉ်းစားပါ . . .တစ်ဘ၀စာလေးပဲ မစဉ်းစားပါနဲ့ လို့  လယ်သမား အားလုံးကို အကြံပြုချင်ပါတယ် . . .
သန်းရွှေ မွှေးခဲ့တဲ့ မီးလေ၊ စီးပါွး ရေးသမားတွေကို အာဏာပေးခဲ့တာ၊
Post a Comment