မြန်မာနိုင်ငံ နောက်ကြောင်းပြန်နိုင်သေး ကင်တားနား အစီရင်ခံ

မြန်မာနိုင်ငံရဲ့ လက်ရှိပြုပြင် ပြောင်းလဲရေးတွေဟာ လူ့အခွင့်ရေး အခြေအနေအပေါ် အပြုသဘောဆောင်တဲ့ သက်ရောက်မှုတွေရှိပေမယ့် အချိန်မရွေး နောက်ကြောင်း ပြန်လှည့်သွားနိုင်တဲ့ အန္တရာယ်ရှိနေကြောင်း မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်ရေး အထူးကိုယ်စားလှယ် မစ္စတာ သောမတ် ကင်တားနားရဲ့ နောက်ဆုံးထုတ် အစီရင်ခံစာမှာ ရေးသားဖော်ပြလိုက်ပါတယ်။
AFP PHOTO / Soe Than WIN
၂၀၁၁ ခုနှစ် သြဂုတ်လ ၂၃ ရက် နေ့က နေပြည်တော်တွင် ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းနှင့် ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ ကင်တားနားတို့ တွေ့ဆုံခဲ့ပါသည်။
မြန်မာနိုင်ငံကို ဇန္န၀ါရီ ၃၁ ရက်ကနေ ဖေဖော်ဝါရီ ၅ ရက်အထိ သွားရောက်ခဲ့တဲ့ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်ဟာ မတ်လ ၇ ရက်က အစီရင်ခံစာ ထုတ်ပြန်ခဲ့ပါတယ်။ မြန်မာနိုင်ငံက အခြေအနေတွေကို လာမယ့် မတ်လ ၁၂ ရက်မှာ ကုလသမဂ္ဂ လူ့အခွင့်ရေး ကော်မရှင်ကို တင်သွင်း အစီရင်ခံမှာ ဖြစ်ပါတယ်။
လာမယ့် ဧပြီ ၁ ရက်မှာ ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲဟာ လက်ရှိအစိုးရရဲ့ ပြုပြင်ပြောင်းလဲရေး ဘယ်လောက်အထိ ခရီးရောက် အောင်မြင်မှုရှိတယ်ဆိုတာကို ဖော်ပြမယ့် စမ်းသပ်ချက်တစ်ခု ဖြစ်တယ်လို့လည်း အစီရင်ခံစာမှာ ရေးသားထားပါတယ်။
ကျန်ရှိနေသေးတဲ့ လူ့အခွင့်အရေးဆိုင်ရာ စိုးရိမ်ပူပန်စရာ အခြေအနေတွေ၊ စိန်ခေါ်မှုတွေကို ဆက်လက် ဖြေရှင်းဆောင်ရွက်ဖို့လိုကြောင်း၊ တရားမျှတရေးနဲ့ တာဝန်ရှိမှုအပြင် အမှန်တရား ဖော်ထုတ်နိုင်ရေးစတဲ့ အချက်တွေ လုပ်ဆောင်ဖို့ လိုနေသေးကြောင်း မစ္စတာ ကင်တားနားရဲ့အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
မစ္စတာကင်တားနားရဲ့ စာမျက်နှာ ၂၁ မျက်နှာ ပါဝင်တဲ့ အစီရင်ခံစာထဲမှာ အကျဉ်းထောင်တွေအတွင်း ကျန်နေသေးတဲ့ နိုင်ငံရေးကျဉ်းသားတွေ အခြေအနေ၊ လက်ရှိဖြစ်ပွားနေတဲ့ တိုင်းရင်းသား လူမျိုးစုနယ်မြေတွေက အခြေအနေတွေအပြင် လက်ရှိ ပြုပြင်ပြဋ္ဌာန်းနေတဲ့ ဥပဒေတွေနဲ့ ပတ်သက်လို့ ကဏ္ဍအလိုက် ခေါင်းစဉ်အသီးသီး ခွဲခြား ဖော်ပြထားပါတယ်။
RFA
မြန်မာနိုင်ငံ နောက်ကြောင်းပြန်နိုင်သေး ကင်တားနား အစီရင်ခံ မြန်မာနိုင်ငံ နောက်ကြောင်းပြန်နိုင်သေး ကင်တားနား အစီရင်ခံ Reviewed by သစ်ထူးလွင် on 05:42 Rating: 5

2 comments:

tharzaw said...

မြန်မာနိုင်ငံရဲ့ လက်ရှိပြုပြင် ပြောင်းလဲရေးတွေဟာ လူ့အခွင့်ရေး အခြေအနေအပေါ် အပြုသဘောဆောင်တဲ့ သက်ရောက်မှုတွေရှိပေမယ့် (အချိန်မရွေး နောက်ကြောင်း ပြန်လှည့်သွားနိုင်တဲ့ အန္တရာယ်ရှိနေကြောင်း) မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်ရေး အထူးကိုယ်စားလှယ် မစ္စတာ သောမတ် ကင်တားနားရဲ့ နောက်ဆုံးထုတ် အစီရင်ခံစာမှာ ရေးသားဖော်ပြလိုက်ပါတယ်။

ကြောက်စရာပဲ။

Anonymous said...

မစ္စတာ ကင်တားနား အားလေးစားမိပါတယ်....
နိုင်ငံရပ်ခြားတွင် နေသောလည်း အခြေအနေမှန်တွေကို သိနေလို့ပါပဲ...
မှန်ပါတယ်....
သမ္မတကြီး ကလည်း သူ့ဝန်ကြီးတွေ မိုက်ရိုင်းနေတာ...
လာတ်စားမှု အကြီးအကျယ် ကျူးလွန်နေတာတွေကို သိရက်နဲ့....
အရေးမယူတဲ့အပြင် ကာကွယ်မှုတွေကိုတောင် လုပ်ပေးနေတာ ဖြစ်ပါတယ်....
လွှတ်တော် ဥက္ကဌ ကလည်း ပြည်သူတွေရဲ့ အခြေအနေမှန်ကို သိသလို ရှိသော်လည်း....
အစိုးရအဖွဲ့ရဲ့ အခြေအနေမှန်ကို တော့ မသိသူ တစ်ယောက်ဖြစ်ပါတယ်....
လစာ တိုးပေးမှာကို အကြောင်းရင်းခံပြီး ပိုက်ဆံရိုက်ထုတ် ဘဏ္ဍာ လုပ်ဖို့....
ဖြတ်လမ်းနည်း အကြံရှိသူလို့ ဆိုနိုင်ပါတယ်....
ကာချုပ် ကလည်း နိုင်ငံရေး စိတ်ဝင်စားမှု နည်းပြီး
အိမ်တော် အဟောင်းကြီးကို စောင့်ရှောက်ဖို့ ပဲ စိတ်ဝင်းစားသူ ဖြစ်ပါတယ်...
အုပ်ချုပ်မှု စနစ်ကလည်း ထင်သာ မြင်သာ မရှိပဲ
ဒီမိုကရေစီ အစိုးရကို အမှန်အကန် ကျောထောက် နောက်ခံ ပြုပေးမယ့် အနေအထား လုံးဝ မတွေ့ရပါဘူး....

Powered by Blogger.