ဖားကန့်တွင် တရုတ် ကျောထောက်နောက်ခံ ကုမ္ပဏီများ ကျောက်စိမ်းတူးဖော်မှု တိုးမြှင့်

ကချင်ပြည်နယ် ဖားကန့်မြို့နယ်က ကျောက်စိမ်းတွင်းတွေမှာ တရုတ်စီးပွားရေး လုပ်ငန်းရှင်နဲ့ ဖက်စပ် လုပ်ကိုင်နေတဲ့ ကုမ္ပဏီတွေက စက်ယန္တရားများ အသုံးပြုပြီး အရင်ကထက်  တိုးမြှင့် တူးဖော်နေတာကြောင့် သဘာဝ ပတ်ဝန်းကျင် တောတောင် တွေ ပျက်စီးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကျောက်စိမ်း တူးဖော်နေသော လုပ်ငန်းခွင် (ဓာတ်ပုံ- ကျောက်ဖားကြယ်)
လုံးခင်၊ ပ၀ါစတဲ့ လုပ်ကွက်ကျဲတဲ့ နေရာတွေမှာတော့ တချို့ကုမ္ပဏီတွေက ဒေသခံ အာဏာပိုင်တွေနဲ့ ပူးပေါင်းပြီး သတ်မှတ်ထားတဲ့ လုပ်ကွက်နယ်မြေတွေကို ကျော်လုပ်နေတယ်လို့ ဒေသခံတဦးက ခုလို ပြောပါတယ်။
“တမှော်လုံးအတိုင်းအတာပဲ၊ ဖားကန့်၊ ဓလုံ၊ ဒီဒေသတွေမှာ သူက နောက်အစိုးရတက်လာရင် တရုတ်ကုမ္ပဏီတွေအနေနဲ့ အစိုးရရဲ့ မျက်နှာသာ ပေးခြင်း ခံရမယ့် အလားအလာကို မမြင်တဲ့အတွက် အခု သက်တမ်းတခုမှာ အခွင့်အရေး ရသလောက် အင်နဲ့အားနဲ့ လုပ်နေတာပေါ့။ လုပ်နေတဲ့အခါမှာလည်း ဥပဒေဘောင်နဲ့ မညီမျှဘူး။ မညီညွတ်ဘူး။
လုပ်ကွက် ၁ ကွက်မှာ သတ်မှတ်ထားတဲ့ မြေဇာသယ်ကား ဘက်ဟိုး ဘယ်လောက် ဖြစ်ရမယ်။ မြေဇာ ဘယ်လောက် သုံးရမယ်ဆိုတာ အဲဒါတွေနဲ့လည်း မကိုက်ညီဘူး။ နယ်မြေအာဏာပိုင်၊ သတ္တုတွင်းနဲ့ ပတ်သက်တဲ့ လူတွေနဲ့ ဒေသခံ အာဏာပိုင်တွေနဲ့ ပေါင်းပြီးတော့ ၂၄ နာရီပတ်လုံး လုပ်လို့ရသလောက်ကို။ ကျနော့်ကို ကုမ္ပဏီ ၀န်ထမ်း တဦးက ပြောပြတာတော့ ဒီအစိုးရ သက်တမ်းမှာ အပြုတ်ကို လုပ်မှာ၊ ကျောက်စိမ်း လုပ်ကွက်တွေကို။”
ကျောက်စိမ်း တူးဖော်နေသော လုပ်ငန်းခွင်(ဓာတ်ပုံ- ကျောက်ဖားကြယ်)
မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းသွားတဲ့ ဖြစ်ရပ်ကြောင့် ဖားကန့်မှာ ဖက်စပ် လုပ်ကိုင်နေတဲ့ တရုတ် ကုမ္ပဏီတွေက စက်ယန္တယားတွေ အသုံးပြုပြီး ကျောက်စိမ်းတွေကို အရှိန်အဟုန်နဲ့ ထုတ်လုပ်နေတာလို့ ဒေသခံတွေက ပြောပါတယ်။
ကျောက်စိမ်းတူးဖော်မှုကြောင့် သဘာဝဘေးအန္တရာယ်တွေလဲ နှစ်စဉ် ကြုံတွေ့ နေရပြီး သောက်သုံးရေ ရှားပါးမှုနဲ့လည်း ရင်ဆိုင်နေရကြောင်း၊ ဥရု ချောင်းဟာ လည်း ပျောက်ကွယ်သွားနိုင်ကြောင်း ပြောနေကြပါတယ်။ ဒေသခံတွေအနေနဲ့  ဘာမှ ပြောဆိုလို့ မရဘူးလို့ သူက သည်လို ရှင်းပြပါတယ်။
“သူတို့က ဒီအရပ် ဒီဒေသမှာ ငွေပေးရင် ရတယ်ဆိုတဲ့ စိတ်က သူတို့ဆီမှာ ရှိတယ်။ မင်းတို့ရွာရွှေ့ပေး၊ ငါတို့ မြေဇာပုံချင်တယ်။ မင်းတို့ကို ဘယ်လောက် ပေးမယ်။ တအိမ်ကို ဖျက်ခ၊ ရွှေ့ခ ၃၊ ၄သိန်း ပေး မယ်။ ခဏရွှေ့ပေးကွာ ဆိုရင် လည်း အားလုံးက ခေါင်းငြိမ့်ကြရတာပဲ။ မဟုတ်ရင်လည်း ဖယ်မလား၊ မဖယ်ဘူးလား ဆိုပြီး ခြိမ်းခြောက်မှုတွေနဲ့ ဆိုတော့ ပြည်သူတွေက သူတို့ထားရာနေ၊ စေရာ သွားတဲ့ အတိုင်း နေရတာပဲ။”
ဖားကန့်မှာ အစိုးရနဲ့ တရုတ် လုပ်ငန်းရှင်တွေ ကျောထောက် နောက်ခံ ပေးထားတဲ့ ကုမ္ပဏီ ၂၀၀ ၀န်းကျင် ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဖားကန့်၊ လုံးခင်၊ ဆိုင်းတောင်က မှော်တွေမှာ တရုတ်ကုမ္ပဏီတွေက အများဆုံး လုပ်ကိုင်နေတယ်လို့ သိရပါတယ်။ 
ဒီဗွီဘီ
ဖားကန့်တွင် တရုတ် ကျောထောက်နောက်ခံ ကုမ္ပဏီများ ကျောက်စိမ်းတူးဖော်မှု တိုးမြှင့် ဖားကန့်တွင် တရုတ် ကျောထောက်နောက်ခံ ကုမ္ပဏီများ ကျောက်စိမ်းတူးဖော်မှု တိုးမြှင့် Reviewed by သစ်ထူးလွင် on 19:26 Rating: 5

7 comments:

လွင်အောင်စိုး said...

ဓါတ်ပုံ မြင်လိုက်ရတာနဲ့တင် ဘိုးဘွားအစဉ်အဆက်ပိုင် မြန်မာ့ တောတောင်ရေမြေတွေ သဲကန္တာရလို ဖြစ်ကုန်တာကို အင်မတန် စိတ်မကောင်းဖြစ်ရပါတယ်။ မခံချင် မခံသာ ဖြစ်ရပါတယ်။

နိုင်ငံရေး အသွင်ကူးပြောင်းမှုကာလကို အခွင့်ကောင်းယူပြီး တရားလွန် စီးပွားရှာတာမျိုးကို လုံးဝ လက်မခံနိုင်ပါ။ အစိုးရက ချက်ချင်း အရေးယူပေးပါ။ လုပ်ငန်းတွေကို ချက်ချင်း ရပ်တန့်စေပြီး ဒဏ်တပ်တဲ့အနေနဲ့ လျော်ကြေးပေးခိုင်းပါ၊ သူတို့ရဲ့ လုပ်ပိုင်ခွင့်ကို ရပ်ဆိုင်းပါ။

မိဘပြည်သူများရဲ့ အစိုးရ နိုးကြားပါ။ နိုင်ငံရေးပါတီများ နိုးကြားကြပါ၊ စတုတ္ထမဏ္ဍိုင်နဲ့ ပဉ္စမ မဏ္ဍိုင်တို့ ပိုမို နိုးကြားကြပါ။ Activist တွေ၊ ပညာရှင်တွေ နိုးကြားကြပါ။

nationalism said...

See ,is china long time good neighbour ?

Sunmoon said...

It is responsibility of Ministry of Mine. Please protect the properties of our country.

Those Chinese are responsible for nothing.

yangonthu said...

Government must take action immediately.

san san said...

why delay? governments have to take actions for the chinese company.faster.our country's natural beauty were destroyed by china.our people disagree with china.every body don't like chinese.governments didn't stop.why?our people poorest in the world because of china.

san san said...

သက်ဆိုင်ရာ လူကြီးမင်းများ ကျေးဇူးပြုပြီး နိုင်ငံသား အရေးကို ကြည့်ပေးပါ။မလေးရှား ခေါင်ဆောင်ဟောင်း Tun Dr Mahathir Mohamad ပြောတဲ့စကားဟာသိပ်မှန်တယ်။တိုင်းပြည်ထူထောင်ရာမှာ မူရင်း ဒေသခံပြည်သူတွေကို ဦးစားပေးရတယ်။သူတို့ကမှတိုင်းပြည် ကိုအေးအတူ ပူအမျှဆောင်ရွက်မဲ့သူဖြစ်တဲ့အတွက် သူတို့ကိုဦးစားပေးရမှာ ဖြစ်ကြောင်းသူ့ရဲ့ ကိုယ်ရေးရာဇဝင်မှာ တရားဝင်ရေးထားတယ်။ဒါကြောင့်မလေးရှားမှာ မလေး ၊တရုတ် ၊အိန္ဒိယတွေဟာ အခွင့်အရေးတန်းတူမရဘူး။မလေးတွေဟာ အခွင့်အရေးပိုရတယ်။နိုင်ငံခြားသားတွေက ရတုံးစံမှာဘဲ။အခွင့်အရေးရရင်ယူမှာဘဲ။အရေးကြုံရင် ရှိမှာမဟုတ်ဘူး။ဒါကြောင့်မလေးရှားဟာ အနှစ် ၂၀အတွင်းမှာ ဘာသံယဇာတမရှိဘဲ ဟုန်းဟုန်းနဲ့တက်သွားတာ။အဲ့ဒါခေါင်းဆောင်ကောင်းလို့ဆိုတာ ထင်ရှားနေတာဘဲ။

Violin Angle said...

သဘာဝသယံဇာတဆိုတာအချိန်တိုတိုထဲမှာဖြစ်ပေါ်လာတာမဟုတ်ပါဘူး ဒီလောက်တရားလက်လွတ်စီးပွားရှာနေတာတော့မကောင်းဘူး သဘာဝသယံဇာတတွေကိုတရားလွန်ထုတ်ယူရင် သဘာဝကြီးကပြန်ဒဏ်ခတ်တာခံရပါလိမ့်မယ် သမ္မတကြီးက ဒါမျိုးတွေကိုစိစစ်ပြီးလုပ်ဆောင်ပေးသင့်ပါတယ်

Powered by Blogger.