အခုသမ္မတကဖွဲ့စည်းထားတဲ့ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော် မရှင်ဟာ ဥပဒေနဲ့မကိုက်ညီလို့ တရားမဝင်အဖွဲ့အစည်းအဖြစ် ဒီကနေ့မနက်ပိုင်း ကပြုလုပ်တဲ့ ပြည်ထောင်စုလွှတ်တော်က ဆုံးဖြတ်ချက်ချလိုက်ပါတယ်။
ဖွဲ့စည်းအုပ်ချုပ်ပုံအရ အမျိုးသားအဆင့် တနည်းအားဖြင့် ဗဟိုအဆင့် လူ့အခွင့်အရေးကော်မရှင်ကို သမ္မတက ဖွဲ့ခွင့်မရှိတဲ့အတွက် ပြည်တောင်စု လွှတ်တော်က ဆုံးဖြတ်ချက်ချခဲ့တာ ဖြစ်တယ်လို့ ပြည်သူ့လွှတ်တော် အမတ် ရှေ့နေ ဦးသိန်းညွှန့်ကပြောပါတယ်။
မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်က တရားမဝင်ဘူးလို့ မြင်တွေ့လာရတာကတော့ အစိုးရက တင်လာတဲ့ ဘတ်ဂျက်ငွေတွေဟာ ဥပဒေနဲ့အညီ အကျိုးရှိရှိအသုံးပြုနိုင်သလားဆိုတာကို လွှတ်တော်က အသေအချာ စီစစ်နေတာ ကြောင့် အခုလိုမြင်တွေ့လာရတာဖြစ်တယ်လို့ လွှတ်တော်အမတ်တွေက ပြောကြပါတယ်။
မြန်မာ့လူအခွင့်အရေး ပိုကောင်းအောင် သီခြားလွတ်လပ်တဲ့ လူ့အခွင့်အရေးအဖွဲ့တခု လိုအပ်ချက်အရ သမ္မတဉီးသိန်းစိန်က လွန်ခဲ့တဲ့၆လကအမျိုးသား လူ့အခွင့်အရေး ကော်မရှင်ကို ဗဟိုအဖွဲ့အစည်းအဖြစ် ဖွဲ့စည်းခဲ့ပါတယ်။တကယ်လို့ လွှတ်တော်တွေ့ရှိချက်အရ တရားမဝင်တဲ့ဖွဲ့စည်းမှုမျိုး ဖြစ်ရင် ဘယ်ပုံစံနဲ့ ဆက်လက်ရပ်တည်မယ်ဆိုတာ စဉ်းစားစရာဖြစ်နေပါတယ်။
အမျိုးသားလူ့အခွင့်အရေး ကော်မရှင် အတွင်းရေးမှူး ဉီးစစ်မြိုင်ကတော့ လူ့အခွင့်အရေးကော်မရှင်ကို ဗဟိုအဖွဲ့အစည်းအဖြစ်ရုတ်သိမ်းပြီး သမ္မတရုံးရဲ့ခွင့်ပြုနိုင်တဲ့ ဘတ်ဂျက်ခေါင်းစဉ်အောက်ကနေ သီးခြားဆက် လက်ရပ်တည်သွားမှာ ဖြစ်တယ်လို့ ဘီဘီစီကိုပြောသွားပါတယ်။
ဘီဘီစီ

အမျိုးသားလူ့အခွင့်အရေးကော်မရှင် အခြေခံဥပဒေနဲ့မညီ
Reviewed by သစ်ထူးလွင်
on
05:46
Rating:
4 comments:
လူ့အခွင့်အရေး ကော်မရှင်တဲ့.......တကယ် အားမနာတမ်းပြောရရင် တခြားနိုင်ငံတွေကို မျက်နှာပြလို့ကောင်းအောင် လုပ်ပြထားတဲ့ အဖွဲ့လို့ပဲ မြင်မိပါတယ်.....။ မြန်မာနိုင်ငံလို လူ့အခွင့်အရေးတွေ ချိုးဖောက်ခံနေရတဲ့ မတရားမှုတွေကို ဒီအဖွဲ့အစည်းကို တင်ပြလို့၊ တိုင်ကြားလို့လည်း ဘာမှ Action ယူမှု၊ လိုက်ပါဆောင်ရွက်မှုတွေ မတွေ့ရမှတော့ ဒီကော်မရှင်အဖွဲ့က ဘာလုပ်ဖို့ ထားတော့မှာလဲဗျာ.....။ အလုပ်သမား အရေးကိစ္စတွေ၊ တောင်သူလယ်သမားတွေရဲ့ လယ်ယာအဓမ္မသိမ်းခံရတဲ့ ကိစ္စတွေ၊ ပြည်သူတွေရဲ့ ကိုယ်ပိုင်လွတ်လပ်မှု ချိုးဖောက်ခံ၇တာတွေ၊ အစိုးရအဖွဲ့အစည်းတွေမှာ အာဏာကို အလွဲသုံးစားလုပ်ပြီး ဖိနှိပ်မှုတွေ စတဲ့ ပြဿနာပေါင်း များစွာကို ကိုင်တွယ် ဖြေရှင်းဖို့ ကြိုးစားဆောင်ရွက်တာလည်း အခုထက်ထိ မတွေ့ရသေးပါဘူး.....။ တရားစီရင်ရေးမဏ္ဍိုင်တွေ၊ အုပ်ချုပ်ရေး မဏ္ဍိုင်တွေက တစ်ချို့တစ်ချို့သော ဥပေဒချိုးဖောက်မှုတွေကိုလည်း လစ်လျှူရှု နေတဲ့ အဖွဲ့ကြီးပါ...... သိပ်အထင်ကြီးစ၇ာ မရှိပါဘူး......
သမ္မတထက် သူ၇ဦးေ၇ွှမန်းက လက်စောင်းထက်နေတယ်ဗျာ လောလောဆယ်တော့။ ဒီနှစ်ယောက်အပေါ်မှာ အများကြီး မျှော်လင့်မိပါတယ်။ နှစ်ယောက်လုံးဟာ သမာသမတ်စိတ်၇ှိသူတွေလို့ ယုံကြည်ပါတယ်။
အခြေခံဥပဒေနဲ့ညီ မညီတော့မသိဘူး
ကြားတာကတော့ အဖွဲ့ဝင်တယောက်ကို လခက (၄)သိန်း
မတ်တူးကားတစီး၊ရန်ကုန်မှာတိုက်ခန်းတခန်း၊ပီအေ အဖြစ် ကိုယ့်သားသမီးတွေကိုပြန်ခန့်ခွင့်ရှိပြီးလခက (၁သိန်းခွဲ)တဲ့
မမိုက်ဘူးလား---
သမ္မတကြီးရယ် clean governance,good government ဆိုတာဒါပါလား
လူ့အခွင့်အရေး ဆိုတဲ့ စကားရပ်ကို ရှင်း၇ှင်းလင်းလင်း နာလည် သဘောပေါက်မှ လုပ်သင့်ပါတယ်။
Post a Comment