ဘက်မလိုက်ပဲ ပြောချင်ပါသည်(သို့မဟုတ်) တရားသူကြီးသို့ အိပ်ဖွင့်ပေးစာ....(ဟာဂျူလီ.ကသာ)

ထက်ထက်မိုးဦးအမှုကို ဒါဏ်ငွေ၁၀၀၀ပေးဆောင်စေလို့ဆုံးဖြတ်လိုက်တဲ့ တရားသူကြီးမင်း
ခင်ဗျား..ကျွန်တော်ကတော့ မီဒီယာသမားတစ်ဦးပါ၊မီဒီယာသမားတစ်ဦးမို့ မီဒီယာသမားတစ်ဦးကို ပါးရိုက်လိုက်တဲ့ မင်းသမီးအပေါ်ပေးတဲ့ ပြစ်ဒါဏ် နည်းလို့ ပြောတယ်လို့တော့ မထင်လိုက်ပါနဲ့၊တရားခံတစ်ဦးအပေါ်ပေးတဲ့ ပြစ်ဒါဏ် နည်းတယ်ထင်လို့ ထပြောနေရတာပါ၊
 တကယ်လို့ ဒီလိုလက်ရောက်မှုအတွက် တရားခံ မင်းသမီးကိုထောင်ဒါဏ်(၅)နှစ် (၁၀)နှစ်ချလိုက်ရင်လည်း မင်းသမီးဘက်က လိုက်ပြီး ပြောပြရေးသားသွားမှာပါပဲ၊ကျွန်
တော်ပြောချင်တာ ပြစ်ဒါဏ် မမျှတမှုအပေါ်ကိုသာ ပြောချင်တာပါ၊
အခု အမှုဖြစ်ခဲ့တဲ့ ဖြစ်စဉ်အပေါ်ကို သေခြာစွာစိစစ်မယ် ဆိုရင် သတင်းထောက်နဲ့ သရုပ်ဆောင်တို့ရဲ့ဖြစ်စဉ်ဆိုတာထက် တာဝန်ထမ်းဆောင်
သူနဲ့ကိုယ်ထိလက်ရောက် ကျူးလွန်သူတို့ရဲ့ ဖြစ်စဉ်လို့ပဲပြောရမှာပါ၊ဒီနေရာမှာ သတင်းထောက်မှားခြင်းမှန်ခြင်း၊သရုပ်ဆောင် မှန်ခြင်းမှားခြင်းတွေကို
မပြောလိုပါဘူး၊ဥပဒေမဲ့ ပြုမူခဲ့ခြင်းအပေါ်ပြောချင်တာပါ၊အမှန် ကိုယ့်ရဲ့ ဂုဏ်သိက္ခာကို ထိပါးတယ်လို့ သရုပ်ဆောင်က ယူဆရင် ဥပဒေကြောင်းအရ တရား
စွဲလို့ရနိုင်သလို အယ်ဒီတာချုပ်ထံတိုင်ကြားပြီး အရေးယူခိုင်းလို့လည်း ရနိုင်ပါတယ်၊(သတင်းထောက်းမှားတယ်မပြောဘူးနော်)၊ဒီနေရာမှာ အရိုက်ခံလိုက်
ရတဲ့ သတင်းထောက်မလေးကို ကျွန်တော်ချီးကျူးတာတစ်ခုက ကိုယ့်အပေါ် ကိုယ်ထိလက်ရောက် စော်ကားတာကိုပင် ပြန်မတုန့်ပြန်ပဲ ဥပဒေကြောင်းအရ
ပြန်ဖြေရှင်းတာ မှန်ကန်တဲ့ တုန့်ပြန်ချက်ပါ၊ကိုယ်နေထိုင်ရာတိုင်းပြည်ရဲ့ ဥပဒေကိုယုံကြည်လိုက်မိတယ်လို့သုံးသပ်ရမှာပါ၊သို့သော် သူယုံကြည်ခဲ့တဲ့
ဥပဒေရဲ့ ဆုံးဖြတ်ချက်ကတော့ မထင်လောက်နိုင်လောက်အောင်ပါပဲ၊ဒါဏ်ငွေ၁၀၀၀ပေးဆောင်စေတဲ့၊တကယ်လို့ သတင်းထောက်မလေးက
သရုပ်ဆောင်မင်းသမီးကို ပြန်တုန့်ပြန်ခဲ့ရင်ရော ရုံးတော်က ဒါဏ်ငွေတစ်ထောင်ပေးဆောင်စေလို့ပဲ ဆုံးဖြတ်ပါ့မလား..၊
ထားပါတော့၊တရားသူကြီးအနေနဲ့ သတင်းထောက်မလေး မှားသွားလို့ ရိုက်တဲ့သူရဲ့ ပြစ်ဒါဏ်ကိုလျော့ပေါ့စွာ စဉ်းစားဆုံးဖြတ်တယ်ဆိုရင်လည်း
ကျွန်တော့်မှာပြောစရာရှိပါတယ်၊ဥပမာပေါ့ဗျာ..၊ဥပမာနော်၊တရားရုံးတစ်ခုမှာ တရားရုံးစာရေးက အမှုတစ်ခုလာတင်တိုင်း တရားလိုကိုရော တရားခံ
ကိုပါ အမှုတင်ခ တစ်ယောက်၅၀၀၀တောင်းတယ်ဆိုပါစို့၊အဲဒါနဲ့ တရားခံက မကျေနပ်လို့ တရားရုံးစာရေးကို လက်သီးနဲ့(တစ်ချက်ထဲ)ဆွဲထိုးမယ်
ဆိုရင်ရော ထိုးလိုက်သူတရားခံဟာအမှန်တရားပဲက ရပ်တည်တာပဲ ဆုံးဖြတ်လိုက်မယ်ကွာ ဒါဏ်ငွေ၁၀၀၀လို့ ဟုတ်နိုင်ပါ့မလား..၊ဘယ်ဟုတ်နိုင်ပါ့မလဲဗျာ၊
တပ်လိုက်မယ့် အမှုတွေ..၊တာဝန်ဝတ္တရားနှောက်ယှက်မှုတို့၊တရားရုံးတော်ကို မထေမဲ့မြင်ပြုမှုတို့၊နာကျင်စေမှုတို့.........မှု..................မှု တို့ ။
ထားပါတော့၊နောက်ထပ်ထားလိုက်ပါတော့ဗျာ၊တရားရုံးတော်ရဲ့ စီရင်ချက်ဟာ တရားခံအတွက် နောက်နောင် ပြစ်မှုကျူးလွန်ရန် ဟန့်တားနိုင်လောက်
တဲ့ ပြစ်ဒါဏ်မျိုး ဖြစ်ရမယ်လို့ ကျွန်တော် အရပ်ကြား ကြားဖူးပါတယ်၊အခု ဒါဏ်ငွေ ၁၀၀၀ဟာ ထိရောက်ဟန့်တားလောက်တဲ့ ပြစ်ဒါဏ် ဟုတ်ရဲ့လားဗျာ..၊
ကျွန်တော်ထင်ပါတယ်၊ကျွန်တော်သာ အင်တာဗျူးခံရတဲ့သူဖြစ်နေရင် ကိုယ်စိတ်မကြည်စရာ မေးခွန်းမေးတိုင်း ၁၀၀၀ပေးပြီး သတင်းထောက်ကို ရိုက်နေ
တော့မှာပေါ့ဗျာ၊သတင်းထောက်ဘက်ကလည်း တွေးကြည့်လိုက်ပါဦး၊နောက်ကို သတင်းထောက်ရဲပါဦးမလားလို့ကျွန်တော်ပြောတာ သရုပ်ဆောင်ကိုမုန်းလို့
မဟုတ်ဘူးနော်၊ ပြစ်ဒါဏ်ဟာ လူကြားရင် ရယ်စရာဖြစ်နေလို့..၊အခုလို ဒါဏ်ငွေ၁၀၀၀ ချလိုက်တဲ့အပေါ် သက်ဆိုင်ရာ ဂျာနယ်တာဝန်ရှိသူတွေ၊ကိုယ်ရဲ့
မီဒီယာလောက ကို ကာကွယ်ချင်ပါတယ်ဆိုတဲ့ ဆရာကြီးတွေ ဘာပြောမှာလဲဆိုတာတော့ ကျွန်တော် စိတ်ဝင်စားလှပါတယ်၊၊ဘာမှ မပြောတော့ပါဘူးဆိုရင်လည်း
““ ဟုတ်ကဲ့..ကျွန်တော်တို့ ခင်ဗျားတို့အားလုံးဟာ ကိုယ့်သမိုင်း ကိုယ်ရေးနေကြတဲ့သူတွေ””သာ ဖြစ်တယ်ဆိုတာ ပြောပြလိုက်ချင်ပါတယ်...(ဟာဂျူလီ.ကသာ )
(နောက်ပြောချင်တာက သရုပ်
ဆောင်အနေနဲ့ ..ပိုက်ဆံလေး တစ်ပဲခြောက်ပြားလောကသာရတဲ့သတင်းထောက်တွေကများ...ဆိုတဲ့အသုံးအနှုန်းအပေါ် အဲဒီအချိန်က
စာပေနဲ့စာနယ်ဇင်းဆိုတဲ့ အဖွဲ့က ဘာမှ အရေးမယူခဲ့တဲ့အပေါ်..၊ကိုယ်တာဝန်ယူထားတဲ့ စာပေသမားများအပေါ် ဘာအကာအကွယ်မှ မပေးနိုင်လောက်တဲ့
အဖွဲ့ ဖြစ်မသွားပေဘူးလား၊ဆိုတာလေးလည်း ပြန်တွေးလိုက်ကြစမ်းပါ)
 (ဟာဂျူလီ.ကသာ)
ဘက်မလိုက်ပဲ ပြောချင်ပါသည်(သို့မဟုတ်) တရားသူကြီးသို့ အိပ်ဖွင့်ပေးစာ....(ဟာဂျူလီ.ကသာ) ဘက်မလိုက်ပဲ ပြောချင်ပါသည်(သို့မဟုတ်) တရားသူကြီးသို့ အိပ်ဖွင့်ပေးစာ....(ဟာဂျူလီ.ကသာ) Reviewed by သစ်ထူးလွင် on 04:01 Rating: 5

74 comments:

1 shot 2 kill said...

မင်္ဂလာပါ “ကိုဂျူ”ရေ...။ပြောင်မြောက်ပါပေ့ ဗျား.....။

Shwe Phyoe said...

အဟုတ်ပေါ့ဗျာ....တရားသူကြီး ဘက်လိုက် ဆုံးဖြတ်တယ်ဆိုတာရှင်နေတာပဲ။ ကျုပ်က ချမ်းတော့မချမ်းသာဘူး..ဒါပေမယ့် အဲဒီ အမိန့်ချတဲ့ တရားသူကြီးနဲ့ တဆွေတမျိုးလုံးကို ပါးတစ်ချက်စီ ရိုက်ပီး၊ တယောက်တစ်ထောင်စီ ဝေပေးချင်တယ်....ရမလား။

The Nature Myanmar said...

ဆရာဟာဂျူလီရေ...ကျနော်တို့ အပျင်းပြေ...ရန်ကုန်ကို ပါးရိုက်ထွက်ကြစို့...
ဗျူရိုကရက်တွေကို တန်းစီခိုင်း၊ ပီးရင် ၁၀၀၀ စီ ပေးပြီး ကျနော်ပါးရိုက်ချင်လို့ပါ...ကိုသစ်ရေ ကျနော့်ကို ရန်ကုန်လမ်းညွှန် ခဏငှါးပါ...

Tri Asian Taste said...

ဟေ့ မိထက်ထက် နင်က တရားသူကြီးကို အိတ်ထဲထည့်ထားတာ ပိုင်တယ်ကွာ။ တို့နိုင်ငံက တရားသူကြီးတွေ လတ်စားလား မစားလာဆိုတာ ရိုက်စစ်စရာမလိုတော့ဘူး။ ငါတသောင်းပေမယ် နင့်ပါကိုမရိုက်ဘူး။ ငါပေးတဲ့တသောင်းကိုလက်ခံပါ။ ပါးမရိုက်ခအနေနဲ့ လက်ခံပေးပါ။ ကျမ ပါးမရိုက်ခ အဖြစ် ငွေတသောင်းလက်ခံပါတယ်လို့ဘဲ ပြောမေးပါ။ နင်လုပ်နိုင်မလား။ နင့်အလှည့်ကြရင် မနွဲ့စတမ်းနော်

akabikhu said...

မတရားလိုက်တာကွာ.. !!!

akabikhu said...

မတရားလိုက်တာကွာ !!

Anonymous said...

တရားသူကြီး.ဘယ်လောက်ရသွားသလဲဆိုတာ
မေးစရာတောင်မလိုဘူး..ဒဏ်ငွေတစ်ထောင်တဲ့.
ဇီးထုပ်တစ်ထုပ်စာလောက်ပဲရှိတယ်.
အဲ့ဒီတရားသူကြီးပါးကို.တစ်ထောင်ပေးပီး.ရိုက်ချင်လိုက်တာ.

ညောင်ကန်အေး(KL) said...

တရားသူကြီးကို အချက်တိုင်း အချက်တိုင်း တစ်ထောင်ပေးပြီး ပါးချည်းဘဲ လှိမ့်ရိုက်ချင်တယ် လက်ခံမလားတရားသူကြီး ဒါမှ မဟုတ် တစ်ထောင့်ငါးရာဗျာ

HtetNWin said...

အဲလိုဟာသဥပဒေတွေနဲ့ဆိုရင် ပါးရိုက်တဲ့အကျင့်တော်တော်ခေတ်စားလာနိုင်ပါတယ်။

hlwannyein said...

သတင်းထောက်ဆိုတာနဲ့ အရာရာမှာ မေးချင်ရာမေးခွင့် ၊ ရေးချင်ရာရေးခွင့်
အခွင့်ထူးခံတွေလို သဘောထားရတော့မှာလား။ သူ့စည်း သူ့ကမ်းနဲ့သူရှိတယ်
နိုင်ငံတကာမှာလည်း နာမည်ကြီးတဲ့သူတွေနောက်ကိုလိုက်နေတဲ့ သတင်းထောက်တွေရှိတယ်.... သူတို့အတွက်နဲ့ စိတ်အနှောက်အယှက်ဖြစ်ရင်း
အဆင်မသင့်တဲ့ ဖြစ်ရပ်တွေ ရှိခဲ့တယ် .... ရှိနေဦးမယ်.... ဒါဟာဖြစ်လေ့ဖြစ်ထရှိတဲ့
သဘောပါ။ ဘာပဲဖြစ်ဖြစ် ထက်ထက်လည်း ပုထုဇဉ်တစ်ယောက်ပဲ သူမရဲ့ ပုထုဇဉ်ပီသတဲ့ လုပ်ရပ်အတွက် အပြစ်တစ်ခုလို့ မမြင်ပါ။ သို့သော် တရားသူကြီးတစ်ယောက်ရဲ့ လူရီစရာပြစ်ဒဏ်အတွက်တော့ တရားသူကြီးဆိုသူအား များစွာဆက်ဆုပ်ရွံရှာဖွယ်ကောင်းပါသည်။
တရားလိုဖြစ်သူ သတင်းထောက်မလေးအနေဖြင့်လည်း ထက်ထက်နေရာသို့ဝင်၍
မိမိအားလည်း အခြားတစ်ဦးတစ်ယောက်က လူပုံအလယ်တွင် မိမိမသိစေလို မမေးစေလိုသော မေးခွန်း ပြဿနာများကို မေးမြန်းလာပါက မည်ကဲ့သို့ ခံစားရမည်နည်း စဉ်းစားချင့်ချိန်စေချင်ပါသည်။
မိမိကို ကိုယ်ထိလက်ရောက် ကျူးလွန်သော်လည်း မတုံ့ပြန်ဘဲ တရားဥပဒေအရ ရင်ဆိုင် ဖြေရှင်းသွားသော သတင်းထောက်မလေး၏ လုပ်ရပ်မှန်ပါသည်။
ပုထုဇဉ်ပီသစွာ စိတ်ထဲခံစားမိတဲ့အတိုင်း ပွင့်လင်းလိုက်သော ထက်ထက်၏ လုပ်ရပ်သည်လည်း ပို၍မှန်ပါသည်။
ကြားထဲမှ အိပ်ဖောင်းသွားသော တရားသူကြီးကား အားလုံး အားလုံးအတွက်မှားပါသည်။

Anonymous said...

မိထက် ကတော့ မြန်မာနိုင်ငံက တရားသူကြီး လာဒ်စားတာကို သတင်းမီဒီယာတွေက တစ်ဆင့် ထင်ထင်ရှားရှားပြသသွားပြီ . . . ကဲ ဘာဆက်လုပ်မလဲ သမ္မတကြီးရေ တရားဥပဒေ စိုးမိုးရေးဆိုတာ ဒါကို ပြောတာလား . . . တရားသူကြီးကလည်း မိန်းမ ဖြစ်နေတော့ ညှိရတာပို အဆင်ပြေမယ်ထင်တယ် . . ဘယ်လောက်ရသွားလဲ သိချင်တယ် . . . နောက် မိထက် အပါအ၀င် တရားသူကြီးမ ကိုလည်း ၁ ထောင်ပေးပြီး ပါးရိုက်ချင်တယ် . . . ဒီအမှု တရားမမျှတဘူး ပြန် စိစစ်ဖို့  တရားရုံးဆိုင်ရာ လွှတ်တော်ကို တင်ပြဖို့ တိုက်တွန်းပါတယ် . . .

Anonymous said...

Right. Agree.

minn minn said...

တရားသူကြီးကို ပိုင်ဖို့ ဆိုတာ သိန်းနှင့်ချီကုန်မှာပါ ဒီတော့ မထက်မှာတော့
ပါးတချက်ရိုက်လို့ သိန်းနှင့်ချီကုန်သွားမှာမယုံဘူးဆိုရင်သွားသာရိုက်လိုက်ကြည့် တထောင်ပေးပြီးရိုက်ချင်သူတွေတရားသူကြီးအတွက်လည်းရှာထား
ိသတင်းထောက်ဘက်စိတ်နာမယ်ဆိုနာလောက်ပါတယ် ....(လက်ရှိပေါက်ဈေးတလ ၄သိန်း ၅သိန်းလောက်ရနိုင်းမယ့်နေရာ) မြို့ လည်ခေါင်ကအစိုးရပိုင်အဆောက်အုံကိုတပေါက် ၂၅၀(နှစ်ရာငါးဆယ်)နှင့်လေးပေါက်ငါးမှတထောင် ရှိမှတော့မထက်တို့ ၁၀၀၀ ပေးတာများနေမလား
ဘက်လိုက်တာမဟုတ်ဘူး မြန်မာနိုင်ငံဥပဒေက update မဖြစ်သေးဘူး

soecyclone said...

ပထမဆုံးပြောချင်တာကတော့"ထက်ထက်မိုးဦး"ဘက်ကလက်လွန်သွားတာကတော့သေချာပါတယ်၊ဒါကတော့သူ့ဘက်ကအမှားတစ်ချက်ပေါ့လေ၊ပြီးတော့သတင်းထောက်ဘက်ကသူတစ်ပါးရဲ့ဂုဏ်သိက္ခာကိုထိခိုက်စေမယ့်စကားကိုမေးမြန်းတာကလည်းသတင်းထောက်ဘက်ကအမှားပေါ့၊သတင်းထောက်တွေမှာလည်း(စည်း)တစ်ခုတော့ရှိပါတယ်၊အဲဒီလိုစကားမျိုးကိုလုံးဝ(လုံးဝ)မေးမြန်းခွင့်မရှိပါဘူး၊နောက်တစ်ချက်ကတရားသူကြီးဘက်လိုက်တယ်(သို့မဟုတ်)
လာဘ်စားတယ်ဆိုတာကတော့အရှင်းကြီးပါပဲ၊အခုချမှတ်ခဲ့တဲ့ပြစ်ဒဏ်ဟာ
ဘယ်သူကိုမေးမေးအဲဒီနှစ်ခုထဲကတစ်ခုနဲ့ညိစွန်းနေတယ်ဆိုတာလူတိုင်းသိ
ပါတယ်၊ဒဏ်ငွေ(၁၀၀၀)ချမှတ်တယ်ဆိုတာမြန်မာနိုင်ငံမှာတစ်ခါမှကိုမကြား
ဘူးသေးပါ၊အဲဒီလိုသာဆိုရင်ဥပမာတစ်ခုပြောပြမယ်၊ဥပမာနော်!ကျွန်တော်
ကမင်းသားဆိုပါစို့!ကျွန်တော်ရဲ့ဂုဏ်သိက္ခာကိုထိပါးတဲ့စကားလုံးမေးမြန်းမယ်
ဆိုရင်သတင်းထောက်ကိုကျွန်တော်က"ဟေ့ကောင်/မ..ရော့(၁၀၀၀)"ပေး
ပြီးတော့မှတ်လောက်သားအောင်တစ်ချက်လောက်ပစ်ထိုးလိုက်မယ်လေ!
"အဲဒီလိုဆိုရင်ရလား"လို့မတရားသူကြီးကိုမေးလိုက်ချင်တော့တယ်......

peace said...

Iron Cross နဲ့ ကိုလေးဖြူ ကိစ္စကို နမူနာယူစေချင်ပါတယ်။

3H said...

ပါးရိုက်ခံရအောင်သွားမေးတဲ့သတင်းထောက်ကရော သတင်းထောက်ကျင့်ဝတ်နဲ့ ညီရဲ့လား ။ငါသတင်းထောက်ပဲဆိုပြီးမေးချင်တာမေးလို့ရတယ်လို့ ထင်နေတာလား။ ကိုယ့် eathic ကို စောင့်ထိန်းရဲ့လားဆိုတာလဲ ကိုယ့်ကိုကိုယ်ပြန်မေးပါဦး မမသတင်းထောက်ရေ

Unknown said...

ကျနော်ပြောချင်တာကတော့...ထက်ထက်မိုးဦးက ..လူအခွင့်အရေးအရ
သူဟာသူ လွတ်လွတ်လပ်လပ်နေတာလေ....။သတင်းထောက်မက
ထက်ထက်မိုးဦးကို မသင့်တော်တဲ့စကားသွားမေးလို့ဘဲဖြစ်၇မယ်
ဘယ်လိုမေးမိတယ်ဆိုတာလဲထည့်ပြောကြပါအုံး..။ထက်ထက်မိုးဦးက..မရိုင်းစိုင်းဘူးဆိုတာ ကျနော်သိပါတယ်..။သူကိုစိတ်တိုလောက်အောင်မေးမိလို့ဘဲ
ဖြစ်မယ်။။ထက်ထက်မိုးဦးက အမြဲတမ်းပြုံးပြုံးရွှင်ရွှင်ပျော်ပျော်နေတတ်သူပါ
ကျနော်ကိုယ့်တွေ့မို့ပြောတာနော်....။ခင်ဗျားတို့သတင်းထောက်တွေက
ကိုယ်သတင်းရယူဘို့လောက်ဘဲကြည့်တာ..။ဇွတ်တွေ့ဇွတ်မေးနဲ့..
ကာယံရှင်ကဖြေချင်လားမဖြေချင်လားလဲမသိ...။ခွင့်လဲမတောင်း။
ကိုယ့်သတင်းထောက်ပါးရိုက်ခံရလို့ မကျေနပ်လို့လား။ပြဿနာမဖြစ်ချင်ရင်
ကိုယ့်နေရာကိုနေပါ..မဖြစ်ပါဘူး..။ကိုကသွားစတာလေ..။တရားသူကြီး
ကလဲ မကောင်းတတ်လို့ ဒဏ်တပ်လိုက်တာပါ..။သဘောပေါက်ပါ။
နေရာတကာတိုင်းဥပဒေကြောင်းအရလုပ်ပါဆိုပေမဲ့..။တချိုကိစ္စတွေက
ဥပဒေကြောင်းအရလုပ်လို့မရဘူး။လက်ငင်းရှင်းလိုက်ရတာရှိပါတယ်..။ဥ့ပမာ
လူရှင်းတဲ့နေရာမှာခင်ဗျားက ကျနော်ကိုဝင်တိုက်မိတယ်ဆိုပါတော့..
ကျနော်နာသွားတယ်..။လူရှင်းတဲ့နေရာဖြစ်လို့.လူသက်သေ..နာကျင်မှူ
သက်သေမရှိဘူးလေ..။ဒီတော့အကောင်းဆုံးက ပြန်ပြီးလက်သီးနဲ့ဆွဲထိုး
တာအကောင်းဆုံးဘဲ..။ကဲ..စာရှည်သွားပြီ။လူအခွင့်အရေးဆိုတဲ့ စကား
လုံးကိုအ၇မ်းကာရောမသုံးပါနဲ့။သတင်းထောက်လဲ သတင်းထောက်နေရာ
မှာနေ ထက်ထက်မိုးဦးလဲထက်ထက်မိုးဦးနေရာမှာနေ..ပြဿနာမဖြစ်
နိုင်ပါဘူး..။ကိုယ့်လိုဘချည်းကြည့်မနေပါနဲ့......။

ဥုံဖွ said...

ကိုဟာဂျူ အစ်ကိုက သိတာ သတင်းထောက် ကိုပေးတဲ.ငွေတစ်ထောင်ပဲသိတာ
ဟိုလူကြီးကိုက ဘုံးချီပေးပြီးပြီ

ဖိုးတောက် said...

ဟုတ်ပါ့.. ကသာသားလေးရေ... ဒါလဲ ကောင်းတာပါပဲ.. နောက်ဆို ဒီအမှုဖြစ်ခဲ့ရင် ရုံးသွားစရာမလိုတော့ဘူးပေါ့...၁၀၀၀ ပေးပြီး ရှင်းလိုက်ရုံပဲလေ.. နော်...
ဥပမာပေါ့ဗျာ.. taxi စီးသလိုပေါ့.. လမ်းနဲ့ ခရီးအကွာအဝေးသိနေတော့ မီတာမချိုးကြတော့ဘူး.. ဈေးပြောပြီး စီးရုံပဲလေ.. မီတာမလိုတော့ဘူး...
အခုလည်း ဒီလိုဖြစ်ပြီပေါ့...
နောက်ဆို အားတိုင်း ဂျပန်ပါးရိုက်နည်းစာအုပ်လေးတွေ ဖတ်ကြပါစို့ဗျာ...

Bryan Adams said...

တရားသူကြီးရဲ့ဆုံးဖြတ်ချက်ကို မှားတယ်လို့ ပြောလို့မရပါဘူး။ တရားစွဲဆို ထားတဲ့ပုဒ်မအရ ဒီအပြစ်ဒဏ်ကိုပဲချမှတ်လို့ရနိုင်ပါတယ်။ ကျူးလွန်တဲ့ပြစ်မှုနဲ့ ထိုက်တန်တဲ့ပြစ်ဒဏ်မျိုးချမှတ်နိုင်ဖို့အတွက်ဆိုရင် အခုလို ခေတ်နဲ့ မလျော်ညီတော့တဲ့ ဥပဒေတွေကို ပြန်လည်ပြင်ဆင်ကြရမှာဖြစ်ပါတယ်။ လွှတ်တော်တွေ အခုထက်ပို အလုပ်လုပ်ဖို့ လိုအပ်တယ်လို့ မြင်မိပါတယ်။

tharzaw said...

ရေးချက်တွေကတော့
မှန်လိုက်လေ ... ကောင်းလိုက်လေ
ဆရာဟာဂျူလီရေ့။

Ye Gyi said...

ကိုဂျူးရေး သိန်းတစ်တစ်ထောင်ရှိတယ်ဆိုရင် တစ်ယောက်တစ်ထောင်နှုန်းနဲ့အများကြီး ပါးလိုက်ရိုက်လို့ရတာပေါ့နော့်

ညာလက်တော် said...

ကျုပ်ကတော့ အဲဒီ ပြစ်ဒဏ်စီရင်ချက်ချလိုက်တဲ့ တရားသူကြီးကိုဘဲ ပိုက်ဆံ တစ်သောင်းပေးပြီး ပါးဆယ်ချက်ရိုက်ပစ်လိုက်ချင်တယ်။ သရုပ်ဆောင်လုပ်တဲ့လူကလဲ ဘယ်လောက်တောင် ခွံ့ထားလဲမှ မသိတာ..
အမှန်တကယ်ဖြစ်ရမှာက တရားသူကြီးတို့၊ ရှေ့နေတို့ကို ခွံ့မယ့်အစား..
ကိုယ်ထိလက်ရောက် ကျူးလွန်ခံရတဲ့ သတင်းထောက်ကိုဘဲ နစ်နာကြေးအဖြစ်
ပေးလိုက်သင့်ပါတယ်

gawleee said...

အဲဒီ တရားသူကြီးမကို..ပါး ( ၁၀ ) ချက်ရိုက်မယ်..တချက်ကိုတသောင်းပေးမယ်..ရမလားသိချင်တယ်

ယုယ said...

ပြစ်ဒဏ်ပေးတာတော့ ကြားရတာ တမျိုးကြီးပဲ.. မြန်မာဥပဒေတွေက ပြုပြင်ပြဌာန်းဖို့တော့ အမှန်လိုအပ်နေပါပြီ...
အဓိကအကြောင်းအရင်းကိုတော့ သိချင်သေးတယ်
မင်းသမီးကို ဗျူးတဲ့သူက ဘာတွေသွားမေးလို့ ပါးရိုက်လိုက်တာလဲ သိချင်တယ်.... သိတဲ့လူ မျှဝေပေးပါ...
မေးတဲ့ မေးခွန်းနဲ့ အမှုနဲ့ ပြစ်ဒဏ်စီရင်မှု နည်းနည်းများ သက်ဆိုင်မလားလို့ပါ...
မီဒီယာဘက်က မှန်မှန်ကန်ကန်မေးမြန်းတာကို မင်းသမီးက ဆော်ထည့်လိုက်တာဆိုရင် မင်းသမီးအပြစ်က ကျခံလိုက်ရတဲ့ ပြစ်ဒဏ်နဲ့ လုံးဝမတန်ပါဘူး... ဒီလိုမဟုတ်ပဲ မေးမြန်းသူက မင်းသမီး ကိုယ်ကျင့်သိက္ခာနဲ့ သူ့လွတ်လပ်ခွင့်ကိုထိပါပြီး ဇွတ်အတင်း/မခံချင်အောင် မေးမြန်းမိလို့ ပါးရိုက်ခံရတယ်ဆိုရင်တော့ မင်းသမီးအပြစ်မဟုတ်ပြန်ဘူး...
ပြစ်ဒဏ်စီရင်မှုတစ်ခုကိုမကြည့်ပဲ အမှုသွား အမှုလာကို ကြည့်ပြီးမှပဲ ဘယ်သူမှန်မမှန် တရားတယ် မတရားဘူး ပြောသင့်တယ်ထင်ပါတယ်.....

Kyaw Minn said...

ကိုဟာဂျုလီကို ထောက်ခံပါတယ်..

kyaw said...

ထက်ထက်မိုးဦးဟာ သူ့ခေတ်တုန်းက မြန်မာပြည်က ကလေးလူကြီးမကျန် ပရိတ်သတ်တွေ ချစ်ခင်မှုခံရတဲ့မင်းသမီးတစ်ယောက်ပါ။ သူကလည်း ချစ်လောက်အောင်လည်း သရုပ်ဆောင်တတ်ခဲ့ပါတယ်။ ပရိတ်သတ်တွေက သူမရဲ့ ရိုက်ကွင်းထဲက သူမရဲ့အစစ်အမှန်မဟုတ်တဲ့ အတုအယောင်စိတ်ဓာတ်နဲ့ အပြုအမူတွေကိုသာ နှစ်ခြိုက်အားပေးခဲ့တာပါ။ ဒါကိုသူကအစစ်အမှန်ထင်ပြီးမာနကြီးနေခဲ့တာပါ။
ပြင်ပမှာရှိတဲ့သူ့ရဲ့အမူအရာနဲ့ အတွင်းစိတ်ဓာတ်ကိုတော့ ပရိတ်သတ်တွေအခုသိသွားကြပါပြီ။

Aung Maw said...

တရားရုံးက အပြစ်ရှိကြောင်း ဆုံးဖြတ်ထားလို့၊ ရုပ်ရှင်အစည်းအရုံးအနေနဲ့ ထပ်မံအရေးယူမယ်လို့ ထင်ပါတယ်။

Myanmar said...

အဓိကကတော့ဗျာ ကြံ့ဖွတ် စစ်တပ် လူထွက်တွေလက်အောက်မှာ မှန်ကန်တဲ့ ဥပဒေဆိုတာပျောက်ဆုံးသွားခြင်းပါဘဲ။ မနက်ဖန်မှာ ကိုယ်သေတွင်းကိုယ်တူးကြမယ့် ကြံ့ဖွတ်ကိုမေးပေးမယ့်သူများ အသိမှန်အချိန်မီ ၇နိုင်ကြပါစေ။ ။

thihathuya said...

တင်ပြချက်ကတော့.Heart!!ထိတယ်ကွာ...စာပေလောကသားများအပေါ်..တစ်ထောင်ပေး..ပြီးစိန်ခေါ်သွားတာပဲ..ဘာဆက်လုပ်ကြမလဲ..ကွယ်တို့....))))

evil said...

တရားရုံးမှာကျမ်းကျိန်ရတယ်ဆိုပြီးအထုတ်ကလေးတစ်ထုတ်ကိုင်ရတယ်
အဲဒီအထုတ်ကိုအခုတရားသူကြီးကိုကိုင်ခိုင်းပြီးကျွန်တော်မှန်ရာကိုဆုံးဖြတ်
ပါမယ်လို့ကျမ်းကျိန်ခိုင်းရင်ကျိန်ရဲပါ့မလား..ပြစ်ဒဏ်နဲ့အမှုမျှ-မမျှတော့
ဥပဒေကြောင်းအရနားမလည်ဘူး.ဒဏ်ငွေ ၁၀၀၀ဆောင်ဖို့ အမှုစစ်ရတာ
နှစ်နဲ့ချီပီးမှဆိုတော့မင်းသမီးဘက်ကသာပြီးသတင်းထောက်ဘက်ကတော့
နာတာပေါ့..

B I G E Y E S B I G E A R S said...

ပြောကိုမပြောချင်ဘူး ဆိုတဲ့ ဒေါ်မြလေး အသံနဲ့ပဲပြောရဦးမယ်၊ ရှင်းပါတယ် တရားသူကြီးက "တပုံး"ကို သူ့အိပ်ထဲထည့်ပြီး၊ "တထောင်" ကို တော့ ပေါ်တင်ပဲဆောင်ခိုင်းလိုက် ဒါပါ။ အဲဒိ (မ)တရားသူကြီးကို တရားပြန်စွဲဗျာ။

shan kalay said...

လူတွေကလဲ တော်ကြပါတော့ဗျာ။ အဲလို စိတ်ဓါတ်တွေရှိလို့ လဲမတိုးတတ်တဲ့နိုင်ငံစာရင်းထဲပါနေတာ။ ကြီးသောအမှုငယ်စေ ငယ်သောအမှု ပပျောက်စေဆိုတာရှိတာပဲ။ နှစ်ဦး နှစ်ဖက် အမှုသွားအမှု လာ ကိုကြည့်ပီးပြောကြပါဗျာ။ မမေးသင့်သောအမေးကြောင့် ထက်ထက်မိုးဦး လဲ လူသားပဲ စိတ်ထဲမှာ မခံမရပ်နိုင်အောင်လို့  လုပ်ခြင်းသာဖြစ်မှာပါ။ ထက်ထက်မိုးဦး သမိုင်းမှာ ဒီလို စော်ကားတတ်တဲ့ အမူအကျင့်တောင်သိပ်မရှိပါဘူး။ သူ လဲ သူ့ အားနည်းချက်နဲ့ သူပါပဲ။ တရားလို တရားခံတွေတောင် ဘာမှ မဖြစ်ကြတာ ။ ဘေးက လူတွေ မဟောင်ကြပါနဲ့ တော့။ ပညာတတ်တွေ အတွေးအခေါ်ရှိတဲ့လူတွေ ဖြစ်ကြမယ်ဆိုရင် လိုအပ်နေတဲ့နေရာ ဖြစ်သင့်ဖြစ်ထိုက်တဲ့ ဆွေးနွေးမှု ။ ဥပမာ တိုင်ရီ အလုပ်သမား အရေး၊ တို့ နိုင်ငံမှာ တိုးတတ်သင့်တာ ကို မတိုးတတ်သေးတဲ့အကြောင်းတို့ ကို ဆွေးနွေးသင့်ပါတယ်။ သားသမီး ရှိသော မိဘတိုင်းကိုယ်ချင်းစာစိတ်နဲ့ အမှုပီးသွားတာကိုပဲ အပြုသဘောဆောင်တဲ့မေတ္တာစိတ်နဲ့ မြင်ပေးကြပါ။ထက်ထက်မိုးဦးတောင် နောက်ကလေးတယောက်တောင်မွေးပီးလို့ တော်တော်တောင်ကြီးနေပီ။ အခုလိုဘေးမှာ ပြောနေပီး ကိုယ်တိုင် မခံရဲကြပဲနဲ့  ဝိုင်းပီး အပစ်တင်တာတွေ ရပ်ကြပါလို့ ပြောချင်ပါတယ်။

Anonymous said...

တစ်ထောင် ကတော့ နည်းလွန်းပါတယ်.....
ဒါပေမယ့် မီဒီယာဆိုပြီး ဥပဒေကို လက်တလုံးခြား ပညာပြ နေတာမျိုးတော့....
ချသာချ ဟေ့....
ကိုယ်တော့ မလုပ်ဘူး ရှောင်တယ်....
လုပ်ရဲတဲ့သူတော့ အားပေးတယ်....

goldinnwa.US said...

မှန်လိုက်လေ.....ကိုဂျူရေ...

Anonymous said...

ဒီလိုပဲဖြစ်ရမယ်.. မီဒီယာ မီဒီယာ နဲ့ လူတစ်ဖက်သားကို အနုနည်းနဲ့စော်ကားဖို့ ကြံနေတဲ့ မီဒီယာ အရေခြုံ အောက်တန်းစားတွေ ကောင်းတယ် ကြိုက်တယ် ..

Lawyer said...

ရှေ့နေတစ်ယောက်အနေနဲ့ပြောရမယ်ဆို၇င် ထောင်ဒဏ်ကတစ်လဆိုတာ နည်းလွန်းပါတယ်။ ငွေဒဏ်ကတော့ထားပါတော့။ ၀၇မ်းမှုမှာ ထောင်ဒဏ်တစ်လဆိုတာ မဖြစ်သင့်ပါဘူး။ နစ်နာသူကာယကံရှင်ကိုလဲ အယူခံတက်ဖြစ်အောင်တက်ပါလို့ ပြောချင်ပါတယ်

မောင် said...

ဝမ်းနည်းစရာပါ။
အခုလိုဖြစ်တဲ့အတွက် တရားဥပဒေကို ဘယ်သူက အားကိုးကြတော့မှာလဲ။

နောင်
အပြန်အလှန်ပါးရိုက်နေတော့မှာပေါ့။

တရားရုံးရဲ့ဒါဏ်ငွေတွေကို ခေတ်မီနေအောင် ရွှေနဲ့စံသတ်မှတ်သင့်နေပါတယ်။
အလိုက်သင့်ပြောင်းလဲနေတဲ့ စံပစ္စည်းတခုနဲ့ဖြစ်ဖြစ်ပါ။

လ၀ကနဲ့အခွန်ရုံးကို ဖျက်ဆီးတာ တရုတ်နဲ့ကုလား။
ဥပဒေကို အရိုအသေမဲ့အောင်လုပ်တာ ဥပဒေဘက်သား။

Hacker 1990 said...

အကိုတို့ အမတို့ရေ။
ထက်ထက် ရဲ့ နောက်ခံအင်အားကိုကြည့်ဦးလေ။
ထက်ထက် က ဒေါ်ကြိုင်ကြိုင်ရဲ့ အချစ်တော်လေ။
တော်ကြာ တရားသူကြီး လားပင်စင် တောင်မရဘဲ နေဦးမယ်။
ဂျာနယ် ကလည်း ရေးစရာမရှိတော့ ဟုတ် တာရော မဟုတ်တာရော ရေးတာ
အခုလိုဖြစ်တာလည်း တမျိုးလေးတော့ ကောင်တာပေါ့။

တောသားကြီး said...

အဲဒီ တရားသူကြီးကို ပါးရိုက်ပီး ၁၀၀၀ ပေးလိုက်။ ဟီဟီ။ တန်တယ်။

kiddykid said...

သိရသလောက်တော့..သူ့ရဲ့ အိမ်ထောင်ဆက်များရတဲ့..ကိစ္စကိုမေးလိုက်လို့တဲ့..ပထမတစ်ခေါက်ထဲက မမေးပါနဲ့..ထက်ထက်ကသတိပေးနေပေမဲ့..ဆက်မေးတာနဲ့..ဆော်ထဲ့လိုက်တာတဲ့....

အမြင်သစ် said...

ကဲ ကဲ ကဲ ကဲ ဘယ်သူမှားတယ် ဘယ်သူမှန်တယ်ငြင်းမနေကြနဲ့
သေချာတာကတော့ ငွေတထောင်ပေးရင် မြန်မာပြည်မှာ ပါးရိုက်
လို့ရတယ်ဆိုတာသေချာသွားပီ။ထက်ထက်က လည်ပင်းပါအပို
ကုတ်ဆွဲသွားသေးတယ်။ ငွေတသိန်းလောက်အိတ်ထဲထည့်ပီး
လွှတ်တော်ရှေ့မှာ ပါးသွားရိုက်မယ် ။ဘယ်သူလိုက်ကြမလဲ။

unkown said...

မထက်ထက် မှန်ပါတယ်။ စော်ကားလာရင်တော့ တုန့်ြ­ပန်ရမှာပဲ
မိန်းမချင်း နှမချင်း မိခင်ချင်း သမီးချင်း နောက်ဆုံးကိုယ် ကို ချင်း ကိုယ်ချင်းစာမေးသင့်တယ်
မတော်ရော်မေးခွန်ြးေ­ကာင့် မထက်ထက် ရဲ့ အိမ်ထောင်ရေး မိသားစုဖရိုဖရြဲ­ဖစ်နိုင်တယ်
အတိတ်ကြ­ဖစ်ရပ်တြွေေ­ကာင့်အိပ်မပျော်ပဲြ­ဖစ်နေခဲ့ရင် သူ့ မေးခွန်းတြွေေ­ကာင့်
ပြို­ပီးစိတ်ဝေဒနာခံရင်ဆိုတဲ့ ကိုယ်ချင်းစာစိတ်ရှိသင့်ပါတယ်
မိန်းကလေးပါးရိုက်ခံရ တာလည်းကိုယ်ချင်းစာပါတယ် နောက်ဆင်ြ­ခင်ပေါ့
တိုင်းသြိ­ပည်သိကိစ္စမို့  တရားသြူ­ကီးလည်း အင်မတန်သတိထားမှာပါ

unkown said...

မထက်ထက် မှန်ပါတယ်။ စော်ကားလာရင်တော့ တုန့်ြ­ပန်ရမှာပဲ
မိန်းမချင်း နှမချင်း မိခင်ချင်း သမီးချင်း နောက်ဆုံးကိုယ် ကို ချင်း ကိုယ်ချင်းစာမေးသင့်တယ်
မတော်ရော်မေးခွန်ြးေ­ကာင့် မထက်ထက် ရဲ့ အိမ်ထောင်ရေး မိသားစုဖရိုဖရြဲ­ဖစ်နိုင်တယ်
အတိတ်ကြ­ဖစ်ရပ်တြွေေ­ကာင့်အိပ်မပျော်ပဲြ­ဖစ်နေခဲ့ရင် သူ့ မေးခွန်းတြွေေ­ကာင့်
ပြို­ပီးစိတ်ဝေဒနာခံရင်ဆိုတဲ့ ကိုယ်ချင်းစာစိတ်ရှိသင့်ပါတယ်
မိန်းကလေးပါးရိုက်ခံရ တာလည်းကိုယ်ချင်းစာပါတယ် နောက်ဆင်ြ­ခင်ပေါ့
တိုင်းသြိ­ပည်သိကိစ္စမို့  တရားသြူ­ကီးလည်း အင်မတန်သတိထားမှာပါ

Neo said...

ဘယ်လိုပဲမေးမေး၊ မကျေနပ်ရင် ဘောင်အတွင်းကနေ ပြောဆိုတိုင်ကြား နိုင်ပါတယ်။ အခုလို လက်နဲ့ ရှင်းတယ်ဆိုတာ ရိုင်းတာပါပဲ။ ဘယ်စံချိန်နဲ့ တိုက်တိုက် ယဉ်ကျေးတဲ့ လူ့အသိုင်းအဝိုင်းမှာ ဘာအကြောင်းနဲ့မှ လက်ပါစရာ မလိုပါ။ လက်ပါ ခြေပါ လုပ်တာ လူကြီးလူကောင်း စရိုက် မဟုတ်ပါ။ လူတိုင်း မှားတာကတော့ မှားတာပါပဲ။ ဒါပေမဲ့ စည်းပျက်ကမ်းပျက် မောက်မာရိုင်းစိုင်းတဲ့ ဖြေရှင်းနည်းမျိုးကို မှန်ပါတယ်လို့ ဝိုင်းပြောနေကြသူတွေ စဉ်းစားပြီးမှ ပြောပါ။ ပြဿနာကို တစ်ဖက်က ငါးစိမ်းသည်ရှင်း ရှင်းတာကို လက်တုံ့မပြန်ဘဲ ဥပဒေကြောင်းအရ ရှင်းတာ အားပေးရမဲ့ ကိစ္စပါ။ မှန်ကန်တဲ့ တုံ့ပြန်မှုပါ။ ဒါပေမဲ့ ဥပဒေက ထိထိရောက်ရောက် အကာအကွယ်ပေးရမဲ့အစား ဒဏ်ငွေ ၁၀၀၀ ဆိုတာကြီးက ဥပဒေမဲ့ တုံ့ပြန်မှုတွေကို အားပေးရာ ရောက်နေတာ အမှန်ပါပဲ။ တော်တော် စုတ်ပြတ်တဲ့ စီရင်ချက်ပါ။

မောင်မောင် said...

မီဒီယာအခွင့်အရေးသမားတောင်းဆိုနေတဲ့ ကိုကိုမမ မီဒီယာ..မီဒီယာဆရာ့ဆရာကြီးတွေ..ဘယ်ရောက်နေပါလိမ့်..စစ်တပ်ကိုတော့ မကြောက်ဘူး..ထက်ထက်မိုးဦးတော့..ဆရာ့ဆရာကြီးတွေ..အသံမထွက်လာတော့ပါလား...

TK said...

ထက်ထက်မိုးဦး လက်ပါသွားတာ ရိုင်းသွားတယ် မှားသွားတယ်ဆိုတာ လူတိုင်းလက်ခံပါတယ်..
ထက်ထက်မိုးဦး ထက် ပိုပြီးမှားတာက သူများရဲ့ ကိုယ်ရေးကိုယ်တာ အားနည်းချက်ကို မရမက အတင်းဇွတ်မေးတဲ့ မီဒီယာအရေခြုံသမားက ပိုပြီးမှားပါတယ်...
ထက်ထက်မိုးဦးနေရာမှာ ကိုယ်သာဆိုရင်ကော... လူတိုင်းလူတိုင်းမှာ အားနည်းချက်.. လူသိမခံချင်တဲ့ အားနည်းချက်ဆိုတာ ရှိကြတာကြီးပဲ.. ကိုယ့်ရဲ့အားနည်းချက်ကို နင်းပြီး လူပုံအလယ်မှာ လာအရှက်ခွဲမယ်ဆိုရင် ကိုယ်ကိုယ်တိုင်ကော ဘာလုပ်မိမလဲ..

aungaung said...

ထက်ထက်မိုးဦး ပါးရိုက်လိုက်တာဟာ လုံးဝ မှားပါတယ်။ သတင်းထောက်အနေနဲ့ အဲဒီမေးခွန်း လုံးဝ မေးခွင့် ရှိတယ်။ ဘာကြောင့်ပါလဲ။ နိုင်ငံတကာ စံအရ ကျော်ကြားတဲ့လူတစ်ယောက်ကို မေးချင်ရာ မေးခွင့် ရှိပါတယ်။ အရေးကြီးလို့ပါ။ ကျွန်တော် ရှင်းပါ့မယ်။ မင်းသမီး ဒိုင်ယာနာကို ချားလ်စားမင်းသား နဲ့ လက်ထပ်တော့ အမှန်တကယ် ချစ်လို့ လက်ထပ်တာလား ဆိုတဲ့ စကားကို သတင်းထောက်က မေးတာ သမိုင်းဝင် မှတ်တမ်းရှိပါတယ်။ ဒီစကားကို အပြင်လူကို မမေးဘူး။ မင်းသမီးကို မှ ရွေးပြီး ဘာကြောင့် မေးတာလဲ။ လူထုအတွက် စံပြဖြစ်သင့်တဲ့ မင်းသမီးဟာ သူ့ထက် ၁၈နှစ် ကြီးပြီး ရည်းစားထည်လဲတွဲခဲ့တဲ့ ချားလ်စ် လူကို လက်ထပ်လို့ ဂုဏ်မက် ငွေမက် လက်ထပ်တယ် ဆိုတဲ့ သံသယ နဲ့ မေးတာပါ။ မင်းသမီးက အမူအရာ ကောင်းကောင်းနဲ့ တကယ်ချစ်လို့ လက်ထပ်တာ ဖြစ်ကြောင်း ပြန်ဖြေခဲ့တယ်။

ထက်ထက်မိုးဦးဟာ နိုင်ငံကျော် မင်းသမီးပါ။ အများက စံထားရသူပါ။ အဲလိုလူက ဘာဖြစ်လို့ လင်ကို အဝတ်အစားလဲ သလို လဲရတာလဲ။ သူလင်များရတဲ့ အဓိက အကြောင်းရင်းဟာ ငွေကြေးလိုအပ်နေလို့ မဟုတ်ပဲ အကျင့်စာရိတ္တ ပျက်ပြားနေသူတစ်ယောက် အဖြစ် အပြင်မှာ သတင်းတွေ ထွက်နေလို့ မေးတာပါ. ခင်ဗျားတို့ ကြားဘူးလား။ သူနဲ့ အနဂ္ဂ လက်ထပ်ပြီးတော့မှ မင်းသားဖိုးချစ်အိမ်မှာ သွားအိပ်နေတာ။ အဲဒါကို အနဂ္ဂ က လိုက်ခေါ်တော့ သိန်းပေါင်းများစွာ ပေးကွာတာ။
အဲဒါက တစ်ခုတည်း ရှိသေးတယ်။ ဒီထက် အရေးကြီးတဲ့ အချက်က ထက်ထက်မိုးဦးနဲ့ သူဌေးကြီး တေဇ ညားဖူးတယ်။ တေဇဟာ အဲဒီကိစ္စကြောင့် သူ့မိန်းမနဲ့ တနှစ်လောက် ကွဲသွားတယ်။ အထက်တန်းလွှာ တလောက်လုံး ဒီကိစ္စ သိပါတယ်။ ဒီဇာတ်လမ်းတွေကို ကြည့်ရင် ထက်ထက်မိုးဦး ဘာလဲ ဆိုတာ ရှင်းပါလိမ့်မယ်။ သူ ရန်ကုန်ကို လာစဉ်က မိုးကုတ်က သူ့လင်လို့ ယူဆရသူ ပါလာတယ်။ ရုပ်ရှင်နယ်ရောက်ပြီး ပထမဦးဆုံး အတူနေသူက မင်းဦးပါ။ ကလေးဖျက်ချတာ အခါပေါင်း မနည်းဘူးဆိုတာ နာမည်ကြီးဆေးခန်းက ဆရာဝန်တွေ သိပါတယ်။ တားဆေး ဒီလောက် ပေါတဲ့ခေတ်မှာ ဘာလို့ လူသတ်တာလဲ။ မင်းဦးကို ငွေပေးကွာတယ်လို့ ကြားရတယ်။ အဲဒီနောက်ပိုင်းကတော့ ဇာတ်လမ်းတွေ အများကြီးပဲ။

သေချာတဲ့အချက်က ထက်ထက်လင်များတာဟာ ဖင်ဆော့တာပါ။ မရိုသေ့စကား ယောင်္ကျားပစ္စည်းကို လူရှေ့တွင် လက်နဲ့ နှိုက်တယ်လို့ ကြားဘူးပါတယ်။ အဲဒါ ခင်ဗျားတို့ သိပြီး ဒါ သူ့ကိုယ်ရေး ကိုယ်တာပါလို့ ပြောချင်သေးရင်တော့ စစ်ဗိုလ်တွေ ထင်ရာလုပ်တာကို အပြစ်ပြောမနေပါနဲ့တော့။ လက်ရှိ စစ်အစိုးရ ဆက်လက်အုပ်ချုပ်ပါစေ. တရားရေးမဏ္ဌိုင်ကိုလည်း ပြင်မနေပါနဲ့။ ကြီးနိုင်ငယ်ညှင်း၊ ကိစ္စတွေလည်း ဆက်လက် တည်မြဲအောင် စစ်အစိုးရကိုပဲ အားပေးပါ။

the` maung said...

ငွေ တစ်ထောင် ဆိုတာ ဟိုအရင်တုန်းက law အရ ပါ။ အထင်မမှားကြပါနဲ့
အရင်တုန်းက မြန်မာငွေ ၁ ကျပ် က US1 $ နဲ့ညီတယ်လေ
ဒီခေတ်ပေါက်ဈေးနဲ့ဆို၇င်တော့ နဲတာပေါ့

beancharly said...

ဟိုသီချင်းထဲကလိုနင်နဲ့ ရှင်ရင်ငါက(ထောင်တန်တစ်ရွှက်ပါပဲ)

Leo said...

အခုစာလာဖတ်သူတွေထဲမှာ ရှေ့နေ့နဲ့ တရားသူကြီးတွေပါခဲ့ရင်၊ အကယ်လို့ အခြားသူတွေရော အပြင်မှာ ပါးရိုက်ရင် ဒဏ်ငွေ (၁၀၀၀) ကျပ်ပဲ ဆောင်ရတာလားလို့ သိချင်လို့ပါ။ ကျွန်တော်ငယ်ငယ်တုံးကလဲ မိန်းမနှစ်ယောက်ရန်ဖြစ်ပြီးပါးရိုက်တဲ့အမှုမှာ ဒဏ်ငွေဆောင်ရတာ နည်းနည်းလေးမို့၊ ပါးရိုက်တဲ့မိန်းမက အဲသလိုမှန်းသိရင် အစကတည်းက (၅) ချက်လောက် ရိုက်လိုက်ပါတယ်လို့ အော်ဟစ်နေတာ ကြားဖူးလို့ပါ။ တစ်ထောင်ကျပ်ဆိုတဲ့ ငွေပမာဏကတော့ နည်းလွန်းပါတယ်ဗျာ။ မှတ်သားလောက်မယ့် ပမာဏဖြစ်သင့်ပါတယ်။

taunggyi.1997 said...

တစ်ခါရိုက်တစ်ထောင်တဲ့

warmly welcome said...

မြန်မာပြည်က..သတင်းထောက်တွေကိုနည်းနည်းပြောချင်ပါတယ်.......သတင်းယူတဲ့နေရာတော်တော်များများမှာလည်းတွေ့ခဲ့ရပြီးပြီ....နိုင်ငံခြားသားကိုမြန်မာစကားနဲ့မေးတဲ့ကောင်ကရှိသေးတယ်...လာလိုက်တဲ့သတင်းထောက်တော်တော်များများကစုတ်ပြတ်နေတာဘဲ....ဘောင်ဘီတွေဖင်ပြုတ်ဝတ်တဲ့ကောင်တွေကပါလာသေးတယ်....ကင်မရာတလုံးပါရင်သတင်းထောက်ဖြစ်နေတယ်...မဖြစ်သင့်တဲ့ကိစ္စတွေပါ...တကယ်ဆို..ဖြစ်သင့်တာက..ဘယ်သတင်းဌာနကဆိုတာ...ယူနီဖေါင်းလေးတွေနဲ့..တံဆိပ်လေးတွေကပ်ပြီး..သပ်သပ်ယပ်ယပ်လေးဖြစ်သင့်တာပေါ့....နိုင်ငံခြားသားတွေလည်းအထင်ကြီးသွားမယ်...မြန်မာသတင်းထောက်တွေက..စည်းကမ်းရှိတယ်..ကိုယ့်သတင်းဌာနအလိုက်..တူညီဝတ်စုံလေးတွေနဲ့...လို့..အထင်ခံကိုခံရမှာပါ...ခုတော့..လာတဲ့သတင်းထောက်..အယောက်၅၀ ဆို...၄၀ လောက်ကစုတ်ပြတ်နေတယ်...မယုံရင်သတင်းယူတဲ့နေရာတွေလိုက်ကြည့်ကြပါ....ကျွန်တော်ကတော့...တော်တော်များများတွေ့ခဲ့ရပြီးပြီ...မိန်းခလေးတွေဆိုလည်း...လာလိုက်တာ..ဘောင်းဘီဖင်ပြုတ်တွေနဲ့....အရည်အချင်းဆိုတာလည်း..ဘာမှမရှိဘူးတော်တော်များများ..တကယ်ဆို..စနစ်တကျ..သင်တန်းတွေပေးသင့်တယ်...ခုတော့..လူအမြင်ကိုဂရုမစိုက်တော့ဘူး...သတင်းရရင်ပြီးရောပုံစံလုပ်နေကြတယ်...ပြောမယ်ဆိုရင်တော့အများကြီးပါ...ဒါပေမဲ့..နိုင်ငံခြားသား..ဗြိတိန်နိုင်ငံက..တကယ့်လူကိုမှ...သတင်းထောက်ချာတိတ်တကောင်က..မြန်မာလိုလှန်းမေးတယ်....ဖြစ်သင့်သလား..

mashwemya said...

သန်းဝင်းမောင် ပြောသွားတာမှန်တယ်။ ပါးရိုက်လောက်အောင် သတင်းထောက်က မမေ့သင့်တဲ့ မေးခွန်း မေးလို့ဖြစ်မယ်။ အသေးစိတ်ကို သိချင်တယ်။ လူတိုင်းမှာ ခံစားချက်ရှိတယ်။ သတင်းထောက်မလေးမှာလည်း ခံစားချက်ရှိမှာပါ။ အင်တာဗျူးတယ်ဆိုတာ တရားခံစစ်တာနဲ့ မတူပါဘူး။ တစ်ချို့သတင်းထောက်တွေက စကားကို မရမက လှည့်ပတ်မေးပီး သူ့ဆီက စကား အစွန်းအစလေး မကြားလိုက်နဲ့ ကြားလိုက်တာနဲ့ ဂျာနယ် ခေါင်းစည်း တင်မယ်ဆိုတာချည်ပဲ။ အဲတော့ မထက်ကို သတင်းထောက်မလေးက ဘာသွားမေးလို့ မထက်က ပါးရိုက်လိုက်တယ်ဆိုတာ သိချင်တယ်။

Anonymous said...

ဖြစ်စဉ်ကိုကြည့်မယ်ဆိုရင်
ထက်ထက်ဆိုတာပြည်သူကတင်မြောက်
အားပေးခဲ့တဲ့မင်းသမီး...အဲ့လိုနာမည်ကျော်တယောက်က
သတင်းထောက်ကိုကိုယ်ထိလက်ရောက်စော်ကားတာ
လုံးဝမိုက်၇ိုင်းတဲ့အပြုမူတခုပါ။သူ့လုပ်ငန်းကပြည်သူနဲ့ဝိုင်းရံ
နေသူ..ငါးရောင်းနေသူမဟုတ်ပါ။
မင်းသမီးပဲဝေဖန်မှုတွေတောင်ခံနိုင်သေးတာပဲ။
မီဒီယာကပရိယာယ်မကြွယ်လို့မေးမိတဲ့စကားကို
သီးခံစိတ်နဲ့အပြုံးမပျက်ကိုယ်ဖြေချင်ရာဖြေလို့ရပါတယ်။
အပြင်လောကမှာထက်ထက်ကိုလင်ယူများလို့ပြောဆိုသံကြားရင်
ကျမတို့ကမိန်းမတယောက်ရဲ့ခံစားချက်ကိုနားလည်သဘောပေါက်လို့
မိန်းမတွေတယောက်ပြီးတယောက်ဘယ်သူမှမပြောင်းချင်ကြပါဘူး။
ဘ၀မှာနာကျင်မှုတွေများခဲ့လို့ပါ။ယောကျာင်္းတွေကိုအန်တုနိုင်လို့
သူ့ကိုလေးစားတယ်လို့တောင်ပြန်ချေပပေးခဲ့တယ်။ံ
ကာယကံရှင်ကပိုပြီးခံစားချက်နဲ့ခံယူချက်ကို
မီဒီယာကိုဖြေတက်ရင်ပြည်သူတွေတယောက်တမျိုး
ထင်ကြေးပေးနေကြတာ
ပိုတောင်မင်းသမီးကိုဂရုဏာဖြစ်ကြမှာပါ။
ဒီကိစ္စကဥပဒေကလည်းစည်းမဲ့ကမ်းမဲ့အကျင့်ပျက်
ရိုက်မိသူကလည်းအပြစ်ဖြစ်တယ်။
ပြည်သူရဲ့မုန်းတီးမှုကိုရယူလိုက်သလိုပဲ..
အဲ့လိုလုပ်တာစိတ်ဆိုးတယ်။

mnc said...

ဒါမှဒို့ဗမာပြည်ကွ..မကောင်းတဲ့သူတွေကြီးစိုးနေတဲ့အချိန်မှာတော့ဒီလိုပဲ မတရားမှုတွေ အထက်ဖားအောက်ဖိတွေ လဘ်စားမှုတွေ ကြီးနိုင်ငယ်ညှင်းမှုတွေ ရှိနေဦးမှာပဲ.. တရားသူကြီးကအစဉ်အလာကိုထိမ်းသိမ်းနေတာလေ လဘ်မစားရရင်နူမှာစိုးလို့နေမှာ လုပ်ထားကြပေါ့ကွာ သိပ်တော့မကြာတော့ပါဘူး မိုးကောင်းတုန်းရွာထားကြဟေ့ ဒို့အလှည့်ကြရင်တော့မိုးကြိုးပါပြစ်ချမယ်

myowinaung said...

အဲဒီမတရားသူကြီးကို ပိုက်ဆံ၁၀၀၀ပေးပြီးပါးကိုရိုက်လို့ရလားသိချင်ပါတယ်

အရှိအတိုင်း said...

အင်း....၁၀၀၀ ဆိုတော့ ၁၀၀၀၀၀(တစ်သိန်း)ဖိုးလောက် ဆိုရင် တော်တော် ခြေကုန်လက်ပမ်း ကျအောင် ရိုက်ရမယ်နော်...

popeye said...

အဲ့ဒါဥပဒေတွေကို ဒီနေ့ခေတ်နဲ့အညီ ပြင်ရတော့မှာ
တချို့နေရာတွေမှာတော့ ဒဏ်ငွေ ၁၀၀၀ကျပ်တောင်မဆောင်နိုင်လို့ ထောင်ကျခံလိုက်ရတဲ့သူတွေရှိတယ်တဲ့
ရှေ့နေဆရာမ ၁ယောက်ပြောဘူးတာပဲ
လက်ရှိဥပဒေပုဒ်မတွေမှာ အဲ့လိုခေတ်နဲ့အညီ မပြင်ရသေးတာတွေ ချို့ယွင်းချက်တွေအများကြီးပါ

eek said...

သတင်းထောက်က အဆင့်ရှိအောင်နေလိုက်လေ။ ခံစားချက်ထိရင်လူဆိုတာ ပေါက်ကွဲမှာပဲ။ ဂျာနယ်တွေက သတင်းထောက်ကို အဆင့်ရှိတာမျိုးထားမှပေါ့။

စက္ကဝါဆာန် said...

အင်း ဒီအတိုင်းဆို ပိုက်ဆံလေးနည်းနည်းစုမိတာနဲ့ မြန်မာပြည်မြန်မြန်ပြန်မှဖြစ်မယ်
တစ်ချက်တစ်လေလောက်တော့ စမ်းကြည့်ချင်တယ်

pyaponthu said...

ဘာဘဲပြောပြော မြန်မာပြည်မှာ တရားရေးနဲ့ ဥပဒေ ရေးရာမှာ အားနည်းနေတာ အမှန်ဘဲ

သုဘရာဇာ said...

အငှားပါးလိုက်ရိုက်ပါသည်...မည်သူမဆိုငှားရမ်းနိုင်ပါသည်...
အင်း..အင်း..
ရှေ့နေဆိုတာကတော့..သေရင်ငရဲ..အ၀ီစိဇောက်ထိုးဆွဲ..
အင်း..အင်း..
ကိုယ်တွေ့..ကိုယ်တွေ့..နောက်နေအဲလေ..ရှေ့နေတွေ “၀ါး”ပုံပြောပါတယ်...

Burmese Buddhist Society, BC said...

ဒိကိစ္စကို စာနယ်ဇင်းသမားတွေ ငြိမ်မနေသင့်ဘူး ရှေနေငှားပြီး ၊ ဆက်လက် ဆောင်ရွက်သင့်တယ်လိုထင်ပါတယ်။ သတင်းသမား တစ်ယောက်ဟာလည်း တိုင်းပြည်ပြု၊ပြည်ပြု ဝန်ထမ်းများဖြစ်တာမို့..လေးစားဖို့ လိုအပ်ထင်ပါတယ်။

burma thwe said...

ကျွန်တော်က အခုဖြစ်နေတဲ့ပြသနာကိုနည်းနည်းလေးဝင်ဖြေရှင်းပေးချင်လို့ပါ
ပထမဆုံးတစ်ခုကြိုတင်ပြောပါရစေ...ကျွန်တော်ကဘယ်သူ့ဘက်ကမှမဟုတ်ပါဘူး ဒါပေမဲ့ မြန်မာနိုင်ငံရဲ့ တချို့တချို့သော ခေတ်နှင့်မညီတဲ့ဥပဒေတချို့ ကိုထောက်ပြချင်လို့ပါ...အခု မထက်ထက်မိုးဦးနဲ့ သတင်းထောက်ကိစ္စက တရားသူကြီးက တစ်ဖက်ရှေ့နေတွေစွဲချက်တင်တဲ့ ပုဒ်မအတိုင်း စီရင်ချက်ချခဲ့တာပါ...တရားနည်းနဲ့ ပြောရရင် သတင်းထောက်ဖက်က နိုင်တယ်လို့ဆိုပေမယ့်... ပြစ်ဒဏ်နည်းနေလို့ မကျေမနပ်သံတွေအများကြီးကြားပါတယ်...သို့ပေမယ့် သတင်းထောက်ကိုယ်တိုင် မထက်ထက်မိုးဦးကိုစွဲတဲ့ ပုဒ်မရဲ့ ပြစ်ဒဏ်ကို
ကျွန်တော်ကိုယ်တိုင် ပြစ်မှုဆိုင်ရာစီရင်ထုံးဥပဒေများစာအုပ်မှာ ဖတ်ကြည့်ရာမှာ " တစ်ထောင်ထက်မပိုသောငွေဒဏ်ဖြစ်စေ (သို့မဟုတ်) တစ်လထက်မပိုသောထောင်ဒဏ်ဖြစ်စေ ကျခံစေရမည် " လို့ရေးသားထားပါတယ်။ ဒီကိစ္စမှာ တရားသူကြီးလည်း မတရားစီရင်ခဲ့ခြင်းမဟုတ်သလို၊ မထက်ထက်ကိုယ်တိုင်ကလည်း အသရေဖျက်မှု နဲ့တရားပြန်မစွဲလို့ သတင်းထောက်မမ သက်သာသွားတယ်ခေါ်ရမှာပါ၊ ဒီလိုပြောလို့ ကျွန်တော်က ထက်ထက်မိုးဦးဘက် ကပြောပေးနေတာမဟုတ်ပါ
တချို့ကြားဖူးကြပါလိမ့်မယ် တုတ်လေးနဲ့ တစ်ချက်လောက်ရိုက်တာကို
နာကျင်စေမှု၊ ခြိမ်းခြောက်မှု၊ လက်နက်ကိုင်ဆောင်မှု၊ အစရှိတဲ့ အမှုပေါင်းများစွာနဲ့ စွဲကြတာကိုမြင်ဖူးကြမှာပါ
ဒီဟာက တစ်ဖက်လူကိုသေချာ ထောင်မကျကျအောင် ပြုလုပ်ခြင်းဖြစ်ပါတယ်
အကယ်၍ ထောင်မကျရင်တောင် ငွေဒဏ်ကတော့ အီစိမ့်နေအောင် ပေးရမှာပါ
အဲဒီင်္လိုပဲ ယခုကိစ္စမှာလည်း သတင်းထောက်ဖက်က ရှေ့နေက ပုဒ်မတစ်ခုတည်းစွဲခဲ့လို့ တစ်ထောင်တည်းနဲ့ ကျေနပ်ခဲ့ရတာပါ
မရမက ဖြစ်ညစ် ရှာပြီးစွဲခဲ့မယ်ဆိုရင် မထက်ထက်မိုးဦးလည်း ရင်နင့်အောင်ခံစားရမှာပါပဲ
ဘာပဲဖြစ်ဖြစ် အမှုတစ်ခုပြီးဆုံးသွားတာကိုပဲ ကျေနပ်ကြရမှာပါ
သို့ပေမယ့် မြန်မာနိုင်ငံရဲ့ တစ်ချို့တစ်ချို့သောဥပဒေတွေက ခေတ်ကာလနဲ့ မညီတာ တွေ့ခဲ့ရပါတယ်
ထို့ကြောင့် အမေစု ကိုယ်တိုင်က လည်း အခြေခံဥပဒေတွေကို ပြန်လည်ပြင်ဆင်ဖို့လိုအပ်တယ်လို့ပြောခဲ့ပါတယ်
ကျွန်တော်တို့တွေက ဗုဒ္ဓတရားတော်နဲ့အညီနေထိုင်တဲ့ ဗုဒ္ဓဘာသာမြန်မာ လူမျိုးတွေဖြစ်ပါတယ်...ဒါကြောင့်တစ်ယောက်နဲ့ တစ်ယောက်အတတ်နိုင်ဆုံး သည်းခံခွင့်လွှတ်နိုင်ကြပါစေဗျာ
(လူအချင်းချင်းနှိပ်စက်ခြင်း ကင်းရှင်းကြပါစေ
အထင်သေးခြင်းအချင်းချင်း ကင်းရှင်းကြပါစေ
ဆင်းရဲလိုခြင်း အချင်းချင်း ကင်းရှင်းကြပါစေ)

Min Kha said...

ကောင်းပြီ.....
ငွေတစ်ထောင်မဟုတ်ဘူး....ငွေငါးရာပေးရိုက်လည်းရတယ်.....
Media သမားကိုစော်ကားလို့ media ကပြောချင်တာပြောတယ်......
ငွေတစ်ထောင်ပေးပြီးရိုက်မယ်....တစ်သန်းဆိုလည်းရိုက်မယ်.....
ဒါပေမယ့်အရိုက်မခံခင်ပြော....ငါက media သမားငါမေးချင်တာမေးမယ်....
အမေးခံရသူကိုယ်ရေးကိုယ်တာဘယ်လောက်ထိခိုက်ပါစေ.....
(ပြည့်တန်ဆာဖြစ်ပါစေ....media လွတ်လပ်ပိုင်ခွင့်ကမေးချင်တာမေးဖို့ခွင့်ပေးထားလာ့း?၊ ပန်းဆိုးတန်းသွားပြီး 7 days က ပါဆိုမေးကြည့်..အမှူန့်တောင်ဖြစ်သွားအုံးမယ်၊ သူတောင်းစားတောင်မခံချင်စိတ်ရှိတယ်)
ငါမေးချင်တာမေးမယ်....ငါ့ journal နံမည်တက်ပြီးရောဆိုရမလား?
တစ်ထောင်ပေးပြီးပါးရိုက်မယ်...ပါးရိုက်မယ်နဲ့....
အခု comments ပေးနေတဲ့သူရဲ့ နာစရာအကြောင်းကို... ကျွန်တော် media ကပါဆိုလာမေးရင်ရော? ဘာလုပ်မယ်လို့စဉ်းစားလဲ?
သူများ comments ပေးတိုင်းလူအထင်ကြီးအောင်လိုက်လုပ်အုံးမှာလား?

kaungkin said...

တရားစွဲဆိုတဲ့ပြစ်မှုကိုက ဒဏ်ငွေတစ်ထောင်ထိဖြစ်စေ၊ ထောင်(၁)နှစ်ထိဖြစ်စေ ချမှတ်နိုင်တဲ့ပြစ်မှုပါ။ တကယ်လို့ ထက်ထက်မိုးဦးက သူ့ကို
သတင်းထောက်က ရုတ်တရက်အကြီးအကျယ် ဒေါသထွက်အောင်ပြုမူခဲ့လို့
လုပ်ခဲ့ရကြောင်း သက်သေပြနိုင်ရင် ဒဏ်ငွေ၅၀၀ထိဖြစ်စေ၊ ထောင်(၃)လထိဖြစ်စေချမှတ်နိုင်တဲ့ ပုဒ်မကိုပြောင်းရမှာပါ။ ပြီးတော့ ဆေးစာအရဒဏ်ရာကြီးကြီးမားမား မပေါ်ပေါက်တဲ့ခုလိုအမှုမျိုးတွေကို
ဒဏ်ငွေပဲချလေ့ရှိပါတယ်။ ဒါပေမယ့် ဒဏ်ငွေ ၁၀၀၀ဆိုတာ သာမန်ငွေ
၁၀၀၀နှင့်တော့ မတူဘူးပေါ့ဗျာ။ ဘာပဲပြောပြော တရာရုံးမှာ ဒဏ်ငွေဆောင်ရသူဟာ ပြစ်မှုကျူးလွန်သူ တရားခံတစ်ယောက်ဖြစ်သွားပြီ။
တရားခံတစ်ယောက်ဖြစ်ခဲ့ဖူးတယ် ဆိုတာလူတစ်ယောက်ရဲ့သမိုင်းမှာ အမည်းစက်တစ်ခုပဲ။ ထောင်ကျစေချင်တယ်ဆိုရင် သတင်းထောက်က
အပေါ်ရုံးကို ပြင်ဆင်မှုတက်ပေါ့ဗျာ။ တရားသူကြီးလာဘ်စားမစားကတော့
ထက်ထက်မိုးဦးပဲသိနိုင်မယ်။ မေးကြည့်ကြပေါ့ဗျာ။

Anonymous said...

ကိုKaungkin ပြောတာ မှန်ပါတယ်။ နဲနဲပါးပါးလေးတော့ လေ့လာကြအုံးလေဗျာ။
သူများယောင်တိုင်း လိုက်ယောင်ဖို့လောက်ပဲ တတ်ကြတာပါလား။
သတင်းထောက်ဆိုတဲ့ လူတွေကရော ဘယ်လောက်များ perfect ဖြစ်နေကြလို့လဲ။ ethic ဆိုတာရော အကုန်ကြားဖူးကြရဲ့လား။ တစ်ထောင်ပေးပီး ပါးရိုက်မယ်ဆိုတဲ့ နလပိန်းတုန်း အတွေးအခေါ်တွေနဲ့တော့ ဘာမှဖြစ်လာမယ်မထင်ပါ။

mad dog said...

၇ိုက်ကြအုန်း မလားဟေ့.... တချက် ၁၀၀၀ တချက် ၁၀၀၀ ။။။။ ၅၀၀၀ ဖိုး၇ိုက်၇င် တ ချက်အပိုပေးမယ်နော်.....လာထား...လာထား.. သင်္ကြန်အထူးဈေးနော်

Ye Aung said...

မီဒီယာမီဒီယာနဲ့ အကုန်ဝါးလုံးသိမ်းကျုံးရိုက်မနေပါနဲ့။ မီဒီယာဆိုတာဘာလဲ သိရောသိကြရဲ့လားတောင်မသိဘူး။ ခုသစ်ထူးလွင်ဆိုဒ်ကလည်းမီဒီယာပဲ၊ ထက်ထက်မိုးဦးကို ပါးရိုက်တဲ့ 7 Day News က အေးသူစံက လည်းမီဒီယာပဲ။ ဒီလိုဖြစ်တာ လူနဲ့မူနဲ့ပဲဆိုင်တယ်။ အေးသူစံမေးလိုက်တာ ရိုးရိုးလေးပါ။ အနာပေါ်တုတ်ကျသွားတော့ အခံရခက်နေမှာပေါ့။ သတင်းထောက် ပါဆိုနေမှ ကိုယ့်နေရာမှာ ကိုယ်နေရမှာလား။ ကိုယ့်နေရာမှာ ကိုယ်နေရင် သတင်းထောက်မလုပ်တော့ဘူး။ ခွင့်ပြုချက်တောင်တောင်းရဦးမယ်တဲ့ မှတ်သားလောက်ပါတယ်ဗျာ။ ကိုသစ္စာပြောတာမှန်ပါတယ်။ သတင်းထောက်ဆိုတဲ့လူတွေကရော ဘယ်လောက်များ perfect ဖြစ်နေကြလို့လဲတဲ့။ တချို့သတင်းထောက်တွေဆို ဟန်ထူးလွင်ကိုဗျူးတာ ကိုကျားပေါက်ရဲ့အဖေနာမည် ဘယ်သူတဲ့လဲတဲ့။ ဒီလိုသတင်းထောက်တွေရှိပါတယ်။ perfect ဖြစ်တဲ့သတင်းထောက်တွေလည်းရှိပါတယ်။ သတင်းသမားတွေမှာ အရောင်တွေကွဲနေပါတယ်။ ဒီလိုပြဿနာတွေအများဆုံးဖြစ်တာ အနုပညာသတင်းထောက်တွေပါ။ ဖြစ်လိုက်တဲ့ပြဿနာ သူတို့တွေပဲ။ ခု 7 day News က သတင်းထောက်အေးသူစံဆိုတာ အနုပညာသတင်းထောက်ပါ။ ဒါတောင် 7 day news ကမို့လို့ တခြား အနုပညာဂျာနယ်တွေကဆိုရင် အင်တာဗျူးမယ့်လူရဲ့ Profile တောင် မသိတာများတယ်။ ကျွန်တော်ပြောချင်တာ မီဒီယာဆိုပြီးသိမ်းကျူံးမရိုက်လိုက်ပါနဲ့ ဒီလိုအရေးမကြီးတဲ့ကိစ္စတွေ အရေး မပါတဲ့သတင်းတွေကို ဂျာနယ်စာမျက်နှာတွေမှာ မတွေ့ချင်ပါဘူး။ မြစ်ဆုံသတင်းနဲ့ ထက်ထက်မိုးဦးသတင်းခင်ဗျားဘယ်သတင်းဖတ်မလဲ မေးလိုက်ချင်တယ်။ အရေးမပါတာတွေမလုပ်မိစေဖို့အရေးကြီးပါတယ်။ မီဒီယာဆိုတာ ကြားမှာပဲနေရပါတယ်။ သူကတော့ကောင်းတယ်၊ ကောင်းတာလေးရေးမယ်။ သူကတော့မကောင်းဘူးမကောင်းတာရေးမယ်လုပ်လို့မရပါဘူး။ သတင်းဖြစ်တဲ့အတိုင်းရေးရပါတယ်။ ခုဆိုရင်ခွဲခြားနိုင်ပြီမဟုတ်လား။ အဓိကနဲ့သာမညခွဲခြားတတ်ဖို့လိုတယ်။ မီဒီယာဆိုတာဘာလဲနားလည်ဖို့လိုပါတယ်။

Phoe Pain said...

မင်းတို့အားလုံးကိုသိအောင်တစ်ခု ပြောပြမယ်၊ မမေးသင့်တာကိုမေးတဲ့သတင်းထောက်ကမှားတယ်၊ စိတ်လိုက်မာန်ပါလုပ်လိုက်တဲ့ ထက်ထက်မိုးဦးလည်းမှားတယ်၊ ဒဏ်ငွေတစ်ထောင်ဖြစ်အောင်၊အဲ့ဒီဘောင်ထဲဝင်သွားအောင် ဆွဲသွင်းတဲ့ တရားသူကြီးလည်းလုပ်ယူလိုက်တဲ့ အတွက်မှားတယ်၊ပြစ်မှုတိုင်းမှာ အနည်းဆုံးပြစ်ဒဏ်နဲ့ အများဆုံးပြစ်ဒဏ် ဆိုတာရှိတဲ့ အတွက် တရားသူကြီးက အနည်းဆုံးပြစ်ဒဏ် ဖြစ်အောင် ထက်ထက်မိုးဦးနဲ့ညှိလိုက်တာပါဘဲ၊ တရားဥပဒေဆိုတာရှင်းရှင်းလင်းလင်းသိအောင်ပြောရရင် (ကန်တော့နော်) မိန်းမတန်ဆာနဲ့တူတယ်တဲ့၊ သဘောကရှေ့ကကြည့်လည်းဒါဘဲ၊ ဒါမှမဟုတ် ဖင်ကုန်းခိုင်းပြီးနောက်ကကြည့်ရင်လည်းဒါပါဘဲ တဲ့။ ဒါ့ကြောင့် သတိပေးချင်တာတစ်ခုက တစ်ထောင်ပေးပြီး ပါးသွားရိုက်ရင် ကိုယ့်အလှည့်ကျမှ အမြင့်ဆုံးပြစ်ဒဏ်နဲ့မိနေအုံးမယ်၊ အဲ့ဒီအခါကျရင် တရားသူကြီး မတရားဘူးသွားမပြောနဲ့၊ တရားဥပဒေအရ သူကမှန်နေအုံးမှာဘဲ။ ဥပဒေတွေကို ခေတ်နဲ့လိုက်လျှောညီထွေဖြစ်အောင် ပြင်ဘို့ကအရေးကြီးဆုံးနံပါတ်(၁) အချက်ပါဘဲခင်ဗျာ။

razin said...

မြန်မာနိုင်ငံ ဥပဒေလေ လူခင်ရင် မူပြင်တယ်
လူမုန်းရင် မူသုံးတယ်
တရားသူကြီးမင်းကတော့
ဘယ်သူ့ကို ခင်လို့
ဘယ်သူ့ကို မုန်းတာလဲ ခင်ဗျား.............

paukkyaw said...

အမေးမခံချင် ရင်
ကောင်းအောင်နေပေါ့ ။
ဒီမေးခွန်းလောက်ကတော့ ဘယ်နိုင်ငံ က မင်းသမီးဖြစ်ဖြစ် မေးခံရမှာ ပဲ ။ အနုပညာ သတင်းထောက်ဆို တာ မင်းသား မင်းသမီးတွေ ရဲ့ Gossip ကို ရှာမေး ကြတာ လူတွေ ကလည်း ပို စိတ်ဝင်စား ကြတယ် ။ အမေး မခံချင်ရင် မပုတ်အောင်နေ ။ မြန်မာ ပြည် က Celebrities တွေ ကလည်း လူငယ်တွေ ရဲ့ စံပြ နမူနာ ပြစရာ လက်ချိုးရေ ရင် ၁၀ ချောင်း ပြည့် ရဲ့လား ။ လူတွေက ရုပ်လှ တာ လေး ကြည့် ပြီး ကြိုက်နေကြတာ ။ ကိုယ့်သား သမီးတွေ အတုယူ မှား မှာ မစိုးရိမ်ကြဘူး ။

naing said...

comments တော်တော်များများကိုဖတ်ကြည့်လိုက်တာ....ဦးနှောက်မရှိတဲ့သူတွေများတယ်......တခုခုဆိုရင်အရင်ပြောဖို့လောက်ပဲသိတယ်....ဘာမှမစဉ်းစားဘူး.....သူများကတစ်ထောင်ပေးပြီးပါးရိုက်မယ်ဆိုရိုက်မယ်လုပ်လိုက်တာပဲ.......ပြသနာကိုစနည်းနာမယ်ဆိုတာမရှိဘူး.....တရားသူကြီးကိုအပြစ်ဖို့မယ်.....ဒါပဲ.....နိုင်ငံကတော့တိုးတက်ဦးမှာပဲ.....ဒီလိုလူတွေနဲ့...

Powered by Blogger.