မြန်မာ-
ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ ပင်လယ် ရေပိုင်နက် နယ်နိမိတ်
အငြင်းပွားမှုကို ပင်လယ်ပြင် ဥပဒေဆိုင်ရာ နိုင်ငံတကာခုံရုံး (ITLOS)က
တရားမျှတစွာ ဆောင်ရွက်ခဲ့တဲ့ အတွက် ငြိမ်းချမ်းစွာ ဖြေရှင်းပြီး
ဖြစ်ကြောင်း မြန်မာအစိုးရက နိုင်ငံပိုင် သတင်းစာကနေ ကြေညာလိုက်ပါတယ်။
ခုံရုံးက
သတ်မှတ်ပေးလိုက်တဲ့ နယ်နိမိတ် သတ်မှတ်ချက်တွေအရ မြန်မာ အစိုးရနဲ့
နိုင်ငံတကာ ရေနံကုမ္ပဏီတွေ ပူးပေါင်း လုပ်ကိုင်နေတဲ့ ကမ်းလွန်
လုပ်ကွက်တွေကိုလည်း ထိခိုက်မှု မရှိတဲ့အတွက် လုပ်ငန်းတွေကို အရှိန်အဟုန်
မပျက် ဆက်လက် လုပ်ကိုင်သွားမယ့် အကြောင်းလည်း သတင်းကြေညာချက်မှာ
ဖော်ပြထားပါတယ်။
ဂျာမနီနိုင်ငံ
ဟမ်းဘတ်မြို့ အခြေစိုက် ပင်လယ်ပြင် ဥပဒေဆိုင်ရာ နိုင်ငံတကာ ခုံရုံး
(ITLOS)ဟာ ဘင်္ဂလားဒေ့ရှ် အစိုးရက တောင်းဆိုတဲ့ နယ်နိမိတ်နဲ့ မြန်မာ
အစိုးရက တောင်းဆိုတဲ့ နယ်နိမိတ် အကြား ၂၁၅ ဒီဂရီ ကနေ နယ်နိမိတ် အသစ်
အဖြစ် မတ်လ ၁၄ ရက်နေ့မှာ အပြီးသတ် စီရင်ချက် ချမှတ် ပိုင်းခြား
သတ်မှတ် ပေးခဲ့တာ ဖြစ်ပါတယ်။
တရားရုံး ဆုံးဖြတ်ချက်အရ ဘင်္ဂလားဒေ့ရှ်ဘက်က တောင်းဆိုထားတဲ့အတိုင်း ရေမိုင် ၂၀၀ အထိ ပိုင်ဆိုင်ခွင့်ရရှိခဲ့တာ ဖြစ်ပါတယ်။
ဒီ
ရေပိုင်နက်ပြဿနာ အမှုရင်ဆိုင်ဖို့ မြန်မာအစိုးရက ရှေ့နေချုပ်
ဒေါက်တာထွန်းရှင်နဲ့ နိုင်ငံခြားရေးဌာနက ဒု-ညွှန်ချုပ်
ဒေါ်လှမျိုးနွယ်တို့ကို စေလွှတ်ခဲ့ပြီး နှစ်နိုင်ငံစလုံးက
နိုင်ငံတကာရှေ့နေတွေနဲ့ တိုင်းတာရေး ပညာရှင်တွေ ငှားရမ်း
ဆောင်ရွက်ခဲ့တာပါ။
နှစ်နိုင်ငံ
ရေပိုင်နက် အငြင်းပွားမှုဟာ၂၀၀၈ ခုနှစ်က မြန်မာနိုင်ငံမှာ သဘာဝ
ဓာတ်ငွေ့ရှာဖွေခွင့် ရရှိထားတဲ့ ဒေဝူးကုမ္ပဏီက
ရခိုင်ကမ်းလွန်ပင်လယ်ပြင်မှာ ရေနံရှာဖွေရေးလုပ်ငန်းတွေ
စတင်လုပ်ဆောင်ရာက စတင်ခဲ့တာပါ။
ရေနံရှာသ
င်္ဘောတွေနဲ့ အတူ မြန်မာရေတပ် သင်္ဘောတချို့ အငြင်းပွားဖွယ်
ရေပိုင်နက်အတွင်း ဝင်ရောက်လာခဲ့တဲ့အတွက်လည်း ဘင်္ဂလားဒေ့ရှ် အစိုးရက
မြန်မာသံအမတ်ကို ဆင့်ခေါ် ကန့်ကွက်မှုတွေလည်း ပြုလုပ်ခဲ့ဖူးပါတယ်။
ဘင်္ဂလားဒေ့
ရှ် အစိုးရကတော့ နိုင်ငံတကာ တရားရုံး ဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး
အောင်မြင်မှုတရပ်အဖြစ် နိုင်ငံပိုင် မီဒီယာတွေမှာ ဖော်ပြပါတယ်။
မြန်မာအစိုးရကတော့ တရားမျှတစွာ ဆုံးဖြတ်ခဲ့မှုအတွက်
အစိုးရနဲ့ပြည်သူတွေက လေးစားချီးကျုး ဂုဏ်ပြုလျက်ရှိကြပြီး
စီရင်ချက်ရလဒ်ကို ကျေနပ်လက်ခံတယ်လို့ ဒီနေ့ထုတ်
နိုင်ငံပိုင်သတင်းစာတွေမှာ အချပ်ပိုထုတ်ပြီး အကျယ်တဝင့်
ဖော်ပြထားပါတယ်။
ဒီဗွီဘီ
ရေပိုင်နက်အမှု ရှုံးနိမ့်မှု တရားမျှတဟု မြန်မာအစိုးရကြေညာ
Reviewed by သစ်ထူးလွင်
on
20:54
Rating:
39 comments:
ခုမှတော့ဒီလိုပဲပြောရတော့မှာပေါ့....တိုင်းပြည်လည်းပရုတ်လုံး
လိုဖြစ်နေပြီ..
လေးစားလောက်ပါတယ် လူကြီးမင်းများခင်ဗျာ။ ကိုယ့်မြေကိုယ့်ရေပါတာကို မကန့်ကွက်တဲ့အပြင် ထောက်တောင်ထောက်ခံလိုက်သေးတယ်။ ဒီလိုလူတွေကို နိုငံကိုပုံအပ်ထားလို့ တိုင်းပြည်ချွတ်ခြုံကျနေတာပဲ။ အလကားခွေးမျိုးတွေ ကိုယ့်စားပေါက် မထိရင်ပြီးသာပဲ ဆိုတဲ့ကောင်တွေ၊ ကိုယ့်တိုင်းပြည်အတွက် လုပ်မယ်မရှိဘူး၊ ဒါနဲ့များ နိုင်ငံကိုအုပ်ချုပ်နေသေးတယ်။ ဘယ်ပြည်သူတွေက လေးစားချီးကျူးဂုဏ်ပြုတာလဲ။ ခွေးသားတွေ ကုလားကြောက်တိုင်း လျှောက်ပြောနေ။
ရေပိုင်နက်ကို ပေးလိုက်တာဘယ်လောက်ရလဲ ခင်ဗျ။
ကဲ မြန်မာနိုင်ငံေ၇ပိုင်နက်မြေပုံတော့ ပြင်ေ၇းလိုက်အုံးဟေ့.... ပါသွားပြီ။ ဟာ သွားပီ သွားပီ... အိုးကြီးကွဲသွားပီ..။ လာအုံးမယ် တ၇ုတ်က တ၇မ်း၇မ်းနဲ့ ချိန်နေတယ်။ ။
Who tell Myanmar people agree to it? Nobody agree except you.What else do you want to give them(Chinese,Indean,Thai and Bangladeshi )etc.Please consider Myanmar people.If you can't handle, just move or find the best way but not for fighting within own people.Can I beg you all.This is our COUNTRY.Our COUNTRY's belong to all Myanmar national
not only you.I am very very sad about this news.
ဗြောင်လိမ်
တောက်..ဆဲလိုက်ရင်လည်း..ကျန်တဲ့ကွင့်မင့်တာတွေကိုပါရိုင်းတယ်ထင်အုံး မယ်..ကျွန်တော်လူရိုင်းပါခင်ဗျား..ဆဲပါရစေ...ဗိုလ်ချုပ်ပြောသလိုဖာနိုင်ငံ ဖြစ်အောင်လုပ်နေတဲ့..ဒင်းတို့ သားသမီးတွေ..ဘင်္ဂလားနဲ့ ရမှ..သတင်းစာ မှာ..ဂုဏ်ပြုစာရေးလိုက်အုံးမယ်.. လူလိမ်တွေရဲ့ ဆိုက်ဝါးတွေရဲ့ 
Who tell you that Myanmar people agree to it? Nobody agree except you.What else do you want to give them(Chinese,Indean,Thai and Bangladeshi)etc.Please consider for Myanmar people.If you can't handle
just move or find the best way as per agreement of myanmar national,but not for fighting with own people.Can I beg you all.This is our COUNTRY.Our COUNTRY belong to all myanmar national not only you.I am very very sad about this news.
အရှက်မရှိတဲ့..သောက်ရူးတွေ
မင်းတိုလို ကိုယ်ပိုင်နက်ကို ပေးလိုက်ရတာတောင် လေးစားချီးကျူး
ဂုဏ်ပြုတယ် ဆိုတဲ့ကောင်တွေကိုတော့ (ball) ဘဲ ကွာ.
ကိုတေဇ တို့သားအဖလောက်တောင် အရည်အချင်းမရှိတဲ့သူတွေ
ဥရောပသမဂ္ဂ နဲ့တောင်ပြိုင်ပြီးနိုင်အောင်လုပ်လာနိုင်တယ်။ညံ့ပ
အလကားကိုယ့်လူမျိုးကိုဘဲအနိုင်ကျင့်တတ်တဲ့ကောင်တွေ။
ပြည်သူတွေအပေါ် နိုင်ထက်စီးနင်း အနိုင် မရ၊ရအောင်အဓမ္မယူတတ်တဲ့ အကောင်တွေ။ နိုင်ငံတကာအလည်ကျတော့ အရှုံးကိုပြုံးပြုံးလေးယူချင်နေတယ်။ ကိုယ်ပေါင်ပဲကိုယ်နာအောင်ထောင်းတတ်တဲ့ သတ္တဝါတွေ။
ဟား...... ဟား တရားမျှတမှု ရှိပြီးတော့ နှစ်နိုင်ငံခြား အငြင်းပွားမှုတွေကို ဖြေရှင်းနိုင်ခဲ့တယ်ဆိုပဲ......။ ရိုင်းရိုင်းဥပမာပေးရရင် .....ကိုယ့်-င်ချခံလိုက်ရတာကို အရသာရှိတယ်ဆိုပြီး အသံကောင်းဟစ်၊ မျက်နှာလိုချင်နေတဲ့ ပုံကွာ..... အံ့ပါရဲ့။။။။။ ကိုယ့်ရေပိုင်နက်ကို မကာကွယ်နိုင်ပဲ ပေးလိုက်ရတာကို အစိုးသတင်းစာတွေထဲ ဂုဏ်ယူကြောင်း ထည့်ကြော်ငြာနေတဲ့ လုပ်ရပ်ကိုလည်း စိတ်ပျက်မိတယ်.....။
ဒါကို တရားတယ် မျှတတယ် လို့ပြောတယ်ဆိုရင် နောက်တစ်ခါဆိုရင်တော့ သန်းရွှေသမီး စိန်စီတဲ့ ၀က်မ တို့ တစ်သိုက်ကို ဆီပုလင်းနဲ့တကွ ဘင်္ဂလား ကိုအပ်လိုက်ပေတော့၊ အဲဒါမှ ပြည်သူက တရားတယ်လို့ ယုံမှာ၊ တရုတ်ကိုတလှည့် ဘင်္ဂလားကိုတလှည့် အပ်ထားလိုက် မြန်မာပြည်ကို ပြန်လာစရာမလိုတော့ဘူး။
ကိုယ့် ထက် အားနည်း နဲ့ ပြည်သူကို ကြတော့ ပြောခြင်သလိုပြော လုပ်ခြင်သလို လုပ်ပြီး ၊ ကိုယ့်ထက် အားသာသူ က ကိုယ့်အပေါ် ပြောခြင်သလိုပြော လုပ်ခြင်သလို လုပ်လာရင် လည်း၊ ကျေနပ် စွာ လည် စင်း ခံ တာ က သရဲ ခေါင်းတို့ရဲ့ စိတ်ဓါတ် ။
စောက်သုံးမကျ စောက်ရှက်မရှိတဲ့ အစိုးရ တရားရုံးမှာ ရှုံးတာတောင်ဂုဏ်ယူ နေသေးတယ်
အံဖွယ်အစိုးရ...
ငါတို့ပြည်သူတွေကိုက အမှတ်မရှိတာ၊ ငါတို့က တိုက်တိုက်ဆိုရင် သူတို့ကတိုက်မှာမဟုတ်ဘူး....
ငါတို့ကမတိုက်နဲ့ဆိုမှ သူတို့ကတိုက်မှာ...
ပြည်သူဆန်ကျင် အစိုးရဆိုတာ မေ့မေ့သွားတယ်...
ywarthar said...ပြောတာကိုကြိုက်တယ် အဟိ..။
DSA NEVER SURRENDER ဆိုပြီး အာဏာလုခဲ့ကြတဲ့ငကြောက်တွေရေ. ချီးစိမ်းပမ်းနေဦးမယ်
အော် ကျွန်တော်တို့တိုင်းပြည်လဲ တဖြည်းဖြည်းနဲ့တရုတ် နဲ့ ကုလားကသိမ်းပိုက်နေပြီ။ငါ့ မြန်မာဘုရင်တွေဦးအောင်ဇေယျတို့ အလောင်းမင်းတရားကြီးတို့ကို ဘယ်လိုမျက်နှာပြရမှန်းတောင်မသိတော့ဘူး။သူတို့သိမ်းပိုက်ခဲ့သမျှ ဒီသူတောင်းစားတွေနဲ့ကျမှအကုန်ပါကုန်ပြီ။အထက်မြန်မာပြည်နဲ့ရခိုင်ပြည်နယ်တွေကလဲ ကုလား တခြမ်း တယုတ်တခြမ်းပိုင်ဆိုနေကြပြီ။ခုလဲ ရေပိုင်နက် မိုင်၂၀၀လောက်ပါသွားပြန်ပြီ။ဒါနဲ့များ တရားမျှတတဲ့ရှုံးနိမ့်မှူ့လေးဘာလေးနဲ့ သတင်းစာထဲမှာအချပ်ပိုအနေနဲ့တောင်ခမ်းခမ်းနားနားထည့်ထားသေးတယ်။စောက်ရူးတွေ။ကိုယ့်ပြည်သူပြည်သားတွေ တိုင်းရင်းသားတွေပေါ်ကျတော့ညှဉ်းပန်းနှိပ်စပ်အနိုင်ယူနေတယ်။ မင်းတို့သူတောင်းစားတွေကိုခုံရုံးတင်တဲ့နေ့ကျမှ သတင်းစာတစ်စောင်လုံးအပြည့်ထည့်ပြီး အလကားလိုက်ဝေပစ်လိုက်မယ်။ငါတို့တိုင်းပြည်ကလဲခွံပဲကျန်တော့တယ်။ဒါတောင်တယုတ်လက်လောက်ဘယ်တော့ပါမလဲမသိသေးဘူး။ဒါနဲ့တောင်ဟို လမ်းတခြမ်းခင်းအောင်သိန်းလင်းဆိုလား ချီးထုပ်အောင်သိန်းလင်းဆိုလား ထိပ်ပြောင်ငနဲက ပြီးခဲ့တဲ့အပတ် VOAနဲ့တွေ့ဆုံမေးမြန်းခန်းမှာ ဘယ်တော့မှကျွန်တော်တို့တိုင်းပြည်ကိုသူများလက်အောက် သူများသြဇာမခံဘူးလေးဘာလေးနဲ့ သံကောင်းဟစ်နေသေးတယ်။စောက်ရူးတွေ။အေး တရုတ်နဲ့ကုလားကိုအဖေခေါ်နေကြရတယ်မလား။နောက်ဆိုရင် မင်းတို့သမီးတွေကိုပဲပေးလိုက်ကြတော့။မင်းတို့သားသမီးတွေပဲအဲဒီ အနောက်နိုင်ငံတွေကိုပဲသွားချင်နေကြတာမလား။ဟိုက အလာမခံလို့ ။အဲဒီနိုင်ငံတွေကမှအဖေခေါ်ရင်ငါတို့အတွက် နိုင်ငံရပ်ခြားရောက်နေတဲ့သူတွေအတွက်ဂုဏ်တက်သေးတယ်ကွ။နိုင်ငံသယံဇာတတွေပေးရတာချင်းအတူတူ သူတို့ကိုပေးရတာက ငါတို့နိုင်ငံကောင်းကြိုးတွေဖြစ်လာအုံးမယ်။ဖြစ်နေတဲ့နိုင်ငံတွေလဲအများကြီးရှိနေပါတယ်။မင်းတို့ တယုတ်တွေကတော့နိုင်ငံရဲ့ဘယ်နေရာ ဘယ်ဟာတွေကိုပဲသိမ်းရမယ်ကြံနေတာ။ပြောရင်မောတယ်ကွာ။ငါတို့ပြည်သူပြည်သားတွေ ခုတော့ ငါတို့ပင်လယ်ပြင်ရေပိုင်နက်မိုင်၂၀၀ကို အမျှပေးဝေရေစက်ချလိုက်ကြရအောင်.....သာဓု သာဓု သာဓု
မြန်မာမရှုံးပါလို့ပဲ ပြောချင်ပါတယ်။
Copy from Ko Zaw Naing Win Face book https://www.facebook.com/permalink.php?story_fbid=10150733839790428&id=606350427
ပင်လယ်နယ်နိမိတ်သတ်မှတ်သည့်ကိစမှာရှုပ်ထွေးနက်နဲလှတဲ့ကိစဖြစ်ပါတယ်။ ပင်လယ်နယ်နိမိတ်သတ်မှတ်တဲ့ကိစကို ဥပဒေပညာရှင်များ၊ hydrographer ပညာရှင်များ၊ ဘူမိဗေဒပညာရှင်များ အားလုံး ပါဝင်ပြီး ဆောင်ရွက်ကြရပါတယ်။
တိုင်းတာသည့် method များတစ်နည်းထက်မကရှိပြီးဝိ၀ါဒကွဲပြားမှုရှိသည့် ဥပဒေများအပေါ်မှာ အခြေခံပြီးဆုံးဖြတ်ရပါတယ်။ UN Convention on the Law of the Sea မှာကိုက ကွဲကွဲပြားပြား မရှိတဲ့ အာတီကယ်တွေ ပါပါတယ်။ ဒါကြောင့် နိုင်ငံတွေအနေနဲ့ ပင်လယ်နယ်နိမိတ်အငြင်းပွားမှုတွေဖြစ်လာပြီဆိုရင် မိမိတို့ အားသာတဲ့ method ၊ မိမိတို့အားသာတဲ့ ဥပဒေတွေ၊ အရင်ဖြစ်ခဲ့တဲ့ အကိုးအကား case ကို ထောက်ပြပြီး တောင်းကြပါတယ်။ ဒီလို ကိုယ်အားသာတာကို တောင်းတဲ့အတွက် စေ့စပ်ဆွေးနွေးပွဲတွေမှာ သဘောတူညီချက် ရဖို့ ခက်ခဲလှပါပြီး နောက်ဆုံးမှာ ICJ, ITLOS စတဲ့ ခုံရုံးတွေရောက်ကြပြီး တရားသူကြီးများရဲ့ အဆုံးအဖြတ်ကို ခံယူပါတယ်။ မြန်မာ-ဘင်္ဂလားဒေ့ရှ်ဆွေးနွေးပွဲကလည်း ဒီလိုပါပဲ။ ၁၉၇၄ ခုနှစ်က စတင်ခဲ့တာ ၂၀၀၉ ခုနှစ်အထိ သဘောတူညီချက်မရလို့ ခုံရုံးမှာ တင်ပြီး ဆုံးဖြတ်ချက် ခံယူခဲ့တာပါ။
မြန်မာ-င်္ဂလားဒေ့ရှ်ပင်လယ်နယ်နိမိတ်အငြင်းပွားမှုကိစမှာ မြန်မာဘက်က မိမိတို့ အားသာတဲ့ နည်းလမ်း ဥပေဒ အကိုးအကားနဲ့ တောင်းခဲ့ပါတယ်။ ဘင်္ဂလားဒေ့ရှ်ကလည်း ဒီနည်းအတိုင်းပါပဲ။ နှစ်ဘက်လုံးကတော့ တရားရုံးရောက်ပြီဆိုမှတော့ ရင်လောက်တင်မှ ဒူးလောက်ကျဆိုသလို အများဆုံးရနိုင်မဲ့ ဧရိယာကိုတော့ တောင်းကြမှာပါပဲ။ မြန်မာက ကိုယ်အားသာမဲ့ equidistance method ကို သုံးပြီးတောင်းတယ်။ ဘင်္ဂလားဒေ့ရှ်က သူအားသာမဲ့ equity method /angle-bisector ကို သုံးပြီးတောင်းတယ်။ တရားသူကြီးတွေ အဆုံးအဖြတ်ပေးတဲ့အခါမှာ နှစ်ဘက်စလုံးတောင်းတဲ့အတိုင်းတော့ ရခဲ့တာမဟုတ်ပါဘူး။ ကိုယ်တောင်းတာမရလို့ ရှုံးတယ်လို့တော့ လွယ်လွယ် ပြောလို့မရပါဘူး။
သိကြတဲ့အတိုင်းပါပဲ၊ ITLOS ဆိုတာ ဂုဏ်သိက္ခာအမြင့်ဆုံး၊ သမာသမတ်အရှိဆုံး၊ ပယ်လယ်ဥပဒေကို အကျွမ်းကျင်ဆုံးလို့ လက်ခံထားတဲ့ တရားသူကြီး (၂၁)ဦးနဲ့ ဖွဲ့စည်းထားတာပါ။ လွတ်လပ်တဲ့ တရားသူကြီးတွေပါ။ ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတွေက ကမ္ဘာ့တိုက်ကြီးတိုင်းက တရားသူကြီးတွေကို မျှမျှတတ ရွေးကောက်တင်မြောက်ထားတာပါ။ ဒါကြောင့် ဒီခုံရုံးက ဆုံးဖြတ်ချက်ကတရားမျှတမှုရှိတယ်လို့မှတ်ယူလို့ရပါတယ်။ တောင်းတာမရတာလို့ရှုံးတယ်လို့ ပြောနေတာ၊ တောင်းတာရလို့နိုင်တယ်လို့ ပြောနေတာတွေကို အသာထားပြီး ဒီလို သမာသမတ်ရှိတဲ့ ခုံရုံးက ချမှတ်ပေးတဲ့ ဆုံးဖြတ်ချက်ကို ကြည်ကြည်ဖြူဖြူလက်ခံရပါမယ်။
ဘင်္ဂလားဒေ့ရှ်က Domestic Politics အတွက် မီဒီယာတွေ အလုပ်ရှုပ်နေကြတာပါ။ သူတို့တောင်းတာ တွေထဲက တစ်ချို့ရလို့ သူတို့ဝမ်းသာတာ သူတို့အလုပ်ပါ။ သို့သော် မြန်မာကို သူတို့နိုင်တယ်လို့ ပြောလို့မရ ပါဘူးလို့ ယူဆပါတယ်။ မိမိဘက် အစဉ်အလာအရ မီဒီယာအားနည်းတော့ ဘင်္ဂလားဒေ့ရှ် ပြောတာကိုပဲ အဟုတ်ထင်နေကြပြီးဆင်မဖြူကျွန်းကိုပဲ မြန်မာက ပေးလိုက်ရသလိုလို၊ ရေနံကွက်တွေပဲ ပေးလိုက်ရတော့မလိုလို ရေးနေကြတာပါ။ ဆင်မဖြူကျွန်းက လွတ်လပ်ရေးရကတည်းက ဘင်္ဂလားဒေ့ရှ်ပိုင်တာပါ။ မြန်မာက လက်ရှိလုပ်နေတဲ့ ရေနံကွက်တွေလည်းလွတ်တာကိုတွေ့ရပါတယ်။
ပြောရရင်ဘင်္ဂလားဒေ့ရှ်က၂၀၀၈ခုနှစ်မှာ လေလံတင်ခဲ့တာ ရေနံလုပ်ကွက်တွေလဲ အခုခုံရုံးရဲ့ ဆုံးဖြတ်ချက်အရဆို ကျွန်တော်တို့ ရလိုက်သလိုဖြစ်သွားပါတယ်။ ဂျာမန်တရားသူကြီးပြောသလိုပါပဲ နှစ်ဘက်စလုံး ရတာလဲရှိသလို စွန့်လွှတ်ခဲ့ရတာလည်း ရှိပါတယ်။
သတိပေးချင်တာက ဒီအချိန်မှာ မြန်မာ-ဘင်္ဂလားဒေ့ရှ်ပင်လယ်နယ်နိမိတ်သတ်မှတ်ရေးအတွက် ၁၉၇၄ ခုနှစ်ကတည်းက နှစ်ပေါင်းများစွာ အပင်ပန်းခံခဲ့တဲ့ ဌာနပေါင်းစုံမှ သက်ဆိုင်သူတွေ၊ မြန်မာကိုယ်စားလှယ် တွေကို မမေ့ဖို့ပါ. သူတို့တွေ အရမ်းပင်ပန်းခဲ့ပါတယ်။ သူတို့တွေ အစွမ်းကုန် ကြိုးစား လုပ်ခဲ့ကြပါတယ်။
ပါဝင်ခဲ့တဲ့ သက်ဆိုင်သူအားလုံးကို Congratulations ပါခင်ဗျာ။
ကို စက်ထွန်း ခင်ဗျားကို တစ်ခုပဲ ပြန်မေးချင်ပါတယ်။ ခင်ဗျားက တရားမျှတတဲ့ တရားသူကြီးတွေဆိုတာကို ဘာအတိုင်းအတာနဲ့ တိုင်းတာမှာလဲ။ ကမ္ဘာ့နိုင်ငံကြီးတိုင်းက တရားသူကြီးတိုင်း တရားမျှတမှုရှိတယ်လို့ ခင်ဗျား ဘယ်လိုသုံးသပ်မလဲ။ အကိုးအကားနဲ့ပြပါ။ အဲဒီ တရားရုံးက ဆုံးဖြတ်ပြီးတဲ့ အမှုတိုင်းကို နိုင်ငံတိုင်းက လက်ခံခဲ့ကြသလား။ ဘာကြောင့်များ မြန်မာနိုင်ငံက အဲဒီ တရားရုံးကို ရွေးချယ်ခဲ့ပါသလဲ။ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ရွေးချယ်ခဲ့မယ်ဆိုရင် ဘာကြောင့်များ မြန်မာက လက်ခံခဲ့တာပါလဲ။ မြန်မာက ဘာကြောင့်များ ဘင်္ဂလားဒေ့ရှ်လို ရှေ့နေ့အကျော်အမော်တွေ မငှားခဲ့တာပါလဲ။ မြန်မာဘက်သွားတဲ့ မြန်မာရှေ့နေ့အဖွဲ့ဟာ ဘာတွေ ထူးချွန်စွာ ရှေ့နေနယ်ပယ်မှာ ဆောင်ရွက်ခဲ့ပါသလဲ။ ဒါဟာ နိုင်ငံရေး၊ အမျိုးသားရေးမို့ ဘာကြောင့်များ ပြည်ထောင်စုနိုင်ငံခြားရေးဝန်ကြီးက မသွားခဲ့တာပါလဲ။ မြန်မာကိုယ်စားလှယ်တွေ ကြိုးစားပမ်းစား ဆောင်ရွက်ခဲ့မှုတွေကို အထောက်အထားနဲ့ပြပါ။ ဘာတွေ ဆောင်ရွက်ခဲ့ပါသလဲ။ တစ်နေရာရပြီး နောက်ထပ်တစ်နေရာ သူတို့ပိုင်ဆိုင်မှုပါလို့ ထပ်မပြောဘူးလို့ ခင်ဗျား အာမခံနိုင်ပါသလား။ အဲဒီကျရင်ရော ခင်ဗျားတို့ အဲဒီလိုပဲ လုပ်ကြဦးမှာလဲ။ ထားပါ။ ဒါက နောက်ဖြစ်မယ့် ပြဿနာ။ နောက်မှ ရှင်းကြမယ်။ အခုထပ်မေးချင်တာက မြန်မာကိုယ်စားလှယ်များ စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့မှုများကို ခင်ဗျား အထောက်အထားနဲ့ပြပါ။ မြန်မာပြည်သူတွေက မြန်မာတွေ ဘယ်လောက်ထက်မြက်ကြောင်း ဂုဏ်ယူဝင့်ကြွားချင်လို့ပါ...။
ရေပိုင်နက်အရေး မြန်မာရှုံးတယ်တဲ့လား (Naing Htoo Aung)
Copy from Naing Htoo Aung Face Book
See detail graphs in·https://www.facebook.com/note.php?note_id=370670802953885
မြန်မာ ဘင်္ဂလား ရေပိုင်နက် အငြင်းပွားနေတဲ့ အရေးကို မနေ့က မတ်လ ၁၄ရက်နေ့မှာ INTERNATIONAL TRIBUNAL FOR THE LAW OF THE SEA ခုံရုံးကနေ အပြီးသတ် စီရင်ချက်ချပြီးတော့ ဆုံးဖြတ်ချက်ချလိုက်ပါပြီ။ နှစ်နိုင်ငံစလုံးက ဒီခုံရုံးရဲ့ ဆုံးဖြတ်ချက်ကို လိုက်နာမယ်ဆိုပြီးတော့ ကတိကဝတ်ပြုထားကြတာပါ။ အယူခံဝင်ခွင့်မှရှိဘူး နောက်ဆုံးဆုံးဖြတ်ချက်လို့လဲ သိထားရပါတယ်။
ခုံရုံးရဲ့ ဆုံးဖြတ်ချက်ပြီးလျှင်ပြီးချင်း ဘင်္ဂလားဒေ့ရှ်ရဲ့ မီဒီယာတွေက အပြိုင်အဆိုင် သူ့ထက်ငါဦးအောင် သတင်းထုတ်ပြန်သလို နိုင်ငံခြားရေး ဌာနကလဲ ကုလက ဆုံးဖြတ်တာကို ကျေနပ်ကြောင်း သူတို့လိုတာထက် ပိုရကြောင်း ဝမ်းသာအားရ ကြေညာသွားပါတယ်။ တစ်ခုပဲခံပြင်းတာက တဖက်ပြိုင်ဘက်က ပြောနေတာတွေကို သံယောင်လိုက်ပြီး ဒီဘက်ကမီဒီယာတွေက မြန်မာရှုံးတယ် ဘင်္ဂလားနိုင်တယ်နဲ့ အသံထွက်နေကြတာပါ။ စိတ်ပျက်ဖွယ်ပါပဲ။
သေသေချာချာလေ့လာကြည့်စေချင်ပါတယ် ဆုံးဖြတ်ချက်က ဘာလဲဆိုတာကိုပါ။ ဒီလင့်က ခုံရုံးက ဆုံးဖြတ်ထားတာပါ။
http://www.itlos.org/fileadmin/itlos/documents/cases/case_no_16/1-C16_Judgment_14_02_2012.pdf
အပေါ်ကပုံက မြန်မာနဲ့ ဘင်္ဂလားတို့ အပြိုင်အဆိုင် အဆိုတင်သွင်းထားတဲ့ပုံပါ။ ပြီးတော့ ကြားထဲကလိုင်းက ဆုံးဖြတ်ချက်ချပေးလိုက်တဲ့မျဉ်းကြောင်းသစ်ပါ။ နောက်ထပ်ပုံတွေ လေ့လာကြည့်ရအောင်။
ဒီပုံက ဘင်္ဂလားတွေ ကမ်းလွန်ရေနံနဲ့ သဘာဝဓါတ်ငွေ့အတွက် လျာထားတဲ့ပုံပါ။ ဘင်္ဂလားတွေက တကယ်လိုချင်တာက အပြာရောင်ချယ်ထားတဲ့အပိုင်းပါပဲ။
ဒီပုံက မြန်မာ့ကမ်းလွန်လုပ်ကွတ်တွေပုံပါ။ ဒီပုံကို MoGE ကနေယူပါတယ်။ ကမ်းလွန်လုပ်ကွတ် AD 11, 12, 13, 14 တွေက ရာထားတဲ့နေရာတွေပါ စမ်းသပ်တာတွေ တူးဖော်တာတွေ မလုပ်ရသေးပါဘူး။ ဘယ်နိုင်ငံကမဆို အရင်းအမြစ်တွေ ရှိနေတယ်ဆိုရင် လိုချင်ကြတာပါပဲ။ တစ်ခုမမေ့ဖို့က စိန့်မာတင်ကျွန်းကြီး ခံနေတဲ့အတွက် ကိုယ်တွေဘက်က တပန်းရှုံးနေတာပါ။
ဒီလောက်ဆိုရင် နိုင်လားရှုံးလားကွဲလောက်ပြီထင်ပါတယ်။ နိုင်ငံတကာခုံရုံးအနေနဲ့ အိမ်နီးချင်း အချင်းချင်း မိတ်မပျက်အောင် ကြားချပြီး ဆုံးဖြတ်ခဲ့တာပါ။ ဘင်္ဂလားတွေတောင်းတဲ့ အတိုင်းမပေးပဲ တဖက်သတ် တောင်းဆိုတာတွေကို ပယ်ချခဲ့ပြီး အဆင်ပြေအောင် ကြားချပြီး ဆုံးဖြတ်ပေးခဲ့တာပါ။ လုပ်နေတဲ့ လုပ်ကွတ်တွေ ဘာမှ ပဲ့ပါသွားတာမရှိပါဘူး။ ရာထားတာတော့ သူတို့လဲ ရာတတ်တာပါပဲ။ သူတို့တောင်းတိုင်း ပေးပြစ်လိုက်ရတာမှ မဟုတ်တာ။
၂၀၀၉ ခုနှစ်က AD7 လုပ်ကွတ်မှာ စူးစမ်းလေ့လာနေတဲ့ သဘောင်္တွေကို ဘင်္ဂလားရေတပ်က ၀င်ရောက်ရန်ပြုခဲ့တာကနေစပြီးတော့ အခု အငြင်းပွားမှုစခဲ့တာပါ။ ပြောရရင် AD7 ဆိုတာ မြန်မာပိုင်ဆိုတာ ဆုံးဖြတ်ပေးခဲ့တာပါ။ အဲဒိတော့ သူတို့ပိုင်တယ်ဆိုပြီး ဝင်နှောင့်ယှက်ခဲ့တဲ့ နေရာဟာ မြန်မာပိုင်ဖြစ်နေပါပြီ။ နောက်ပြီးတော့ စိန့်မာတင် ကျွန်းရှိနေတာဟာ မြန်မာအတွက် တပန်းရှုံးနေတာပါ။ ဒါပေမယ့် အခုဆုံးဖြတ်ချက်က တရားမျှတတယ်ထင်ပါတယ်။
နိုင်လား ရှုံးလား ခဏခဏမေးနေကြပါတယ်။ အနိုင်နဲ့ အရှုံး သိသိသာသာ ကွဲရအောင် ကလေးကစားရာ မဟုတ်ပါဘူး။ အဓိက ခုံကဆုံးဖြတ်တာဟာ အိမ်နီးချင်းတွေ မျက်နှာမပျက်စေဖို့ အဓိကထားပါတယ်။ ဘင်္ဂလားကတော့ မြန်မာတွေကို နှိမ်ချင်လို့ ဖိန့်လုံးတွေ ထုတ်တယ်။ ဒီဘက်ကလဲ အစိုးရဆိုရင် ကလော်ဆဲဖို့လောက် တွေးနေကြတယ်။ စာတော့ ဖတ်ကြမယ် မစဉ်းစားကြဘူး။ ဟိုက သူတို့နိုင်တယ်ဆို မြန်မာရှုံးတယ် အလိုလို ဖြစ်သွားကြတယ်။ ကိုယ့်နိုင်ငံဆို ကိုယ်တိုင်ကြိုးစားချင်စိတ်မရှိပဲ သံယောင်လိုက် အချင်းချင်း စောက်ပြစ်တင်နေကြရင် မနုသီဟကမှ ဖင်နှစ်ခွပါ။ မြန်မာပြည်ဟ ဖင်ငါးခွဖြစ်လာပါလိမ့်မယ်။
ဒီကြားထဲ လုပ်ဇာတ်ကြီးပါ။ တရုတ်ကခိုင်းတာပါ။ အစိုးရက ဒီလုပ်ကွတ်တွေက ရတာတွေ ပြည်သူတွေအတွက် ဘာမှမသုံးတာပဲ ဘာမှမဖြစ်ပါဘူးဆိုတဲ့ အသားထဲကလောက်တွေ ရွံလွန်းလို့ပါ။
အသေးစိတ်ကို ဒီမှာလေ့လာကြပါ။ http://www.itlos.org/
Myanmar Delegation is represented By
H.E. Dr Tun Shin (Mr), Attorney General of the Union, Union Attorney General’s Office,
as Agent;
Ms Hla Myo Nwe, Mr.Kyaw San and Myanmar members, Int'l Lawyers and Experts are shown below :
1) Professor Mathias Forteau, Professor at the University of Paris Ouest,Nanterre La Défense, France,
2) Mr Coalter Lathrop, Attorney-Adviser, Sovereign Geographic, Member of the North Carolina Bar, United States of America,
3) Mr Daniel Müller, Consultant in Public International Law, Researcher at the Centre de droit international de Nanterre (CEDIN), University of Paris Ouest,Nanterre la Défense, France,
4) Professor Alain Pellet, Professor at the University of Paris Ouest, Nanterre La Défense, Member and former Chairman of the International Law Commission,Associate Member of the Institut de droit international, France,
5) Mr Benjamin Samson, Researcher at the Centre de droit international de Nanterre (CEDIN), University of Paris Ouest, Nanterre La Défense, France,
6) Mr Eran Sthoeger, LL.M., New York University School of Law, New York, United States of America,
7) Sir Michael Wood, K.C.M.G., Member of the English Bar, Member of the International Law Commission, United Kingdom,as Counsel and Advocates;
8) H.E. U Tin Win, Ambassador Extraordinary and Plenipotentiary to the Federal Republic of Germany, Embassy of the Republic of the Union of Myanmar, Berlin, Germany,
9) Captain Min Thein Tint (Mr), Commanding Officer, Myanmar Naval
Hydrographic Center, Yangon,
10) Dr Thura Oo (Mr), Pro-Rector, Meiktila University, Meiktila,
11) Mr Maung Maung Myint, Counselor, Embassy of the Republic of the Union of Myanmar, Berlin, Germany,
12) Mr Mang Hau Thang, Assistant Director, International Law and Treaties Division, Consular and Legal Affairs Department, Ministry of Foreign Affairs,
13) Ms Khin Oo Hlaing, First Secretary, Embassy of the Republic of the Union of Myanmar, Brussels, Belgium,
14) Mr Kyaw Htin Lin, First Secretary, Embassy of the Republic of the Union of Myanmar, Berlin, Germany,
15) Ms Tin Myo Nwe, Attaché, International Law and Treaties Division, Consularand Legal Affairs Department, Ministry of Foreign Affairs,E/11 v 21/09/2011 p.m.
16) Mrs Héloise Bajer-Pellet, Lawyer, Member of the Paris Bar, France,
17) Mr Octavian Buzatu, Hydrographer, Romania,
Ms Tessa Barsac, Master, University of Paris Ouest, Nanterre La Défense,France,
18) Mr David Swanson, Cartography Consultant, United States of America
http://www.itlos.org/fileadmin/itlos/documents/cases/case_no_16/PV_11-12_21_09_E_final.pdf
ကိုအီကိုမောင်ရေ ဆက်မေး .......အမှုတစ်ခုမှာ ဥပဒေရေးရာပြသနာနှင့် ကြောင်းချင်းရာပြသနာ ဆိုပြီးရှိတယ်လေ။ အကြေားအရာက မှန်နေရင်တောင် ဥပဒေ တင်ပြမှု မှားရင် အမှု ရှုံးတယ်။ ကျွန်မက တော့ ဒီအမှုရဲ့ ပညာရပ်တွေနားမလည်ပါဘူး ။ နိုင်ငံပိုင်မြေ ဆုံးရှုံးတာပဲ မကျေနပ်ဘူး ။ ဒါပဲ
ကိုစက်ထွန်း...ယဉ်ကျေးစွာပြောပါ...စောက်နဲ့ မသုံးပါနဲ့...လူကြီးလူကောင်းဆို...။ အစိုးရကို အဆဲမခံချင်ဘူးလား...အဆဲမခံချင်အောင် နေလေ...။ ဘယ်သူလာဆဲမလဲ...ပြော...။ ကျုပ်မေးတာတွေ ကုန်အောင် ဘာလို့ မဖြေတာလဲ...စာမတတ်လို့လား...ခင်ဗျားပြောတဲ့ လင့်ခ်တွေအကုန်လုံး အွန်လိုင်းမှာ ပလူပျံပြီးသား...။ ဒီကျွန်သမိုင်းက စပြီး ခင်ဗျား တင်ပြပေးပြီး အကျိုးသင့်အကြောင်းသင့် ရှင်းပြလေ...။ ခင်ဗျားက ဒေါသတော့ ကြီးပုံပဲ...။ တော်တော်လည်း နာတတ်ပုံပဲ...။ အစိုးရအဖွဲ့ပေါ် သစ္စာရှိတဲ့ သူပဲ...။ တော်လိုက်တဲ့ ဦးစက်ထွန်း...။ မြန်မာရှေ့နေအဖွဲ့နဲ့ ဘင်္ဂလားဒေ့ရှ်နေအဖွဲ့ကို နှိုင်းယှဉ်ဖို့ တစ်ဖက်က ရှေ့နေအဖွဲ့ကို တင်ပြပေးပါလား...အားလုံး သိရတာပေါ့ဗျ...။ မြန်မာအစိုးရအဖွဲ့မှာ ရာထူးကြီးကြီးရရင် အားလုံးမော်ဖူးလောက်အောင် တော်နေပြီလို့ ခင်ဗျားဆိုလိုချင်လို့ သူတို့ရာထူးတွေ ဖော်ပြထားတာလား...အဲဒါဆိုရင် ကျုပ်မှာ ပြောစရာ စကားကုန်သွားပါပြီ...အာလုံးသိပါတယ်...ရာထူးနဲ့ တိုင်းလို့ လူတစ်ယောက်ရဲ့ အရည်အချင်း မှန်မမှန်ဆိုတာကို...ပညာတတ်တိုင်းသိပါတယ်...။ အသားထဲက လောက်မထွက်ချင်ရင် အသားကောင်းအောင်လုပ်လေ...လောက်ထွက်တာ အသားက ပုပ်နေလို့ပေါ့ဗျ...။ အသားပုပ်တော့ လောက်ထွက်တာ ဆန်းသလား...။ ဘင်္ဂလားဒေ့ရှ်မီဒီယာလို မြန်မာပိုင်ရုပ်မြင်တွေ၊ ရုပ်သံတွေ ဘာလို့ ကြားဖြတ်သတင်း ဆိုပြီး ပြည်သူတွေ ကျေနပ်အားရအောင် မကြေငြာတာလဲ...ခါတိုင်းဆို ဖြတ်လိုက်တဲ့ ကြားဖြတ်သတင်း...ဘာသာရေးသတင်းမှာတောင် နိုင်ငံရေးမှိုင်းတိုက်တဲ့ သတင်းက ဖြတ်ဖြတ်ပြီး တက်လာတယ်...။ စာမဖတ်တာ ကျုပ်တို့တွေ မဟုတ်ဘူး..ခင်ဗျားနဲ့ ခင်ဗျားအစိုးရ အဖွဲ့တွေ...ကျုပ်တို့က ပညာတတ်၊ စာဖတ်လို့ နိုင်ငံတကာမှာ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်တယ်...။ ခင်ဗျား အစိုးရအဖွဲ့ဝင်အများစုလို ပြည်သူမျက်ရည်ကျအောင်လုပ်ပြီး စီးပွားရှာချမ်းသာနေတဲ့ တစ်ကိုယ်ကောင်း သမားမဟုတ်ဘူး...။ ကျုပ်တို့ပြည်သူတွေက ဖင်နှစ်ခွမဟုတ်ဘူး...။ ခင်ဗျားနဲ့ ခင်ဗျားအစိုးရသာ လာသမျှလူဘက် ဖင်ပေးနေတာ ဖင်ဘယ်နှစ်ခွ ရှိသလဲ ခင်ဗျားဘာသာ ပြန်စမ်းကြည့်ပါ ကိုစက်ထွန်း...။ နိုင်ငံချွတ်ခြုံကျသွားတာ ဆင်သေကို ဆိတ်သားရေနဲ့ ဖုံးဖို့ကြိုးစားတုန်းပဲလား ကိုစက်ထွန်း...။ ဒီရေနံလုပ်ကွက်တွေက ပြည်သူတွေအတွက် ဘယ်လောက်၊ သူတို့ ကိုယ်ကျိုးအတွက် ဘယ်လောက်ဆိုတာကို စာရင်းဇယားနဲ့ တင်ပြပေးပါ...။ အစိုးရကို ဆဲတာကို မကြိုက်ဘူးဆိုရင်ပေါ့...ပွင့်လင်းမြင်သာစွာပေါ့...။
ကျုပ်မေးခဲ့တဲ့ အရင်ကွန်းမင့်က မေးခွန်းတွေကို ကုန်အောင်ဖြေပေးပါ...အခု မေးခွန်းတွေ့ကိုရော...။ အဆဲမခံချင်ရင် ယဉ်ကျေးစွာ တုံ့ပြန်ပါ...။ ရှေ့နေနှစ်ဖက်စလုံးရဲ့ အရည်အချင်းတွေ၊ ကိုယ်ပိုင်အရည်အချင်းနော်...အစိုးရအဖွဲ့မှာ ရာထူးကြီးတာ အရည်အချင်းရှိလို့ ဖြစ်တာဆိုရင် ဘယ်လိုအရည်အချင်းတွေက ရာထူးတိုးစေပါသလဲ...။
ဟုတ်ကဲ့ မသဇင်...တင်ပြပုံရော၊ ဥပဒေကြောင်းရရော...ကျွမ်းကျင်စွာ မသိဘူး ဆိုကတည်းက သဘောပေါက်ပါပြီး လူတော်တော်များများ...။
ကိုစက်ထွန်း...ကျွန်တော်မေးတာတွေကို ကုန်အောင်ဖြေပေးပါ...အကိုးအကားခိုင်မာစွာနဲ့...။ အစိုးရကို ကျွန်တော် မဆဲပါဘူး...မေးခွန်းထုတ်တာ...။ ဒီမိုကရေစီခေတ်ဆို...မေးတာပေါ့ဗျ...။ စစ်အစိုရ ခေတ်ဆို ဘယ်မေးမတုန်း...။
စစ်အစိုးရနဲ့ အခုလက်ရှိအစိုးရအဖွဲ့ဟာ သန့်ရှင်းတဲ့ အစိုးရပါဆိုတာကိုလည်း ခင်ဗျားက အစိုးရကို ဆဲတာ ဆတ်ဆတ်ထိအောင် နာပြီး၊ အသုံးအနှုန်းတွေ စုံအောင်သုံးသွားလို့ ခင်ဗျား...ဘယ်လို အာမခံမလဲ...သူတို့အားလုံးလိုလိုဟာ သန့်ရှင်းတဲ့ ဂုဏ်သိက္ခာ၊ စည်းပွားဥစ္စာတွေကို ရှာထားခဲ့တယ်ဆိုတာကို...။
စိတ်မဆိုးရဘူး ကိုစက်ထွန်းရဲ့...ဒါတောင် မဆဲသေးဘူး...မေးခွန်းထုတ်ရုံလောက်ပဲ ရှိသေးတာ...ဆဲများဆဲရင် ကိုစက်ထွန်းတစ်ယောက်...ဘယ်လိုတွေ ဒေါသူပုန်ထမလဲ...လာတောင် ကြည့်ချင်တယ်...။
ကျုပ်မေးခွန်းကို ဥပဒေကြောင်းအရရော၊ နိုင်ငံရေးအရရော၊ စီးပွားရေးအရရော၊ အားလုံးသော ဘက်ပေါင်းစုံအရပါ...ဖြေပေးပါ...။ ကျွန်တော်မေးတာ မဖြေဘဲ လူကြီးမင်းက ဒေါသကြီးထွက်နေပြီး...စောက်တွေ ဘာတွေသုံးလို့ပါလား...။ အဆင့်အတန်းက အသုံးအနှုန်းက ဖော်ပြတယ်နော့...။ ကိုစက်ထွန်း အဖြေများကို စောင့်ဖတ်နေပါမည်...။
ကိုစက်ထွန်းေ၇ ဥပဒေတွေက ခေတ်နှင့်လျော်ညီမညီ ၊ ဥပဒေ ကြောင်းအရ၊ စီးပွားေ၇းအမြင် နိုင်ငံေ၇းအမြင်တွေကို သိထား နားလည်ထားပြီး ဆိုလည်း ရှင်းပြမှ သိရမှာပေါ့ ။ အပြင်လူတွေအနေနဲ့ ဥပဒေ တွေကို ဖတ်ရတာ စာကြီးပေကြီးဆိုတော့ ကြာကြာမဖတ်ချင်ကြပါဘူး ။ practice လုပ်နေတဲ့သူတွေကသာ ကျွမ်းကျင် သိကြပါတယ် ။ ရှုထောင့်ပေါင်းစုံကနေ သုံးသပ်ရင်းမှ အကောင်းဆုံးအဖြေ၇မှာ မလား ။ ဒါကလည်း နိုင်ငံအကျိုးပြုအတွက် စိတ်ဝင်စားလို့ပါ ။
ကိုစက်ထွန်း ရေ နိုင်ငံချစ်စိတ်နဲ့ ဘက်ပေါင်းစုံက ရှုထောင့်တွေမျိုးစုံနဲ့ မှာ နိုင်ငံ အကျိုးပြု အတွက် ရည်ရွယ်ကြတာပါ။အသားထဲက လောက်ထွက်
ဖို့ တို့ ၊အာဏာရသူ ၊ ရာထူးကြီးသူတို့တွေကို အားကိုးပြီး ရာထူး၇ဖို့တို့ဆိုတာ တွေးတောင် မတွေးဖူးပါဘူး ။ကိုယ်တိုင်ကြိုးစားချင်စိတ်လည်း ရှိပါတယ် ၊ ကိုယ်တိုင်ကြိုးစားခဲ့တဲ့ရလာဘ်ကိုလည်း ကိုယ့်ဘ၀ အတွက် အကျိုးခံစားရပါတယ်။ ကျွန်မဘွဲ့ရတဲ့အချိန်က အစိုးရလစာက နည်းပါးလွန်းတော့ ပြန်ထမ်းဝင်အရာရှိတစ်ယောက်ဖြစ်ဖို့ရည်ရွယ်ခဲ့ပေမယ့် ဒီလိုလစာနဲနဲ နဲ့ ဘ၀ရပ်တည်ဖို့မဖြစ်နိုင်တော့ လာဘ်ပေးလာဘ်ယူအလုပ်ကို မလုပ်လို ရ်ျ ရည်ရွယ်ချက်ကိုစွန့်လွှတ်ခဲ့ပါတယ် ။ ကိုယ့်လိပ်ပြာကိုယ်လုံပါတယ် ။
Hi Ko Eco Maung,
Please read carefully and firm your base, those are clearly mentioned as copied from Ko Naing Htoo Aung & et. al. face book shown as Myanmar font.
I'm just sharing all points from every corner for wide aspect.
We truly love homeland but not blindly because I've partly seen those people in mission great work load.
I am sorry for feeble in typing for Myanmar font. Looking for fair and square views.
Best Regds,
Set Htun
Hi Ko Eco Maung,
Please read it carefully and firm your base, those are clearly stated as copied from Ko Zaw Win Naing and Ko Naing Htoo Aung's face book shown as Myanmar fonts.
We love homeland but not blindly because I've partly understood the great work load of this mission.
Sorry for my feeble typing in Myanmar font and hope to see fair and square views.
Sincerely,
S.Htun
P.S. I am not absolutely from government body but do not hesitate to give credits to deserved people by my own thinking.
Further explanation can be see as below links:
မြန်မာ-ဘင်္ဂလားဒေ့ရှ် ရေပိုင်နက် ဆုံးဖြတ်ချက်နှင့် ပတ်သက်၍
ငြိမ်းချမ်းအေး
http://burma.irrawaddy.org/archives/7262
စိန့်မာတင်၊ ရှင်မဖြူ နဲ့ အင်္ဂလိပ်-မြန်မာ ပထမစစ်
ငြိမ်းချမ်းအေး(မတ် ၁၇၊ ၂၀၁၂)
http://moemaka.blogspot.com/2012/03/article-by-nyein-chan-aye.html#more
အစဉ်အလာအရမီဒီယာအားနည်းတယ်လို့ဆိုခဲ့တာကိုကိုစက်ထွန်းရဲ့စာမှာတွေ့ရပါတယ်။ဒီအစဉ်အလာကိုခုကတည်းကပြင်ဖို့လုပ်ပါ။ကိုယ်လိုသလိုဆွဲကိုယ်အသုံးချချင်သလိုသုံးနေဖို့ဆိုရင်ဒီလိုပဲ သူများဝေဖန်တာကိုခံရမှာပဲ
ခင်ဗျားပေးတဲ့ လင့်ခ်ကိုကြည့်ပြီး ကျုပ်ဘာသာ ကျုပ်မှတ်ချက်ချရမှာလား...အဲဒီလူတွေရဲ့ လင့်ခ်ကရော ဘယ်လောက်အတိုင်းအထိ မှန်ကန်စွာ ရှိနေသလဲ...။ ခင်ဗျားက စပြီး ရိုင်းရိုင်းစိုင်းစိုင်းပြောတာဖြစ်တဲ့အတွက် ကျုပ်မေးခွန်းတွေကို တစ်ချက်ခြင်း ပြန်ဖြေပေးဖို့ ခင်ဗျားလိုတယ်လို့ မထင်ဘူးလား...။ တော်ပြီ ကျုပ်သိလိုက်ပြီ...ခင်ဗျားအဆင့် ဘယ်လောက်ပဲ ရှိတယ်ဆိုတာ...ခင်ဗျားလိုလူနဲ့ စကားဆက်ပြောရင်လည်း လူရွှင်တော်တွေ ပြောသလို ...ကို ပလာတာ ကျွေးသလိုပဲ ဘာအရသာမှန်း မသိတဲ့သူမို့ ကျုပ်ဘက် ရပ်တန်းက ရပ်လိုက်ပါပြီလို့...။ ခင်ဗျားရဲ့ ကျုပ်မေးခွန်းတွေကို တစ်ချက်ခြင်း ပြန်ဖြေချက်ကို သိချင်တာ...။
အာ. ၂ ယောက်လုံးတော်ကြပါတော့ဗျာ. ကိုစက်ထွန်းလဲ သူတတ်နိုင်သလောက်ရှင်းပြတာပါပဲ. ကိုယ်ထင်တာမှ အမှန်ဆိုပြီးတော့ မတွေးစေချင်ပါဘူး. ကျွန်တော်တို့လဲ ပိုလိုချင်တာပေါ့ဗျာ. အစိုးရလဲ ပိုလိုချင်မှာပါပဲ. ကိုယ်ပြိုင်တဲ့ အမှုကို ရှေ့နေတိုင်းကနိုင်ချင်မှာပါ. သူတို့လဲ အစွမ်းကုန်ကြိုးစားကြမှာပါ. မြန်မာတွေ အချင်းချင်း ရန်ဖြစ်တာတွေ ရပ်ကြပါတော့ဗျာ. ကိုယ်လုပ်တာအမှန် သူလုပ်တာအမှားဆိုတဲ့ စိတ်မျိုးတွေ မထားသင့်ပါဘူး. ကိုအီကိုမောင်လဲ စိတ်လျော့ပါဗျာ. ကိုစက်ထွန်း ကျေးဇူးပါ အခုလောက် ရှင်းပြတဲ့အတွက်
ကိုပွား...ကျွန်တော် အေးအေးဆေးဆေး မေးခွန်းထုတ်တာလေ...သူ...အရင် ဘာလို့ လစလဲ...ပြီးတော့ စောက်နဲ့နှိုင်းလိုက်၊ စာမဖတ်ဘူး ပြောလိုက်...ဖင်နှစ်ခွ ပြောလိုက်...။ ကျုပ်...စပြောသလား...သူရှင်းပြတာကို ကျုပ်က ကျေးဇူးမတင်နိုင်ဘူး...သူရှင်းပြတာတွေ အားလုံး အွန်လိုင်းမှာ ပလူပျံပြီးသား...။ အဲဒါတွေ ဘယ်လိုအတိုင်းအတာထိ မှန်ပါတယ်လို့ ခင်ဗျားတို့ အာမခံနိုင်လား...။ အာမခံ...မခံနိုင်ရင်...ဆက်မပြောနဲ့...။
ကိုယ်နားမလည်တာတခုကို ရှင်းပြလို့ကျေးဇူးတင်တာ ခင်ဗျားနဲ့ မဆိုင်ဘူးလေ. အဲဒါ ကိုယ်ကိုတိုင်နဲ့ပဲ ဆိုင်တာ ဘယ်သူ့ကိုမှ ကျေးဇူးတင်ခိုင်းနေတာမှ မဟုတ်တာဘဲ. သူပေးတဲ့ ဆိုက်ထဲဝင်ကြည့်ရင် တွေ့မှာပါ. စီရင်ချက်မှာ အားလုံးပါပါတယ် မြန်မာဘက်ကလဲ ခိုင်ခိုင်မာမာ ခုခံကာကွယ်ထားတယ်လို့ ထင်ပါတယ်
အာမခံ...မခံနိုင်ရင်...ဆက်မပြောနဲ့. !!!
ခင်ဗျားသင်ခဲ့ရတဲ့ ပညာတွေထဲမှာ… မိမိကိုယ်ကို နှိမ့်ချခြင်းဆိုတဲ့ သာသာရပ် မပါခဲ့တာကိုတော့ ကျနော်သတိပြုမိလိုက်တယ်ဗျာ။
ပွဲကတော့လှပါတယ်ဗျာ..လိုရင်းကဘာမှန်းမသိတာကခက်နေ
တယ်..အချင်းချင်းယဉ်ကျေးစွာ.ပညာတိုင်းနေကြသလားဗျာ..ဗဟု
သုတရမှာလိုချင်ပါတယ်..ရန်ပွဲတော့မလိုချင်ပါ.ရှေ့ဆက်လို့မရ
တော့ရင်ဖြင့်ဒီလောက်နဲ့သာရပ်ကြပါတော့..ဗျာ
(နှစ်ဖက်commentများအတွက်ကျေးဇူးပါ)
ရန်ဖြစ်တာမဟုတ်ပါဘူး ။ နိုင်ငံကြီးတွေမှာလည်း ပါလီမန်မှာတံခါးပိတ်ပြီး လူကြီးတွေ အချင်းချင်း ဖိနပ်နဲ့ပေါက်ပြီးတောင် ငြင်းခုန်ဆွေးနွေးသေးတာပဲ ။ အကောင်းဘက်က ကိုယ်မှန်တာ ကိုရဲရဲ ရင်ဆိုင်ရဲမှ နိုင်ငံ့ သားကောင်းဖြစ်မှာပေါ့ ။ (အကောင်းဆုံးကြိုးစားတာမှန်ပေမယ့် နိုင်ငံတကာနဲ့ ရင်ဘောင်မတန်းနိုင်လို့ ရှုံးတာက ရှုံးတာပဲ )
လူစွမ်းကောင်းတွေက ကိုယ့်ကိုကိုယ် မနှိမ့်ချ ပါဘူး ။ အမှန်တရားအတွက် ဆို ရင်
Post a Comment