ကြော်ငြာကောင်းပြီး ပစ္စည်းမကောင်းရင် ကြုံတွေ့ရမယ့် ဆိုးကျိုးတွေကိုလည်း ပြည်သူတွေက နားလည်ကြပါတယ်- ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အထွေထွေအတွင်းရေးမှူး ဦးဌေးဦး
ရွှေယင်းမာဦး (မြန်မာ့တိုင်းမ်)
ဓာတ်ပုံ - ကောင်းထက်
* ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုး
ရေးပါတီအနေနဲ့ ကြားဖြတ်ရွေး ကောက်ပွဲတွင် မဲဆွယ်စည်းရုံးမှုကို ဘယ်လိုပုံစံနဲ့ လုပ်ခဲ့ပါသလဲ။ လုပ်ခဲ့
ရသလောက်မှာ ပြည်သူရဲ့အားပေး
မှုနဲ့ လွတ်လပ်မှုကိုရော ကျေနပ်
အားရမှု ရှိပါသလား။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီရဲ့ ရည်မှန်းချက်မှာ နိုင်ငံတော်နှင့် ပြည်သူများအားလုံး၏ တည်ငြိမ်အေး ချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်မှု ရရှိခံစားနိုင် ရေးဖြစ်ပါတယ်။ ပါတီရဲ့ ရည်မှန်းချက် အတိုင်း ပြည်သူများ တည်ငြိမ်အေးချမ်း မှုရရှိခံစားနိုင်ရေးနဲ့ ပြည်သူ များအကျိုး ရှိစေသော လိုအပ်ချက်တွေကို တတ်စွမ်း သရွေ့ ပါဝင်ဖြည့် ဆည်းဆောင်ရွက်ပေး နေပါတယ်။ ဒီဆောင်ရွက်နေမှုတွေက ကြားဖြတ် ရွေးချယ်မယ့် ၄၈ နေရာ မှာသာ ဆောင်ရွက်နေတာမဟုတ်ဘဲ ကျန်တဲ့ နေရာတွေမှာလည်း ဆောင်ရွက်နေပါ တယ်။ မိမိတို့ပါတီအနေနဲ့ အကျိုး ပြု လုပ်ငန်းတွေကို ယခင်ကလည်း ဆောင် ရွက်ခဲ့ပြီး ယခုလည်း ဆောင် ရွက်လျက်ရှိ ပါတယ်။ မပြီးပြတ်သေးတဲ့ လုပ်ငန်းတွေ ကျန်ရှိနေပါက အခြေအနေပေးတာနဲ့ ပြီးပြတ် အောင် ဆောင်ရွက်ပေးဖို့ အာမခံ ပါတယ်။ ပြည်သူ့အကျိုးပြုလုပ်ငန်းတွေ ကို အပြောနဲ့မဟုတ်ဘဲ လက်တွေ့ ဆောင် ရွက်မှုတွေကို ပြည်သူတွေ သိရှိကြပြီးဖြစ် ပေမယ့် လက်တွေ့ဆောင်ရွက်ခြင်းမရှိ သူတွေရဲ့ ပြောကြားချက်တွေအပေါ် မှန်ကန်စွာ စဉ်းစားဆင်ခြင်နိုင်ရန်သာ မိမိလုပ်ဆောင်ချက်တွေနဲ့ ယှဉ်တွဲပြီး ရှင်းလင်းအသိပေးမှု ပြုလုပ်ပါတယ်။ ပြည်သူတွေရဲ့ လိုအင်ဆန္ဒအတိုင်း အကျိုးရှိစေ မိမိတို့ရဲ့လက်တွေ့ လုပ်ဆောင် ခဲ့မှုတွေ အတွက် ပြည်သူတွေ က ကျေနပ်အားရမှုရှိသကဲ့သို့ မိမိတို့ အနေနဲ့လည်း ၀မ်းသာပီတိဖြစ်မိပါ တယ်။ ပြည်သူတွေ အကျိုး အတွက် လက် တွေ့ဆောင်ရွက်ပေးတဲ့ လုပ်ငန်းစဉ် တွေဖြစ်လို့ ပြည်သူတွေရဲ့ အားပေးမှု၊ လွတ်လပ်မှုတွေအပေါ် ကျေနပ် အားရ မှု ရှိပါတယ်။
* အခု ဧပြီ ၁ ရက်နေ့မှာ ပြုလုပ်မယ့် ကြားဖြတ်ရွေးကောက်ပွဲဟာ လွတ် လပ် မျှတမယ်လို့ ယူဆပါသလား၊ ဘာကြောင့်ပါလဲ။
ရွေးကောက်ပွဲတိုင်းဟာ လွတ် လပ် မျှတမှုရှိကြပါ တယ်။ ရွေးကောက်ပွဲ ကော်မရှင် အဆင့်ဆင့်အနေနဲ့ လည်း စနစ်တကျ ညွှန်ကြား ကြပ်မတ်လျက် ရှိပါတယ်။ ကျွန်တော်တို့ပါတီအနေနဲ့ လည်း တရားသော နည်းလမ်းအတိုင်း ပါဝင်ယှဉ်ပြိုင်နိုင်ရေး ဆောင်ရွက်နေ ကြသလို ကျန်သောပါတီတွေအနေနဲ့ လည်း သတ်မှတ်ချက်များနှင့်အညီ တရားသောနည်းလမ်းများအတိုင်း ပါဝင်ယှဉ်ပြိုင်ရေး ကြိုးပမ်းလျက်ရှိ ကြောင်း သိရပါတယ်။
* ၂၀၁၀ ပြည့်နှစ်၊ အထွေထွေရွေး ကောက်ပွဲမှာ ကိုယ်စားလှယ်ဦးရေ အများဆုံး အနိုင်ရခဲ့တဲ့ ပါတီတစ်ခု အနေနဲ့ အဲဒီရွေးကောက်ပွဲ နဲ့ မကြာမီ ကျင်းပမယ့် ကြားဖြတ်ရွေး ကောက်ပွဲ ကို နှိုင်းယှဉ်သုံးသပ်ပေးပါ။
၂၀၁၀ ပြည့်နှစ်၊ အထွေထွေရွေး ကောက်ပွဲမှာ နေရာပေါင်း ၁,၁၅၄ နေရာ ရှိပြီး အခုနေရာပေါင်း ၄၈ နေရာသာရှိ ပါတယ်။ ယခင် ၂၀၁၀ ပြည့်နှစ် နေရာများ ရဲ့ အစွန်းထွက် ဆယ်ဂဏန်း ၅၄ ထက် တောင် နည်းနေပါတယ်။ ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ ပါတီ တချို့က ပါဝင် ယှဉ်ပြိုင်ခြင်းမပြုခဲ့ခြင်း၊ ကန့်ကွက်မှု များပြုလုပ်ခြင်းတို့ ရှိခဲ့သော်လည်း ယခု ကြားဖြတ်ရွေးကောက်ပွဲတွင် ပါဝင်လာ တာ တွေ့ရပါတယ်။ ယခင်နဲ့မတူတဲ့ ပြောင်းလဲမှုဖြစ်ပါတယ်။ နိုင်ငံတော်နဲ့ ပြည်သူတွေရဲ့အကျိုးအတွက် ပါဝင် ဆောင်ရွက်လာခြင်း ဖြစ်တယ်လို့ ရှုမြင် ပါတယ်။
* ရွေးကောက်ပွဲနေ့ မဲရုံတွေမှာ စောင့် ကြည့်သူတွေ ထားရှိဖို့အတွက် ဘယ်လို စီစဉ်ထားပါသလဲ။ အထူး သဖြင့် မဲရေတွက်မှုကို ဘယ်လို စောင့်ကြည့် သွားမလဲဆိုတာ သိပါ ရစေ။
ကော်မရှင်က ထုတ်ပြန်ထားတဲ့ ညွှန် ကြားချက်တွေနဲ့အညီ ဖွဲ့စည်းဆောင် ရွက်သွားမှာဖြစ်ပါတယ်။ ပြည်သူများနှင့် မဲရုံတာဝန်ရှိသူ များကို ယုံပါတယ်။
* မဲဆန္ဒနယ် ၄၈ ခုမှာသာ ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲဟာ မြန်မာ နိုင်ငံရဲ့ဒီမိုကရေစီအသွင်ပြောင်းမှု လမ်းကြောင်းမှာ ဘယ်လောက် အရေးပါပါသလဲ။ ဘယ်လောက် ရော အရှိန်တွန်းပေးနိုင်ပါမလဲ။
၄၈ နေရာသာရှိတဲ့အတွက် အရေ အတွက်ကတော့ နည်းပါတယ်။ မြန်မာ နိုင်ငံရဲ့ ဒီမိုကရေစီအသွင်ပြောင်းရေး လမ်းကြောင်းအတိုင်း စိတ်ကောင်း စေတနာမှန်နှင့် ပါဝင်ဆောင်ရွက်လာ ခြင်းဆိုတဲ့ ယုံကြည်စိတ်က တွန်းအားဖြစ် စေမယ်လို့ ယူဆပါတယ်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ မရမ်းကုန်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းဦးရဲထွဋ် မဲဆွယ် စည်းရုံးရေးလုပ်ငန်းများ ဆောင်ရွက်နေစဉ်။
ဓာတ်ပုံ - ဘူးသီး
* ကြားဖြတ်ရွေးကောက်ပွဲမှာ ဘယ်နှ နေရာလောက် နိုင်မယ်လို့ ခန့်မှန်း ယုံကြည်ထားပါသလဲ။
ပါတီတိုင်းဟာ အနိုင်ရမယ်လို့ ယုံကြည်ပြီး ရွေးကောက်ပွဲဝင်ကြတာ ဖြစ်ပါတယ်။ မဲဆန္ဒရှင် ပြည်သူတွေအနေ နဲ့ ဘယ်ပါတီ၊ ဘယ်လို ပုဂ္ဂိုလ်တွေက အပြောနဲ့မဟုတ်ဘဲ အလုပ်နဲ့လက်တွေ့ အကျိုးပြု နေတယ်၊ အကျိုးပြုနိုင်စွမ်းရှိ တယ်ဆိုတာ ခွဲခြားပြီးသိပါတယ်။ ကြော်ငြာကောင်းပြီး ပစ္စည်းမကောင်းရင် ကြုံတွေ့ရမယ့် ဆိုးကျိုး တွေကိုလည်း ပြည်သူတွေက နားလည်ကြပါတယ်။ ကျွန်တော်တို့ ပြည်သူကို ယုံကြည်တယ်။
ရွှေယင်းမာဦး (မြန်မာ့တိုင်းမ်)
အတွဲ ၂၉ ၊ အမှတ် ၅၆၂ (၂၃ - ၂၉ ၊ ၃၊ ၂၀၁၂)

ကြားဖြတ်ရွေးကောက်ပွဲနှင့်ပါတ်သတ်ပြီး ဦးဌေးဦး နှင့်မေးမြန်းချက်
Reviewed by သစ်ထူးလွင်
on
19:17
Rating:
37 comments:
i donot believe him.
အဲဒီအကျီ င်္အဖြူရောင်နဲ့  ပုဆိုးအစိမ်းရောင်မြင်လိုက်ရတာကိုကကျက်သရေမရှိတဲ့သူတွေဘဲ..သမ္မတကြီးကလည်းပြောလိုက်ရင်လွတ်လပ်ပြီးတရားမျှတမယ်ဆိုတာဘဲပြောနေတာ အောက်ခြေမှာဆိုရင်ကြံ့ဖွတ်တွေဘာလုပ်နေတယ်ဆိုတာမျက်စိမှိတ်ပြီးတော့ယုံနေတာဘဲနော်..
ကြော်ငြာကလည်း ချာတူးလန် ၊ ပစ္စည်း ကလည်း ချာတူးလန် တဲ့ ကြံ့ဖွတ် ....မဲ တစ်မဲမှ ၇မှာ မဟုတ်ဘူး ၊ စိတ်ချ ။
ပိုစတာဖြဲ
အမေစုစည်းရုံးရေးခရီးစဉ်မှာမကြိုဆိုဖို.တားမြစ်၊NLDစည်းရုံးရေးမှုးတွေကိုခြိမ်းခြေက် ၊NLD ဟောပြောပွဲတွေ ကိုမီးဖြတ်၊ရသလောက်ညစ် ကလီကမာကောင်တွေ၊ဆယ်တန်းမအောင်တဲ.ကောင်တွေနဲ. ကြံဖွံကိုဖွဲ.ထားတာလည်း ပြည်သူကသိတယ်။
မင်းတို့ကြံ့ဖွတ်တွေကမှ..ကြော်ငြာလည်းမကောင်း..ပစ္စည်းလည်းမကောင်းတာကိုလူတိုင်းသိတယ်.....ပါကင်ဘယ်လောက်ပဲလှလှ...အတွင်းကမစင်ထုပ်ထားတော့ဘယ်သူကလိုချင်မှာလဲ.....
မင်းတို့ကြံ့ဖွတ်တွေကမှ..ကြော်ငြာလည်းမကောင်း..ပစ္စည်းလည်းမကောင်းတာကိုလူတိုင်းသိတယ်.....ပါကင်ဘယ်လောက်ပဲလှလှ...အတွင်းကမစင်ထုပ်ထားတော့ဘယ်သူကလိုချင်မှာလဲ.....
မင်းတို့က ပြည်သူကို တော်တော် လျော့တွက်တာပဲ။ မင်းတို့ ဘယ်လိုလူစားတွေလဲဆိုတာ မင်းတို့ကိုယ်တိုင်သိသလို ပြည်သူတွေလည်း သိတယ်ဆိုတာ သဘောပေါက်စေချင်တယ်။ ပြည်သူကို ခြောက်လိုက် မြှောက်လိုက် လုပ်နေတာကိုက မရိုးသားဘူးဆိုတာ သိနေကြတယ်။
အနှစ်၂၀ကျော်ပြည်သူတွေအတွက်လုပ်ပေးခဲ့တာသိပါတယ် တိုင်းပြည်ကို အာစီယံမှာနောက်အကျဆုံးဖြစ်အောင်လုပ်ပေးခဲ့တာ
(ကြော်ငြာကောင်းပြီး ပစ္စည်းမကောင်းရင် ကြုံတွေ့ရမယ့် ဆိုးကျိုး တွေကိုလည်း ပြည်သူတွေက နားလည်ကြပါတယ်။)
......အင်းနားလည်တာတော့ ကြာပေါ့။..............:(
ကောင်းအောင်လဲမကြော်ညာနိုင်ဘူး ပစည်းကလဲမကောင်းဘူး
နားလည်သပဆိုအကုန်သိ နိုင်ငံတ၀န်းတွင်ကြံ့ဖွတ်အကြောင်းကောင်းကောင်းသိ
ဟုတ်ပါတယ်ခင်ဗျ။ ကြော်ငြာထားတဲ့ပစ္စည်းကတော့ သုံးခွင့်မရသေးလို့ ကောင်းမကောင်းမသိနိုင်တာ အမှန်ပါ။ မလွှဲသာမရှောင်သာ လက်ရှိသုံးနေရတဲ့ တပ်မတော်ထွက်ကုန်တွေကတော့ ........ ဝေါ့ ထွီ.... အန်တောင် အန်ချင်ပါတယ်ဗျာ။
သူခိုးဌေးဦးရေ.မင်းတို့စစ်ဗိုလ်တွေ.ဖျက်ဆီးခဲ့လို့.
တစ်တိုင်းတစ်ပြည်လုံးမွဲနေတာလူတိုင်းသိတယ်.
မဲနိုင်ဖို့တော့မစဉ်းစားနဲ့..ကလိန်ကကျစ်လဲလုပ်ဖို့မစဉ်းစားနဲ့..
တစ်ကမ္ဘာလုံးကစောင့်ကြည့်နေတယ်.
NLD ကဘာများကြော်ငြာရသေးလို့လဲ . ဟ ကောင် ဌေးဦးရ..
မင်းပါတီကဘဲ ဟိုဟာလုပ်ပေးမယ် ဒီဟာလုပ်ပေးမယ်ကြော်ငြာ
နေတာလေ.. မျက်စိနောက်အောင်သိပ်မလုပ်နဲ့နော်..
မင်း ဘလူးလေဘယ် ပုလင်းတွေ ငါရိုက်ခွဲပလိုက်မှာ ..ဘာမှတ်
နေလဲ ....
ကြံဖွံ့တွေ၊ ဧပြီလကျော်ရင်၊ နေ၀င်ချိန်ရောက်တော့မယ်။
သွေးရူး၊ သွေးတမ်းနဲ့ လုပ်ချင်သလိုလုပ်ပါစေတော့၊
ပြည်သူတွေအပေါ်လုပ်ခဲ့မိသမျှ
ဒဏ်ခတ်ခံရတော့မှာမို့ မျက်ခြေမပျက်
စောင့်ကြည့်ထားဖို့ဘဲ လိုတယ်။ ။ ။
ကြံဖွံ့တွေ၊ ဧပြီလကျော်ရင်၊ နေ၀င်ချိန်ရောက်တော့မယ်။
သွေးရူး၊ သွေးတမ်းနဲ့ လုပ်ချင်သလိုလုပ်ပါစေတော့၊
ပြည်သူတွေအပေါ်လုပ်ခဲ့မိသမျှ
ဒဏ်ခတ်ခံရတော့မှာမို့ မျက်ခြေမပျက်
စောင့်ကြည့်ထားဖို့ဘဲ လိုတယ်။ ။ ။
သူခိုး ဓါးပြ ပါတီ ဘာတွေလာရောင်းနေတာလဲ မ၀ယ်ဘူး တို့မြို့ ရွာ တွေထဲကိုမလာကြနဲ့ ဝေးရာကို ထွက်သွားကြစမ်း မင်းတို့လာရင် တို့မြို့ တို့ရွာတွေနာတယ် လာဘ်တိတ်တယ်ဟေ့...မလာကြနဲ့ ဩောင်း.....ဒူရေ ဒူရေ သွား ဟုံဟုံ...
ဟေ့ကောင် ဌေးဦး
အပြေးဦးအောင် ကျင့်ထားတော့လေ
ဘာတွေကြော်ငြာပြီး.......
ဘာတွေရောင်းနေတာလဲ
ရှောက်သီးဆေးပြားလား
အဲဒါက ဂျယ်တွေ ရောင်းတာလေ
မင်းလဲ ရှောက်သီးဆေးပြားရောင်းနေရပြီလား
သနားပါတယ်
ဘာ.......ကြံ့ဖွတ်က ခိုင်းတာ
မင်းဆက်မရောင်းပါနဲ့တော့ ဂျယ်တွေအဆင် အောက်ထပ်ပြုတ်
မှာဆိုးလို့ပါ
ငြိမ်ငြိမ်နေကွာ လေကြီးလေကြယ်တွေလျှောက်ပြောမနေနဲ့ မင်းကဆည်မြောင်းမှာ ၀န်ကြီးလုပ်လာတာ ငါကဆည်မြောင်းမှာ ကန်ထရိုက်လုပ်လာတာ ဆောက်မြင်ကပ်အောက်မလုပ်စမ်းနဲ့
အကုန်ဖွလိုက်ရ
သိပါတယ်ကွမင်းတို့ရဲ့ယုတ်မာကောက်ကျစ်မှုတွေကိုလေမင်းတို့တတွေအမြတ်ကြီးစားစရင်းတွေလိမ်တင်အမေစုခရီးစဉ်တွေမှာလည်းလိုက်နှောက်ယှက်ဒါတွေအားလုံးပြည်သူတွေသိပါတယ်မင်းတို့ပြောစရာတောင်မလိုဘူးမင်းတို့ကြော်ငြာစရာလည်းမလိုဘူးဘာဖြစ်လို့လဲဆိုတော့ကိုသစ်ထူးကသတင်းအမှန်တွေအမြဲတမ်းတင်ပေးထားလို့လေ
ဇာတ်သမားပြန်ရင်တောင် မှတ်သားစရာကျန်ခဲ့သေးတယ်...
ခင်ဗျားတို့ပြောလိုက်ရင် ဘာမှလည်း မှတ်သားစရာမတွေ့ရဘူး...လမင်းကြီးကိုဘဲ ဟောင်နေတာတွေ့ရတယ်...
ဗိုလ်မင်းရောင်မြေး၊ ဗိုလ်ချုပ်အောင်ဆန်းသမီးကွ...ဘာမှတ်လဲ...ဒါမျိုးရိုးဘဲရှိသေးတာ...
အမျိုးချစ်တဲ့ ဗီဇရှိပြီးသားနော်...
ကိုယ်ပိုင် အရည်အချင်းတွေကတော့...ရေးလို့ကုန်မှာ မဟုတ်ဘူး...ခင်ဗျားတို့လို မိန့်ခွန်းကို ဖင်ကုန်းဖတ်နေတာ မဟုတ်ဘူး...
လက်တန်းပြောနေတာ...အဲဒါမှ ခေါင်းဆောင်...
သူများရေးပေးတာမပါဘူး...
ရင်ဘတ်ကြီးထဲက တိုက်ရိုက်လာတာ...
အော်ဌေးဦးရာ နိင်ငံစကားပြောစမ်းပါကွာ အကောင်းဆုံးအသန့်ရှင်းဆုံးပြိုင်ကြတာပေါ့တို့ ပြည်သူရဲ့အဆုံးအဖြတ်ကိုခံပါမယ်တို့ ရန်သူတွေမဟုတ်ပါဘူးတို့ လက်တွဲလုပ်ကြတာပေါ့တို့အဲလိုပြောစမ်းပါ ဘယ့်နှယ် ပစ္စည်းကြော်ငြာ နဲ့နိင်းပြောရသလဲ ဟုတ်ပြီကွာ ကြော်ငြာအားကောင်းပြီး ပစ္စည်းက မကောင်းဘူး၊တချို့က ပစ္စည်းကိုက မကောင်းတော့ သူများလို ကြော်ငြာကိုမလုပ်နိုင်တာတွေလဲရှိတယ် ရှက်လို့မကြောငြာရဲတာလေကွာ ပစ္စည်းအတုတွေကိုမဟုတ်ဘူးလား။တချို့က သူတို့ပစ္စည်းက အစစ်အမှန်ဆိုတော့ လူတော သူတောမှာ အာမခံနဲ့ကြောငြာရဲတယ်ကွ၊ပြောင်းဖူးတဖူးကိုင်ပြိး ရုးကြောင်ကြောင်ကြော်ငြာတော့မဟုတ်ဘူးပေါ့၊၀ီစကီခွက်အနားမှာထားပြီး
ုမြတ်ခိုင်လိုကောင်မျိုးကို ရဲဆေးတင်ပြီး အင်တာဗျုးတဲ့အလုပ်မျိုးကိုတော့ သူများတွေဘယ်လုပ်မလဲကွသယ်ရင်းက အိုကေ
ဋ္ဌေးဦးရာ ပြည်သူတွေရဲ့အကျိုး လို့မပြောစမ်းပါနဲ့ လက်တစ်စုပ်စာ စစ်ခွေးတွေရဲ့အကျိုး လို့ပြောစမ်းပါ ပြည်သူတွေရဲ့အကျိုးလို့ပြောရအောင် မြန်မာပြည်အကြွေးတွေတင်တာ၊ မြန်မာပြည်သူပြည်သားတွေ နိုင်ငံတကာမှာအလုပ်လုပ်နေရတာတွေ၊ တရားဥပဒေအထက်မှာ ငွေနဲ့အဏာရှိနေတာတွေ၊ မင်းတို့စစ်တပ်မှာသုံးလို့မရတော့တဲ့ ခြေပြတ်လက်ပြတ်တွေ အရက်ဘက်ကိုပို့လိုက်တာတွေ၊ ပြည်သူတွေကို အကြောက်တရားနဲ့အုပ်ချုပ်တာတွေ။ အများကြီးကျန်သေးတယ် အဲဒါတွေက မင်းတို့လုပ်တဲ့ပြည်သူတွေရဲ့အကျိုးလား အဲဒါတွေကြောင့်မင်းတို့ကို ပြည်သူတွေကမုန်းတာရွံတာ အဲဒါများမင်းကပစ်စည်းကောင်းလို့ပြောချင်သေးတယ် တော်တော်စောက်ရှက်မရှိတဲ့ စစ်ခွေးတွေ
ွ
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဆိုးကျိုးတွေ နားလည်ကြပါ
ကိုသစ် တင်တဲ့ စာတွေဖတ်ရမှပဲ ကြံ့ဖွတ်ပါတီက ရူးရူးကြောင်ကြောင်တွေစုဖွဲ့ထားမှန်းသိရတော့တယ် အရူးပါးတွေနော် ငါ့ဘို့ ဆိုတာပဲ ကြည့်တဲ့ အတ္တသမားတွေ...
ဌေးဦးရေ... မင်းရဲ့ ကလေက၀ပါတီဝင်တွေကို ပြန်ထိန်းကျောင်းလိုက်ဦး...
မိမနိုင်ဖနိုင်တွေကိုလေ..
ကြံ့ဖွတ်ပါတီတွေ လုပ်တာမဟုတ်တာ မဟုတ်တာလုပ်တာ
လူတိုင်းသိကြပါတယ် ကိုယ့်ငချဉ်ကိုချဉ်နေတုန်း ငနဲသားတွေ
ပေါက်က၇တွေပါကွာ ၊ အမေစု တ၇ုပ် media ကိုဖြေသွားတဲ့ မေး ခွန်း တွေ ထဲ က တစ်ခုလောက်ကိုပဲ အမေ့လို ဖြေပြစမ်းပါ။ မြန်မာလိုပဲ ဖြေပါ။because i know your poor english....ခွေးအ ကြီး လည်နင်း ခံ၇တာမှ ကြည့်ကောင်းအုံးမယ်.......
မြို့ထဲ ရွာထဲကို ဖွတ်တွေဝင်လာရင် လက်မခံကြပါနဲ့ဗျို့
ရွာ နာပါတယ်
သူခိုးအကြီးစားတွေပါ
ငတက်ပြားအမျိုးတွေပါ
ဒယ်အိုးကကြိုဆိုနေကြပါတယ်..။( welcome to ဒယ်အိုး )
ကြံ့ခိုင်ရေး ပါတီ မှ တာဝန်ရှိသူ ဦးဌေးဦးခများ...
ကြံ့ဖွံ့ပါတီကို ဘယ်ကရတဲ့ ငွေတွေနဲ့ တည်ထောင်ခဲ့သလဲ ဆိုတာ ရှင်းရှင်းလင်းလင်းပြောပြပေးပါအုံး။ ငွေချေးလေးချေးပေးတာနဲ့ ပြည်သူအကျိုးပြုလို့ ပြောလို့မရဘူးဗျ။ အဲဒါတွေက အတိုးနဲ့ ပြန်ဆပ်ရမဲ့ဟာတွေဘဲ။ ဘယ်မှာလည်း စေတနာက။ တကယ်လုပ်ပေးချင်ယင် ခများတို့ အာဏာလက်ထဲရှိတုန်းက တိုင်းပြည်နဲ့ ပြည်သူအတွက် ဘာမှမလုပ်ခဲ့ဘဲနဲ့ အခုမှ လမ်းတ၀က်တပျက်ခင်းတာတို့၊ ပိုက်ဆံလေး နည်းနည်းပါးပါးချေးပြီး၊ မဲဝယ်တာတွေလုပ်နေတာကို ပြည်သူတွေက သိပါတယ်ဗျာ။ ကိုယ်ဘာသာ သိက္ခာရှိတဲ့လူတစ်ယောက်ဖြစ်ချင်ယင်၊ ကြံ့ဖွံ့ပါတီက ထွက်ပြီး တော့ အယင်ဝန်ကြီးဘ၀တုန်းက မတရားလာဘ်စားပြီး ယူခဲ့တဲ့ငွေတွေနဲ့ ဆင်းရဲ့တဲ့ ပြည်သူတွေကို အတိုးမဲ့ကူညီပြီးငွေချေးပေးမယ်ဆိုယင် ခများအတွက် အနာဂါတ်ပိုကောင်းမယ်နော်။
ပြည်သူတွေကိုနှစ်၅၀လောက်ဒုက္ခပေး၊လိမ်ညာလာတဲံစစ်ဗိုလ်တွေကိုအယုံအကြည်မရှိတော့ပါဘူး။ပြည်သူတွေကဗိုက်မှောက်၊စစ်ဗိုလ်တွေတိုက်ဆောက်လုပ်နေတာကြပြီ။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အထွေထွေအတွင်းရေးမှူး ဦးဌေးဦးတို့လို လူမသိသူမသိတွေ၊ ကမ္ဘာသိဘို့ကတော့နောက်ဆယ်သက်လောက်၊လူတွေကကြော်ငြာရတယ်။ပြည်သူတွေကိုမက်လုံးပေးရတယ်။နောက်ဆုံးချိန်းချောက်ကြရတယ်။အကျပ်ကိုင်ကြရတယ်။
ပြည်သူတွေရွေးချယ်တင်မြှောက်တဲ့ဒေါ်အောင်ဆန်းစုကြည်ရဲ့အရည်အချင်း
လုပ်ရပ်ဟာ၊ ကမ္ဘာကျော်တယ်။ သူကိုယ်သူရှင်းစရာမလိုဘူး၊ပြည်သူတွေသိပြီးသား။
ရှည်ရှည်ဝေးဝေးဘာမှ လာရှင်းပြမနေနဲ့
နှစ်ပေါင်းများစွာ မင်းတို့ဖွတ်တို့ရဲ့မတရား နှိပ်ကွတ်မှု့ကိုပြည်သူတွေအားလုံးခံစားနေခဲ့ရတာ
အခုလဲခံစားနေရစဲ ပြည်သူတွေရဲ့ဆန္ဒအမှန်ကတော့အသဲကြားကမဲတပြားပေးဘို့တော့မင်းတို့အတွက်မရှိဘူး ကျူပင်ခုတ် ကျူငုတ်မကျန်အောင်မင်းတို့ရဲ့စက်ဆုပ်ရွံရှာဘွယ်အမူအကျင့်တွေကိုရှင်ပြစ်ဘို့ဘဲရှိတယ်
မဲရုံတာဝန်ရှိသူ များကို ယုံပါတယ်။....ယုံရမှာပေါ့ မဲရုံတာဝန်ရှိသူများနဲ့ ကော်မရှင် တဖွဲ့လုံးကကျွန်တော့်အမျိုးတွေနဲ့ကျွန်တော့်အောက်က၀န်ထမ်း
တွေချည်းပဲဖြစ်နေလို့ပါ။
ပြည်သူတွေကို ယုံကြည်ရင် ရှုံးမှာပါပဲ။ ပြည်သူတွေက မင်တို့ကိုမှမယုံတာ။ ဒို့ကတော့ NLD ပဲ။
ဦးဌေးဦး အကြောင်းသိကြရဲ့လား။စုံစမ်း၍ ရတာကတော့သူဟာ မဆလခေတ်က လည်း အဲ့ဒီမဆလ ပါတီဝင်ဘဲ။ဒါကြောင့်မြန်မာနိုင်ငံ ဟာ စနစ် ကြိုက်သလောက် ပြောင်း လူကတော့ ဒီလူတွေပါဘဲ၊ကြံ့ဖွတ်ခေတ်ရောက်တော့လည်း သူက အော်တိုမစ်တစ် ကြံ့ဖွတ်ပါတီဝင်ဖြစ်ရော။ပြည်သူတွေကို ၂ပေါက် တပေါက်ရိုက်နေတာ။ငါလုပ်သမျှခံတယ်ဆို ပြီး။ဒါပေမဲ့ နင်တို့အတွက် ဝဋ် နဲ့ ငရဲ ကတော့ရှောင်လို့မရဘူးမှတ်။အမြဲတမ်းကောင်းအောင်လုပ်ခဲ့တယ်တဲ့လား ။ဘာလဲ တကမ္ဘာလုံး နဲ့ပြိုင်လိုက် နောက်ဆုံးကေ၇ရင် နံပါတ်တစ် အဆင်းရဲဆုံးစာဝင်ဖြစ်အောင်လုပ်လိုက်တာလေ
လုပ်ကြပါဦးဗျို့...ဘောင်းဘီချွတ်အစိုးရ ကြံ့ဖွတ်မှဌေးဦးက နိုင်ငံကိုအာဆီယံမှာအနှစ်၂၀ လောက်နောက်ကျကျန်ခဲ့
အောင်စစ်ကျွန်ပြုခဲ့တာတောင်အားမရနိုင်သေးဘူး ကြားဖျက်ရွေးကောက်ပွဲ
မှာလည်းသူ့တပည့်တွေကို မတရားနည်းလမ်းတွေသုံးပြီးစည်းရုံးခိုင်းနေတယ်
အော်..ကြံ့ဖွတ်ပီသလိုက်ကြတာနော်..
နိုင်ငံကိုကြံ့ခိုင်မှုမရှိအောင်၊ဖွတ်ဖြစ်အောင်လုပ်ဆောင်နိုင်ခဲ့တဲ့ကြံ့ဖွတ်ရေ..
မင်းတော့..ဌေးဦး ကနေ ပြေးဦး..လို့နာမည်ပြောင်းထားပေတော့...
Post a Comment