သောက်သုံးရေ ၊လျှပ်စစ်မီး ရရှိအောင် ဆောင်ရွက်ပေးမည်ဟု ကြံ့ဖွံ့  ဦးအောင်ဝင်းက ပြောဆို မဲဆွယ်

ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်ရှိ ဒေသခံပြည်သူများအား သောက်သုံးရေရရှိရေး၊ လျှပ်စစ်မီးရရှိရေး၊ စီးပွားရေး ပြေလည်မူများရှိလာစေရန် စက်ရုံများတည်ဆောက်ခြင်း၊ မြို့ပြစီမံကိန်းများကို ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင် ကိုယ်စားလှယ်လောင်း ဦးအောင်ဝင်းက  ပါတီမဲဆွယ်စည်းရုံးရေး တွင်ပြောကြားခဲ့သည်။ 
ကျွန်တော် မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစည်းဌာနမှာ အလုပ်လုပ်ကတည်းက ဒဂုံဆိပ်ကမ်းမြို့နယ်ကို မြို့ပြစီမံကိန်းအနေနဲ့ တည်ဆောက်တဲ့နေရာမှာ တာဝန်ယူခဲ့ပါတယ်။ အစိုးရ၀န်ထမ်းကနေ အငြိမ်းစားယူခြဲ့ပီး တော့လည်း အဲမှာရှိတဲ့ပြည်သူတွေအတွက် လိုတာတွေ ဆောင်ရွက်ပေးနေတာပါ။ နောက်လည်း ဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်ဟု ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဦးအောင်ဝင်း ကပြောသည်။
ကြားဖြတ်ရွေးကောက်ပွဲ၌ ဒဂုံမြို့သစ်ဆိပ်ကမ်း မြို့နယ်တွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ကိုယ်စားလှယ်လောင်းအဖြစ် ဦးအောင်ဝင်း ၀င်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး ပါတီစည်းရုံးရေး ဟောပြောပွဲကို မတ်လ ၂၃ရက်နေ့၌  ၉၄ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးဘေးရှိ ကွင်းပြင်တွင် ပြုလုပ်ခဲ့ပြီး ပါတီမှ တိုင်းဒေသကြီး ကော်မတီဝင် ဗဟိုအလုပ်အမှူဆောင် ဦးအောင်သိန်းလင်း တက်ရောက်ခဲ့ကြောင်း သိရသည်။
ကျွန်တော်တို့ပါတီဟာ အမျိုးသားရေးကို ဘယ်တော့မှ သစ္စာမဖောက်တဲ့ပါတီဖြစ်ပါတယ်။ ပြည်သူတွေအနေနဲ့ ရွေးချယ်တာလည်း မှန်ကန်ဖို့လိုပါတယ်။ ရွေးချယ်တာမှားသွားရင်တော့ တိုင်းတပါး သြဇာခံနိုင်ငံဖြစ်အောင်လုပ် တဲ့အထဲမှာ တစ်ယောက်အပါအ၀င်ဖြစ်သွားနိုင်တယ်ဟု ရန်ကုန်တိုင်းဒေသကြီး ကော်မတီဝင် ဗဟိုအလုပ်အမှူဆောင် ဦးအောင်သိန်းလင်း ကပြောသည်။
အဆိုပါမြို့နယ်တွင် ရွာ () ရွာနှင့် ရပ်ကွက် (၁၄) ရပ်ကွက်ဖြင့်ဖွဲ့စည်းထားပြီး ၄င်းမြို့နယ်အား မြို့ပြစီမံကိန်း အဖြစ် ဆောင်ရွက်လျက်ရှိအခြေခံလူတန်းစားအများဆုံးနေထိုင်ကြပြီး လယ်သမား၊ စက်ရုံအလုပ်သမား၊ အစိုးရ၀န်ထမ်း၊ လက်သမား စသည့်လုပ်ငန်းများဖြင့် အသက်မွေးဝမ်းကြောင်း ပြုနေရကြောင်းသိရသည်။
ဘယ်ပါတီကို မဲထည့်ထည့် ကျွန်တော်တို့ထောက်ခံတဲ့ ကိုယ်စားလှယ်ဟာ ကျွန်တော် မြို့ရွာရပ်ကွက်ကအစ တိုင်းပြည်ကို ထိုးတက်အောင်လုပ်နိုင်ဖို့ အများကထောက်ခံရွေးချယ်တင်မြှောက်ပေးကြမှာပါ။ ပြည်သူတွေက  အခက်အခဲတွေကို ကိုယ်တိုင်တွေ့ကြုံနေကြရတော့ ကျွန်တော်တို့ကိုယ်တိုင်ရွေးချယ်ကြရမှာပါ”  ဟု ဒဂုံဆိပ်ကမ်းမြို့နယ် ၉၂ ရပ်ကွက်မှ ဒေသခံတစ်ဦးကပြောသည်။
ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသည် လာမည့်ကြားဖြတ်ရွေးကောက်ပွဲတွင် လစ်လပ်မဲဆန္ဒနယ် ၄၈ နေရာစလုံးတွင် ၀င်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရှိရသည်။
ယမင်း(မြစ်မခ)
ကြံ့ဖွံ့ ကိုယ်စားလှယ်လောင်း ဦးအောင်ဝင်း မဲဆယ်စည်းရုံးနေစဉ်

 
သောက်သုံးရေ ၊လျှပ်စစ်မီး ရရှိအောင် ဆောင်ရွက်ပေးမည်ဟု ကြံ့ဖွံ့  ဦးအောင်ဝင်းက ပြောဆို မဲဆွယ် သောက်သုံးရေ ၊လျှပ်စစ်မီး ရရှိအောင်   ဆောင်ရွက်ပေးမည်ဟု ကြံ့ဖွံ့  ဦးအောင်ဝင်းက ပြောဆို မဲဆွယ် Reviewed by သစ်ထူးလွင် on 16:44 Rating: 5

26 comments:

မျိုးချစ်မြန်မာလူငယ် said...

နိုင်ငံဖြတ်တဲ့ သူတောင်းစား (ကြံ့)ဖွတ်အောင်ဝင်း ပြည်သူတွေကို လိမ်လည်လှည့်ဖြားဖို့ ကြံရွယ်နေပြီ။ ဘာတဲ့....
"ကျွန်တော်တို့ပါတီဟာ အမျိုးသားရေးကို ဘယ်တော့မှ သစ္စာမဖောက်တဲ့ပါတီဖြစ်ပါတယ်။ ပြည်သူတွေအနေနဲ့ ရွေးချယ်တာလည်း မှန်ကန်ဖို့လိုပါတယ်။ ရွေးချယ်တာမှားသွားရင်တော့ တိုင်းတပါး သြဇာခံနိုင်ငံဖြစ်အောင်လုပ် တဲ့အထဲမှာ တစ်ယောက်အပါအ၀င်ဖြစ်သွားနိုင်တယ်"
တဲ့ဟုတ်လား၊ အင်မတန်ရီရပါလား၊ တိုင်းတပါး သြဇာခံဖြစ်တော့ရော တို့တိုင်းပြည်က တိုးတက်နိုင်ပါတယ်ကွာ။ မင်းတို့လောက်ကောက်ကျစ်ပြီး ပြည်သူတွေကို လှည့်စား၊ တိုင်းပြည်ကို ရောင်းစား၊ လုပ်ချင်တာလုပ်မယ်ဆိုတဲ့ ဟိုငနဲ့တောက်ခွက်လို လူမျိုးတွေ မြန်မာပြည်မှာ မရှိတော့ ငါတို့လဲ အမိပြည်မှာ ကောင်းကောင်းမွန်မွန်နေနိုင်တော့မှာပေါ့။
ကိုယ့်လူမျိုးကိုယ်(လက်နက်အားကိုးရမ်းကား)အုပ်ချူပ်ခံရတာထက်စာရင် တိုင်းပြည်ကို တိုးတက်အောင်လုပ်ပေးနိုင်တဲ့ ခေါင်းဆောင်ကောင်းပဲ လိုချင်တယ် သူတောင်စားအောင်ဝင်းရေ...
အမေစု ကိုမနိုင်မှန်းသိလို့ သွေးရူးသွေးရဲဖြစ်မနေနဲ့။
ကိုယ့်နိုင်ငံမှာ သောက်သုံးရေလေးရဖို့အရေး၊ လျှပ်စစ်မီးလေးရဖို့အရေး မဲစွယ်ဖြားရောင်းရတယ်လို့...မြန်မာပြည်ကလူထုကို ငတုံးတွေများနေလား။ ဒါတွေ လုပ်တတ်တယ်..လုပ်ချင်တယ်ဆိုရင် လွန်ခဲ့တဲ့နှစ်၂၀ကတည်းက လုပ်ပြီးတာကြာပြီ။ ဘာအခုမှ...

ဂေါက်သီး said...

ဒီလို မြင်ကွင်းတွေက ဟိုး မဆလ နအဖ စတဲ့ ခေတ်တွေ ကထဲက ရိုးနေပါပြီဗျာ..
ကြည့်ရတာ
ကိုယ့်ပါတီဝင်တွေကို ပြန်ပီး စည်းရုံးရေး ဆင်းနေသလား မှတ်ရတယ်

san said...

ဘယ်အစိုးရ တက်တက်...ဒါတွေက မဖြစ်မနေ လုပ်ရမှာတွေပါ...အထူးတလည်ပြောပီး မဲဆွယ်နေစရာမလိုပါဘူး....

Weik Zar said...

ဖွတ်တက်ယင်၊တရုတ်ကျွန်ဖြစ်မယ်။
တရုတ်ကျွန်ဖြစ်ယင်၊မြန်မာပြည်ဟာ
the rising tiger တော့
ဖြစ်လာမှာမဟုတ်ဘူး၊ဖွတ်တိုင်းပြည်
ဘဲဖြစ်လာလိမ့်မယ်။

I love NLD said...

သြော်... ကြံ့ ဖွတ် ကြံ့ ဖွတ် နာမည်နဲ့လိုက်ပါပေတယ်...
အပေးအယူဆိုတာတောင်နားမလည်ဘူး..
ပေးပြီးမှ မယူဘဲ ယူပြီးမှပေးမယ်ရယ်လို့...
ရာဇ၀င်မှာ...ပြည်သူကောင်းစားရေးကို ကိုယ်ကျိုးမဖက်ပဲ
လုပ်ခဲ့တာတစ်ခုရှိရင် ပြောပြပါလား လူညာကြီးတွေရေ...

သခင်မြန်မာ said...

ခင်ဗျားတို့ ကိုမဲပေးမှရေသောက်ရမယ်လား...နေပါစေဗျာ တစ်ဘူး ၄၀၀ ပဲဝယ်သောက်တော့မယ်...

tkm said...

ကွာ....ဒီကောင်တွေကတော့..
ဒီမိုကရေစီဆိုတာနားမလည်ဘူးနဲ့တူတယ်
ပြည်သူတွေကိုလိမ်မနေနဲ့ဟေ့ကောင်တွေ

Anonymous said...

ပြောပြီးကတိမည်တာ..ဖွတ်တွေပါ။သူတို့ အပြောတော့ လုံးဝ..လုံးဝ..လုံးဝမယုံတဲ့ အထဲကဘဲ....နော်..

Ko Tee said...

သောက်သုံးရေရရှိရေးတို့လျှပ်စစ်မီးရရှိရေးတို့ ဒါတွေနဲ့ပဲမင်းတို့က ကိုင်ကိုင်
ပေါက်နေတာကြာပါပြီကွာ တော်ပါတော့ မင်းတို့အဖွဲ့ကိုတည်ထောင်ခဲ့တဲ့ မင်း တို့အဖေကြီး ဘဘသန်း လက်ထက်ထဲက လုပ်လာတာ ပဲလေ ဘယ်မှာလည်းလျှပ်စစ်မီး ဘယ်မှာလည်းလုံလောက်တဲ့သောက်သုံးရေ ခုထက်ထိလည်း ရန်ကုန်မြို့လည်ခေါင်တဲ့တဲ့ကြီးတွေမှာ မီးစက်ကြီးတွေအစီအရီနဲ့ နိုင်ငံခြားသားတွေမြင်ရင်တောင်ရှက်စရာကြီး အဲ
ဒီလိုစွမ်းအင်လိုအပ်ချက်တွေကို အာဏာနဲ့လုပ်လို့မရဘူးကွ လျှပ်စစ်မီးမထွက်တဲ့ စက်ရုံကြီးတွေကနေဘယ်ကလျှပ်စစ်ရမလည်း အာဏာနဲ့ အတင်းထုပ်ခိုင်းလည်းထွက်မှာမဟုတ်ဘူးအဲဒါမင်းတို့မြဲမြဲမှတ်ထား

ko htoo said...

တစ်ကမ္ဘာလုံးက ဝိုင်းကျဉ်ထားတဲ့၊ ကိုယ့်မြေပေါ်မှာ အချုပ်အချာအာဏာကို လာစော်ကားသွားတဲ့ မြောက်ကိုရီးယားကို ဖင်ပေးပြီး မျက်နှာချိုပြန်သွေးတာ ဘယ်ပါတီက မျိုးချစ်ခေါင်းဆောင်တွေပါလိမ့်ဗျာ။ ဗကပကို နှစ်ပေါင်းများစွာ လူ၊ လက်နက်ထောက်ပံ့ခဲ့တဲ့၊ ကိုယ့်ရေမြေကိုမတရား အနိုင်ကျင့်လုယူခဲ့တဲ့ (ရနိုင်သလောက်ယူချင်သေးတဲ့) တရုတ်ကြီးကို ကိုယ့်အုပ်စုကလေး အသက်ဆက်နိုင်ရေးအတွက် ဖင်ပေးပြီး အစ်ကိုကြီးခေါ်ခဲ့တာ ဘယ်ပါတီက ခေါင်းဆောင်တွေပါလိမ့်ဗျာ။ ပါးစပ်ဆိုတာ မရှက်တတ်ရင် ကြိုက်သလိုပြောလိုရပေမယ့် သမိုင်းဆိုတာက ဖျောက်ဖျက်လို့ရတာမှမဟုတ်တာ။

ဘိုအောင်ဒင်နဲ့မမြ၀င်း said...

လုပ်ပေးနိုင်းတဲ့စွမ်းအားမျိုးရှိနေတယ်ဆိုရင်လဲ...
အစောကြီးထဲကလုပ်ပေးလိုက်ကြပါလားကွာ...ခုဟာက..မဲထည့်မှလုပ်ပေး
မယ့်ပုံကြီးဆိုတော့..မင်းတို့စေတနာကတော့...အလကားပါဘဲကွာ...
ပြည်သူတွေဆီကမဲကိုလိုချင်ရင်တော့...ပြည့်သူအသံနားစွင့်ပြီး...
လိုအပ်ချက်တွေကို..ဖြည့်စည်းပေးပေါ့ကွာ..ခုဟာက..ဒီလိုချိန်မျိုးရောက်လာ
ပြီဆို..မင်းတို့အသံတွေကြီးဘဲ..ဘာလုပ်ပေးပါ့မယ်..ညာလုပ်ပေးပါမယ်နဲ့
မင်းတို့စကားကိုတော့..ငါမပြောနဲ့...ငါ့အိမ်က.ငါ့ညီ..၄နှစ်သားတောင်
ယုံမယ်မထင်ဘူး...ဟားဟားဟား

ဘိုအောင်ဒင်နဲ့မမြ၀င်း said...

ဟားဟားဟား...ဟားဟားဟားလို့တောင်မရယ်နိုင်တော့ပါဘူး..
ရီရလွန်းလို့လဲ...အူတွေနာနေပြီ..၁ကယ်ထဲတော်...၁ကယ်ထဲတော်
တတ်လဲတတ်နိုင်တဲ့သူတွေပါလား..အပြောကတော့...လန်ထွက်နေတာဘဲ
မသိလို့မဲများယောင်လို့ထည့်ပေးကြည့်..အနိုင်ရသွားရင်..ဘာတွေလုပ်ပေး
နိုင်မလဲဆိုတာ..ခလေးကအစသိတယ်...ဘာမှလုပ်နိုင်မယ့်ကောင်တွေလဲ
မဟုတ်ဘူး..ကြံ့ဖွတ်ဆို...ကြည့်လို့ကိုမရတာ..အပြော၁မျိုး..အလုပ်
၁မျိုးလုပ်တတ်လွန်းလို့..

ktd said...

သောက်သုံးရေ ရရှိရေး၊ လျှပ်စစ်မီး ရရှိရေးဆိုတာ၊
နိုင်ငံသားတိုင်းအတွက်၊ ဒေသအတွက်၊ တိုင်းပြည်အတွက်
တာဝန်ယူထားတဲ့ အဖွဲ့အစည်း၊ အုပ်ချုပ်ရေးပိုင်းတွေက မဖြစ်မနေ လုပ်ဆောင်ပေးရမှာက တာဝန်ဘဲလေ၊ ၊ ၊ ဒါကို ငါတို့ လုပ်ပေးမှ
ငါတို့ စွမ်းဆောင်မှ၊ ငါတို့ အနိုင်ရမှ ဆိုတဲ့ အောက်တန်းကျတဲ့ အတွေးအခေါ်တွေရှိတဲ့သူတွေကို ခေါင်းဆောင်တင်လို့ကတော့ နောက်တစ်ကြိမ် တော်လှန်ရေးထပ်ဆင်နွဲရဦးမယ်။ ။ ။

အညာသားကြီး said...

သြော်...... မောင်အောင်သိန်းလင်းနဲ့ မောင်အောင်ဝင်းဆိုတဲ့ နိုင်ငံရေးနို့နံ့မစင်သေးတဲ့ ချာတိတ်လေးတွေ မင်းတို့က ပညာရေးနဲ့ အတွေးအခေါ်မှာ သင်ပုန်းကြီး အဆင့်လေးပဲ ရှိပါသေးတယ်ကွာ။ ငါတို့လောက်တောင် အရည်အချင်းမရှိသေးပါဘူး။မင်းတို့ကျတော့ တရုတ်ကိုအဖေခေါ် နိုင်ငံတော်ကို မင်းတို့အားကိုးတဲ့ တရုတ်လက်ထဲထိုးအပ် မြန်မာနိုင်ငံသားတိုင်းရင်းသားတွေထက်တောင် အခွင့်ထူးခံတွေပေးထား ထစ်ကနဲရှိ အဖေတရုတ်ကယ်ပါ အဖေတရုတ်ကယ်ပါနဲ့ မင်းတို့ပထွေးတရုတ်ကို ပြေးပြေးပြီးအစီရင်ခံနေရတာ ပြည်သူတွေက မသိဘူးထင်နေလို့လားကွ ...ဟေ..မင်းတို့အာဏာလေးမြဲဖို့ လေးကြည့်ပြီး တရုတ်လက်ထဲ အဆီရော အသားရော အရိုးရော ဘာမှမကျန် အကုန်ထိုးကျွေးနေရတာ အခုဆို သယံဇာတ အပေါဆုံးတိုင်းပြည်က အမွဲဆုံးထဲမှာ ဖြစ်နေတာလေ။ မင်းတို့ကိုယ်တိုင် ကျနော်တို့ သောက်သုံးမကျလို့ တိုင်းပြည်ဆင်းရဲနေရပါတယ်လို့လဲ ပါးစပ်က ၀န်ခံ ပြောခဲ့ကြပြီးပြီ။ မင်းတို့ ဖွတ်တွေ တက်နေသမျှ ငါတို့နိုင်ငံကြီးဟာ ဖါသည်တိုင်းပြည်ဖြစ်နေမှာပဲ။ သွေးချင်းညီအကို ပြည်သူပြည်သားအပေါင်းတို့ အသိတရားရကြပါတော့။ ကျနော်တို့ တိုင်းပြည်ကို ဖွတ်တွေတက်နေလို့အုခု လို မွဲနေကြရတာကို နောက်ထပ်သာ ဒီ တကိုယ်ကောင်းသမား ဖွတ်တွေ ကို တက်ခွင့်ပေးရင် အဖတ်ဆည်လို့ ရနိုင်တော့မည်မဟုတ်ပါ။ အသိတရားရှိစွာနဲ့ ရဲရင့်ပြ့တ်သားစွာ မိမိနိုင်ငံကို တရုတ်ကျွန်လက်တွင်းသက်ဆင်းရမဲံ့အရေးမှ ၀ိုင်းဝန်းကာကွယ်ကြပါစို့။

tertee said...

ကိုယ်. အိမ်ရှေ. ကလမ်းလေး ခင်းပေးရုံ....
ကိုယ်.ရပ်ကွက် မီးလင်း ရုံ...ရေ ရရုံ လောက် နဲ. တင်
ကျေနပ်ရမတဲ.လား...
စိတ်ကောင်းစေတနာကောင်းရှရင် တတိုင်းပြည်လုံး သာယာဝပြောရေး လုပ်ရမှာပေါ.
လုပ်ခွင်.ရခဲ. လုပ်နိုင်တဲ.အခြေအနေ..အချိန်တွေ ရရဲ.နဲ. ဘာမှမလုပ်ဘဲညာစားညာဝါးနဲ.ပြည်သူကိုဖိနှိပ်ခဲ.ပြီးခုမှတော. လာဖြီးမနေကြပါနဲ....အချိန်တွေလွန်ကုန်ပါပြီ
အာဏာရူးတွေရေ

ပုဂံစစ်သည် said...

အလကားပါ၊ သူတို့အုပ်ချုပ်လာတာ နှနှစ်ဆယ်ကျောက်ပြီ၊ ဘာတွေတိုးတက်လဲ ပြစမ်းပါအုံး၊ ခြင်္သေ့သွားမဲထည့်လို့ အဟိန်းအဟောက် ခံရတာကလွှဲလို့ဘာမှမရဘူး၊ အသေအချာပဲ။

yin win said...

ကြံ့ဖွံ့လက်ထက် ၂၀၀၈၊ရန်ကုန် တောင်ဥကလာ မှာ ကျနော့သူငယ်ချင်းခြံဘေးကမြေကို တရုပ်တယောက်လာဝယ်တယ်...ခြံစည်းရိုးကာတော့..ကျနော့သူငယ်ချင်းမြေကို ၂ပေ ပိုခတ်တယ်...ဒီတော့ သူငယ်ချင်းက သူမြေဝယ်တုံးကသက်သေတွေလုပ်ခဲ့တဲ့ ရဝတ (ကြံ့ဖွံ့)လူကြီးတွေသွားခေါ်ပြီ..တရုပ်ကိုသွားပြောတော့..ဟေ့ငါ့ခြံထည့် က အကုန်ထွက်သွား...မင်းတို့နဲ့ပြောစရာမရှိဘူး...လို့နှင်လွှတ်တာကို ရဝတ လူကြီးတွေက လာလာမပြောနဲ့တော့ဆိုပြီးပြန်ထွက်လာရတယ်တဲ့...ဦးအောင်သင်းလင်း ခင်ဗျားပြောတာ ...မှန်တယ်...ဒီအဖြစ်အပျက်က တောင်ဥကလာ မှာဖြစ်သွားတာ...(အထပ်စာလုံးရိုက်မရလို့)...ဟဲ..ဟဲ..

casper said...

အောင်ဝင်း မင်းမို. စောက်ရှက်မရှိ ပြောရဲတယ်.....2010 ရွေးကောက်ပွဲတုန်းကလဲ မင်းတို. မဲ လိုချင်လို. ဟိုလမ်း ခဲတွေလိုက်ခင်း..ဒီလမ်း ခဲတွေ လိုက်ချ နဲ. ပြီးတော. လဲ တ၀က်တပျက်......မခင်းတာကမှ လမ်း က သွားလို. ရဦးမယ်....ခုလဲ လုပ်ပြန်ပြီင်္...ရေတွင်းလေး တုး...လမ်းလေး ခင်း....မီးတိုင်လေး လုပ်နဲ. ...မင်းတို. စေတနာ မှန်ရင်...ဟိုးးးးးးးးးးးးအရင်ကရင်းလုပ်ပါလားကွာ...ခုမှလာပြီး မင်းက သံကောင်း ဟစ်နေတယ်...မဲ တော. မရဘူး ...ခဲ တော. ရမှာ သေချာတယ်..အောင်ဝင်းရေ..........

U Thar said...

ေ၇ပေးမယ်မီးပေးမယ်ဆိုတာကပြောနေ
စ၇ာမလိုဘူး အ၇မ်းညံ့ဖြင်းလွန်တဲ့စစ်အာဏာ၇ှင်တွေ
တိုင်းပြည်ကိုအုပ်ချုပ်နေလို့ေ၇ပျက်မီးပျက်နေတာအား
လုံးအသိပဲ တိုင်းပြည်အတွက်ဒါလေးတောင်မလုပ်ပေး
နိုင်တဲ့ ခပ်ညံ့ညံ့ခါင်ဆောင်တွေမှန်လူသိအောင်လို့ကြေ
ငြာမနေနဲ့

shweminthar said...

ကို့လုတို့ သေချာလုပ်ပေးမှာလား.....အဲဒီလိုပဲ ယုဇနက လူတွေကိုပြောပြီးးလိမ်သွားတာများနေပြီနော်။တကယ်လပ်ြချင်ရင် အများကြီးပါ။လုသိအောင်ပြောမနေပါနဲ့။မင်းတို့က လူသိအောင် လူမြင်ကွင်းမှာရျိတဲ့ဟာလောက်ပဲလုပ်ပြတတ်တာလေ.အဲဒါမင်းတို့အလုပ်။
တကယ်တန်းကျ ယုဇနမှာ ရေမြောင်းတွေ ..သန်ရရှင်းရေးတွေ အများကြီး လုပ်ပေးစရာတွေ..အဲဒါတွေက လူသိပ်မသိလို့လား။လူမမြင်ရမှာစိုးလို့လား။
အရင် နိုင်သွားတဲံကောင်ကလဲ ဘာမှ မလုပ်ပေး။ဒီလိုပါပဲ။ပွဲပြီးမီးသေလေ။
စေနာမှ မမှန်တာ။။။။အဲဒါနဲ့များကွာ.....ရှက်တတ်ရင် လေ............မပြောတော့ပါဘူး.........မင်းတို့အားလုံးလေ...ထမိန်ဝတ်ထားရမှာ....မိန်းမလို မိန်းမရ ပြောလွန်းလို့ပါ။

nandar said...

ယုံတမ်းစကားတွေကိုများ နောင်များရှောင်ရှားရမယ်လေ။

loveyou49 said...

တစ်တိုင်းပြည်လုံး မီးမှန်အောင် မလုပ်ပေးနိုင်သေးဘူး
ရေမှန်မှန် မပေးနိုင်သေးဘူး
ရယ်ရတယ်ဟေ့

nationalism said...

We all knew how mush money they get from these housing projuct . and than they prepare to thief again from projuct like electric and water projuct .how shame on these GUY ?

Sunmoon said...

USDP try to cheat again. Just tell how they did to our country in last 10-20 years.

Anonymous said...

ဟေ့ကောင်အောင်လင်း...မင်းမရှက်ဘူးလား။
သွားကြည့်တဲ့ပြည်သူတွေကို...အမှန်တရားကိုမသိဘူးလား။

သုခမိန် said...

အပေါ်က comments တဲ့သူများကို ထောက်ခံပါတယ် ....
ကျနော်ဘယ်ပါတီ ဘက်မှ လိုက်မပြောပါဘူး ….. ပြည်သူကို ကိုယ်စားပြုရတဲ့ ဘယ်လိုပုဂ္ဂိုလ်မဆို ဘယ်ပါတီမဆို ပြည်သူအပေါ် အလုပ်အကျွေး ပြုရမှာနဲ့ မဲဆွယ် မက်လုံးတာကို မရောထွေစေချင် ပါဘူးခင်ဗျာ.. ဘယ်ပါတီကိုဆို လွတ်လပ်စွာ ရွေးချယ်နိုင်ပါတယ် အထူးသဖြင့် " ktd ပြောဆိုတာ အရမ်းမှန်ပါတယ်။ ကြားဖြတ်ရွေးကောက်ပွဲမှာ မဲပေးမည့်သူများ သိထားဘို့က ဦးအောင်ဝင်း ဆိုတာ အိုးအိမ် ညွှန်/ချုပ် အငြိမ်းစားပါ သူ့ဌာနအတွင်းမှာ ညီမျှအောင် မဆောင်ရွက်နိုင်ခဲ့တဲ့ သူခိုးအကြီးစားကိုဘယ်လို ယုံရမှာလည်းဗျာ။ ဒီ ဦးအောင်ဝင်း အကြောင်းကို အသေအချာ သိအောင်လုပ်ပြီး သူကိုမဲပေးမယ့်သူများ စဉ်းစားကြပါဦးဗျာ..

Powered by Blogger.