နိုင်ငံတော်မှ ထောက်ပံ့ကြေးပေးပြီးနောက် ၀န်ထမ်းအားလုံးကို ၀င်ငွေခွန်ပြောင်းလဲကောက်ခံမည်

24March2012
ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ပြည်တွင်းအခွန်များဦးစီးဌာနမှ လစာခေါင်းစဉ်မှ ၀င်ငွေအပေါ် ၀င်ငွေခွန်ကို ဧပြီလမှ စတင်ပြီး ကောက်ခံတော့မည်ဖြစ်ကြောင်း ဦးစီးဌာနအတွင်း ညွှန်ကြားချက်ထုတ်ပြန်လိုက်သည်။
          ထိုညွှန်ကြားချက်တွင် အခွန်စည်းကြပ်ရန်အတွက် အသေးစိတ်တွက်ချက်နည်းများကို ဖော်ထားပါသည်။ ထိုသို့ တွက်ချက်ရာတွင် မူရင်းလစာအပြင် အပိုထောက်ပံ့ကြေး ကျပ် ၃၀၀၀၀အပါဝ်င လစာဝင်ငွေ စုစုပေါင်းပေါ်တွင် ၁ % မှ ၃% အထိ ၀င်ငွေအဆင့်အလိုက်တွက်ချက်ကောက်ခံသွားမည်ဖြစ်ကြောင်း သိရှိရသည်။
          ကာကွယ်ရေးဝန်ကြီးဌာန ပြန်တမ်းဝင်အရာရှိများအတွက် လစာမှ ၀င်ငွေခွန်တွက်ချက်ဖြတ်တောက်နုတ်ယူပေးသွင်းရန် ကိစ္စရပ်များကို ကာကွယ်ရေးဝန်ကြိးဌာန ငွေစာရင်းရုံးမှ တာဝန်ယူဆောင်ရွက်သွားရန်ဖြစ်ကြောင်း သိရှိရသည်။
          လစာခေါင်းစဉ်မှ ၀င်ငွေအပေါ် ၀င်ငွေခွန်တွက်ချက်မှု နမူနာ
ဦးစီးအရာရှိအဆင့် လစာကျပ် ၁၃၀၀၀၀(ထောက်ပံ့ကြေးကျပ် ၃၀၀၀၀အပါအ၀င်)ရရှိပြီး အိမ်ထောင်မရှိသူ လစာဝင်ငွေစုစုပေါင်း(ကျပ် ၁၃၀၀၀၀ x၁၂)                                                                            ၁၅၆၀၀၀၀ ကျပ်
(နုတ်)အခြေခံသက်ခွင့်(၂၀%)                                                          ၃၁၂၀၀၀ ကျပ်
                                                                                                   --------------
အခွန်စည်းကြပ်ရန်ဝင်ငွေ                                                               ၁၂၄၈၀၀၀ ကျပ်
အခွန်တွက်ချက်ခြင်း(ဇယားပါနှုန်းဖြင့်)
၁ ကျပ်မှ ၅၀၀၀၀၀ ကျပ် ပထမ ၅၀၀၀၀၀ အတွက် ၁%ဖြင့်                    ၅၀၀၀   ကျပ်
၅၀၀၀၀၀ ကျပ်မှ ၁၀၀၀၀၀၀ ကျပ်ထိ ဒုတိယ ၅၀၀၀၀၀ တွက် ၂%ဖြင့်   ၁၀၀၀၀   ကျပ်
၁၀၀၀၀၀၀ကျပ်မှ ၁၂၄၈၀၀၀ ကျပ်ထိကျန် ၂၄၈၀၀၀အတွက် ၃%ဖြင့်      ၇၄၄၀  ကျပ်
                                                                                                     ---------------               တစ်နှစ်အတွက်စုစုပေါင်းကျသင့်ငွေအခွန်                                  ၂၂၄၄၀  ကျပ်
          တစ်လအတွက် နုတ်ယူရမည့် ကျသင့်အခွန်      ပျှမ်းမျှ                   ၁၈၇၀  ကျပ်   

၂၀၁၂-၂၀၁၂ ဘဏ္ဍာနှစ်သစ်တွင် စတင်ကျင့်သုံးလက်ခံမည့် ပြောင်းလဲပြင်ဆင်ထုတ်ပြန်ထားသည့် အခွန်ဆိုင်ရာဥပဒေ၊ နည်းဥပဒေ စည်းမျဉ်း၊ အမိန့်ကြော်ငြာစာများနှင့် စပ်လျဉ်းသော ရှင်းလင်းဆွေးနွေးပွဲကို ရန်ကုန်မြို့ UMCCI ခန်းမတွင် ၂၆ ၇က်နေ့ မွန်းလွဲ ၁နာရီခွဲတွင် ကျင်းပပြုလုပ်မည်ဖြစ်သည်။
***လစာခေါင်းစဉ်မှ ၀င်ငွေအတွက် - (သက်သာခွင့်များနုတ်ပြီး)--- ၀င်ငွေခွန်စည်းကြပ်ရန် ကိန်းသေတွက်ပြိး ၀င်ငွေခွန်နှုန်းများ.. ဇယားကွက်ကို ဖော်ပြနိုင်ခြင်းမရှိသည်ကို ခွင့်ပြုသည်းခံပေးပါရန်...။
 The Street View
နိုင်ငံတော်မှ ထောက်ပံ့ကြေးပေးပြီးနောက် ၀န်ထမ်းအားလုံးကို ၀င်ငွေခွန်ပြောင်းလဲကောက်ခံမည် နိုင်ငံတော်မှ ထောက်ပံ့ကြေးပေးပြီးနောက် ၀န်ထမ်းအားလုံးကို ၀င်ငွေခွန်ပြောင်းလဲကောက်ခံမည် Reviewed by သစ်ထူးလွင် on 17:32 Rating: 5

20 comments:

မျိုးချစ်မြန်မာလူငယ် said...

လုပ်ပြီ။ စစ်အာဏာရှင် သိန်းစိန်ရဲ့ အစဦး ပြည်သူတွေရဲ့ ငွေတွေကို ဓါးပြတိုက်နေပြီ။

welcome said...

အစိုးရကလည်း ဆင်းရဲလိုက်တာနော်။ ၀န်ကြီးတွေကို များများကောက်။ များများခိုးထားသူများ များများပေးကြပါ။

shweminnthar11 said...

ပြည်သူတွေချည်းဘဲ ကောက်ဘို့စဉ်းစားမနေနဲ့အုန်း......
ပုလင်းတူဘူးစို့စီးပွားရေးသမားတွေဆီကလည်း မှန်မှန်ကန်ကန်ကောက်ဘို့စဉ်းစားဦး.......

60P said...

ကောင်းတဲ့လုပ်ရပ်တစ်ခုပါပဲ..နိုင်ငံတိုင်းလုပ်နေတာတော့ထောက်ခံရမှာပဲ...လူတိုင်းအခွန်ငွေပေးရင်ကျွန်တော်တို့လည်းမနေပါဘူး...ရလာတဲ့အခွန်ငွေကိုမှန်ကန်စွာသုံးမယ်ဆိုရင်လူတိုင်းကိုဝင်ငွေခွန်ကောက်ခံရပါမယ်...ချမ်းသာလာသရွှေအခွန်တွေပိုထမ်းရပါမယ်...ကားကောင်းစီးသူတွေလည်းကားအခွန်ပိုဆောင်ရပါမယ်...လူသုံးကုန်အကောင်းစားဇိမ်ခံပစည်းတွေကိုလည်းအခွန်တိုးကောက်ရပါမယ်...ကောင်းပါတယ်...

စေလိုရာ said...

လခတိုးတိုင်းရေမဟုတ်ရင်မီး မီးမဟုတ်ရင်ရေအမျိုးမျိုးလည့်ပြီးတော့ပြန်ဓါးပြတိုတ်နေတာဒီတစ်ခါရိုးသွားလို့နေမယ်ဝင်ငွေခွန်တဲ့ကြားတောင်မကြားဖူးဘူးမောင်ရွှေမန်းရေဘယ်လိုဖြစ်တာတုန်းဟတိုးတဲ့လခကလူကြားကောင်းအောင်လုပ်တာလားဟင်းဒီအတိုင်းဆက်သွားရင်တော့အိမ်မှာအသက်ရူချောင်အောင်အာရှတော်ဝင်ကအောက်ဆီဂျင်ကိုလတိုင်းဆောင်ထားမှရတော့မယ်ဘာမှလည်းထူးပါဘူးဒီတိုင်းပဲရောဂါတစ်ခုပဲထပ်ရလိုက်တာအိုအသင်လောကဒါတွေကိုဒီအတိုင်းပဲလက်ပိုက်ပြီးတော့ရပ်ကြည့်တော့မှာလား

Aung Soe Oo said...

ဘယ်တိုင်းပြည်မှာမဆိုနိုင်ငံသားတိုင်း တိုင်းပြည်အပေါ်မှာမူတည်ပြီးဝင်ငွေခွန်ပေးဆောင်ရတာသဘာဝကျပါတယ် ဒါပေမယ့် တိုင်းပြည်အပေါ်မှာမတရားလိမ်လည်လည့်ဖျားပြီးအခွန်ရှောင်နေတဲ့လုပ်ုငန်းရှင်တွေအများကြီးရှိနေတယ်ဆိုတာကိုတော့ သမ္မတကြီးနှင့်တကွအခွန်ဝန်ကြီးဋ္ဌာနကလူကြီးတွေနားမလည်ချင်ယောင်ဆောင်နေတာကတော့ဘယ်လိုစဉ်းစားရမှန်းတောင်မသိတော့ပါဘူးဗျာ....

Anonymous said...

ဝင်ငွေခွန်ဆိုတာ နိုင်ငံတိုင်းမှာ ရှိပါတယ် . . . ကောင်းပါတယ် . .ဒါပေမဲ့  fair and square ဖြစ်ဖို့ တော့လိုတယ် . . . များများဝင်တဲ့လူ များများကောက်ရမယ် . . .

Myanmar said...

အားပေးပါတယ်။ အခွန်ကို သင့်တင့်မျှတစွာ ကောက်ခံပါ။ ထိထိေ၇ာက်ေ၇ာက် တိုင်းပြည်အတွက် ပြန်လည်အသုံးချပါ။ အခွန်ကောက်ဘို့လိုအပ်ပါတယ်။ မှန်မှန်ကန်ကန်ပြန်လည် အသုံးချဘို့ဘဲလိုတာပါ။ ။

George said...

Giving stick they said that every nation is doing. But to give snack they said that it is not suitable for our country yet!

Ar Ga said...

စကာင်္ပူက အခွန်ကောက်ပုံ စနစ်လေး ဝေမျှချင်ပါတယ် ။ နိုင်ငံသားတိုင်း / ဒါမှမဟုတ် စကာင်္ပူမှာ ဘဏ္ဍာေ၇းနှစ်အတွင်း ၁၆၃ ၇က်ထက် ကျော်လွန်ထိုင် သူတွေအားလုံး ၀င်ငွေခွန် ကြေငြာ၇ပါတယ်။ ( ၀င်ငွေ ဘယ်လောက်၇ှိ၇ှိပါ) ။ ၀င်ငွေခွန်ကောက်ပုံကို တစ်နှစ် S$30,000 (ကျပ် သိန်း ၁၉၅) ၀င်ငွေ၇ှိပြီး အလုပ်မလုပ်တဲ့ မိန်းမနဲ့ ကျောင်းတက်နေတဲ့ ကလေး တစ်ယောက်၇ှိတဲ့ အိမ်နဲ့ နမူနာထားပြီး တွက်ပြပါမယ်။ ၀င်ငွေ S$20,000 ( မြန်မာငွေ သိန်း ၁၃၀) အထိ ငွေခွန် ပေးဆောင်၇န်မလိုပါ။ မိန်းမအတွက် S$2,000+ ကလေးအတွက် S$4,000= နောက်ထပ် S$6,000 အတွက်လည်းဝင်ငွေ ခွန် ပေးဆောင်၇န် မလိုပါ ။ ဒါကြောင့် S$30,000-S$2,6000=ကျန်ငွေ S$4,000 ကို မှ 2% ကောက်ခံတာပါ ။ S$4,000x2% = S$80 ( ၅၂၀၀၀ ကျပ်). ဒါကြောင့် ၀င်ငွေ တစ်နှစ် ၁၉၅ သိန်း ၇ှိတဲ့သူက အခွန် ၅၂၀၀၀ ကျပ်သာဆောင်၇မှာပါ ။ဒါပေမယ့် ၀င်ငွေ ပို၇တဲ့ သူတွေ ဆောင်၇ငွေနဲ့ % က ပိုများလာပါတယ်။ ဆင်း၇ဲသားကို နဲနဲကောက်၊ သဌေးကို များများကောက်တဲ့ စနစ်ပါ ။ မျှတတဲ့ စနစ်ပါ ။အသေးစိတ်ကို http://www.iras.gov.sg/irasHome/page04.aspx?id=1190 မှာ ကြည့်နိုင်ပါတယ်။ အစိုး၇တစ်၇ပ်က အခွန်ကို ဒမြတိုက်သလို မကောက်သင့်ပါ၊ သင့်တင့်တဲ့ နှုန်းထားနဲ့ ကောက်ခံမှသာ ဆောင်တဲ့သူကလည်း ဆောင်ချင်မှာ ဖြစ်ပါတယ်။ အထူးသဖြင့် အခွန် စနစ် သေချာ အကောင် အထည် မဖော်နိုင်သေးတဲ့ မြန်မာနိုင်ငံမှာ အခွန် သက်သာခွင့်ကို သိန်း ၁၀၀ လောက်ထိပေး၊ ကျော်တဲ့ငွေကို မှ ၁% လောက် ကောက်ဖို့ လုပ်ပြီး၊ တစ်ဦးချင်း ၀င်ငွေ ခွန် ကောက်ခံတဲ့ စနစ်ကို ဖြေးဖြေးချင်း စတင်လုပ်သင့်ပါတယ် ။ အသားကျသွားမှ % ကို ဖြေးဖြေးချင်းတိုးကောက်တာမျိုး လုပ်သင့်ပါကြောင်း အကြံပေးအပ်ပါတယ်။

sean said...

ဦးတေဇ တို့ ဦးဖော်ဖော် တို့ အပါအဝင် စီးပွားရေးသမားအားလုံး အမှန်ဝင်ငွေ နဲ့ အခွန်ဆောင်ငွေတွေကို စီးကြပ်သင့်ပါတယ်..
မနှစ်က ဘီလျှံနာကြီးတွေ အခွန်ဆောင်ရတဲ့ တန်းစီဇယားမှာ နောက်တန်းကပါနေတယ်..
စင်္ကာပူ မှာ တိုက်ဂါး ဝုဒ် ကို ဒေါ်လာသန်း၁၀ ဂဏန်ဒလောက်ပေးပြီး ဂေါက် အတူရိုက်သွားတယ်...
အခွန်ဌာနအနေနဲ့ သူဌေးစီပွားရေး သမားတွေကို မကြောက်သင့်ပါဘူး

Theodo said...

ဒီမိုကရေစီနိုင်ငံဆိုတာ အခွန်နဲ.အသက်ဆတ်ရတယ်နားလည်
ကြစေချင်တယ်။ဒါပေမယ့်တရားမျှတဖို.တော့လိုပါတယ်။

Thet said...

In the UK the government charges up to 40-50% tax rate , for example rich people like U khin Shwe , they charge 50 percent income tax .I am sure U khin Shwe owes billions of kyats to the government and people. In the UK if somebody earns more than 55thousand USD a year(equivalent to 440lakh of kyats), they charge 40 % income tax. I am sure there are many people who are making much more than that in a year and they should be charged 40-50% income tax.The government should use this money to improve the standard of living of the public. for example improving the roads, healthcare, eduaction and many other things such as electricity, fuel and decent water supply.Have a look at this link you will find the income tax rate for the UK on the lower part of the page
http://www.hmrc.gov.uk/rates/it.htm

Toe Toe said...

ကိုအာဂရေ ခင်ဗျားဘဲမြန်မာနိုင်ငံပြန်လာပြီး ဘခ၀န်ကြီးလုပ်လိုက်ပါလားဗျာ
ဒီကလူတွေကကိုအာဂ လောက်တောင်သိတာမဟုတ်ဘူး။ ၀န်ထမ်းတွေနိုပ်ကွပ်
ဘို့လောက်ဘဲသိတဲ့သူတွေသူတို့တစ်သက်လုံးနိုင်တာဝန်ထမ်းဘဲရှိတာလေ။
သူဌေးကြီးတွေကိုသူတို့ထမင်းအိုးဆီအိုးမီးဖိုချောင်လိုတာဖြည့်ခိုင်းဘို့တိတိကျကျမလုပ်ရဲသေးဘူးလေ။ စစ်အစိုးရနဲ့အမွေဆက်ခံသူတို့ကတော့ထစ်ကနဲ့ရှိ ၀န်ထမ်း
ဘဲ။စားဘို့ကြတော့ ၂၀၁၃မှတဲ့။ သူတို့ခိုးစားထားတာများသွားလို့ဒီနှစ်မပေးနိုင်
သေးဘူးလို့လုပ်တယ်။ဒါတောင်ဦးရွှေမန်းကြီးအတိုက်အခံပြောလို့ဖြစ်လာတာမ
ဟုတ်လို့တော့သေပြီဆရာဘဲ ဦးသိန်းစိန်ရေ။

Anonymous said...

How about the Cronies ???
They all and almost govt. authorities are owned alot of properties and getting wealth...
How they become rich men ???????

We, normal people tried for years long by simple life but very lease improve only...

Normal tax is no problem...But, how abut Cronies and Other Unofficial Rich Men ???????

ပေတ said...

လူတိုင်းဝင်ငွေခွန်ပေးရမည်ဆိုတာလက်ခံပါတယ်. ဒါပေမယ့် သူဌေးတွေရဲ့ အခွန်လှည့်ပတ်ရှောင်နေခြင်းကိုလည်း ဘယ်လိုနည်းနဲ. ဖမ်းမလဲဆိုတာ ကြည့်ကြသေးတာပေါ့

evil said...

နိုင်ငံတိုင်းမှာအခွန်ဆိုတာတော့ဆောင်ရတာပဲ..ဗမာပြည်မှာလဲဝန်ထမ်းတွေအ
တွက်ဟိုတုန်းကလစာထဲကတွက်ပီးပေးခဲ့ရတာပဲ..ရာထူးကြီးကြီးဝန်ထမ်း
စောင်းတွေသိပါတယ်..ဒီနေ့ခေတ်လူငယ်တွေကမသိတော့အခွန်ဆောင်ရတာ
ကိုပြစ်လို့မြင်နေတာပါ..အခွန်ရှောင်တာကတော့လုပ်ငန်းရှင်တွေနဲ့အခွန်ဝန်
ထမ်းတွေကမရိုးမသားလုပ်တာပါ..အခုတော့အများဆုံးအခွန်ဆောင်တဲ့လူစာ
ရင်း ၁၀၀ကိုကြေညာမယ်ပြောတာပဲ..

ကိုးအိုင်7 said...

အာရှဒမြဘဏ်နဲ့ ဒေ၀ါလီခံတဲ့ ကောင်ကလည်း juction center တွေ တခုပြီးတခုဆောက် ကောင်းလိုက်တဲ့ နိုင်ငံ

naypitaw thar said...

လစာ တစ်သိန်းနဲု့  အထက်ပဲ ဖြတ်မှာပါ.....

Mike said...

These people, both current and previous government authorities such as Directors of different ministries of Myanmar e.g. Ministries of Commerce, Energy, Finance, Health, Education are "BIG THIEVES" stealing money from the country and the public. They have stolen billions of dollars from the country and the public for themselves.

Their assets should be freezed and made them pay back the taxes and stolen money from the public and then use the money to improve the poor lives of Myanmar people.

Powered by Blogger.