ရုပ်ရှင်အစည်းအရုံး ဥက္ကဌသစ် ဦးဇင်ဝိုင်းအား လက်ရှိပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းမှ အသိအမှတ်မပြု

then........ tell me ( KYAW SAN Vs NAY ZAW NAING)
မတ်လ၂၃ရက်နေ့တွင် ပြုလုပ်ကျင်းပခဲ့သည့် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး အမှုဆောင်သစ်ရွေးကောက်တင်မြှောက်ပွဲတွင် အများဆန္ဒနှင့်အညီ ရွေးချယ်တင်မြှောက်ခံခဲ့ရသည့် ဥက္ကဌသစ် ဦးဇင်ဝိုင်းအား လက်ရှိပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းမှ အသိအမှတ်မပြုသည့်အပြင် ရုပ်ရှင်အစည်းအရုံးဥက္ကဌလုပ်ပိုင်ခွင့်များကို လွှဲပြောင်းပေးခြင်း မရှိသေးကြောင်း သိရှိရသည်။ 

ယခင်ဥက္ကဌဟောင်းဖြစ်သူ ၀န်ကြီးဦးကျော်ဆန်း၏လူရင်း ဦးမြင့်သိန်းဖေမှာ ဥက္ကဌအဖြစ် ပြန်လည်ရွေးကောက်မခံရသည့်အတွက် ၀န်ကြီး ဦးကျော်ဆန်းတစ်ယောက် အလွန်အမင်း မကျေမနပ်ဖြစ်နေကြောင်းနှင့် အဆိုပါအမှုဆောင်ကော်မတီသစ်ကိုလည်း ကန့်ကွက်ကြောင်း သိရှိရပါသည်။ 

စည်းကမ်းပြည့်ဝပြီး ခေတ်မှီဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတော်သစ်ဆီသို့ ဦးဆောင်ချီတက်နေသည်ဟုဆိုသည့် တည်ဆဲအစိုးရထိပ်ပိုင်းပုဂ္ဂိုလ်တစ်ယောက်သည် ဤအမှုဆောင်ရွေးကောက်ပွဲငယ်တစ်ခု၏ရလာဒ်အတွက် ဤကဲ့သို့ သဘောထားသေးသိမ်ညံ့ဖျင်းစွာ တုန့်ပြန်သည်ကိုတွေ့ရှိရသောအခါ အဆိုပါပုဂ္ဂိုလ်ပါဝင်နေသည့် အစိုးရအဖွဲ့၏ ဒီမိုကရေစီဖော်ဆောင်ရေးလမ်းစဉ်မှာ သံသယရှိဖွယ်ကောင်းနေပြီး အဆိုပါဝန်ကြီး၏လုပ်ရပ်သည် ကျင်းပခဲ့ပြီးသော ရွေးကောက်ပွဲတွင် မသမာမှုများစွာကျူးလွန်ခဲ့သည်ကို ပိုမိုထင်ရှားအောင် မီးမောင်းထိုးပြသကဲ့သို့ ဖြစ်သွားစေပြီးလျှင် လာမည့်ကြားဖြတ်ရွေးကောက်ပွဲတွင်လည်း ထပ်မံကျူးလွန်ရန် ၀န်မလေးကြောင်းကို ၎င်း၏မပြည့်ဝသော သဘောထားများက ထင်ဟပ်ဖော်ပြနေသည်ကို စိတ်ပျက်စွာတွေ့မြင်နေရသည်။

By မြတ်သိန်းထွန်း ( facebook)
ရုပ်ရှင်အစည်းအရုံး ဥက္ကဌသစ် ဦးဇင်ဝိုင်းအား လက်ရှိပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းမှ အသိအမှတ်မပြု ရုပ်ရှင်အစည်းအရုံး ဥက္ကဌသစ် ဦးဇင်ဝိုင်းအား လက်ရှိပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းမှ အသိအမှတ်မပြု Reviewed by သစ်ထူးလွင် on 16:17 Rating: 5

50 comments:

မောင်မှန် said...

ဘိုကျော်ဆန်းေ၇
ပြည်သူ့မေတ္တာတွေ ခံယူနေတာတော်လောက်ပါပြီ၊ ကလကာနောက်ကွယ်ကို ၀င်ဖို့ရာလည်းအချိန်တန်နေပါပြီ၊ မြန်မာ့ရုပ်ရှင် သုံးစားမရတဲ့အဆင့်ရောက်နေတာတောင် မကျေနပ်သေးဘူးဆိုတော့ ရှေ့ဆက်ဘယ်လိုများ လုပ်ချင်သေးလို့လဲ

Anonymous said...

ဒီမှာ..ဂျပုခင်ဗျားတို့ ခေတ်မှာ..ကို့ ပြည်ကောင်းကျိုးလုပ်တဲ့ လူဘယ်နှစ်ယောက်ရှိခဲ့ လဲ..တခေတ်လုံးမြန်မာဟေ .ဆို..အားလုံးကသူခိုးနဲ့ လူလိမ်တွေချည်းဖြစ်အောင်..လုပ်ခဲ့ တာ..ခင်ဗျားတို့ ..ကြ့ပခဲ့ ကြတဲ့ သမိုင်းဘဲ။ရှေ့ ဆက်ပြီး..ကမ္ဘာအလယ်မှာမျက်နှာငယ်နေ၇တဲ့ ..သိက္ခာမရှိတဲ့ မြန်မာတွေမဖြစ်ချင်တော့ ဘူး။ဒီမိုကေ၇စီစနစ်ဖြစ်ဖို့ ကာလကူးပြောင်းချိန်မှာအများကရွေးချယ်တင်မြှောက်သူကိုလက်ခံ၇မှာဘဲ။ခင်ဗျားကိုကောဒီနေ၇ာ၇ဘို့ ..ပြည်သူကရွေးချယ်ထားတာမဟုတ်ဘူး။အေးအေးနေပါ။

ဖိုးတုတ် said...

မင်းကတော့ အရပ်ပုသလောက် စိတ်ပုတ်တာပဲ ငကျော်ဆန်းရေ.........

tertee said...

၉၀ ရွေးကောက်ပွဲ လိုပေါ.
ငါ.လူ အရွေးမခံရ ရင်တော.
လွှဲမပေးတော.ဘူး

Anonymous said...

ဒီမိုကရေစီ နိုင်ငံသစ်မှာ အများဆန္ဒနဲ့ ရွေးကောက်တဲ့ နေရာကို သူက လက်ဝါးကြီးအုပ်ပြီး ကြိုးကိုင်ချင်သေးတာလား . . . မသမာမှုတွေ တော်ပါတော့ ငိုကျော်ဆန်းရယ် . . . တရုတ်ကို ဖားပြီး တရုတ် မြန်မာ ဇာတ်လမ်းတွဲတွေ ရိုက်ပြီး လူထုကို မနှိပ်စက်ပါနဲ့ တော့ . . . မြန်မာလူထုက တရုတ်ကားဆို no ပါလို့ ကြုံတုံး ပြောလိုက်ပါရစေ . . .

Shwe Mg said...

ဒီမိုကရေစီနည်းလမ်းတစ်ကျ တင်မြှောက်ထားတဲ့ရုပ်ရှင်အစည်းရုံး ဥက္ကဌလေးတောင်မပေးချင်တဲ့ ဒီပြန်ကြားရေးဝန်ကြီးကိုပါ အသစ်ပြန်လည်ရွေးချယ်လိုက်ရင် အေးမယ်ထင်တယ်...၀န်ကြီးတွေထဲ ပြည်သူ့ချဉ်ဖတ်အဖြစ်ဆုံးကတော့ သူထိပ်ဆုံးကပဲ...ပြောလိုက်ရင် မျက်ရည်လေးစမ်းတမ်းစမ်းတမ်းနဲ့...ဒီမိုကရေစီလမ်းကြောင်းပေါ်မှာ အများဆန္ဒကိုဆန့်ကျင်တဲ့ ဒီလိုလူမျိုးတွေက ဆူးညှောင့် ခလုတ်တွေပဲ...

junight said...

သူက selection သမား
election သမားမဟုတ်ဘူးဆိုတာ သက်သေပြတာ

sithupl said...

နေစမ်းပါကျော်ဆန်းငပုရာ...မင်းကနေရာတကာပါလာပြန်ပြီ.......
အများသဘောတူလို့တင်မြှောက်တာပဲ.....မင်းအပူပါလို့လား
ငပု....

saishanhein said...

ဘယ်လိုဖြစ်ပြန်ရတာလဲ။ဘာတွေများကောင်းအောင်လုပ်ပေးနိုင်ခဲ့လို့အပြောင်းအလဲတစ်ခုကိုလက်မခံနိုင်ရတာလဲ။ကောင်းသည်ဆိုးသည်တောင်မသိသေးဘူးဇွတ်အတင်းကိုမကျေနပ်နေတော့တာဘဲ

ttggbago said...

ကျော်ဆန်းရေမင်းလက်မခံလို့မရဘူး ဒါကဒီမိုကရေစီ နည်းနဲ့ရွေးချယ်တင်မြောက်ထားတာမင်းလက်မခံလို့မရဘူး

Anonymous said...

အားလုံးညီညီညာညာနဲ့အနုပညာပန်းတိုင်ဆီချီတက်ကြပါ.........

ထူးထူး said...

ဝါး(သန်းတာနော်)ပျင်းစရာကောင်းလိုက်တာ။မြန်မာ့ရုပ်ရှင်ဆိုရင် အဖြူအမဲ ဘဲကြည့်တယ်။ ပိုက်ဆံ ပေးကြည့်ပြီး အစော်ကားခံ ရတယ်လို့ ခံစားရတဲ့ မြန်မာ့ရုပ်ရှင် ဘယ်သူပြောင်းပြောင်း အနှပညာအရည်အသွှေးကပြောင်းမှာ မှမဟုတ်တာ ဝါးးးးးးးးးးးး

myowinaung said...

ကျော်ဆန်းရယ် သေချာပြန်ချီးစားကြည့်စမ်းပါ

tharzaw said...

အင်မတန် စိတ်ပျက်စရာကောင်းသော ကျော်ဆန်း။
တင့်ဆန်း၊ တင်ရီ၊ အောင်သောင်း၊ ဇော်မင်းတို့လည်း ထိုနည်းလည်းကောင်းပဲ။
ပြည်သူ့ချဉ်ဖတ်

ငြိမ်းစိုးဦး said...

ဦးမြင့်သိန်းဖေမှာ အလွန်ပါးနပ်လည်ပတ်သူဖြစ်ပါသည် ။ ဦးကျော်ဆန်းအကြိုက်လွန်နေပါပြီ ။ သို့သော် ဒီမိုကရေစီခေတ် ဖြစ်ပါသည် ။

Toe Toe said...

စီးပွား/ကူးသန်းမှာ ကုန်သွယ်/လယ်ယာက၀န်ထမ်းတွေအလွဲသုံးစားလုပ်တာကို
ငွေလဲလျှော်ခိုင်းတယ်၊ထောင်လဲချတာသူပေါ့၊အပြစ်ဒဏ်ကိုတစ်ခုမဟုတ်ဘဲနှစ်ခု
ပေးတာ။သူတို့ကြတော့ခံရမှာကြောက်ပြီးလျှောက်ပိတ်နေတယ်။ မြန်မြန်ဖြုတ်ပေး
ပါ၊လူမိုက်မွေးထားတာဆိုရင်တော့မပြောတော့ပါဘူး။ဒီမိုကရေစီခောတ်မှာဒီ
လိုအများကရွေးတဲ့သူကိုလက်မခ့ချင်ရင်မလုပ်ဘဲထွက်သွားတာကောင်းပါတယ်။

rev.khemananda said...

လူပုစိတ်တို့လို့တော့ကြားဖူးတယ်။ လူပုစိတ်ယုတ်/စိတ်ပုတ်လို့ ခုတော့ပြောင်းရတော့မယ်ထင်တယ်။ ဒကာတော် မောင်ကျော်ဆန်းရေ။

Myanmar said...

ကျော်ဆန်း ဘာလဲ ဘယ်လဲ?

ziwasoe144 said...

ငါဝန်ကြီးကွ၊ ငါ့သဘော
မင်းတို့ဝန်ကြီးဖြစ်ရင်မင်းတို့သဘော
ငါဒေါသထွက်နေတယ်နော် ခွီးခွီးခွီးခွီးခွီး

Mike Ryan said...

ကိုကျော်ဆန်း....ခင်ဗျားကြီးကလည်း အခုထိကို စိတ်မလျော့သေးဘူးလား....လျှော့သင့်ပီနော်......

Mike Ryan said...

ကိုကျော်ဆန်း...သတိလေးဘာလေးထားအုန်း..ခင်ဗျားတို့ လုပ်လာတာတွေ ဒီလောက်ဆို တော်သင့်ပီထင်တယ်...နေရာလေးတော့ ဖယ်ပေးကြပါအုန်း...ဒီဘဲကြိးကတော့ကွာ....

မောင်မောင် said...

တော်စန်းပါ..ကျော်ဆန်းရာ..မင်းပေးတဲ့စပါးခြောက်တင်းက စောက်ဖျင်းတွေချည်းပဲ..

ko htoo said...

ကျော်ဆန်း အသိအမှတ်ပြုဖို့မလိုပါဘူး။ ဒီမိုကရေစီစံနစ်မှာ အစည်းအရုံးက ပြန်ကြားရေးအောက်မှာ ရှိနေဖို့မလိုသလို သြဇာခံဖြစ်စရာလဲမလိုပါ။ ဒီလောကသားတွေက ညီညီညွတ်ညွတ် အသိအမှတ်ပြုရင် ပြီးတာပါဘဲ။ တကယ်လို့ သူတို့မကြေနပ်လို့ စင်ပြိုင်အစည်းအရုံးတစ်ခု တည်ထောင်လဲ အားလုံးက ဝိုင်းပယ်ထားလိုက်ရင် သောက်ရှက်ကွဲသွားမှာပါ။ ကျော်ဆန်း မကျေနပ်လို့အကယ်ဒမီပေးပွဲ မလုပ်တော့ရင်လဲ ကိုယ်ပိုင်လွတ်လပ်တဲ့ အကယ်ဒမီပေးပွဲဆို ပြည်သူတွေက ပိုတောင်ကျေနပ်ကြဦးမှာ။

Thet Oo said...

တော်စမ်းပါ ကျော်ဆန်းရာ
မင့် စပါး ၆ တင်း
စောက်ဖျင်း ချည်းပါပဲ

ုkyaw said...

အစကတည်းက ကိုယ့်ဆန္ဒအတိုင်းတင်ရမယ်ဆိုရင် ဘာလို့အလုပ်ရှုပ်ခံခိုင်းပြီးရွေးခိုင်းတာလဲ ခုတော့လုပ်တဲ့လူရောထောက်ခံတဲ့လူတွေရောငပေါကြီးတွေဖြစ်နေပြီး

အမြင်သစ် said...

ဟ ငါ့ comment တွေလဲမလာပါလား။ ကျော်ဆန်းကိုအမှန်အ
တိုင်းဆော်ထားတာတွေများသွားလို့ထင်တယ်။

ye gyi said...

သို့
ဦးကျော်ဆန်း။ ။ ဝန်ကြီးတစ်ယောက်လုပ်နေပြီး ဥပဒေ အကြောင်းနားလည်ရဲ့လား...? ပြီးမှ မငိုကြေးနော်...ကျနော်လည်းမြန်မာနိုင်ငံ ချစ်ပါတယ်လို့မပြောနဲ့...

icecoolcandy@gmail.com said...

တော်ဆန်းပါ...ကျော်ဆန်းရာ...

Tin Maung Lwin said...

မလုပ်ကြပါနဲ့ဗျာ။ကိုကျော်ဆန်းညှိထားတဲ့ကြိုးလွဲသွားလို့ပါ။

zawmoe said...

ကျော်ဆန်းကိုမပြောချင်ဘူးနော်

chit pain said...

ပြည်သူတွေအားလုံး ညီညီညာညာပေါင်းစည်းပြီး ယခုလက်ရှိတာဝန်ထမ်း
ဆောင်နေတဲ့ ပြည်ထောင်စုဝန်ကြီးအားလုံး၊ တိုင်းဒေသကြီး/ပြည်နယ်ဝန်ကြီး
ချုပ်အားလုံးကို ထုတ်ပယ်ဖို့ ပြည်ထောင်စုလွှတ်တော်ကို တင်ပြသင့်နေပြီ
ယခုလက်ရှိတာဝန်ထမ်းဆောင်နေတဲ့ ပြည်ထောင်စုဝန်ကြီးအားလုံး၊ တိုင်းဒေသကြီး/ပြည်နယ်ဝန်ကြီးချုပ်အားလုံးဟာ လူရမ်းကား၊ လူမိုက်
ငါတကောကောနေကြပြီး ဒီမိုကရေစီဆိုတာလုံးဝနားမလည် ငါနဲ့ငါ့မိသားစု ချမ်းသာရင်ပြီးကော ရှေ့နောက်တွေးတောစဉ်းစားဥာဏ်မရှိ ပညာမတတ် တိုင်းပြည်ဘဏ္ဍာကို ငါ့အိပ်ထောင်ထဲပြောင်းဖို့ဘဲစဉ်းစားနေတဲ့သူတွေ ယခုဘဲကြည့်လေ မလိုအပ်တဲ့ဆည်တွေမဆောက်ဖို့ ဘတ်ဂျက်ဖြတ်တော့ လယ်/ဆည်ဝန်ကြီးက မိုက်မိုက်ရိုင်းရိုင်းနဲ့ သူ့ကြံ့ဖွံ့ပါတီကကောင်တွေစာ မတတ်ကြောင်းပြောနေပြီ အရင်ဝန်ကြီးအဆက်ဆက်တုန်းက လယ်/ဆည်ဝန်ကြီးဌာနဆိုတာ ရွှေသီးခဲ့တာကို သူ့လက်ထက်ကျမှ
သူ့စားပေါက်ကိုပိတ်လိုက်တော့ ဒေါသပုန်ထပြီလေ တိုင်းပြည်နဲ့ပြည်သူ့
အကျိုးကို ကြည့်မယ့်သူ တစ်ယောက်မှမရှိဘူး ခေတ်ပြောင်းပြီးတဲ့နောက် လူပြောင်းတော်လှန်ရေးဆင်နွှဲဖို့ ပြည်သူအားလုံးမှာတာဝန်ရှိနေပါပြီ အားလုံးညီညီညာညာဝိုင်းဝန်းဆောင်ရွက်ကြပါစို့

pyaponthu said...

သဘော မတူဘူးပြောတဲ့သူဆင်း။လုပ်သက်ကြာပြီး အနားယူသင့်ပြီး။နောက်လူဦးစားပေးသင့်ပြီးကျော်ဆန်းရေ

minwai said...

ကိုယ်နဲ့မတန်တဲ့နေရာကို အတင်းကြီးဆုပ်ကိုင်ထားနေတာ မလွန်လွန်းဘူးလား ကျော်ဆန်းရာ...။ လုံးဝရူးသွပ်နေပြီပဲ...။

koko said...

ဘယ်လို့ ကြောင့် ၀န်ကြီးလို့တင်မြောင့်ထားတာလဲ

kyaw said...

ကျော်ဆန်းတောင်ဒီလောက်ကောက်ကျစ်ရင် သူ့ကိုမွေးတဲ့မိဘတွေဆို ဘယ်လောက်တောင်ကောက်ကျစ်ယုတ်မာလိုက်မလဲမသိဘူး။ သူ့မိခင်ဟာ တို့မြတ်စွာဘုရားကို ကိုယ်ဝန်နဲ့ချိမ်းခြောက်တဲ့ အမျိုးသမီးထက် ပိုပြီး ကောက်ကျစ်မှာအသေအချာပဲ။ ကျော်ဆန်းကငိုတတ်တယ်လို့ သိရတယ်။ နောက်တစ်ခါငိုရင် အမေကျွန်တော့်လိုလူမျိုးကို ဘာလို့ မွေးပေးတာလဲဗျာလို့ ပြောပြီး ငိုရမယ်။

ကျူရိုး said...

ဦးဇင်ဝိုင်းရေ..............
လုပ်စ၇ာရှိတာတွေ ဆက်လုပ်လိမ့်မယ်လို့
ကျွန်တော် ယုံကြည်ပါတယ်
အားပေးနေမယ်....ဦးကျော်ဆန်းကိုတော့
မသိနားမလည်လို့ ခွင့်လွှတ်ပေးလိုက်ပါဗျာ။
ဘာမှ မသိတဲ့လူတွေက နေ၇ာတကာပါချင်
တာ သဘာဝပါ။

zzmyoe said...

ဦးကျော်ဆန်းက အသိအမှတ်မပြုတာတော့ ဟုတ်ပြီ၊ပြည်သူတွေကလည်း ခင်ဗျား ကိုဝန်ကြီးတစ်ယောက်လို့မမြင်သေးပါဘူး၊

Tin Maung Lwin said...

ဦးကျော်ဆန်းရေ။။
အဲ့ဒီနေရာမှာပါမစ်ရလို့ရွှေသွားတူးနေသည်အဲ...ခရီးသွားနေသည်
ဆိုတဲ့နှစ်လုံးထီနဲ့မွဲသွားတဲ့လူဆိုရင်ရောဗျာ။

Maung said...

NGO တစ်ခုအနေနဲ့ လွတ်လွတ်လပ်လပ်ရွေးချယ်တင်မြှောက်တာကို ၀န်ကြီးဌာနက သဘောတူတာ မတူတာတွေ၊ ပြည်ထဲရေးက
နောက်ကြောင်းလိုက်တာတွေ နိုင်ငံရေးနဲ့ကင်းရှင်းမှုရှိမရှိတွေ ဒီမိုကရေစီခေတ်မှာ မလိုတော့ပါဘူး။

com-crazy said...

အသိအမှတ်မပြုရင် သူကိုယ်တိုင်ရွေးပါလား။

True sky said...

သားသားတိုမာမီကဒီလိုပဲ ..စိတ်ထင်မှ

David Henry said...

ကိုသစ်ထူးလွင်ခင်ဗျား ...
ကျွန်တော်လေးစားစွာ အကြံပြုပါရစေ။
အစိုးရလူကြီးတွေအားလုံးရဲ့နာမည်ကိုအရင်စစ်ရာထူး အတိုင်းရေး ထည့်ပေးစေချင်ပါသည်။ သို့မှသာ စစ်အာဏာရှင်ခေါင်းဆောင်များ ဆက်လက်အုပ်ချုပ်နေဆဲဖြစ်ကြောင်း အားလုံးမမေ့လျော့မှာဖြစ်ပါတယ်။
ဥပမာ - ဗိုလ်ချုပ်ကျော်ဆန်း(ငြိမ်း)။ ဗိုလ်ချုပ်ကြီးသိန်းစိန်(ငြိမ်း)
စစ်အာဏာရှင်တွေရဲ့ ငါသာလျှင်အာဏာရှိသူ၊ ငါလုပ်ချင်တာငါလုပ်မယ်၊
ငါသာလျှင်လုပ်နိုင်တယ်၊ တခြားသူများငါ့လောက်မတတ်ဆိုတဲ့
ပုဇွန်ဦးဏှောက် နဲ့လူ့ငနွားတွေရဲ့ စစ်စရိုက် စစ်ဆိုးမွေတွေ ကို မမေ့ဖို့ပါ။

ချစ်ဖူး said...

ပြန်ကြားရေးလုပ်ငန်း အားလုံးကို ဖွံ့ဖြိုးတိုးတက်ဖို့ ငိုကျော်ဆန်းခေါ် ကိုကြီးဂျပု နုတ်ထွက်ပေးသင့်ပါကြောင်း

khaing said...

ဒီမယ်..........ဦးကျော်ဆန်း ကိုယ်အသက်အ၇ွယ်ကိုလဲ ပြန်ကြည်.ပါအုံး ဘု၇ားမု၊တ၇ားမု လုပ်၇တော.မယ်လေ...။ လောဘ၊ ဒေါသ တွေလျှောပါတော.ဗျာ......။ အများအကျိုးကောင်းအောင် လုပ်မယ်.သူကိုကျေကျေနပ်နပ် ပေးလိုက်ပါတော.ဗျာ

ရာရာ said...

နေပါဦးဗျ။...ဒီဂျပုကျော်ဆန်းကိုလည်း ဘယ်သူတွေကအသိအမှတ်ပြုထားလို့တုန်း...ကျွန်တော်ဖြင့် လူစာရင်းကိုမသွင်းတာ..။

Ye Gyi said...

စိတ်ပုတ်လွန်လို့ တဖြည်းဖြည်းပုဝင်နေတာ ပိုပုနေအုံးမယ်။ နားလိုက်တော့ ကိုကျော်ဆန်းရေ ...

Anonymous said...

အချိန် အတိုင်းအတာ တစ်ခု တော့ စောင့်ကြည့်သင့်ပါတယ်....
သူလည်း သူ့စိတ်ရိုင်းကို ချက်ချင်း ချိုးနှိမ် ဖို့ ခက်ကောင်း ခက်နေပါလိမ့်မယ်....

ေ၇ာသမမွှေ said...

ko htoo ပြောတာမှန်တယ်
ကျော်ဆန်းေ၇ ကျွဲးပါးစောင်းတီး နွားပလာတာ ဆို တာ သိတယ်မဟုတ်လား

goldentiger.mhs said...

အဲဒီလူကြီးက စားထားတာတွေများလို့ သူ့အိမ်နှစ်ခြမ်းကွဲသွားတာတောင်
အရှက်မရှိကုမဏီတွေခေါ်ပြင်ခိုင်းသေးတာ
အကုသိုလ်တွေနဲ့တစ်နေ့ထက်တစ်နေ့ပိုပြီးပုပုဝင်နေတာ
မကြာခင်သူ့စားရိတ်သူစားတော့မှ

ko ko tin said...

သူလက်မခံလည်း ကိုယ်လုပ်စရာရှိတာဆက်လုပ်ကြပါ ဦးဇင်ဝိုင်း ခေါင်းဆောင်သော ရုပ်ရှင်အစည်းအရုံးကို ထောက်ခံပါတယ်

Powered by Blogger.