မက်လ ၆ ရက်နေ့ ည ၁၀နာရီခွဲ အချိန်ခန့်တွင် ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေး
ခေါင်းဆောင်ဆရာတော် ဦးဂမ္ဘီရ အား အင်တာဗျူးလုပ်ရန်ရှိပါသဖြင့်
လိုက်ခဲ့ပါရန် အထူးရဲတပ်ဖွဲ့ SB မှ ကားဖြင့်လာရောက် ခေါ်ဆောင်သွားပါသည်။
ထိုသို့ခေါ်ဆောင်သွားရာ၌ ၎င်းဧ။်အမဖြစ်သူရဲ့နေအိမ်ကနေ
ခေါ်ဆောင်သွားခြင်းးဖြစ်ပြီး မနက်ဖြန်မနက် ပြန်ပို့ပေးမည်ဆိုကာ
ခေါ်ဆောင်သွားခြင်းဖြစ်တယ်လို့ သိရပါသည်။
ဘားမားဗီဂျေ
အရှင်ဂန္ဘီရကို အာဏာပိုင်တွေခေါ်ဆောင်သွား
Reviewed by
သစ်ထူးလွင်
on
08:51
Rating:
5
28 comments:
မိုက်ခဲလေး
ဆရာတော်တစ်ပါးအနေနဲ့အခုလိုတွေလျှောက်လုပ်နေမယ့်အစား တရားအားထုက်နေမယ်ဆိုရင် ဘယ်လောက်ကြည်ညိုစရာကောင်းမလည်း ဆရာတော်တစ်ပါးက နိုင်ငံရေးတွေလုပ်နေတာဖြစ်သင့်ပါသလား?
နိုင်ငံရေး လုပ်ချင်ရင်လဲ လူထွက်ပြီး လုပ်ပါ ဘုန်းဘုန်းရယ် ။ ဒီလိုကြီးကတော့ အမြင် မတော်ပါဘူး။ သာသနာတော် အတွက်ပါ။
ဓမ္မာစရိယဦးဠေးလှိုင်ရေးတဲ့စာအုပ်ထဲကလိုပဲ၊ဘုရားပွင့်ရာအိန္ဓိယမှာသာသနာကွယ်ပသွားရချင်းအကြောင်းကတော့၊ဘယ်ဘာသာကလုပ်လို့၊ဘယ်သူကအင်အားကြီးပြီးနှိပ်ကွတ်လို့ဆိုတာထက်၊ဘုရားရဲ့သားတော်တွေဟာ၊ဘုရားဟောခဲ့သလိုမနေခဲ့လို့သာသနာကွယ်ရတယ်ဆိုတဲ့အယူအဆကသိပ်ကောင်းတယ်။အခုလဲကြည့်လေ၊မြန်မာပြည်မှာတစ်ချို့သောဘုန်းကြီးတွေဝိနည်းသိက္ခာတွေနဲ့အညီမနေကြတော့ဘူး၊နိုင်ငံရေးကိုသိပ်လုပ်ချင်နေတယ်ဆိုရင်လူထွက်လိုက်ပါ၊ပြောရတာလဲအကုသိုလ်များတယ်ဗျာ၊မတတ်နိုင်ဘူးဗျာ၊ပြောသင့်ပြောထိုက်တာတော့ပြောရမှာပဲ၊သာသနာတော့အကွယ်မခံနိုင်ဘူး။
နိုင်ငံရေးလုပ်တယ်ပြောရအောင်.ဘုန်းကြီးက
ဘယ်စင်မြင့်ပေါ်တရားတက်ဟောနေလို့လဲ.
အနာပေါ်ဒုတ်ကျလို့မခံနိုင်ဖြစ်ကြတာတော့မတတ်နိုင်ဘူး.
မှန်တဲ့ဘက်ကတော့ဆရာတော်ကပြောမှာပဲ.
mightkhae .မောင်မောင်နဲ့ကိုရင်ဆိုတဲ့လူုတွေ...
နိုင်ငံရေးဆိုတာအဲဒိနိုင်ငံရဲ့နိုင်ငံသားတိုင်းနဲ့ဆိုင်တယ်.တိုင်းသူ
ပြည်သားတွေဒုက္ခရောက်နေတာကိုမကြည့်ရက်လို့ပြည်သူ့ဖက်က
အမှန်တရားဘက်ကရပ်ပြီးအနစ်နာခံခဲ့တဲ့အနစ်နာခံနေတဲ့
ဆရာတော်ကိုပြစ်မှားတာဆရာတော်ကနေပေမယ့်ငရဲ
ကနေမှာမဟုတ်ဖူးနော်.
အစိုးရက ကောင်းက ကောင်းနေရင် တိုင်းပြည်အေးချမ်းနေရင် ဘယ်ဘုန်းကြီးကမှ နိုင်ငံရေး လှည့်မကြည့်ပါ။
ဆရာတော်ဘုရား သတ္တဝါတွေကိုကယ်ချင်တယ်ဆိုရင် နိဗ္ဗာန်ရောက်ကြောင်းတရားတွေကိုပဲပြပေး လှမ်းညွှန်ပေးတာ ဘုရားရဲ့ သားတော်တစ်ပါးအနေနဲ့  သင့် လျှော်ပါတယ်ဘုရား.. နိုင်ငံရေးလုပ်ချင်တယ်ဆိုရင် လူထွက်လိုက်တာကောင်းမယ်ထင်ပါတယ် ဘုန်းဘုန်း..
သာမန်ပြည်သူတဦးပဲဖြစ်ဖြစ်၊ ရဟန်းတပါးပဲဖြစ်ဖြစ် ခေါ်ယူစစ်ဆေးမေးမြန်းလို တယ်ဆိုရင် ရုံးချိန်အတွင်းမှာ ဆောင်ရွက်လို့ရပါတယ်။ ခုလိုညအချိန်မတော် မှာ လာရောက်ခေါ်ယူတာက ဥပဒေကိုမျက်ကွယ်ပြုပြီးငါတို့လုပ်ချင်တာလုပ် လို့ရတယ်လို့ဖေါ်ပြနေသလိုဖြစ်ပါတယ်။ ဥပဒေကိုလေးစားလိုက်နာရမဲ့ ရဲတပ်ဖွဲ့အနေနဲ့ ပြည်သူတွေကိုအရေးမယူခင်ကိုယ်လုပ်တာက ဥပဒေနဲ့ညီလား ဆိုတာကိုသုံးသပ်ဖို့လိုပါတယ်။ ခုတကြိမ်ဆိုရင် ၂ ခါရှိပြီ ဖြစ်တယ်။လူ့အခွင့်အရေးကိုချိုးဖေါက်နေတာ အာဏာပိုင်အစိုးရအဖွဲ့ အစည်းဖြစ်တယ်ဆိုတာကို ထင်ရှားအောင်သက်သေပြလိုက်တာဖြစ်တယ်
အရှင်ဘုရား--- ဘေးမသီရန်မခပါစေနဲ့ဘုရား တိုင်းပြည်အကျိုးကိုရှေ့ဆက်
ဦးဆောင်ထမ်းရွက်နိုင်ပါစေဘုရား ကောင်းတာလုပ်ရင်ကောင်းတာဖြစ်မှာပါဘု
ရား
သူ့အတွက်လုပ်နေတာမဟုတ်ဘူးနားလည်းလားအပေါ်ကအရူးတွေ
သူ့အတွက်လုပ်နေတာမဟုတ်ဘူးနားလည်းလားအပေါ်ကအရူးတွေ
Everbody know you are vampire.
mightkhae . ၊မောင်မောင်၊ ကိုရင် Vampire
မင်းတို့က နိုင်ငံရေးဆိုတာကိုဘယ်လိုနားလည်ထားလဲ ။
ဘယ်လောက်နားလည်ထားလဲ ။
သံဃာနိုင်ငံရေးလုပ်တာ မသင့်တော်ပါဘူး ဘာညာပြောနေရအောင်။မင်းတို့ကကောဘာလုပ်မှာလဲ။
ထွက်ရပ်ပေါက်ပုဂ္ဂိုလ်ဖြစ်နေပီလား။ သောတာပန်ဖြစ်နေပြီလား။
တောထွက်တရားကျင့်မှာလား။ ရဟန္တာဖြစ်နေပီလား။
ကိုယ်လည်းဘာမှမလုပ်နိုင်ဘဲနဲ့ သူများလုပ်တာကိုလိုက်အပြစ်
ပြောနေတဲ့ ပုဂ္ဂိုလ်တွေလောက် အောက်ကျတာဘာမှမရှိဘူး။
ရှင်ဂမ္ဘီရ ကနိုင်ငံရေးလုပ်နေတယ်လို့ မင်းတို့ဘယ်သူပြောလဲ။
အသံကောင်းဟစ်ပြီး ရဟန်းဝိနည်းနဲ့ မညီတာ၊ သာသနာ
တော်နဲ့မကိုက်တာ လာအော်မနေနဲ့ ။ ၀ိနည်းနဲ့ အညီနေနိုင်မှ
ရဟန်းဝတ်ရမယ်ဆိုရင် မြန်မာပြည်မှာ ရဟန်းတောင် မြင်ရ
တော့မှာမဟုတ်ဘူး။ရှင် ဂမ္ဘီရက နှစ်လုံး ၊ သုံးလုံး ပေးနေတာ
မဟုတ်ဘူး ။ ဘောပွဲကြည့်နေတာမဟုတ်ဘူး။ ဘောကန်နေတာ
မဟုတ်ဘူး။အဲလို နေနေကြတဲ့စာသင်သားရဟန်းတွေကိုတောင်မှ ဆရာတော်ကြီးတပါးကပြောဘူးတယ်တဲ့ ။ အဲလိုရဟန်းတွေဟာ ကုန်ကြမ်းတွေဘဲ တဲ့။ ကုန်ကြမ်းမရှိဘဲနဲ့
ကုန်ချောထုတ်လို့မရဘူး တဲ့။ ရဟန်းပျိုဘ၀က ဒီလို နေနေကြ
တဲ့ သံဃာတွေတောင်မှ အချိန်တန်ရင် ကောင်းတဲ့ဘက်ကိုပြင်
ပြီးလူတွေအင်မတန် ကြည်ညိုစရာကောင်းတဲ့ဆရာတော်ကြီး
တွေဖြစ်သွားခဲ့တဲ့ သာဓက တွေလည်းရှိပါတယ်။ နိုင်ငံတကာ
မှာလည်း ငြိမ်းချမ်းရေး သံတမန်ရေးဆောင်ရွက်တဲ့ နေရာမှာ
သာသနာ့ဝန်ထမ်းတွေ ပါဝင်နေရတာ ဒုနဲ့ဒေးဘဲ။ ရှင်ဒိသာပါ
မောက် တို့ဘာတို့ ကြားဖူးကြလား။သူဘာတွေလုပ်ခဲ့တယ်ဆို
ကော သင်ဘူးကြလား။ မသင့်တော်တာမတရားတာ လောက်တော့ပြောရမှာဘဲ။
စာသင်သား သံဃာတွေဆိုတာ ပြည်သူတွေကြားထဲ ဆွမ်းခံစားနေရတာ။ မဟန က ထောက်ပံ့တာမဟုတ်ဘူး။ လွှတ်တော်ကိုယ်စားလှယ်ဖြစ်ချင်လို့လုပ်နေလာလည်းမဟုတ်ဘူး။ ပြည်သူတွေကောင်းကျိုး လူတွေအကျိုးကောင်းအောင်
လုပ်တာ၊ ပြောတာ နိုင်ငံရေးလား။
ဗုဒ္ဓဘာသာ ဆိုပြီး တောမရောက်တောင်မရောက် အတွေးလေး
လောက်နဲ့လူတွေရှိနေလို့လဲ ၊ အစိုးရဆိုတဲ့ကောင်တွေက ဘာသာရေးအားနည်းချက် ကိုခုတုံးလုပ်ပြီး အကုန်လုံးလိုက်ကန့်သတ်ချုပ်ချယ်နေတာ။ မင်းတို့လို ကောင်တွေရှိနေလို့ဘဲ။မင်းတို့ဘဲ တောထွက်ပြီး တရားသွားကျင့်ကြကွာ။ သာသနာ
အတွက်ပါတို့ ၊ သာသနာတော့ အကွယ်မခံနိုင်ဘူးတို့ ကြီးကြီး
ကျယ်ကျယ်တွေလျှေက်ပြောမနေနဲ့။ ကိုယ်ကိုတိုင်ကော သာ
သနာအရောင် ထွန်းပြောင်အောင် ဘယ်လောက်လုပ်နိုင်လို့လည်း။ ငါးပါသီလတောင် နေ့တိုင်းလုံ
အောင်နေနိုင်ဘို့ အရင်ကြိုးစားလိုက်ကြအုံး။
vampire ရေ နိုင်ငံရေးဆိုတာ ဘုန်းကြီးတွေနဲ့ မအပ်စပ်ရအောင်.. နိုင်ငံရေးဆိုတာ မကောင်းမှု အကုသိုလ်လုပ်ငန်းလား? သို့မဟုတ် အဆင့်အတန်း နိမ့်သူ/ မြင့်သူတွေ လုပ်ရမယ်လို့ ခွဲခြားသတ်မှတ်ထားတာလား? နိုင်ငံရေးဆိုတဲ့ အဓိပ္ပါယ်ကကော ဘာကိုရည်ညွှန်းတာလဲ? မွေးစဉ်ကတည်းက မောင်ဖြူ မောင်မဲသာ နိုင်ငံရေးလုပ်ရမည်လို့ သတ်မှတ်ထားပါသလား? စသဖြင့်မေးလိုက်ရရင်ဖြင့်..
ကျနုပ်အထင် နိုင်ငံတစ်နိုင်ငံအတွင်း စီးပွားရေး၊ ပညာရေး၊ လူမှုရေး၊ စားဝတ်နေရေး နှင့်ဘာသာရေးတို့၌ နိမ့်ကျလျှင်သော်လည်းကောင်း၊ ပျက်စီးနေသော်လည်းကောင်း၊ နာလံမထူနိုင်အောင် ဖွတ်ဖွတ်မွဲနေသော်လည်းကောင်း ထိုအချိန်အခါ၌ ၄င်းနိုင်ငံအတွင်း၌ နေထိုင်သော နိုင်ငံသူ နိုင်ငံသားအားလုံးနှင့်ဆိုင်သည်ဟု ယူဆပေ၏။ ထိုဘေးမှ လွတ်မြောက်ရန် အားလုံးကိုယ်စီ တာဝန်ရှိ၏။ သမိုင်းစာမျက်နှာကို ပြန်လှန်ကြည့်ရင်လဲ ရဟန်း၊ ကျောင်းသား၊ တောင်သူလယ်သမား၊ ၀န်ထမ်း ပြည်သူစသည်ဖြင့် ခေတ်အဆက်ဆက် မတရားမှုတွေကို ညီညွတ်စွာ တွန်းလှန်ခဲ့ကြ၏။ နိုင်ငံရေးဆိုတဲ့ ဝေါဟာရကို သဲကွဲစွာ မသိသေးသ၍ အမိနိုင်ငံတော်ကို တိုးတက်အောင် ဘယ်လိုလုပ်ကြမလဲ။ ကျွဲနွားတိရိစ္ဆာန်တောင် နိုင်ငံရေးကင်းတာ မဟုတ်ပါဘူး ဆိုလိုတာက သီးနှံ ဆန်း စပါးတွေ ပြည်သူတွေ စားသုံးခွင့်ရအောင် ပြည်ပကို ပို့ဆောင်နိုင်အောင် သူတို့က ကူညီပေးနေတာပါ။ ဗိုလ်ချုပ်ပြောခဲ့တဲ့ နိုင်ငံရေးအဖွင့်ကိုလဲ ပြန်လေ့လာကြည့်လိုက်ပါအုံး။ အချုပ်ပြောလိုတာက ဘုန်းကြီးတွေ နိုင်ငံရေးလုပ်တာ ဘာနဲ့ငြိစွန်းသလဲ? ဘယ်လောက်အပြစ်ကြီးသွားလဲ? သိချင်ပါတယ်။ သူတို့ကျင့်ဝတ်ထဲမှာကော ပါလား။ ကျနော်တို့ကတော့ စက်တင်ဘာရလဒ်တွေနဲ့တင် ဘုန်းဘုန်းတွေကို ကျေးဇူးတင်လို့ မဆုံးပါဘူး။ လွန်တာပါရင်လဲ ၀န္ဒာပါဘဲ။
နိုင်ငံတော်သံဃာ့နာယကဆရာတော်များကရောဘုရား.......မကောင်းတာတွေကိုတွေ့ရင် ကောင်းအောင်လို့ ဘုရားဟော ဒေသနာနဲ့အညီ ဆိုဆုံးမ...ကျင့်ဝတ်တွေနဲ့အညီဖြစ်အောင် ဆိုဆုံးမသင့်ပါတယ်ဘုရား။အရင်ဦးဆုံး....အရှင်ဘုရားတို့ အုပ်ချုပ်တဲ့သုတွေအားလုံးက မဟုတ်တာတွေချည်းလုပ်နေတော့.....အရင်ဦးဆုံးဆိုဆုံးမသင့်တာ သူတို့ကိုပါဘုရား။ကံငါးပါလုံးကို ရက်ရက်ရောရော ချိုးဖောက်နေတာလဲ သူတို့ပါပဲဘုရား။အရျင်ဘုရားတို့ ဘယ်လိုများဆိုဆုံးမ..မလဲဆိုတာ တပည့်တော်တို့ စောင့်ကြည့်နေပါ့မယ်ဘူရား.....ဓမ္မစက်နဲ့မရလို့ မရဘူးဆိုလဲကြေငြာပါဘုရား.....အရှင်ဘုရားတို့ဆိုဆုံးမတာက်ုလဲ တပည့်တော်တို့ ကြားချင်ပါ့ဘုရား.......
ဘုန်းကြီးကနိုင်ငံရေးမလုပ်ရဘူးလို့ ဘယ်သူပြောထားလဲ မှန်တဲ့ဘက်ကရဲရဲဝံဝံပြောခွင့်ရှိပါတယ် ဘုန်းဘုန်းကလဲမြန်မာနိုင်ငံသားတစ်ဦးပါပဲ
သံဃာတော်တွေနဲ့ ပတ်သက်ပြီး ၀ိနည်းတော်တို့ ..လူထွက်လိုက်တော့ လို့ ဆိုတဲ့ Comment တွေနဲ့ ပတ်သက်လာရင် မပြောပဲနေမလို့  ..ဒါပေမဲ့ ပြောရမှာပဲ ...... အော် ..မဟန မသားတွေရယ်....ဘုန်းကြီးကို လူထွက်ခိုင်းနေရအောင် မဟန တွေလား.....အမျိုးသားရေးနဲ့ နိုင်ငံရေး မခွဲခြားတတ်ရင် Comment ဝင်ရေးမနေနဲ့ ..(ဦးဝိဇာရတို့  ဦးဥုတ္တမတို့  လုပ်ခဲ့တာအမျိုးသားရေးပဲ ..အဲ့ဒါသူ့ ကျွန်ဘဝလို့  စောဒကမတက်နဲ့  အခုအရှင်ဂမ္ဘီရတို့ လုပ်နေတာက ကိုယ့်ကျွန်ဘ၀ ကို ဆန့် ကျင်တိုင်ပွဲဝင်နေတာ).....ကိုယ်ယုံကြည်တဲ့ အယူအဆနဲ့ ကိုက်ညီတဲ့ ပါတီကို လက္ခံ ယုံကြည် လုပ်ဆောင်တာကနိုင်ငံရေး....ဘယ်သူတွေ အုပ်ချုပ်နေပစေ ပြည်သူတရပ်လုံးကို ကိုယ်စားမပြုပဲ ကိုယ်ကျိုးကြည့် အာဏာရှင် မှန်သမျှကို ဆန့် ကျင်တာက အမျိုးသားရေး .... အမျိုးသားရေးအတွက် လုပ်ဆောင်တာမှန်သမျှ ဗုဒ္ဓဘာသာ ဘုန်းကြီး ခရစ်ယာန်ဘုန်းကြီး အခြားဘာသာဝင် တွေလဲ နိုင်ငံအတွင်းမှီတင်းနေထိုင်သူမှန်သမျှ လုပ်ကိုင်ခွင့် လုပ်ပိုင်ခွင့်ရှိတယ်..... ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးကြောင့် အာဏာရှင်တွေရဲ့ ရက်စက်ယုတ်မာမှုတွေကို ကမ္ဘာ ကသိရှိစေခဲ့တယ်...ဒီ ရွှေဝါရောင် တော်လှန်ရေးမှာ အရှင် ဂမ္ဘီရကတို့ အပါအ၀င် သံဃာတော် ဦးဆောင်ခဲ့တာ...သံဃာတော်တွေ ဘယ်လောက်ထိနှိပ်ကွပ်ခံခဲ့ ရလဲ ဆိုတာ တကမ္ဘာလုံးသိကြတယ် ....သံဃာတော်တွေရင်ထဲမှာ ဘယ်လောက် ခံစားနေရမလဲ ဆိုတာ ကိုယ်ချင်းစာကြည့် ကြ... မဟနတွေ လို အေးရာအေးကြောင်း အဆီအနှစ်တွေ အငြိမ့်သား ခံစားနေရတာမဟုတ်ဘူး...၂၀၀၇ ရွှေဝါရောင် တော်လှန်ရေးဆိုတာကလဲ ..ပြည်သူတွေ ငတ်မွတ်ခေါင်းပါးလာလို့ ...ပရိတ်ရွတ် ဆုတောင်းမေတ္တာပို့ ကြတာ....ပြင်းပြင်းထန်ထန် ရက်ရက်စက်စက် အနှိပ်ကွပ်ခံခဲ့ကြရတာ...ကိုယ်တိုင်သာ အဲဒီနေရာဆိုရင် ...အဲဒီလိုမျိုး အဲဒါမျိုး ကိုယ်ချင်းစာကြည့်.......( ဒီအချိန်မှာ ညီညွတ်ရေးအင်အားတွေလိုတယ်... အမျိုးသားရေးအတွက် အားလုံးညီညွတ်နေကြရမှာ..)
mightkhae,မောင်မောင်နဲ့ Vampire ရေ... မြန်မာ့သမိုင်း သင်ခဲ့ရဘူးလား။ ဆရာတော်ဦးဥတ္တမအကြောင်း ကြားဖူးသလား။ ဘာအတွက်ကြောင့် ဘုန်းကြီးတွေ နိုင်ငံရေးမှာ ၀င်ပါနေရတာလဲ စဉ်းစားကြည့်ဖူးပါရဲ့ လား။ ဆရာတော်တွေ အေးချမ်းစွာ တရားအားထုတ်နိုင်မယ့်နေ့ အမြန်ဆုံးရောက်ပါစေတော့။
မျက်စေ့ရှေ့ မှာ လူတွေကို သတ်နေ ညှင်းဆဲနေ . လူသားချင်းစာနာမှုမရှိလုပ်နေတာတွေကို ထိုင်ပြီး တရားမှတ် နေတာက ကယ်တာ..ရောက်ပါ့မလား .တရားဟောတော့ကော ဟောလို့ ဆိုပြီး ဟိုဟာမဟောရဘူး ဒီဟာမဟောရဘူး ပြောတာကိုငြိမ်ခံနေရမလား ။ ဘုရားရှင်လက်ထက်တုံးကကော ဒေ၀ဒဟ နဲ့ ကပ္ပိလ၀တ်စစ်ဖြစ်တော့ တရားဟောခဲ့တာဘဲမဟုတ်လား ။ ဒီတိုင်းထိုင်နေလို့ ဘာမှဖြစ်လာမှာမဟုတ်ပါဘူး။ လုပ်သင့်တာတော့ လုပ်ရမှာပေါ့
ပြည်သူလူထုထဲမှာ mightkhae,vampire နဲ့ မောင်မောင်တို့လို ဘာမှမသိ ဘာမှစောက်သုံးမကျတဲ့ ကောင်တွေရှိနေလို့ ရဟန်းသံဃာ ဘုန်းတော်ကြီးတွေက လူတွေလုပ်ရမဲ့ကိစ္စတွေကို ဝင်လုပ်ပေးနေရတာကွ သိရဲ့လားနွား(၃)ကောင်ရဲ့။ တို့တိုင်းပြည်ရဲ့ နိုင်ငံရေးသမိုင်းကြောင်း ကိုပြန်ကြည့်ရင် လွတ်လပ်ရေး အရေးတော်ပုံ တွေကစပြီး ဆရာတော်တွေဟာ ပြည်သူတွေအတွက် အမြဲတမ်းအနစ်နာခံပြီး တိုက်ပွဲဝင်ခဲ့ကြတာ အားလုံးအသိပဲ။ မင်းတို့သုံးယောက်က တိုင်းပြည်အတွက် ဘာများလုပ်ခဲ့ဘူးလဲကွာ၊ စောက်ရှက်မရှိတဲ့ကောင်တွေ ကိုလဲမလုပ်နိုင်ဘူး လုပ်တဲ့လူတွေကိုလဲ မကူညီတဲ့ အပြင်ဘေးထိုင်ပြီး ဘုပြောနေတာ ယောကျားတွေဖြစ်ပြီ မရှက်ကျဘူးလားကွာ။ ကြောက်တတ်ရင် ထမိန်ခြုံပြီး မြောင်းထဲဝင်အိပ်နေကျ။
ကိုတာရာ ရေ သူတို့ပြောတာ မမှားဘူးဗျ ဘုရားတောင်မှ ဒီတိုင်းပြည်ကိစ္စ ထက် တရားကိစ္စ က ပိုအရေးကြီးမှန်းသိလို့ တောထွက် ကျင့်ခဲ့တာ တရားထက် တိုင်းပြည်က အရေးကြီးရင် စကြ၀တေးမင်းလုပ်မှာပေါ့ဗျ လူထွက်ပြီး နိုင်ငံရေး လုပ်ခိုင်းတာပါ မလုပ်နဲ့မပြောပါဘူးဗျာ တိုင်းပြည်အတွက် လုပ်တာပဲ သင်္ကန်းဝတ်ဝတ် မ၀တ်ဝတ် စေတနာ အဓိကပါ သင်္ကန်းနဲ့ကတော့ မြတ်စွာဘုရား ချီးကျူးတော်မူမှာ မဟုတ်တာ ဧကန်ပဲ
မြန်မာပြည်မှာက မှန်တာ ပြော၇င်/ လုပ်၇င် နိုင်ငံေ၇း ဖြစ်နေပြီ ။ ဘုန်းကြီးက မှန်တာ ပြောဆို ထောက်ပြနေတာကို ဘယ်သူတွေက အပြစ် တင်နေကြတာလဲကွ.. ဟေ ..
မြန်မာပြည်မှာ 90% သော အခြေခံလူတန်းစားတွေရဲ့ ဘ၀ကို အသိဆုံးဟာ သပိတ်ပိုက် ဆွမ်းခံကြွနေတဲ့ သံဃာငယ်လေးတွေသာဖြစ်ပါတယ်။ မင်းစိုးရာဇာ သူဋ္ဌေးသူကြွယ်တွေအိမ်မှာ ကြွနေတဲ့ ဆရာတော်ကြီးများ မဟုတ်ပါ။ သပိတ်ထဲက ဆွမ်းဟင်းခွက်လေးတွေကို ကြည့်ပြီး ပြည်သူ ပြည်သားတွေရဲ့ တဖြေးဖြေး ဆင်းရဲမွဲတေလာတာကို သိရပါတယ်။ မွဲလွန်းတဲ့ကြားကနေ သာသနာတော်ကို ကြည်ညိုတဲ့ ပြည်သူ ပြည်သားတွေရဲ့ ဆွမ်းတစ်လုပ်ကို စားရတာ သံဃာငယ်များအဘို့ တာဝန်ကြီး ပင်ပန်းလှပါတယ်။ ဒါ့ကြောင့် အားလုံး ပြည်သူ ပြည်သားတွေ အဆင်ပြေကြစေဘို့အတွက် လုပ်ဆောင်ပေးဘို့ လူသားတွေကိုယ်စား အစိုးရ သံဃာတော်တွေက တောင်းဆိုပေးရုံမျှသာ ဖြစ်ပါတယ်။ သူတို့အတွက် ဘာအခွင့်အရေးတစ်ခုမှ မပါပါဘူး။ ဆွမ်းဒကာ ဒကာမ ပြည်သူ ပြည်သားတွေအပေါ်မှာ ထားတဲ့ ကြီးမားတဲ့ မေတ္တာ ကရုဏာမျှသာ ဖြစ်ပါတယ်။ အဲဒါကို နိုင်ငံရေးလုပ်တယ် ဘာညာနဲ့ ၀ါးလုံးသိမ်း မဝေဘန်စေချင်ပါဘူး။ ၀ိနည်းသိက္ခာပုဒ်ကို မျက်ကွယ်ပြုပြီး သင်္ကန်းအရေခြုံမျှ နိုင်ငံရေးလုပ်တဲ့သူမျိုးကိုတော့ တို့လည်း အားမပေးပါဘူး။ ဘုန်းကြီးဆိုတာ နိုင်ငံသားပေမို့ နိုင်ငံရေးသိရမယ်၊ လုပ်တန်လုပ်ရမယ်။ ဒါပေမယ့် ဘုရားသားတော်လည်း ဖြစ်တာမို့ ဘုရားဝိနည်းစည်းကမ်းဘောင်ထဲကပဲ ဖြစ်ရမယ်။ အဲလိုပဲ မြင်မိပါတယ်။
Lin Myat ရေ.မတာရာပါရှင့်
မြတ်စွာဘုရားရှင်လက်ထက်ကမင်းတွေကမင်းကျင့်တရားနဲ့
မညီတာအလွန်နည်းပါတယ်.ဒါကြောင့်စိတ်အေးချမ်းသာစွာတရားအားထုတ်နိုင်တာပါ.ဒါတောင်ဒေ၀ဒဟ နဲ့ကပ္ပိလ၀တ်စစ်ဖြစ်
တော့စစ်ကိုတားနိုင်အောင်၂ကြိမ်တိုင်တိုင်ကြွတော်မူလာ
ခဲ့သေးတာပဲ.ခေတ်အဆက်ဆက်ဘုရားရှင်ကော
ရဟန္တာအရှင်သူမြတ်တွေကောဘုရင်ကအစသူတောင်းစားအဆုံးမျက်စေ့ရှေ့မှာမတော်တာတွေ့ရင်တနည်းနည်းနဲ့ဆုံးမပေးခဲ့
တာပါပဲ.အဲဒါကိုနိုင်ငံရေးလုပ်လို့လူထွက်ပါပြောရင်လည်းပြော
သူရဲ့အကုသိုလ်ပဲဖြစ်ပါလိမ့်မယ်.တိုင်းပြည်ရဲ့အခြေအနေအရ
လူထုဒုက္ခရောက်နေတာကိုမျက်စေ့မှိတ်ပြီးဆွမ်းစားမနေရက်လို့
ထောင်ကျခံဒုက္ခအမျိုးမျိုးခြံပီးပြည်သူဖက်ကရပ်တည်ခဲ့တဲ့
ဘုန်းဘုန်းတွေကိုကျေးဇူးမတင်တတ်ရင်တောင်မပြစ်မှားသင့်ပါ
ဘူး.တိုင်းပြည်အေးချမ်းနေရင်ဘယ်ရဟန်းရှင်လူမှကိုယ့်ကိုကို
ယ်ဒုက္ခရောက်ခံပြီးဝင်ပြောနေမှာမဟုတ်ပါဘူး.အပေါ်မှာ
ကိုယ်ချင်းစာနားလည်တတ်တဲ့ပုဂ္ဂိုလ်တွေပြောပြထားတာနဲ့တင်
ပြည့်စုံသလောက်ရှိနေပါပြီ.အများကြီးထပ်မပြောတော့ပါဘူး.
mightkhae,mg mg and vampire should learn from other persons's comments.
ဘုန်းကြီးက ဘုန်းကြီးအလုပ်လုပ်၊လူက လူအလုပ်လူအလုပ်လုပ်တာ အသင့်တော်ဆုံး အမှန်ကန်ဆုံးဖြစ်မယ်ထင်ပါတယ်။
အော် ဒီမိုကရေစီ.. ဒီမိုကရေစီ လွတ်လပ်စွာ ပြောခွင့်ရှိပါသည်. လွတ်လပ်စွာဝေဖန်ပိုင်ခွင့်ရှိပါသည်. သို့သော် အပြုသဘောတော့ ဖြစ်စေချင်ပါသည် ... တဘက်သားအား ပြောခွင့်ကို ငါမှ လွဲ၍ ငါ့အဖွဲ့မှ လွဲ၍ ကျန်သုများမကောင်း မပြောစေချင်ပါ.. ကိုမျိုးစင်ဆွေဆက်ရေ မဟနများမှာလည်း ဆရာတော်များဖြစ်ပါသည်. ဆရာတော် ဂမ္ဘီရသည်လည်း ဆရာတော်ဖြစ်ပါသည် အားလုံးလဲ ဆရာတော်များနှင့်ပတ်သက်ပြီး comment ရေးကြရင်း ငရဲ ကြီးကုန်မှာ စိုးလို့ပါ
အေး သေခြာတာ ကတော.ပြည်သူကို ကာကွယ်ရမဲ.စစ်တပ်ကလဲ
ကိုယ်.အလုပ်ကိုယ်မလုပ်ဘဲ လူတစုရဲ.လက်ကိုင်တုတ် ဖြစ်စေပြီး
ရဟန်းရှင်လူအပေါင်းကိုနှိပ်စက်..တိုင်းပြည်ကိုလဲ ချွတ်ခြုံကျအောင် ၀ါးကြ...နိုင်ငံရေးလုပ်တော.လဲ ရိုးရိုးသားသားမလုပ်..ကလိမ်ကကျစ် နဲ.လုပ်..လူသတ်အကြမ်းဖက်(ဒီပဲယင်း အရေးအခင်း....ပဲခူး လူသတ်မှု..)..မတရားဥပဒေတွေထုပ်..လူ.အခွင်.အရေးတွေ
ချိုးဖောက်ချင်တိုင်းချိုးဖောက်...ဆိုတော.ဘုန်းဘုန်းတို.က မေတာပို.ဆုတောင်းပေးတာပါကွာ...အစကနေကြည်.ကြပါ
Post a Comment