(ဓာတ်ပုံ- ရိုက်တာ) |
နိုင်ငံရေးပါတီ ကိုယ်စားပြု လွှတ်တော် ကိုယ်စားလှယ်လောင်းတွေနဲ့ တသီးပုဂ္ဂလ လွှတ်တော် ကိုယ်စားလှယ်လောင်းတွေ ဟာ ကြားဖြတ်ရွေးကောက်ပွဲ မှာ ရွေးကောက် တင်မြှောက် ခံရသည်ဖြစ်စေ၊ အရွေးမခံ ရသည်ဖြစ်စေ ရွေးကောက်ပွဲ ကုန်ကျစရိတ် စာရင်း ကို သတ်မှတ်ရက် အတွင်း တင်ပြဖို့ တာဝန်ရှိပြီး ဥပဒေနဲ့အညီ စနစ်တကျ မတင်ပြရင် အရည်အချင်း ပျက်ယွင်းသူ အဖြစ် ကြေညာခံရနိုင်တယ် လို့ ကော်မရှင် ကြေညာချက်မှာ ဖော်ပြပါတယ်။
ရွေးကောက်ပွဲ ကုန်ကျစရိတ်စာရင်းကို မဲဆန္ဒနယ်အလိုက် ရွေးကောက်တင်မြှောက်ခံရတဲ့ ကိုယ်စားလှယ်လောင်း အမည် ကြေညာသည့် ရက်ကစပြီး ရက်ပေါင်း ၆၀ အတွင်း သက်ဆိုင်ရာ ခရိုင် ကော်မရှင်အဖွဲ့ခွဲတွေ ထံ သတ်မှတ် ပုံစံ အတိုင်း ပေးပို့ တင်ပြရမယ်လို့ ပါရှိပါတယ်။
ဒီကြေညာချက်နဲ့ ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို ဒီနေ့မနက် သူမရဲ့နေအိမ် မှာ ကျင်းပတဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ဒီဗွီဘီက မေးမြန်းခဲ့ရာ ဒီစည်းမျဉ်း စည်းကမ်းတွေကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အနေနဲ့ ကောင်းကောင်း သဘောပေါက်တယ်လို့ ဖြေကြားခဲ့ပါတယ်။
“ကျမတို့လည်း တွက်ပြီးသားပါ။ ဒီစာရင်းအင်းကို အကြောင်းပြပြီးတော့မှ အရွေးချယ်ခံပြီးသား ကိုယ်စားလှယ်တွေတောင်မှ ဖယ်ရှားလို့ရတယ်ဆိုတာ..။”
လွှတ်တော်ရွေးကောက်ပွဲ နည်းဥပဒေ အခန်း ၁၃ မှာတော့ လွှတ်တော် ကိုယ်စားလှယ်လောင်း တဦးရဲ့ ရွေးကောက်ပွဲ အတွက် ကုန်ကျစရိတ်ဟာ မြန်မာကျပ်ငွေ သိန်း ၁၀၀ ထက် ပို၍ သုံးစွဲခြင်း မပြုရလို့ ပါရှိ ပါတယ်။ ဒီကုန်ကျစရိတ်ငွေဟာ ကိုယ်ပိုင်ငွေ (သို့မဟုတ်) ပြည်တွင်းမှာရှိတဲ့ နိုင်ငံသား တဦးချင်းဆီကဖြစ်စေ၊ ကုမ္ပဏီအစုအဖွဲ့တွေကဖြစ်စေ တရားဝင် လှူဒါန်းတဲ့ ငွေ (သို့မဟုတ်) သက်ဆိုင်ရာပါတီ က ထောက်ပံ့တာ ဖြစ်ရမယ် လို့ ဆိုထားပါတယ်။
ဒီဗွီဘီ
ရွေးကောက်ပွဲ အသုံးစရိတ်မတင်လျှင် ကိုယ်စားလှယ်လောင်းအဖြစ်က ပယ်ခံရနိုင်
Reviewed by သစ်ထူးလွင်
on
17:19
Rating:
10 comments:
အမေစု က ဒါတွေကို သိပြီးသား ပါ တဲ့ ရွေးကောက်ပွဲ ကော်မရှင်ရေ...
အဟင်း..ကျုပ်တို့ပြည်သူကလည်း အားလုံးကို ပြောလိုက်ချင်တာက" သေချာတာကတော့ အမေစု က ဒါကိုမမှုပေမဲ့ အရင်ဆုံးအပယ်ခံရ မှာက ဖွတ် ကြီး လေ..ဘာကြောင့်ဆို သူက 'မဲ' ၀ယ်ထားတာလေ ဒီတော့ အသုံးစရိတ် က တော့ ကြီးပြီပေါ့...ဒါမှ မကြီးဘူးဆိုရင် တော့ သေချာပါတယ်..ဒီ ငတိ တော့ လိမ်နေပြီ.."
မှတ်ချက်-မဲ ၀ယ်သည် ဆိုသည်မှာ "ဆင် တွေကြဲ ချခြင်း"ကို ဆိုလိုပါသည်
မင်းတို့အတွက်ကျတော့ ဥပေဒေမ၇ှိဘူး။ သူများကျတော့ ဥပဒေ၇ှိတယ်။
နည်းအမျိုးမျိုးသုံးပြီးတော့ အမေစုကိုပယ်ဖို့လုပ်နေတာ။ တရားမျှတတယ်ဆို
တဲ့စကားကိုတွင်တွင်သုံးပြီးတော့ မတရားလုပ်ဖို့ ပြင်ဆင်နေတဲ့သူကို လူကောင်းလို့ ဘယ်လိုပြောနိုင်မှာလဲ။ စိတ်ထားညံ့သူဟာ ဘယ်လိုပင်ဟန်
ဆောင်ပါလဲ စိတ်ယုတ်မာကို အသုံးချဖို့ အမြဲကြိုးစားနေမှာပါ။
လူမိုက် ကင်းဝေး နိုင်ငံရေး တို့တွေစဉ်အားပေး။
လိမ်နည်းကောက်နည်း ပေါင်းသိန်း သောင်းကုဋေ ဆိုပြီး စာအုပ်ထုတ်ဖို.ကောင်းနေပြီ
ကျေးဇူးပြုပြီး တိုင်းပြည်သူ ပြည်သားတွေကို ဆက်ပြီးဒုက္ခမပေးပါနဲ့တော့ လူကြီးမင်းကြံ့ဖွံတို့ရယ်။ပြည်သူတွေကို သနားပါအုံး
တပ်ချုပ်ရဲ့ မိန့် ခွန်းမှာပါတယ်လေ၊ဗိုလ်ချုပ်အောင်ဆန်းက
တပ်မတော်ကိုတည်ထောင်ရုံတည်ထောင်ခဲ့တာပဲ။
ခိုးနည်း လိမ်နည်း ညစ်နည်းမျိုးစုံ သင်ပေးခဲ့တာ
ဗိုလ်ချုပ်ကြီးနေ၀င်း နဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ တဲ့၊
ဒါကြောင့် ကျေးဇူးတွေဆပ်လို့ မကုန်တာပေါ့။
ဗိုလ်ချုပ်ကြီးစန်းယု၊ဗိုလ်ချုပ်ကြီးသူရတင်ဦး၊
ဗိုလ်ချုပ်ကြီးကျော်ထင်၊နဲ့ ဗိုလ်ချုပ်မှူးကြီးစောမောင်
တို့ ကဒါမျိုးတွေသင်မပေးခဲ့တော့ ကျေးဇူးမရှိဘူးပေါ့။
ဇာတိရုပ်လုံးညစ်တွေ မပြမဖြစ်လို့ ပြလာပီ.. ညစ်ပတ်နည်းတွေကို ဆက်လက် ရှုစားကြပါ....
ကြံ့ဖွတ်တွေယုတ်မာတာကိုဘယ်စကားလုံးသုံးပြီးရေးရမှန်းတောင်မသိတော့ဘူး......
Maung Nyein ပြောတာအမှန်တွေပါ။စိတ်ပျက်စရာအင်မတန်ကောင်းတဲ့၊ကိုယ့်
အကျိုး၊ကိုယ့်အဖွဲ့အစည်းအကျိုးအတွက်တိုင်းပြည်နဲ့လူမျိုးမျက်နှာကိုကျောခိုင်း
တဲ့သူတွေဘဲခေါင်းဆောင်တင်ထားခဲ့တယ်။အသိစိတ်ဓါတ်ရှိလို့မှန်မှန်ကန်ကန်
လုပ်မဲ့သူကိုလဲဝိုင်းပြီးတွယ်ကြတယ်။ကံမကောင်းတဲ့မြန်မာနိုင်ငံပါလား။
Maung Nyein ပြောတာအမှန်တွေပါ။စိတ်ပျက်စရာအင်မတန်ကောင်းတဲ့၊ကိုယ့်
အကျိုး၊ကိုယ့်အဖွဲ့အစည်းအကျိုးအတွက်တိုင်းပြည်နဲ့လူမျိုးမျက်နှာကိုကျောခိုင်း
တဲ့သူတွေဘဲခေါင်းဆောင်တင်ထားခဲ့တယ်။အသိစိတ်ဓါတ်ရှိလို့မှန်မှန်ကန်ကန်
လုပ်မဲ့သူကိုလဲဝိုင်းပြီးတွယ်ကြတယ်။ကံမကောင်းတဲ့မြန်မာနိုင်ငံပါလား။
Post a Comment