လူထုဟောပြောပွဲသို့လာရောက်ရန် စာရင်းပေးထားသည့် ဆိုင်ကယ်အစီးရေ ၆ သောင်းကျော်ရှိသည်

လူထုဟောပြောပွဲကို တဖွဲ့ လာရောက်နေသူများ
မော်လမြိုင်၊ မတ်လ ၁၁၊ နံနက် ၈နာရီ ၄၅ မိနစ်

ယနေ့နံနက် ဒေါ်အောင်ဆန်းစုကြည် လူထုဟောပြောပွဲ ပြုလုပ်မည့် ၆ မိုင်ကျေးရွာ ဘောလုံးကွင်းသို့ လူထုပရိသတ် သွားရောက်နေပြီဖြစ်သည်။ လူထုဟောပြောပွဲသို့လာရောက်ရန် စာရင်းပေးထားသည့် ဆိုင်ကယ်အစီးရေ ၆ သောင်းကျော်ရှိသည်ဟု မော်လမြိုင် မြို့ အန်အယ်လ်ဒီမှ တာဝန်ရှိသူတဦးက ၀ိုင်ပီအိုင်သို့ပြောသည်။
ယခုလူထုဟောပြောပွဲ နားထောင်ရန် ဘုရားသုံးဆူမှလာရောက်သူ အများအပြားရှိသည်ဟုလည်း ၎င်းတာဝန်ရှိသူကပြောသည်။
မော်လမြိုင်မြို့ထဲမှ လူထုဟောပြောကွင်းသို့ အခမဲ့ ပို့ဆောင်ပေးသည့်ကားများ လည်း အများအပြားရှိသည်ဟု သိရသည်။ လူထုဟောပြောပွဲကို နံနက် ၉နာရီဝန်းကျင်တွင် စတင်မည်ဟု ခန့်မှန်းရသည်။ ယခုအခါ ကွင်းထဲလူပရိသတ်အများအပြား ရောက်ရှိနေပြီဖြစ်သည်။
YPI
လူထုဟောပြောပွဲသို့လာရောက်ရန် စာရင်းပေးထားသည့် ဆိုင်ကယ်အစီးရေ ၆ သောင်းကျော်ရှိသည် လူထုဟောပြောပွဲသို့လာရောက်ရန် စာရင်းပေးထားသည့် ဆိုင်ကယ်အစီးရေ ၆ သောင်းကျော်ရှိသည် Reviewed by သစ်ထူးလွင် on 08:58 Rating: 5

10 comments:

tapaungthi said...

တို့လည်း လိုက်ချင်လိုက်တာ..။ အားပါလာပြီ ..။

wynnaung said...

၆ မိုင်လောက်တော့ မော်လမြိုင် ပြည်သူတွေ မ မှုပေါင်

zzmyoe said...

ဂုဏ်ယူပါတယ် ရွှေမြိုင်သားတို့ရေ။

ကျော်ထိုက် said...

ကားလှူတယ့် သူတွေ ကို ချီးကျူးပါတယ်ဗျာ...တကယ်ပါ...

nwenwe said...

မြို့ ရွှေမြိုင်ကိုလည်း ဂုဏ်ယူပါတယ် ။ ဘယ်မြို့ နယ် ဘယ်တိုင်းမှ မညံ့ပါဘူး ............တတိုင်းပြည်လုံး သောင်းသောင်းဖြဖြကြိုဆိုကြတာ ၀မ်းသာလို့ မဆုံးနိုင်အောင်ပါဘဲ ။ အမြန်ဆုံးပျော်ရွှင်စွာနဲ့ အောင်မြင်ပါစေ........................

Apple said...

Congratulations for my native town ....:)

har said...

အမေ..သားလည်းသူတိုလို..အမေကိုကြိုချင်လိုက်တာ

Anonymous said...

အခြားမြို.တွေထက်အများကြီး ပိုစနစ်ကျ တာတွေ.၇တယ်။

Violin Angle said...

မော်လမြိုင်တောင်ပြန်ချင်သွားပြီကွာ ဒို့မော်ရွှေမြိုင်ကလူတွေစည်းကမ်းရှိကြတယ်

007747 said...

This is real mon state.
Thanks so much for all of you.
pls carry this force till totally success.

Powered by Blogger.