လူထုဟောပြောပွဲကို တဖွဲ့ လာရောက်နေသူများ မော်လမြိုင်၊ မတ်လ ၁၁၊ နံနက် ၈နာရီ ၄၅ မိနစ် ယနေ့နံနက် ဒေါ်အောင်ဆန်းစုကြည် လူထုဟောပြောပွဲ ပြုလုပ်မည့် ၆ မိုင်ကျေးရွာ ဘောလုံးကွင်းသို့ လူထုပရိသတ် သွားရောက်နေပြီဖြစ်သည်။ လူထုဟောပြောပွဲသို့လာရောက်ရန် စာရင်းပေးထားသည့် ဆိုင်ကယ်အစီးရေ ၆ သောင်းကျော်ရှိသည်ဟု မော်လမြိုင် မြို့ အန်အယ်လ်ဒီမှ တာဝန်ရှိသူတဦးက ၀ိုင်ပီအိုင်သို့ပြောသည်။ ယခုလူထုဟောပြောပွဲ နားထောင်ရန် ဘုရားသုံးဆူမှလာရောက်သူ အများအပြားရှိသည်ဟုလည်း ၎င်းတာဝန်ရှိသူကပြောသည်။ မော်လမြိုင်မြို့ထဲမှ လူထုဟောပြောကွင်းသို့ အခမဲ့ ပို့ဆောင်ပေးသည့်ကားများ လည်း အများအပြားရှိသည်ဟု သိရသည်။ လူထုဟောပြောပွဲကို နံနက် ၉နာရီဝန်းကျင်တွင် စတင်မည်ဟု ခန့်မှန်းရသည်။ ယခုအခါ ကွင်းထဲလူပရိသတ်အများအပြား ရောက်ရှိနေပြီဖြစ်သည်။ YPI
10 comments:
တို့လည်း လိုက်ချင်လိုက်တာ..။ အားပါလာပြီ ..။
၆ မိုင်လောက်တော့ မော်လမြိုင် ပြည်သူတွေ မ မှုပေါင်
ဂုဏ်ယူပါတယ် ရွှေမြိုင်သားတို့ရေ။
ကားလှူတယ့် သူတွေ ကို ချီးကျူးပါတယ်ဗျာ...တကယ်ပါ...
မြို့ ရွှေမြိုင်ကိုလည်း ဂုဏ်ယူပါတယ် ။ ဘယ်မြို့ နယ် ဘယ်တိုင်းမှ မညံ့ပါဘူး ............တတိုင်းပြည်လုံး သောင်းသောင်းဖြဖြကြိုဆိုကြတာ ၀မ်းသာလို့ မဆုံးနိုင်အောင်ပါဘဲ ။ အမြန်ဆုံးပျော်ရွှင်စွာနဲ့ အောင်မြင်ပါစေ........................
Congratulations for my native town ....:)
အမေ..သားလည်းသူတိုလို..အမေကိုကြိုချင်လိုက်တာ
အခြားမြို.တွေထက်အများကြီး ပိုစနစ်ကျ တာတွေ.၇တယ်။
မော်လမြိုင်တောင်ပြန်ချင်သွားပြီကွာ ဒို့မော်ရွှေမြိုင်ကလူတွေစည်းကမ်းရှိကြတယ်
This is real mon state.
Thanks so much for all of you.
pls carry this force till totally success.
Post a Comment