မတ် ၉၊ ရွှေလီ
တတိယ အကြိမ်မြောက် ပြည်နယ်အဆင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွင် နှစ်ဦးနှစ်ဖက် ယုံကြည်မှု တည်ဆောက်နိုင်ရေး အတွက် ကချင်ပြည်နယ်အတွင်း ထိုးစစ် ဆင်နေသည့် အစိုးရတပ်များ ရုတ်သိမ်းပေးရန် ကေအိုင်အို ငြိမ်းချမ်းရေး အဖွဲ့က ဦးဂျီးနောင်က ပြောဆိုသည်။
ကေအိုင်အို ဗဟိုကော်မတီ၏ ငြိမ်းချမ်းရေး ဆွေးနွေးရေး အဖွဲ့ခေါင်းဆောင်က အပစ်အခတ် ရပ်စဲရေးကို အရင် မလုပ်ဘဲ နိုင်ငံရေး ဆွေးနွေးပွဲကို ဆွေးနွေးလိုခြင်းမှာ ယခင် တပ်မတော် အစိုးရလက်ထက် ၁၉၉၄ ခုနှစ် ဖေဖော်ဝါရီလ ၂၄ ရက်နေ့ကပင် နိုင်ငံတော် အစိုးရနှင့် အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် စာချုပ်ကို လက်မှတ်ရေးထိုး ခဲ့သော်လည်း နိုင်ငံရေး ဆွေးနွေးမှု လုံးဝ မပြုလုပ်နိုင် ခဲ့ကြောင်း၊ ယခင် တပ်မတော်အစိုးရ လက်ထက်တွင် နိုင်ငံရေး ဆွေးနွေးပိုင်ခွင့် မရှိသဖြင့် နောင်တက်လာမည့် အစိုးရသစ်နှင့်သာ ဆွေးနွေးပါဟု ပြောကြားခဲ့ကြောင်၊း ၂၀၁၁ ခုနှစ်တွင် တိုက်ပွဲများ စတင် ဖြစ်ပွားလာရာ ယခင် အတွေ့အကြုံများကြောင့် အပစ်အခတ် ရပ်စဲခြင်း မပြုလိုသေးပဲ နိုင်ငံရေး ဆွေးနွေးမှုကို အရင် ဆောင်ရွက်လိုကြောင်း ရှင်းလင်း တင်ပြသည်။
နှစ်ဦးနှစ်ဖက်ကြား အပစ်အခတ် ရပ်စဲရေး သဘောတူစာချုပ် မချုပ်နိုင်သေးသ၍ တပ်များ ရုတ်သိမ်းရန် မဖြစ်နိုင် သေးဟု ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး အဖွဲ့ခေါင်းဆောင် ဦးအောင်သောင်းက ပြောသည်။
ကေအိုင်အေသို့ ထိုးစစ်ဆင်နေသည့် အစိုးရတပ်များ မဆုတ်သေးသ၍ အပစ်အခတ် ရပ်စဲရေး မဖြစ်နိုင်သေး ကြောင်း အပစ်အခတ် ရပ်စဲရန် တာဝန်မှာ အစိုးရတွင် ရှိကြောင်း ဦးဂျီးနောင်က ဆက်လက် ပြောကြားသည်။
" တပ်တွေ အများကြီး ရှိနေတာ ယုံကြည်မှု မရှိသေးဘူးလို့ ခံစားရတယ် " ဟုလည်း ၎င်းက ဆိုသည်။
" ဇွန်လ ၉ ရက်နေ့ နောက်ပိုင်း အခြေအနေတွေ ထိန်းဖို့ အစိုးရတပ်တွေ များလာတာပါ၊ အပစ်အခတ် ရပ်စဲလိုက်ရင် တပ်တွေ လျော့သွားမယ်၊ တပ်တွေ ရှိနေသမျှတော့ ပြသနာတွေ ဖြစ်နေအုန်းမှာပဲ " ဟု ဦးအောင်သောင်းက ပြောသည်။
အပစ်အခတ် ရပ်စဲမှု တစ်စုံတစ်ရာ မရှိလျှင် တပ်များ ရုတ်သိမ်းပေးရန် မဖြစ်နိုင်ကြောင်း ဦးအောင်သောင်းက ၎င်း၏ ကိုယ်ပိုင်အမြင်ကို ဆွေးနွေးပွဲတွင် ထည့်သွင်း ပြောကြားခဲ့သည်။
တရုတ်နိုင်ငံ ရွှေလီမြို့တွင် မတ်လ ၈ ရက်နေ့မှ ၁၀ ရက်နေ့အထိ ကျင်းပခဲ့သော ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုအဖွဲ့ နှင့် ကချင်လွတ်မြောက်ရေးတပ်မတော် ကေအိုင်အိုတို့အကြား ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွင် သဘောတူညီမှုအချို့ ရရှိခဲ့ကြောင်း The Voice Weekly သတင်းထောက်က သတင်းပေးပို့သည်။
The Voice Weekly

ထိုးစစ် ဆင်နေသည့် တပ်များ ရုတ်သိမ်းပေးရန် ကေအိုင်အို ငြိမ်းချမ်းရေး အဖွဲ့က တောင်းဆို
Reviewed by သစ်ထူးလွင်
on
18:53
Rating:
5 comments:
တတိယ အကြိမ်မြောက် ပြည်နယ်အဆင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွင် နှစ်ဦးနှစ်ဖက် ယုံကြည်မှု တည်ဆောက်နိုင်ရေးကို အောင်မြင်စွာနဲ့ အကောင်အထည်ဖော်နိုင်ပါစေ... ကိုယ်ကျိုးအတွက် မကြည့်ဘဲ ပြည်သူလူထုအကျိုးကို ကြည့်ရှုပေးကြပါ... လူမျိုးစွဲ ဒေသစွဲသည့် စိတ်များ မထားဘဲ တစ်စိတ်တစ်ဝမ်းတည်း အေးအတူ ပူအမျှ ဥမကွဲ သိုက်မပျက် စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်နဲ့ အနာဂတ် နိုင်ငံတော်သစ်ကြီးမှာ အုတ်တစ်ချပ် သဲတစ်ပွင့် ပါဝင်ကြပါလို့ ဆန္ဒပြုရင်း... ငြိမ်းချမ်းရေးပန်းခင်းထဲမှာ အတူလျှောက်လှမ်းကြပါစို့...
ုKIA လူကြီးမင်းများခင်ဗျား စစ်အာဏာရှင်ခေါင်းဆောင် အောင်သောင်းတို့ဖက်မှ စစ်တပ်များရုပ်သိမ်းရေး လက်မခံပါက မိမိတို့ဖက်မှလည်း အပြစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးစရာမလိုဟု ကျွန်တော်တို့အနေနဲ့ယုံကြည်ပါသည်။ လက်တွေ့ မပါသော သဘောတူညီမှုများဟာ အဓိပ္ပါယ်မဲ့တဲ့လုပ်ရပ်များသာဖြစ်ပါတယ် သူတို့လိုချင်တာ အသာစီးရမှလုပ်နိုင်မယ်ဆိုရင် ဘယ်သောအခါမှ လိုက်လုပ်ပေးရန်မလိုပါ၊
ချင်းပြည်နယ်တွင်လည်း အစိုးရနဲ့ CNF ငြိမ်းချမ်းရေး
သဘောတူညီမှု စာချုပ်ချုပ်ဆိုပြီးနောက်ပိုင်း
စစ်တပ်များရုတ်သိမ်းပေးမည် ဆိုသော်လည်း
လက်တွေ့တွင် တပ်ရုတ်သိမ်းပေးဖို့ နေနေသာသာ
စစ်တပ်အင်အား အလုံးအရင်းတိုးချဲ့လာရုံမက
ရည်ရွယ်ချက်ရှိရှိနဲ့ စနစ်တကျ ပိုမိုနေရာယူလာ
သည်ကို တွေ့ရပါသည်။ဒါကြောင့် ကလိမ်ကကျစ်
ကျတဲ့ ရာဇ၀င်ရှိထားသော စစ်တပ်နှင့်ပတ်သက်မှုတိုင်းမှာ
ဲ့အယုံမလွယ်မိစေဖို့ သတိချပ်စေချင်ပါသည်။
အမိမြေမှာစစ်မှန်တဲ့ ငြိမ်းချမ်းရေးကိုဖော်ဆောင်ပေးမဲ့
လူ၊အဖွဲ့အစည်းအသီးသီးကို ကြိုဆိုပါသည်။
ကျေးဇူးတင်ပါသည်။
"တရုတ်နိုင်ငံ ရွှေလီမြို့တွင် မတ်လ ၈ ရက်နေ့မှ ၁၀ ရက်နေ့အထိ ကျင်းပခဲ့သော ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုအဖွဲ့ နှင့် ကချင်လွတ်မြောက်ရေးတပ်မတော် ကေအိုင်အိုတို့အကြား ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွင် သဘောတူညီမှုအချို့ ရရှိခဲ့ကြောင်း The Voice Weekly သတင်းထောက်က သတင်းပေးပို့သည်။" တဲ့
ဖတ်ရတဲ့သတင်းထဲမှာ သဘောတူညီမှုအချို့ ဆိုတာကို မတွေ့ရလို့ ဘယ်အကြောင်းရာတွေ သဘောတူညီမှုဖြစ်တယ်ဆိုတာကိုသိချင်ပါတယ်။
ရှုပ်လို့ အဲ့ဒီ့ အောင်သောင်း ကို သာ စနိုက်ပါနဲ့ သာ ချောင်းပစ်သတ်လိုက်....အမျိုး ယုတ်.......အမေစု ကို တောင် လုပ်ကြံတယ့် ကောင် .....ဒီလို လူ သေသွားလို့ ဘယ်သူ မှ မသနာဘူး...လုံးဝ အလျှော့ မပေးပါနဲ့ ..သောက် ကျင့် မကောင်းတယ့် အထဲမှာ ထိပ်ဆုံးကပါတဲ့ ကောင်...အောင်သောင်း...
Post a Comment