လွှတ်တော်မှာသမ္မတဦးသိန်းစိန် မိန့် ခွန်းပြောကြားနေ

"လာမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ အားလုံးဝင်ပါနိုင်ကြစေရေးကို ရည်ရွယ်ပြီး ဒီနှစ်ထဲမှာကို အကျဉ်းသားတွေကို နှစ်ကြိမ် လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့တာပါ။ အစိုးရသစ်သက်တန်း တစ်နှစ်အတွင်းမှာ အကျဉ်းသားပေါင်း ၂၈၀၀၀ ကျော်လွှတ်ပေးခဲ့တာဟာ သမိုင်းကြောင်းကိုပြန်ကြည့်ရင် အများဆုံးဆိုတာကို တွေ့ကြပါလိမ့်မယ်" ဟု သမတ ဦးသိန်းစိန်က မိန့်ခွန်းတွင် ထည့်သွင်းပြောကြား" ပေါ်ပြူလာဂျာနယ်
ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် တတိယပုံမှန်အစည်းအဝေး ၁၇ ရက်မြောက်နေ့ ကျင်းပရာတွင် သမတ ဦးသိန်းစိန် မိန့်ခွန်းပြောကြားနေစဉ်

အစည်းအဝေးသို့ တက်ရောက်လာကြသူများ (ဓါတ်ပုံ-ပေါ်ပြူလာဂျာနယ်)
်ယနေ့နံနက် ၁၀ နာရီအတိတွင် လွတ်တော် အစည်းအဝေးစတင်ပြီး ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင် တက်ရောက်ကြောင်း သတင်းရရှိသည်။ ယနေ့နံနက် ၁၀ နာရီ ၃၀ မိနစ်ခန့်တွင် ပြည်ထောင်စု လွှတ်တော်၌ ပြောကြားမည့် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်၏ မိန့်ခွန်းကို နိုင်ငံပိုင် ရုပ်သံများမှ တိုက်ရိုက် ထုတ်လွှင့်ပေးနေသည်။ နိုင်ငံတော်သမ္မတ၏ မိန့်ခွန်းကို ရုပ်သံမှ တိုက်ရိုက် ထုတ်လွှင့်ခြင်းမှာ ပထမဆုံးအကြိမ် ဖြစ်သည်။
လွှတ်တော်မှာသမ္မတဦးသိန်းစိန် မိန့် ခွန်းပြောကြားနေ လွှတ်တော်မှာသမ္မတဦးသိန်းစိန် မိန့် ခွန်းပြောကြားနေ Reviewed by သစ်ထူးလွင် on 10:49 Rating: 5

14 comments:

mon said...

အခုတော့ မိန့်ခွန်းပြောကြားလို့ပြီးသွားပါပြီ၊ ၀န်ထမ်းတွေအကုန်လုံးလဲ တီဗွီမရှိလို့ ကိုယ့်ရုံးရဲ့စုဝေးခန်းမမှာ မျှော်လင့်ချက်ကြီးမားစွာ သွားနားထောင်ရာကနေ မျက်နှာလေးများညှိုးငယ်စွာနဲ့ ပြန်လာကြပါပြီ၊ အော် ဆင်းရဲသားပြည်သူများအား သနားငဲ့ညှာရမည်လေ၊ ဟုတ်ပေစွ၊ နယ်ဝေးမှာတလတလ လစာလေးများရရင် လှမ်းပို့မဲ့သားသမီးဝန်ထမ်းလေးတွေရဲ့ သိတတ်မှုကို မျှော်ကိုးနေကြတဲ့ မိဘတွေ ခဏစောင့်ကြပါဦးနော် သားသမီးတို့ အချိန်ပိုင်းအလုပ်ကလေးများရှိရင် ကြိုးစားပြီးလုပ်ပါ့မယ်၊ နေ့ဂျူတီ၊ ညဂျူတီ ရုံးပိတ်ရက်ဂျူတီတွေကလွဲတဲ့အချိန်တွေပေါ့လေ၊ သတင်းထူးကြီးများပါလို့ အရမ်းဝမ်းမြောက်ဝမ်းသာဖြစ်ရပါတယ်၊ ဒီမိုကရေစီသို့ ချီတက်နေသောမြန်မာနိုင်ငံတော်ကြီး ပြောင်းလဲတိုးတက်မှုများကို ညစဉ်ညတိုင်း တီဗွီဖန်သားပြင်၊ သတင်းစာ၊ ဂျာနယ်များမှာသာမက နေရာတိုင်းအချိန်တိုင်း ကြားသိနေရတဲ့အပြင် နိုင်ငံတော်သမ္မတကြီးကိုယ်တိုင်မှလဲ အခုလိုထုတ်ဖော်ပြောကြားတဲ့အတွက် ဟိုဘက်နားကပြည့်ပြီး ဒီဘက်နားကပြန်ထွက်သွားပါပြီ၊ ကွန်ကရက်ကျူလေးရှင်း မြန်မာနိုင်ငံတော်ကြီးရေ၊ ၀န်ထမ်းတွေအကုန်လုံးကတော့ တော်တော်လေးစိတ်အားတက်ကြွသွားကြပါပြီ၊

naypitaw thar said...

သင့် တော်တဲ့ အချိန်မှာ သင့် တော်သော လစာတိုးပေးမယ်တဲ့ .......

thura kyaw said...

အခြေအနေသင့်မှ ဆိုတဲ့စကားနဲ့ ၀န်ထမ်းတွေကို နှစ်သိမ့်လိုက်ပြန်ပြီ

thura kyaw said...

ဝန်ထမ်းတစ်ယောက်အနေနဲ့ အရမ်းခံစားရတယ်ဗျာ။ အိမ်နီးချင်းသူများနိုင်ငံတွေ သွားကြည့်ပါအုန်း။ မ၀ရေစာနဲ့ကျွန်တော်တို့ တာဝန်ထမ်းဆောင်လာခဲ့ရတာကို လုံးဝငဲ့ကွက်မှုမရှိဘူး။ good governance၊ clean Goverment တဲ့။ အပိုတွေမပြောပါနဲ့ဗျာ။ ခင်ဗျားတို့အကြွေးတင်တာတွေသာ ပြောနေတာ၊ အစကတည်းကမရှိရင် နေပြည်တော်ကြီးဘာလို့ တည်သေးလဲ၊ ပြီးတော့ ပြန်တမ်းဝင်နဲ့အထက် အရာရှိတွေ လစာကို မတရားပေးထားတယ်၊ အခြေခံ ၀န်ထမ်းတွေ လစာကျတော့ ကလေးမုန့်ဘိုးလောက် ပေးထားတယ်၊ အောက်ခြေ၀န်ထမ်း တွေရဲ့ ဘ၀ကို ကိုယ်ချင်းစာပါအုန်း သမ္မတကြီးရယ်။

naymin said...

ကဲ...ပြည်သူအပေါင်းတို့နှင့် နိုင်ငံရေးလှုပ်ရှားသူအားလုံးခင်ဗျာ...အပြောရွှေမန်း သူနောင်တော်တရုတ်ကြီးများဆီက ပြန်လာအပြီးတွင် လွှတ်တော်လည်း ရုတ်တရက်ရပ်နားထားပြီး သမ္မတကြီးလည်း မိန့်ခွန်းပြောကြားသလို စစ်ဗိုလ်ရှုပ်မှုးကြီးလည်း လွှတ်တော်ကို တက်လာခဲ့ပါပြီ...အမေစုကိုပဲ အာရုံစိုက်နေကြတဲ့အတွက် သတိပေးလိုက်ရခြင်းဖြစ်ပါတယ်....

ko naing said...

နိုင်ငံတော်သမ္မတကြီးကတော့တိုင်းပြည်နှင့်ပြည်သူလူထု ကောင်းစားရေး
အတွက်အရိုးကြေကြေ အရေခမ်းခမ်း အသက်တောင်စွန့် ပြီးလုပ်ပါ့မယ်တဲ့
အောက်က အစိုးရလူကြီးမင်းများကတော့ တိုင်းပြည်ဘဏ္ဍာငွေတွေကို ကိုယ့်အိတ်ထောင်ထဲရောက်ရေး တဆုံး နှိုက်နေတာ နားရွက်တွေတောင် ရွှံပေနေပြီ

MasterMyanmar said...

သူခိုး၊ ဓါးပြ၊ ငတို၊ ငရှိုတွေပါ ရောနှောပါဝင်တဲ့ အကျဉ်းသား ၂၈၀၀၀ လွှတ်တာဟာ နိုင်ငံတော်ကို ကူညီရာရောက်သလား၊ ဒုက္ခပေးရာရောက်သလားတော့ ပြည်သူများကသာ ဆုံးဖြတ်ကြပါတော့။ ဘာမှ အပြစ်မရှိတဲ့ နိုင်ငံရေး အကျဉ်းသားတွေ လွှတ်တာတော့ ကြိုဆိုပါတယ်။ ကျန်နေသေးတဲ့လူတွေ အမြန်ဆုံး လွှတ်ပေးပါဦး။ မတရား ထောင်ချတဲ့ (မ)တရားသူကြီးများကိုလည်း သေသေချာချာ ကိုင်ပေးပါဦး။

သက်မောင် said...

အင်း
မိန်းခွန်းကို နားထောင်လိုက်ရပါတယ်...
မူဝါဒတွေ ပြတ်ပြတ်သားပြောလိုက်ပါလားဆိုတဲ့ တိကျသေချာမှုတွေ မတွေ့ရပေဘူး...
သတိရမိသေးတယ်...
ငယ်ငယ်က စာဟောဆရာ ဟောပြောနေသလိုမျိုးဖြစ်နေသလားလို့...
ဒါမှ မဟုတ်လည်း ကျောင်းတုန်းက စကြေနောက်ကြသလိုမျိုး ပါရာဖတ် ဆိုလား...

su said...

ဖရုံဗူး ဖရုံဗူး။ မင်းတို့ ဒီလိုလိမ်လာတာ ကြာနေဘီ။ ဘာမှ မဟုတ်ဘူး ဒေါ်စု ကို လူတွေ အာရုံစိုက်နေတာကို အာရုံလွှဲတာ။ ဒါမျိုး ရိုးနေပြီ မောင်သိန်းစိန်။ မင်း ပညာဆက်သင်ပါအုံး။ ယမမင်းဆီ။

tarteegyi said...

Mr President said that "fuel price getting low" is that true?
Government product gasoline (RON 67) price was up to 3550 mmk/gal from 2500 mmk/gl within this year.
so what he said and actual price is totally opposite.
btw, they (Energy ministries persons)said their price is now international price,
how come with RON 67 gasoline, is it international gasoline?
all over the world Gasoline RON 92 (Researched Octane Number-92)is the lowest octane number gasoline, no country uses RON 67 (which product from MPPE),
even Malaysia public, they compliant their government to sell RON 95 for public use.
here, MPPE product is still RON>70 but price is higher than RON 92 in their countries.
why no one from "Lhuttaw" was discuss about that? they have no idea for that? no knowledge for that? why they are sitting there? for wht?
Fuel price (transportation) is the most important for the country's economy, isn't it?

all bloody lairs or brainless persons, shameless persons

anyway, U Thein Sein is impressive person among them.

ktd said...

နှစ်ပေါင်း(၂၀)လောက်နောက်ကျသွားတယ်။ ဒီလိုမျိုးပြည်သူလူထုအတွက် ဦးစားပေးမှုတွေနဲ့ တင်ပြမှုတွေကို ပြည်သူကို လေးစားသမှုနဲ့ နိုင်ငံတော်အကြီးအကဲတစ်ယောက်က မိန့်ခွန်းပြောမှုတွေ မကြားခဲ့ရတာကြာပေါ့၊ ၊ ၊ man of the year ထိုက်တန်တော့မယ်။ စင်္ကာပူက လီကွမ်ယူ လိုလူစားမျိုးကို ပျင်းသနားတယ်လို့ ဖြစ်အောင် လုပ်သင့်ပါတယ်။

နဂါးမျက်လုံး said...

အကျဉ်းသား ၂၈၀၀၀ လွှတ်တာ.... သမိုင်းတင်နေသေးတယ်....
၂၈၀၀၀ မှာ နိုင်ငံရေး အကျဉ်းသားက ၅% လောက်ပဲပါတာလေ...
သူခိုး လူဆိုး တွေကို နိုင်ငံရေး သမားနဲ့ ရောပြောတာတော့ အတော်ရုပ်ဆိုးပါသည်.....
မိန့်ခွန်းနားထောင်မှ လူလည်ကြီး လူလည်ကျနေတာ ပိုပေါ်လာတယ်...
စကားပြောတာလည်း ဆွဲဆောင်မှု လုံးဝမရှိဘူး.....
စာဖတ်နေတာပဲ.... ဘယ်သူရေးပေးတာလဲ.... ကိုယ့်စကားမှ ဟုတ်ပါလေစ....

ep said...

နားထောင်လို့ ကောင်းတော့ကောင်းတယ် ---- ဒါပေမဲ့ မျက်စိစပ်တယ် -------

Pan Pan said...

အခုအချိန်မှာ သမ္မတကြီးက သမာသမတ်ကျတဲ့ အမှန်အတိုင်းဆောင်ရွက် တဲ့) ကွင်းလယ်ဒိုင်ကြီး နေရာကို ယူထားသင့်ပါပြီ။ မငဲ့သင့်တဲ့ သူတွေကို ငဲ့ယင်းနဲ့  (ငဲ့ယင် ဖိတ် ဆိုတဲ့စကားလို) တိုင်းပြည်အတွက်ထားတဲ့ တကယ့်စေတနာတွေ ဖိတ်ကုန်မှာ စိုးရပါတယ်။ ဖြစ်တတ် ကြုံတတ်
ဖြစ်ဘူး ကြုံဘူးတာတွေမို့  မိန့် ခွန်းမပြောခင်က ပြောခဲ့ လုပ်ခဲ့ ငဲ့ခဲ့ရတဲ့ အနေအထားတွေ နားလည်ပါတယ်။ ဒါပေမယ့် အခုအချိန်က စလို့  သမ္မတကြီးတို့ မှန်ကန်ရတော့မည့်အချိန် ပြတ်သားရတော့မည့်အချိန် အခြေအနေ အရပ်ရပ်ကို သဘောပေါက်ရတော့မည့် အချိန်ကောင်းပါ..လို့ သမ္မတကြီးသမ္မတကြီးရဲ့ အစိုးရအဖွဲ့ ကို အကြံပြု အားပေးပါရစေ...

Powered by Blogger.