ပုသိမ်မြို့  မြို့တော်ခန်းမမှာ သမ္မတဦးသိန်းစိန် မိန့်ခွန်း ပြောမည်

    ပုသိမ်မြို့မှာရောက်ရှိနေတဲ့ သမတကြီးဦးသိန်းစိန် မြီု့တော်ခန်းမမှာ ညနေ 4း00 မှာ
မိန့်ခွန်းပြောမှာဖြစ်ပါတယ်၊Sky Net Up To Date ကနေ တိုက်ရိုက် ထုတ်လွှင့်မည်ဖြစ်ပါတယ်။

ဝန်းထမ်းအားလုံး ၊ကျောင်း သား ကျောင်းသူတွေ မလာမနေရ နေ့လယ် 11း00 နာရီ လမ်းပေါ်မှာ
စောင့်ခိုင်းထားပြီးနေ့လည် 2း00ကျော်မှာရောက် လာခဲ့ပါတယ်။

န.တ.ခ အနောက်တောင်တိုင်းစစ်ဌာနချုပ် ကိုတန်းသွားပါတယ်။
အစည်းဝေးခန်းမမှာနေ့လည် 13း0 နေရာယူခိုင်းထားပြီး 4း00နာရီထိရောက်ရှိလာခြင်းမရှိသေး
ကြောင်းသတင်းရရှိပါတယ်။
Myanmar News Now
ပုသိမ်မြို့  မြို့တော်ခန်းမမှာ သမ္မတဦးသိန်းစိန် မိန့်ခွန်း ပြောမည် ပုသိမ်မြို့  မြို့တော်ခန်းမမှာ သမ္မတဦးသိန်းစိန် မိန့်ခွန်း ပြောမည် Reviewed by သစ်ထူးလွင် on 18:11 Rating: 5

24 comments:

Anonymous said...

အချိန်လေးစားသောသမ္မတကြီး.....

Van said...

ဟဟ ကိုယ်တိုင်စည်းရုံးရေးဆင်းနေတာလား
အချိန်မလေးစားတာနဲ့ သူများတွေ
အချိန်ကို ခိုးယူသလိုဖြစ်နေပြီ

ေ၇ာသမမွှေ said...

သမ္မတ လဲ အကြောက်တ၇ား တွေပြည့်နေတော့စိတ်သွားတိုင်း ကိုယ် မပါနိုင်ဘူးလေ ပြီးတော့မိန့်ခွန်းပြောနေကြမဟုတ်တော့ ချေးငွေတွေကို ချဲးမထိုးကျြနဲ့တော့ ပြောမိမှာစိုးလို့ အချိန်ယူပြီ စိတ်တည်အောင် လုပ်နေတာပါ

Anonymous said...

နိုင်ငံတော်သမတကြီးဦးသိန်းစိန်းက(သမတ)
၇ာထူးတာ၇ထားတာ ဘာမှလုပ်ပိုင်ခွင့်၇ှိမယ်မထင်
ဘူး၊ သူမှာ ပြည်သူတွေအတွက်ဆန္ဒ၇ှိပေမဲ့လဲလုပ်
ချင်တိုင်းလုပ်မ၇ဖြစ်နေတယ်ထင်တယ်သူပြောမဲ့မိန့်
ခွန်အတွက်စစ်ဌာနချုပ်မှာသွားပီးအစီ၇င်ခံစာတင်၇
သေးလားမသိဘူးနော် သူကိုစောင့်ကြိုနေ၇တဲ့ပြည်
သူတွေလဲသနားပါတယ်။

ဗိုလ်ဖြူ said...

ကိုမင်းထက်သာရေ သမ္မတကြီးရဲ့ ကား ကလမ်းမှာဓါတ်ဆီကုန်သွားလို့ဖြစ်ပါလိမ့်မယ်....ဟဲဟဲဟဲ

shweminthar said...

အဲဒါသမတအပြစ်မဟုတ်ဘူး။စောက်သုံးမကျ ဦးနှောက်မရှိတဲ့အောက်က အုပ်ချုပ်တဲ့သူတွေပဲ။ခေတ်အဆက်ဆက်ကလဲဒီလိုပဲလေ။အချိန်ကို မလိုအပ်ပဲအကျိုးမဲ့သုံးတာတွေ။မျက်နှာလိုမျက်နှာရလုပ်တာတွေ ......
ကြားက ပြည်သုတွေပဲ ခံရတာ။ပြင်သင့်တာတော့ကြာပ်ါပြီ။ဒါပေမဲ့..ရုံခါသလိုရှင်းထုတ်မှရတော့မှာပါ။

Sandi said...

နှစ်ပေါင်း(၅၀)အတွင်း “မိဘပြည်သူ” လို့ ခေါ်တဲ့၊
ပထမဆုံး သမတ ဖြစ်ပါတယ်။ မိဘပြည်သူတွေကို
ရိုသေလေးစားသောအားဖြင့်၊ စောင့်ခိုင်းထားတာပါ။
သာဓုခေါ်ကြပါ။

ep said...

ဟုတ်တယ် -- သိန်းစိန်က ဘောင်းဘီချွတ်ဆိုတော့ နတခ တိုင်းမှူးဆီ သတင်းဝင်ပို့ရတာပါ !!!!!!!!!!

The Nature Myanmar said...

သူလည်း ငြိမ်းချမ်းရေး နိုဘယ်ဆုရှင်၊ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အားကျလို့လားမှ မသိတာ...ကြိုစေချင်ရင် ပြည်သူကို ချစ်တတ်မှရမယ်လေ...
တောင်းယူလို့ ရတာမျိုးမဟုတ်ဘူး...
ပြည်သူကို သားကောင်လို မြင်နေလို့ကတော့...ဘယ်တော့မှ မအောင်မြင်ဘူးမှတ်...
ပြည်သူတွေကို မိဘလို သဘောထားတတ်အောင် အောက်ခြေကလူတွေကို ကောင်းကောင်းဆုံးမပေးဖို့က ပထမ ဦးစားပေးဘဲ...မြို့နယ် နဲ့ ရပ်ကွက်၊ ကျေးရွာ လူကြီးတွေကို ဦးတည်ပြီး...ဒီမိုကရေစီကို အာမခံတဲ့ သဘောတရားတွေကို လေ့ကျင့်ပေးရမယ်...မျိုးဆက်သစ်တွေနဲ့ အစားထိုးရမယ်...အရင်လူတွေကတော့ ခွေးအိုကို လက်ပေးသင်လည်း တတ်မှာမှ မဟုတ်တော့တာ...

Doctor said...

သမ္မတကြီးက ပိုက်ဆံချေးငွေတွေပေးပြီး....
ခင်ဗျားတို့လိုအပ်တာကျုပ်တို့ကကူညီတယ်နော်...
ကျုပ်တို့လိုချင်တာကောခင်ဗျားတို့သိတယ်မလား...
သဘောပေါက်တယ်နော်...လို့ပြောခဲ့တာဘယ်မြို့မှာလဲဗျ။
ဘယ်ပါတီအတွက်မဲဆွယ်သွားတာလဲ။
သိတဲ့သူများတင်ပေးပါအုံး။

အမြင်သစ် said...

သမ္မတကြီးက စက်ရုပ်လူသားကြီးပါ။ နှလုံးခုံစက်တောင် တပ်ထားရတာသာကြည့်တော့။ မိန့်ခွန်းပြောတုန်းက အကြံပေးတွေကရေးပေးတယ်၊သူက ၏သည် မရွေးဖတ်သွားတယ် ၊ ဒါဘဲ....
ဖတ်ပြသွားတဲ့စကားလုံးလေးတွေကတော့လှပါတယ်။
ဘာတဲ့ ... မိဘပြည်သူများတဲ့ ၊ သေနတ်နဲ့ လက်တော့နဲ့ လဲပေး
မယ်တဲ့၊သူခိုးတွေရောဂျပိုးတွေကောရောပီး နှစ်သောင်းကျော်
လောက်လွှတ်ပေးခဲ့တယ်တဲ့၊ကျွန်တော်တို့ကို မယုံကြည်တဲ့သူ
တွေတော်တော်များနေသေးတယ်တဲ့၊ရွေးကောက်ပွဲမျှတရမယ်တဲ့၊ ....အပြောကတော့ (လွှတ်တော်ဥက္ကဌ) ဘဲ ...........

မန္တလေးသား said...

ကိုယ်ကိုတိုင်တောင်မှ သူများရဲ့ အခိုင်းခံဘဝကနေလွတ်အောင်လုပ်ပါဦး ငပိန်းသိန်းစိန်ရယ်....

ယောမြေမှကိုရီးယား said...

အခု လို ကျောင်းသားတွေ ပြည်သူတွေကို မလာမနေရဆိုတာက ဗျို ရိုအာဏာလား ဒီမိုကရေစီ အာဏာလားဗျာ အင်း စစ်အုပ်ချုပ်ရေးက မလွတ်မြောက်သေးပါလားနော် အေးပေါ့လေ လောလောဆယ် ငွေ၂ထောင်ရလဲ ကောင်းတာပေါ့ ငွေယူပြီး NLD မဲပေးရင်တော့ ဟင်း..........သူတို့တွေ မြင်ယောင်သေးတယ်

tkm said...

မိုက်တယ်ကွာ..မလာမနေရလို့ဆင့်ခေါ်ရတာလားဟ..
NLDကတော့..ဆင့်ခေါ်စရာမလိုဘူးဟေ့..
အဲဒါတာကြည့်ပေတော့နော်.ဘယ်လောက်ထောက်ခံလဲဆိုတာ

ပုဂံစစ်သည် said...

သမ္မတကြီးအလုပ်တွေများနေလို့ပါ။
စိတ်မရှိကြပါနဲ့၊ NLD ကိုဘယ်လိုပိတ်ရမယ်၊ ဖြုတ်ရမယ်၊ ဆွဲချရမယ်ဆိုတာ တိုင်ပင်နေလို့နောက်ကျသွားတာပါ၊

AungGyi said...

အထက်က comment ရေးသူများအားလုံး သိစေရန်........ အကောင်းမြင်တဲ့ စိတ်နဲ့ ကြည့်စေချင်ပါတယ်... NLD ကရော .......... ?

Zaw Moe said...

ဝန်ထမ်းတွေကတော့ဝဋ်ရှိသရွေ.ခံပေအုန်းတော့ သူ့ပါတီကိုမဲပေးနေသမျှတော့ဒါမျိုးတွေအကြိမ်ကြိမ်အခါခါတွေ.ရမှာဘဲ စဉ်းစားကြ ပေတော့ ၀န်ထမ်းတွေ အရာရှိတွေ ရေ့

ပုသိမ်သား...ဆင်မ said...

ဘာလာလုပ်မှာလည်း သမ္မတချီး၇ယ်..လာညာမလို့ လား..

change said...

AungGyi, what are you?

ဘုတလင်သားလေး said...

အော်...လက်စသတ်တော့ ဒို့ပြည်သူ့သမတ္တကြီး အာမှားပြန်ပြီ အဲလေ ကြံ့ဖွတ်သမတ္တကြီးကိုယ်တိုင် မဲဆွယ်စည်းရုံးရေးဆင်းနေတာပေါ့...ဟားဟား သမတ္တကြီးလာမှာကိုတောင် တစ်အိမ်တစ်ယောက်ဆင့်ခေါ်ရတာတဲ့လား...အင်း ဒါလဲ မထူးဆန်းပါဘူး....ဒီပုတ်ထဲက ဒီပဲတွေကြီးပဲလေ

sean said...

ဘာတွေပြောလဲ သိချင်တယ်။။ သိတဲ့သူရှိရင် အမှန်တိုင်း တင်ပေးကြပါ

မျိုးချစ်မြန်မာလူငယ် said...

အထက်က comment ရေးထားတဲ့ AungGyi ကြံ့ဖွတ်မဟုတ်ရင်၊ ဂဠုန်ဦးစော နဲ့ အမျိုးတော်မယ်ထင်တယ်။ ၁၀၀၊ ၁ယောက် ကတော့ ဖေါက်တာပဲ။ သြော်... မြန်မာတွေ၊ မြန်မာတွေ ခုထက်ထိ မညီညွတ်ကြသေးပါလား...။
ဒါကြောင့်လဲ လူရမ်းကား အာဏာရူး တွေထင်တိုင်းကြဲနေတာပေါ့။

မျိုးချစ်မြန်မာလူငယ် said...

ဒီပုပ်ထဲက ဒီပဲပါပဲ။
ငြိမ်းချမ်းရေး နိုဘယ်ဆုရှင်၊ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အားကျလို့လားမှ မသိတာ...ကြိုစေချင်ရင် ပြည်သူကို ချစ်တတ်မှရမယ်လေ...
တောင်းယူလို့ ရတာမျိုးမဟုတ်ဘူး...မလာနေရဆိုတဲ့ အာဏာမျိုးနဲ့ ခိုင်းစေတာတောင် အမေစု ကိုထောက်ခံတဲ့ လူထုကို မမှီပါဘူးကွာ။
အမေစုလို ပြည်သူအများရဲ့ မေတ္တာကို ရဖို့ ၁၀သက်တောင် ဖြစ်မှာမဟုတ်ဘူး၊
"ခင်ဗျားတို့လိုအပ်တာကျုပ်တို့ကကူညီတယ်နော်...
ကျုပ်တို့လိုချင်တာကော ခင်ဗျားတို့သိတယ်မလား..."
ဆိုတဲ့ အပေးအယူတွေက ခေါင်းဆောင်ကောင်း၁ယောက်တဲ့ အပြောဖြစ်မနေရဘူးကွ။

zaw 1975 said...

သမတကြီးပြောသွားတာကတော့...ကြားဖြက်ရွေးကောက်ပွဲဟာမိမိတို့အစိုးရလက်ထက်ပထမဆုံးကျင်းပတာဖြစ်ကြာင်း၊ သန့်ရှင်း တရားမျှတအောင် သက်ဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းအားလုံးရွေးကောက် ပွဲကော်မရှင် ကိုငွေအား၊ လူအင်အား ၀ိုင်းဝန်းပန့်ပိုးပေးရမည်ဖြစ်ကြောင်း မိဘပြည် သူတွေလိုချင်တာကို ဖြည့် စည်းပေးဖို့အရေးကြီးကြောင်း ၊ရွေးကောက်ပွဲ အရအရှုံး၊အနိုင်ပေါ်လာလျှင် ကျေကျေနပ်နပ်လက်ခံဖို့လိုကြောင်း၊အဓိက
ထားပြောခဲ့ပါတယ်၊ကြံ့ဖွံ့ကိုယ်စားလှယ်လောင်းဦးအောင်တင်မြင့်နှင့်စကား
ခဏပြောချိန်..ဘာပြောတယ်ဆိုတာမကြားလိုက်ရပေမယ့် ဦးအောင်တင်မြင့်
မျက်နှာမကောင်းတာတွေ့လိုက်ရပါတယ်...ပုသိမ်မြီု့မှာNLD ကိုယ်စားလှယ်လောင်း ဦးဝင်းမြင့်ဟာနိုင်ဖို့သေချာသလောက်ရှိနေသော
ကြောင့် အရှုံးကိုလက်ခံဖို့ ၀န်ကြီးချုပ်သိန်းအောင်ကိုသတိပေးသွားပုံရပါတယ်...

Powered by Blogger.