စိန်အမြောက်အများထွက်ရှိမည့် စိန်တွင်း မြန်မာနိုင်ငံတွင် တွေ့ရှိ

ကရင်ပြည်နယ် မြဝတီမြို့တောင် ဘက် မိုင် ၂ဝအကွာတွင် အဖိုးတန်စိန်အမြောက်အမြား ထွက်ရှိသော စိန်တွင်းတစ်တွင်းကို အမေရိကန်နိုင်ငံ နာဆာမှလွှတ်တင်ထားသော Land Sat7 ဂြိုလ်တုဖြင့် မကြာသေးခင်က  တွေ့ရှိခဲ့သည်ဟု ဒဂုံတက္ကသိုလ် ဘူမိဗေဒဌာနမှ အငြိမ်းစား ပါမောက္ခဦးစိုးသိန်းကပြောသည်။

အဆိုပါစိန်တွင်းရှိရာနေရာသို့ မြဝတီမြို့မှ ကားလမ်းဖြင့် တိုက်ရိုက်ရောက်ရှိနိုင်ပြီး ထိုင်းနိုင်ငံမှ အဆိုပါစိန်တွင်းကို တူးဖော်ခွင့်ရရှိရန် ဆောင်ရွက်နေ ကြောင်း သိရသည်။''ဩစတြေးလျနဲ့တရုတ်လဲ မကြာခင်က တူးကြသေးတယ်။ အောင်မြင်မှု ရှိမရှိတော့ မသိဘူး။ ဂြိုလ်တုက နေကြည့်တော့ စိန်အမြောက် အမြားထွက်နေတယ် ဆိုတာ သေချာတယ်'' ဟု ဦးစိုးသိန်းက ထပ်မံပြောသည်။

 'သတ္တုတွင်း ဝန်ကြီးဌာနအနေနဲ့ကတော့ စိန် တူးခွင့် လျှောက်ထား လာတဲ့ ကုမ္ပဏီတွေ ကိုသတ်မှတ်ချက် စည်းမျဉ်းစည်းကမ်း နဲ့ ညီမညီ အရင်ကြည့်တယ်။ သတ်မှတ်ချက်  စည်းမျဉ်းတွေနဲ့  ညီရင်တော့ လုပ်ပိုင်ခွင့် ပြုမိန့်တွေ ချထားပေးမှာပါ'' ဟု အမှတ်(၂) သတ္တုတွင်း ဝန်ကြီး ဌာနမှ တာဝန်ရှိသူ တစ်ဦးကပြောသည်။''ဩစတြေးလျနဲ့တရုတ်လဲ မကြာခင်က တူးကြသေးတယ်။ အောင်မြင်မှု ရှိမရှိတော့ မသိဘူး။ ဂြိုလ်တုက နေကြည့်တော့ စိန်အမြောက် အမြားထွက်နေတယ် ဆိုတာ သေချာတယ်''

မြန်မာနိုင်ငံတွင် ကျောက်မျက်ရတနာ တန်းဝင်စိန်များကို ၁၉၆ဝပြည့်နှစ်တွင် မိုးမိတ်မြို့နယ်၊ မကျည်း ပင်ကျေးရွာနှင့် မိုးဟောက် ကျေးရွာပတ်ဝန်းကျင်တွင် စတင်တွေ့ရှိရပြီး ၁၉၇၂ခုနှစ်တွင် ရန်ကုန်တက္ကသိုလ် ဘူမိဗေဒဌာနတို့ ပူးပေါင်းရှာ ဖွေရာတွင် စိန်တွေ့ရှိရာ နယ်မြေ အသစ်များ နှစ်စဉ်နှင့်အမျှ တိုးပြီးတွေ့နေရ ကြောင်း သိရသည်။

မြန်မာနိုင်ငံ တနင်္သာရီတိုင်း သိန္ဓောဒေသရှိ စိန်တွင်းသည် တန်ဖိုးကြီး စိန် များနှင့် စိန်အမြောက်အမြားထွက်ရှိသော ဒေသတစ်ခုအဖြစ် ထင်ရှားသည်။ တောင်ငူဒေသ   တွင်လည်း မကြာသေးမီက စိန်တွင်း တစ်တွင်း တွေ့ရှိခဲ့ရာ ၁၄ရတီခန့်  အထိ ရှိသော တန်ဖိုးကြီးစိန်  တစ်ခုလည်း ပါဝင်လာခဲ့ကြောင်း သိရသည်။
ရန်ကုန်တိုင်းမ်
စိန်အမြောက်အများထွက်ရှိမည့် စိန်တွင်း မြန်မာနိုင်ငံတွင် တွေ့ရှိ စိန်အမြောက်အများထွက်ရှိမည့် စိန်တွင်း မြန်မာနိုင်ငံတွင် တွေ့ရှိ Reviewed by သစ်ထူးလွင် on 08:42 Rating: 5

26 comments:

Hintha said...

I would like to request journalists to verify the information through Myanmar Geoscience Society (MGS)or Geology Department of Yangon University before publishing news to public or publish with detailed information to support such claims.

Violin Angle said...

ဒီသယံဇာတတွေလည်းပေါက်ဖော်ကြီးတို့လက်ထဲပါမှာပဲ ဒီလိုတွေလုပ်နေသရွေ့ ဒို့မြန်မာပြည်သူပြည်သားတွေဆင်းရဲတွင်းထဲကထွက်နိုင်မှာမဟုတ်ဘူး

JoeMet said...

ဘူမိဗေဒဘာသာရပ်ဆရာများနှင့် ဂြိုလ်တုဆိုလျှင် Romote Sensing, GIS ဘာသာရပ်လုပ်နေသူဆရာများအား မေးမြန်းစုံစမ်းပြီးမှ ၄င်းအချက်အလက်များတင်သင့်ပါတယ်။ ဒီဘာသာရပ်တွေက သိပ်အဝေးကြီးမဟုတ်ပါဘူး။ တစ်ခါလာလည်း ဒီ Landset 7 ချည်း တွေ့တွေ့နေရလို့ပါ ...။ ဒီဂြိုလ်တုက စိန်ရွှေရှာတဲ့ ဂြိုလ်တုမှမဟုတ်တာ။ မြေမျက်နှာသွင်ပြင်အချက်အလက်ရယူဖို့သာသုံးတာပါ။

Anonymous said...

အမှန်တကယ်ထွက်တယ်ဆိုရင် တိုင်းပြည်အတွက်သိတ်ကောင်းပါတယ်..
ဒီလိုမှမဟုတ် မြေခွေးတွေစားသွားမှာစိုးရိမ်ရပါတယ်..
နည်းပညာတိုးတက်မှုအရ တိကျသေချာစွာ ထွက်ရှိနေတယ်လို့ ယုံကြည်တယ်
နိုင်ငံအတွက် လိုအပ်တဲ့ ပညာရေး၊ ကျန်းမာရေး၊ လူမှုဖူလုံရေးနဲ့ ဖွံ့ ဖြိုးရေး
လုပ်ငန်းများမှာ အသုံးပြုနိုင်ရင် သိတ်ကောင်းမှာဖြစ်ပါတယ်လို့ တင်ပြချင်ပါတယ်..

Unknown said...

I agree with Hintha,,,,
:)

khaingkhaing said...

ချမ်းသာတော့မယ်ဟေ့ ချမ်းသာတော့မယ် သူများနိုင်ငံသားတွေ

စွမ်းရည် said...

စိန်တွင်းကိုတိုင်းတစ်ပါးကလူတွေလက်ထဲမရောက်သွားဖို့ပဲမျှော်လင့်မိပါတယ်

ဖိုးတောက် said...

တကယ့်အဖြစ်မှန်ဆိုရင် ၀မ်းသာစရာပေါ့..... ဒီစိန်တွင်းတွေကို မြန်မာနိုင်ငံသားတွေ ပိုင်ဆိုင်ပါစေကြောင်း ဆုတောင်းပေးလိုက်ပါတယ်..

Tomahawk said...

Those resources belong to native people who live there for many years.
profits & advantages must go for regional development of native people.
ကိုယ်ပိုင်တဲ့မြေကိုကာကွယ်ပါ၊အစိုးရကိုကြောက်စရာမလိုဘူး။
မတရားအလုပ်မခံပါနဲ့။

Myanmar said...

ကိုယ်လုပ်မှ ကိုယ်၇တာပါ။ ကိုယ့်လူမျိုးကို အသိဉာဏ်တုန်းအောင်လုပ်တာဟာ ကိုယ်လူမျိုးကို ပြန်သတ်တာဘဲ။ လူမျိုးတုန်း ဂျီနိုဆိုက်လုပ်တာဘဲ။ ၇ှိသမျှ အခွင့်ေ၇းဟူသမျှကို အမြင်ကျဉ်းမြောင်းစွာ မိသားစုမောင်ပိုင်စီး၇ုံသာမက အချုပ်ခြာအာဏာကိုပါ ဆုံး၇ှုံးနိုင်စေမယ့် အိမ်နီးချင်းနိုင်ငံကို အလွန်အကျွံမှီခိုအားကိုးခဲ့ပါတယ်။ တိုင်းပြည်သယံဇာတတွေကိုလဲ အိမ်နီးချင်းနိုင်ငံက မသိမသာေ၇ာ သိသိသာသာေ၇ာ ခိုးပီးတစ်ဖုံ အနိုင်ကျင့်ပီးတနည်း အနည်းနည်းအဖုံဖုံ ဂုတ်သွေးစုတ်တာခံခဲ့၇ပါတယ်။ တိုင်းပြည်ကို ကာကွယ်၇မယ့် တာဝန်၇ှိတဲ့ စစ်တပ်ဟာလဲ တိုင်းပြည်ကို ကာကွယ်ဘို့ ပျက်ကွက်ခဲ့တယ်။ တိုင်းပြည်ကို မောင်ပိုင်စီးထားတဲ့ အာဏာ၇ှင်တွေကိုသာ အကာကွယ်ပေးနေကြတာ ၇င်နာဘို့ကောင်းလှပါတယ်။

nanda said...

စိမ်စိမ် စိမ် စိမ်နဲ့အသံထွက်တူတာလေးဘဲ ကိုယ့် အိမ်မှာတော့ရှိပါရဲ့ ဒညင်းသီးစားရည်စိမ်

ဘုတလင်သားလေး said...

အင်း အမိမြန်မာမြေကတော့ သယံဇာတပေါင်းစုံထွက်ပေးပါတယ် တာဝန်ကျေပါတယ်...ဒါပေမဲ့ မြန်မာပြည်သူတွေကတော့ နိုင်ငံပေါင်းစုံမှာကျွန်ခံပြီးရင်းကျွန်ခံရင်းပါပဲ...ငယ်ငယ်တုန်းကကြားခဲ့ဖူးတဲ့မြန်မာ့ကျောက်စိမ်းတုန်းကြီးလဲ ဘယ်ပြတိုက်မှာ သိမ်းထားလဲ မသိဘူးနော်....သိတဲ့သူများရှိရင်လဲ ဖြေပေးကြပါဦး....

Unknown said...

မပူကြစမ်းပါနဲ့ကွာ တို့တိုင်းပြည်ကို ငရဲတွင်းထဲကျအောင် တွန်းပို့နေတဲ့ ခွေမျိုးမိဆ္စာတရုတ်တွေ လက်ထဲက ပြေးလို့လွတ်မှာမဟုတ်ပါဘူး......သူတို့အနွှယ်တွေကလဲ တို့နိုင်ငံမှာ ကြီးစိုးနေကြတုန်းလေ........။

Gyawdyi said...

စည်းကမ်းတကျ နဲ့နားလည်တတ်ကျွှမ်းတဲ့ပညာရှင် တွေကိုဆရာတင် အမျိုးသားေ၇းစိတ်ဓတ်ကိုအခြေခံပြီလုပ်ရင်တော့ကောင်းမှာပါ လုပ်နိုင်ပါစေလို့ ဆုတောင်းရမှပဲ၊ ဘာမှမသိတဲ့သူတွေကှိုဆရာတင်ရင်တော့ အမဲသားတုန်းခွေးဝိုင်လျှက်သလိုပြောင်သွားမယ်။ လုပ်ကြပါကောင်းရာကောင်းကြောင် တို့ နိုင်ငံ ဘယ်လောက်ချမ်းသာ တယ် ဘယ်လောက်ပညာတတ်ကြတယ်ဆို လက်မထောင်ချင်ပါပြီ

philosophermgmyathar said...

မင်းတို့ကသာ တိုင်းတပါးသားလက်ထဲမရောက်နဲ့ပြောနေ ..တရုတ်တို့က၀င်
ပြီးလုပ်စားလို့ ကောင်းမှန်းသိတော့ ..ဘာမှမထွက်ဘူး ..အလကား ပဲဆို
ပြီး လေသံလွင့် ပြီး တရုတ်က သူတဦးတည်း ၀ါးနေတာပြီ..တရုတ်က
သိတယ်..ဗမာအစိုးရ ဦးနောက်မ မရှိဘူးဆိုတာ ..လိမ်စားလို့ရတယ်ဆို
တာ တရုတ်က.စောဖေတို့ က နော ကျော တယ် လို့တောင်ပြောလို့ရတယ်
ဗျာ.

pyaponthu said...

ဟုတ်တယ်။တယုတ် က စိန်တွေ့တာတောင် မတွေ့ဘူးပြောမယ်ဆိုတာ ယုံတယ်။သူတို့က မြန်မာအစိုးရ ဦးဏှောက်မရှိ ဘူးဆိုတာ တယုတ်ကြီးတို့က အတွင်းသိ။စကာင်္ပူ မြေကြီးဘာမှ မထွက်ဘူး။ဒါပေမဲ့ ကမ္ဘာ မှာ ချမ်းသာတာ အုပ်ချူပ်သူ ဦးဏှောက်ကောင်းလို့ဆိုတာ ကမ္ဘာကို ကြေညာစရာမလိုဘူး။မြန်မားအစိုးရ ရှက်တတ်သူ လဲသေဘို့တောင်ကောင်းတယ်။ခုထိ တယုတ်ကြီးဘဲ။တယုတ်နဲ့ပတ်သက်တဲ့စီမံကိန်းတွေ အုပ်ချူပ်သူတွေ သတ္တိရှိတယ်ဆို ရပ်လိုက်ပါ။

Thurein said...

I also agree that reporter should verify with concerned departments for more precise information for credibility of the news. Hope quality of the media also improve all along with other sectors development.

ပုဂံစစ်သည် said...

အော်နာဆာနာဆာ ဒီအစိုးရလက်ထက်ပြီးမှ ပြောတာမဟုတ်ဘူး။

Kher Kher said...

ဘူတားကြီးတို့ အန်ထွက်လုနီးပါး ၀ါးမြိုသွားတာတောင်မှ တိုင်းပြည်ကြီးက သယံဇာတတွေ တစ်မျိုးပြီးတစ်မျိုး ထုတ်ပေးပြီး အလှဆင်နေသေးတယ်။ ကောင်းပါလေ့...နောက်ထပ် ၀ါးမြိုမယ့်သူ မပေါ်ဘဲ ပြည်သူ့ အကျိုးပြုစိန်တွေ ဖြစ်ပါစေလို့သာ ဆန္ဒပြုမိရတော့တယ်။

K said...

I am agree with HinTha, Land set satellite alone can not say definitely where the deposits (all gold or diamond ) are exit. Saya please be more professional.

တြိရတနာ said...

ခုချိန်ခါဟာ သယံဇာတတွေ ထုတ်သုံးရမဲ့အချိန်မဟုတ်တော့ဘူး။တခြားတိုင်းပြည်တွေဟာ ခုချိန်မှာ သူတို့တိုင်းပြည်တွင်းဘာရှိတယ်ဆိုတာသိဖို့ပဲကျိုးစားပြီး ဒါမျိုးဘယ်တိုင်းပြည်မှာရှိလဲလို့ ရှာပြီး အဲဒီတိုင်းပြည်နဲ့အကျိုးတူ နည်းပညာကူပြီးထုတ်သုံးတယ်။ အဲဒီတိုင်းပြည်က နည်းပညာကလဲမွဲ၊စီးပွားရေးကလဲမွဲဆိုတော့ အနာဂတ်မှာ သယံဇာတတွေကုန်တဲ့အချိန် ကျွန်ဖြစ်မှာကို မတွေးနှိုင်တော့ဘူး။အဲဒီချိန်မှာ သူတို့တွေက ကိုယ့်စီက ရထားတာတွေကလဲရှိ နည်းပညာရောင်းတာတွေကရ ဇိမ်ခံခွစားနေချိန် ကိုယ်မှာ စားစရာမရှိလို့ သွားတောင်းရတဲ့ သူတောင်းစားဖြစ်သွားနှိုင်တယ်။ ဒီတော့ လူငယ်တွေကို အရည်အချင်းပြည့်မှီအောင်သင်ကြားပြီး ကမ္ဘာအနှံ့ ရှာဖွေစားသောက်ခိုင်းရမယ်။တိုင်းပြည်ကိုလဲ ပြန်ပို့လာအောင် စွမ်းဆောင်ပေးရမယ်။ပြီးရင် အရွယ်ကျလို့ မရုန်းနှိုင်တော့ ကိုယ့်ပြည်မှာ နောက်လူငယ်တွေ သင်ပေးရင်း အေးအေးဆေးဆေး ခေါင်းချနှိုင်ဖို့ ဖန်တီးကြရမှာပါ။

မင်းဟန် said...

အားရစရာကြီးပါလား။တို့နိုင်ငံက တွင်းထွက်တွေက။

Anonymous said...

အဲ့ဒီတွင်းထွက်တွေကြောင့်
တိုင်းပြည်အုပ်ချုပ်တဲ့ခေါင်းဆောင်တွေကော
သူပုန်ခေါင်းဆောင်တွေပါ
အကျင့်ပျက်နေခဲ့ကြတာ..
တိုင်းပြည်ကပြည်သူတွေကို
ပညာတက်တွေမမွေးချင်ဘူး။
တိုင်းပြည်တိုးတက်မှာစိုးရိမ်နေကြတယ်။
အလုပ်မလုပ်ချင်ကြဘူး။
အချောင်စားပြီးအချောင်ရဖို့
အာဏာကိုဖက်တွယ်နေလိုက်ကြတာ
ဒီတွင်းထွက်တွေကြောင့်သူတို့တွေ
သက်ဆိုးရှည်နေကြတာ
ကမ္ဘာကစီးပွါးရေးပိတ်ဆို့ထားတာ
အလကားမဟုတ်ဘူး။
သူတို့တွေပါစားစရာမရှိရင်
အမြန်ပြုပြင်ပြောင်းလဲ
လာစေဖို့အေ၇းယူခဲ့ပေမဲ့
သူတို့ကမဖြုံပါဘူး။ထွက်သမျှထွင်းထွက်
သူတို့ဆယ်သက်စားမကုန်လို့လေ။
မြန်မာပြည်ဒီမိုကရေစီနဲ့ဝေးနေတာ

ကိုယ်တော်ချော said...

တို့နိုင်ငံမြေကြီးကလည်း ထုလေမာလေ ငါးဖယ် ပဲနော် ဘယ်လောက်ဖော်စား ဖော်စားကုန်တယ်လို့ကို မရှိဘူး ဒါတောင်တို့မြန်မာနိုင်ငံ က အဆင်းရဲဆုံးနိုင်ငံတွေ ထဲပါနေတာ အံ့ရော အံ့ရော

quail said...

သူငယ်ချင်းရေ စာရင်းပျောက်တွေပါကွာ စာရင်းပျောက် တရုတ်ပြည်က ဦးသန်းရွှေ နန်းတော်ကြီးမှာ လမ်းခင်းဖို့လိုလို့ပါတဲ့ကွာ ပိုရင်တော့ ပေးပါ့မယ်တဲ့ ကတိပေးသွားတယ်ကွ ဟီး ဟီး

unknown said...

i love Daw Aung San Su Kyi

Powered by Blogger.