မတ်လ ၂၅ ရက်၊ ၂၀၁၂ ခုနှစ် (YPI) ကျော်သူရမျိုး
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီအနေနှင့် စစ်တက္ကသိုလ်နှင့် စစ်သင်တန်းကျောင်း အများအပြားရှိသော ပြင်ဦးလွင်မြို့မဲဆန္ဒနယ်ရှိတပ်တွင်း/တပ်နယ်မဲရုံများအတွက် မဲရုံကိုယ်စားလှယ်၊ အကူ ကိုယ်စားလှယ်များ ထားရှိမည်မဟုတ်ကြောင်း ယင်းပါတီ၏ ပြင်ဦးလွင်မြို့နယ်အတွင်းရေးမှူး ဦးကျော်ကျော်မိုးက YPI သို့ အတည်ပြု ပြောကြားသည်။
“ပြင်ဦးလွင်မဲဆန္ဒနယ်မှာ တပ်နယ်မဲရုံ(၁၄)ရုံရှိတယ်။ အဲဒီမဲရုံတွေမှာတော့ ကိုယ်စားလှယ်တွေမထားတော့ပါဘူး။ ကျန်တဲ့မဲရုံတွေမှာတော့အပြည့်အ၀ထားသွားမှာပါ။ တပ်နယ်မဲရုံတွေမှာ ကိုယ်စားလှယ်ထားလို့မရတာတော့ မဟုတ်ပါဘူး။ တပ်တွင်းကိစ္စဖြစ်လို့ ပါတီကမ၀င်တော့တာပါ။ စစ်တပ်ကလည်း မထားနဲ့လို့ ကန့်သတ်ထားတာမရှိပါဘူး“ဟု ၎င်းက ဆက်လက်ပြောဆိုသည်။
အဆိုပါ ပြင်ဦးလွင်မဲဆန္ဒနယ်မြေရှိ မဲရုံ(၁၉၈)ရုံတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ
မဲရုံကိုယ်စားလှယ်နှင့်အကူ ကိုယ်စားလှယ်များ အပြည့်အ၀ထားရှိမည်ဖြစ်ကြောင်း ယင်းပါတီထံမှသိရသည်။
“ဥပဒေနဲ့အညီကိုယ်စားလှယ်လောင်းရဲ့အခွင့်အရေးတွေ မဆုံးရှုံးအောင်ကာကွယ်တဲ့သဘောပါ။ တပ်နယ်မဲရုံတွေကို သံသယ ထားတဲ့အနေနဲ့စောင့်ကြည့်တာမဟုတ်ပါဘူး”ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (ပြင်ဦးလွင်) တာဝန်ရှိသူ ဦးမောင်မောင်သွင်က YPI သို့ပြောသည်။
ယင်းပြင်ဦးမြို့နယ်တွင် ရပ်ကွက်ကြီး(၂၁)ခုနှင့် ကျေးရွာအုပ်စုပေါင်း (၃၇)ရွာရှိ၍ မဲပေးနိုင်သည့်လူဦးရေမှာ (၁၃၀၀၀၀)ကျော် ရှိပြီး ၂၀၁၀ ရွေးကောက်ပွဲတွင် ကြံ့ခိုင်ရေးပါတီမှ ဒေါက်တာမြင့်အောင် အနိုင်ရရှိခဲ့သည့်ပါတီဖြစ်သည်။ အဆိုပါ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် မဲဆန္ဒနယ်တွင် အင်အားကြီးပါတီများ ဖြစ်ကြသည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဦးခင်မောင်ဝင်း ( ပြင်ဦးလွင် ခရိုင် ပါတီအတွင်းရေးမှူး) နှင့်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးကျော်သီဟတို့ ၀င်ရောက် ယှဉ်ပြိုင်မည် ဖြစ်သည်။

ပြည်ခိုင်ဖြိုးပါတီ တပ်နယ်မဲရုံများတွင် ကိုယ်စားလှယ်များမထားဟုဆို
Reviewed by သစ်ထူးလွင်
on
17:45
Rating:
6 comments:
ဒါကတော့ တွေးကြည်ရင် သူတို့ မဲအကုန်ရမယ်လို့ တွက်ထားတာ ရှင်းရှင်းလေးပဲလေ။ အိတ်ထောင်ထဲကဖားတွေဆိုတဲ့ သဘောပဲပေါ့။
ဘာကိုယ်စားလှယ်မှထားရန်မလို။ ရာနှုန်းပြည့်ဖွတ်မထည့်ရင် တပ်မှူးတာဝန်
တပ်ကကိုကိုစစ်သားများ...ရာသက်ပန်စိတ်ချမ်းသာရအောင်....အမေ့ယုံလိုက်ပါ။
တပ်မတော်သားတွေနဲ့သူတို့မိသားစုတွေမဲမထည့်ပါနဲ့တော့ သူတို့ကိုယ်စား၂၅% လွှတ်တော်ထဲမှာပါပြီးသားပါ။ တပ်မတော်ရဲ့ဦးဆောင်မှုအခန်းကပါဝင်ရေးဆိုတာ
လဲ၇ပြီးသားဖြစ်၊ ပါတီနိုင်ငံရေးနဲ့လဲကင်းရော တပ်မတော်ရဲ့ဂုဏ်သိက်ခါ တက်တာပေါ့၊ တပ်မတော်ဟာ ဘယ်ပါတီရဲ့လူမှမဖြစ်သင့်ပါ။
နိုင်ငံ့တပ်မတော်ပဲဖြစ်ပါ။ ပြည်သူနဲ့တပ်မတော် ကွဲလို့မဖြစ်ပါ တပ်မတော်ဆိုတာ ပြည်သူ့ရင်နှစ် ပြည်သူချစ် ဖြစ်ဖို့ အရောင်အသွေးကင်း
စေချင်ပါတယ်။
မင်းတို့ဘယ်လိုတွေ လုပ်ထားတယ်ဆိုတာ သဘောပေါက်ပါတယ်။ ဟင်းဟင်း။

Post a Comment