ပေါ်ပေါက်လျှက်ရှိကြောင်း"
၂၀၁၁-၁၂ဘဏ္ဍာရေးနှစ် စာရင်းစစ်ချုပ်ရုံး၏ အစီရင်ခံစာအရ နေပြည်တော်မှာရှိတဲ့
ပညာရေးဝန်ကြီးဌာန ၀န်ကြီးရုံးမှာ ငွေကျပ်သိန်း(၄၀၀)ကျော် စာရင်းကွာဟမှုနှင့်
ငွေကျပ်သိန်း(၈၀၀)ကျော် စာရင်းကွာဟမှု(၂)ခု ဖြစ်နေပါတယ်။
ဒီလိုကွာခြားမှုဟာ ပညာရေးဝန်ကြီးဌာနတစ်ခုလုံးမှာရှိတဲ့ ၀န်ထမ်းတွေရဲ့ ၀န်ထမ်းကောင်းတံဆိပ်ချီးမြှင့်ငွေ တွေနဲ့ အခြားငွေကြေးများဖြစ်ကြောင်း သိရှိရပါတယ်။
ရုံးအဖွဲ့မှူးတွေအနေနဲ့ ၀န်ကြီးတွေ၊ ဒုဝန်ကြီးတွေရဲ့ ကိုယ်ရေးကိုယ်တာသုံးစွဲမှုများအတွက် ကျခံသုံးစွဲထားရတယ်လို့ စာရင်းပြနေ ကြပါတယ်။
ဒီငွေကြေးတွေဟာ ၀န်ထမ်းအားလုံးရဲ့ သက်ဆိုင်တဲ့ ချီးမြှင့်ငွေတွေဖြစ်တဲ့အတွက် ဒီလို အလွဲသုံးစားမှုတွေဟာ မဖြစ်သင့်ပါဘူး။ ဒီကိစ္စကို ဘယ်လိုရှင်းကြမယ်ဆိုတာ စောင့်ကြည့်
ရမှာဖြစ်ပါတယ်။
Myanmar News Now
ဒီလူတွေနဲ့ မြန်မာပြည်ရဲ့ ပညာရေးကြီးကောင်းအောင် လုပ်နိုင်မယ်လို့ထင်သလား? အပိုင်း(၂)
http://www.thithtoolwin.com/2012/03/blog-post_1802.html
ဒီလူတွေနဲ့ မြန်မာပြည်ရဲ့ ပညာရေးကြီးကောင်းအောင် လုပ်နိုင်မယ်လို့ထင်သလား? အပိုင်း(၁)
http://www.thithtoolwin.com/2012/03/blog-post_8396.html
ဒီလူတွေနဲ့ မြန်မာပြည်ရဲ့ ပညာရေးကြီးကောင်းအောင် လုပ်နိုင်မယ်လို့ထင်သလား? အပိုင်း(၃)
Reviewed by သစ်ထူးလွင်
on
09:42
Rating:
14 comments:
ဒီလူတွေနဲ့မြန်မာပြည်ရဲ့ ပညာရေးကြီးကောင်းအောင်
လုပ်နိုင်မယ်လို့ ထင်သလား ?
မေးဘို့လိုသေးလား
မေးခွန်းမှားနေပါသည်
မထင် ရေးချ မထင်..............
ဦအောင်သောင်း အပါအ၀င် လဂ်စား တဲ့ ဝန်ကြီးဟောင်း၊သစ်တွေ ကို အစိုးရ က အရေးယူဖို့ တိုင်းပြည်ကို ချပြဖို့  ပြည်သူ အပေါင်းက ပြင်းပြင်းထန်ထန်တောင်းဆိုဖို့  ဆန္ဒပြုအပ်ပါတယ်
ပညာေ၇းဝန်းကြီး တွေ အငယ်အနှောင်းတို့ နှိုက်ကလပ်တို့ သွား တာလျှောအုံး သတင်းလေးဘာလေးမဖတ်ဘူးလားး ပြည်သူတွေသိကုန်ပြီး မရှက်ဘူးလားယယယယယယယယယယယ
မှတ်ချက်တောင်ရေးချင်စိတ်ကုန်နေပြီ.. နောက်နေ့ပြန်ကြည့်လည်း မတွေ့။ ခက်ပါကလား။လပ်လည်းမထိုးတတ်..။
ဒီလောက် သံယဇာတ ပေါများတဲ့မြန်မာ ပြည်ဆင်းရဲတာ၊အဆမတန် လူတန်းစားကွဲ ပြားတာဟာ အပေါ်က လူတွေ ဘဲ မတရားယူပြီးတအားချမ်းသာကြတာ။အောက်မှာ ဒုက္ခ ရောက်နေကြတဲ့ပြည်သူတွေကို မကြည့်ဘူး။အကောင်းဆုံး က အထက်လူကြီးများအားလုံးကို အနားပေးလိုက်။ပြည်သူတွေ ရွေးကောက်ပါစေ။ဘောင်းဘီချွတ်တွေ အမြန်ဆုံး အနားပေးလိုက်တာ ဟာ အကောင်းဆုံးဘဲ။
ကောင်းမှာပါ စိတ်ညစ်အောင်ကိုကောင်းမှာ... အခုလည်း တော်တော်ကောင်းနေပါပြီ စိတ်ညစ်ဖို့...
စံနစ်တကျနဲ့ ပညာရေးလောက၊ကျောင်းသားလောက၊
တွေကိုဖျက်ဆီးဖို့ ၊တာဝန်ပေးထားတာဖြစ်မယ်။
ခိုးတာတွေ၊စာရိတ္တပျက်ယွင်းတာတွေလောက်ပဲမမြင်ကြပါနဲ့ ။
ရေရှည်မှာတိုင်းပြည်ပျက်မဲ့ ကိစ္စတွေကိုမြင်အောင်ကြည့်ကြပါ။
ဒီလိုပညာရေးအခြေအနေနဲ့ ဒီလူမျိုးတွေဟာ သူများကျွန်ဖြစ်နေပြီ။
ယိုးဒယား၊မလေးရှား၊စင်္ကာပူ မှာမြန်မာလူမျိုးကျွန်တွေအများကြီး။
ဆူနာမီဖြစ်တော့၊ သိန်းစိန် ၀န်ကြီးချုပ်ဘ၀ကပြောခဲ့တဲ့စကားက
“ဒီနိုင်ငံမှာအလုပ်တွေအများကြီးရှိတယ်၊ပြန်လာကြ၊ဆီအုန်းစိုက်ဖို့ ”တဲ့။
မထင်ပါဘူး။
အသက်နဲ.လောင်းကြေးထပ်ရဲတယ်။
ပညာဆိုတာ ကိုယ်ကိုတိုင် တက်သိနားလည်မှ တန်ဖိုးကိုသိတာ။
ကြုံတုန်းပြောလိုက်အုန်းမယ်။
သာစည် ပြည်.သူကိုယ်စားလှယ် 10တန်းမအောင်ဘူး။
ပြည်သူကိုခဏထား၊ လွတ်တော်ထဲက 10တန်းမအောင်တဲ.ကိုယ်စားလှယ်တွေ အရင်တက်အောင်သင်။
ထင်ပါသည်။ မြောင်းထဲရောက်မည်ဟု..
အဲအဲစားရင်းစစ်ချုပ်ရုံးကကော်ယုံကြည်ရတဲ့အထဲပါသလား...ဟင်
ဟုတ်ပ oaksoeaung ရေ ... အဲ့ဒီ့လူတွေကရောယုံကြည်ရတဲ့အထဲပါ
သလားလို့ ... နောက်ပြီးတော့ ဒီစာကိုဒီမှာတင်ဖို့အတွက် ပေးတဲ့
လူကိုယ်တိုင်ကရောဘယ်လောက်များမှန်ကန်နေပြီး၊ ဘယ်လောက်တောင်ယုံ
ကြည်နေရတဲ့အထဲပါလဲလို့မေးလိုက်ချင်ပါသေးတယ် ... အရင်ဝန်ကြီးတွေတုန်းက ဝေစား၊ မျှစားလုပ်ပြီးဗိုက်ဝနေတုန်းကအသံမထွက်
ဘဲယခုများမှ အပြောင်းအလဲတွေဖြစ်လာတော့မှ သူတို့ရနေတဲ့ Quota မရ တော့လို့ဟိုလူ့အပုပ်ချ၊ ဒီလူ့အပုပ်ချလိုက်လုပ်နေတဲ့အတိုင်းပဲ။
ဘယ်ဝန်ကြီးဌာနကများကောင်းတာရှိလို့တုန်း??? သိန်းတွေထောင်
နဲ့သောင်းနဲ့ချီ အခွန်မဆောင်ရတဲ့ မြန်မားစီးပွားရေးဥပိုင်
UMEHL တို့ MEC တို့ကျတော့အသံတွေမထွက်လာဘဲ ဘာမဟုတ်တဲ့
သိန်း ၈၀၀ လောက်မှအသံတွေထွက်လာတာမေးလိုက်ပါချင်သေးတယ်
ဘယ်ဝန်ကြီးဌာနကများကျွန်တော်တို့ပြည်သူတွေအကျိုးကိုကြည့်ပေးတာ
ရှိလဲလို့။ ပညာရေးကမှတော်နေသေးတယ်။ သူတို့ထက်ဆိုးတဲ့
လမ်းတံတားတို့၊ ဆယ်မြောင်းတို့၊ ဥပိုင်တို့၊ ဆက်သွယ်ရေးတို့၊ အကောက်ခွန်တို့က ပြည်သူတွေဆီကနေဂုတ်သွေးစုတ်နေတာကို
မသိဘဲစွတ်စွတ်ပြီးတော့ဝေဖန်ကြသကိုး ... မဟုတ်တန်းတရား
သပုပ်လေလွင့်ချတဲ့လူတွေကြောင့် ပညာရေးကြီးပျက်စီးမှာကိုတွေးကြောက်
မိပါရဲ့ .....
မဟုတ်ရင်ပြန်ချပေါ့(စာရင်းစစ်နဲ့သတင်းသမားကို) ဟုတ်ရင်ပြန်လျှော်ပေါ့
ဟုတ်လျှော်-ထွက်ပေါ့ မရှက်လဲပေကပ်နေပေါ့ အရသာကိုတော့လူတိုင်းကြိုက်
တာပေါ့ လူကလူ့မျိုးဆက်ကိုအဆက်အစဉ်မျိုးချထိမ်းသိမ်းရမယ်ဆိုတာသာမန်
ထက်ပိုတဲ့မျိုးဥပွားသူတွေဖြစ်ရင် ပညာရေးဆိုတာအမျိုးသားရင်သွေးတွေအတွက် မျိုးဆက်အဆင့်မှီတည်တံ့ရေးမရှိမဖြစ်ဆေးဝါးတလက်ဖြစ်ကြောင်းလက်
ခံပြုပြင်လေ--နီးစပ်သူတွေဆုံးမလိုက်ပါ-နှင်တံနဲ့
ရန်ကုန်မြို.တွင်ကျောင်းအပ်ရသည်. အခက်အခဲများ
ကျွန်တော့်အနေဖြင့် လူငယ်များ၏ ပညာရေးကဏ္ဍသည် အခြေခံမှစ၍ အရေးကြီးသည်ဟု ထင်မြင်မိပါသည်။ သို့ဖြစ်ရာ
ကျွန်တော်တို့မြန်မာပြည်တွင်လည်း ပညာရေး ကဏ္ဍတွင် နိုင်ငံတော် အစိုးရအနေဖြင့် ကျောင်းအပ်သည့် အခါတွင်
လာဘ်စားမှုများ မရှိစေရန် အရေးယူနေသည်ဟုကြားသိရသော်လည်း လက်တွေ့တွင်
ကလေးငယ်များကျောင်းစအပ်သည်နှင့် အခက်အခဲများနှင့်ရင်ဆိုင်ရပါတော့သည်။ ကျွန်တော်တို့ မိဘများအနေဖြင့်
မိမိတို့ သားသမီးများကို ပညာတတ်များဖြစ်စေရန်၊ နိုင်ငံတော်အတွက် မျိုးဆက်သစ်
လူတော်လူကောင်းများဖြစ်လာစေရန် ကောင်းစေချင်သောစေတနာများဖြင့်
ကျောင်းကောင်းများတွင် ပညာသင်ကြားစေချင်ခဲ့ပါသည်။ သို့ရာတွင် ကျောင်းများမှာ အဆင့်အတန်းများခွဲ၍ ငွေ
ကြေးတောင်းဆိုမှုများမှာ များလွန်းလှပါသည်။ မိဘများအနေဖြင့် မိမိတို့သားသမီးများ အားအကောင်းဆုံးတွင်သာ ထား
ချင်ကြသည်မှာ သဘာဝဖြစ်ပါသည် သို့ရာတွင် ပညာရေးကိုဗန်းပြ၍ ငွေကြေးတောင်းဆိုမှုများမှာ ဖြစ်သင့်သည်ထက်
လွန်ကဲနေကြပါသည်။ နိုင်ငံတော်မှ ပြည်သူများ အတွက်စဉ်းစား၍ နည်းစနစ်များ ပြောင်းလဲသတ်မှတ်နေပါသော်လည်း
ဤကဲ့သို့ လိုက်နာမှုမရှိပဲ ငွေနောက်တကောက်ကောက်လိုက်ကာ သူတို့ပါးစပ်ထဲမှ ကျောင်းအပ်ခများဖြစ်နေသည်မှာ
အလွန်ကို ဆိုးရွားအကျည်းတန်၍ မိဘများအတွက်လည်း ဒုက္ခ သောကများနှင့်ရင်ဆိုင်နေရပါသည်။ကျွန်တော်ကိုယ်တွေ့အနေဖြင့် တင်ပြရသော်
မိမိကလေးငယ် အား အမည်မဖော်လိုသည့်ကျောင်းကြီးတစ်ကျောင်းတွင်အစစအရာရာ ကလေးအတွက်အဆင်ပြေသဖြင့်
သွားရောက်အပ်နှံခဲ့ပါသည်။ ကျောင်းစအပ်သည်နှင့် တောင်းရမ်းသည့် ငွေကြေးပမာဏမှာ မဖြစ်သင့် မဖြစ်အပ်အောင်ကို
တရားလွန်နေသည်မှာ စာရွက်စာတမ်းကြေးဟူပြီး 50000/-ကျပ်တောင်းပါသည်၊ ပြီးလျှင် ကျောင်းအပ်ခမှာ 10 သိန်း ဟူ၍
တောင်းပါသည်။ ဆရာဆရာမများအနေဖြင့် သဌေးဖြစ်နောက်ကျနေမှာစိုး၍ ပညာရေးနှင့်စီးပွားရှာသည်ဆိုလျှင်လည်း အ
ရှေ့အနောက်လေးတော့ကြည့်၍ ဆန္ဒကို သိက္ခာနှင့် ထိမ်းသင့်သည်ဟုမြင်မိပါသည်။ မိဘများအနေဖြင့်မိမိကလေးကောင်း
စားစေချင်လွန်း၍ ဒုက္ခသောကများကို ခါးစည်းခံ၍ ထားကြရသော်လည်း မပြောပဲမျိုချ၍ ပေးကြရသော်လည်း ဆရာဂုဏ်
သမားဂုဏ်ကိုမထောက် နိုင်ငံတော်၏ ပညာရေးစနစ်ကို ဓါးမြ၊ အနုကြမ်းစီး ပညာရေးစနစ် အဖြစ်အသွင်ဖော်ဆော်နေ
သည်မှာ နိုင်ငံတော်မှ ခေတ်စနစ်များပြောင်း၍ ကမ္ဘာနှင့် ရင်ဘောင်တန်းနိုင်အောင် နိုင်ငံတော် အစိုးရနှင့်တကွ
ပြည်သူပြည်သားများအားလုံးပြုပြင်ပြောင်းလဲနေသည့်အချိန်တွင် မျက်နှာပြောင်တိုက်ပြီး နိုင်ငံ့သိက္ခာချနေကြခြင်းဖြစ်ပါ
သည်။ ပြည်သူများအားဆရာမျက်နှာဖုံးတပ်၍ ဝိသမလောဘဖြင့်ဒုက္ခပေးနေကြခြင်းဖြစ်ပါသည်။ တတ်နိုင်သည့်မိဘများမှာ
များပြားလှသောငွေကြေးအား မတန်မှန်းသိပေမဲ့ ပေးနိုင်ကြသော်လည်း တိုင်းတာရသော မိဘများအတွက်မူ စိတ်သောက
အလွန်များရသည်မှာ မိဘများအားလုံးခံစားမိမည်ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ နိုင်ငံတော်အစိုးရနှင့်တကွ ပြည်သူများအားလုံး
သိသာစေရန်၊ ဝိုင်းဝန်းကာကွယ် ထိမ်းသိန်းပေးနိုင်ကြပါစေရန်…. အကူအညီတောင်းခံတင်ပြရခြင်းဖြစ်ပါသည်ခင်ဗျာ….။
(မှတ်ချက်။ ။ သိက္ခာရှိသော ဆရာဂုဏ်နှင့်ပြည့်စုံသော ဆရာ၊ဆရာမများနှင့် လုံးဝမသက်ဆိုင်ပါ။)
ပညာရေးဖြင့်ခေတ်မှီဖွံ့ဖြိုးတိုးတက်သောနိုင်ငံတော်ကြီးတည်ဆောက်အံ့ဆိုတာဒါလား။။။။။။။
Post a Comment