ညပိုင်းဖုန်းခေါ်ဆိုခကို ထက်ဝက်လျှော့

မြန်မာ့ဆက်သွယ်ရေးမှ မိုဘိုင်းဖုန်းအားလုံး( Macwill ဖုန်းများမပါ) ၏ ညပိုင်းဖုန်းခေါ်ဆိုခကို ထက်ဝက်လျှော့ချလိုက်ပြီဖြစ်ကြောင်းသတင်းရရှိသည်။ ယခုလ ၁၄ရက်မှ စတင်ကာ ည၁၁နာရီ မှ နံနက် ၇နာရီအတွင်း ဖုန်းခေါ်ဆိုခကို တစ်မိနစ်လျှင် ကျပ် ၅၀ မှ ၂၅ ကျပ်သို့ လျှော့ချလိုက်ပြီဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးမှ တာဝန်ရှိသူတစ်ဦးကပြောသည်။
7Day
ညပိုင်းဖုန်းခေါ်ဆိုခကို ထက်ဝက်လျှော့ ညပိုင်းဖုန်းခေါ်ဆိုခကို ထက်ဝက်လျှော့ Reviewed by သစ်ထူးလွင် on 19:20 Rating: 5

35 comments:

252525 said...

50တောင်တော်တော်ပေါနေပြီ25ဆိုso thz ပါ..

သက်မောင် said...

နိုင်ငံတော်တော်များများမှာလည်း ဒီလိုစနစ်လုပ်နေတယ် သိရပါတယ်.. အမှန်တော့ ခေါ်ဆိုခကို ကျပ် ၂၅ လောက်ထိချပြီး ညချိန်ဆက်သွယ်မှုကို ကျပ် ၁၀ လောက်ပဲကောက်သင့်တာပါ...... ဒါဆိုရင် လက်ရှိချမယ့် ဖုန်းဈေးနဲ့အတူ ခေါ်ဆိုခတွေလည်းကျတော့ ခေါ်ဆိုသူများလာပြီး ဆက်သွယ်ေ၇းလည်း ၀င်ငွေ၇ ပြည်သူလည်း အဆင်ပြေ ... တစ်ချက်ခုတ် သုံးချက်လောက်ပြတ်အောင်လုပ်စမ်းပါဗျာ.... ပြည်သူ့အပေါ်က မညှစ်ချင်ကြစမ်းပါနဲ့ စိတ်ကောင်းနည်းနည်းမွေးကြပါဗျာ... ကိုယ့်ဖို့ကိုယ်ပဲ မကြည့်ကြပါနဲ့.....

AyeeSett said...

ကောင်းလိုက်တာ ကွ...ဟားဟား ...ကောင်းတယ် ကောင်းတယ်
ငါ့အိမ်နားက ဇီးကွက်တွေကို ...ဖုန်းငှါးစားလို့ရပြီ ...
နင့်အမေကြီးတော် ...ဒီအချိန်ကြီး နင့်အမေလင်တွေ ဖုန်းထပြောမှာလား...လုပ်ချလိုက်မှဖြင့် ...သောက်တလွဲ
9 to 6 ဆိုရင်တောင် ...လူကြားကောင်းသေးတယ်
လုပ်ကလည်းလုပ်ပြချင် ... ပိုက်ဆံမရမှာလဲ ကြောက်သေးတယ်
ဒီမှာ ဘန်ကောက်မှာလေ... ထက်ဝက်လျော့တာမဟုတ်သေးဘူး အလကားကိုပြောလို့ရတယ် ...
ဘာပဲပြောပြော စိတ်ထားလေးကတော့ကောင်းရှာပါတယ်
သောက်တလွဲလုပ်တာကလွဲလို့

Anonymous said...

no good;;;-- I sleep 10:00 pm and get up at 8:00am .

Anonymous said...

good news, thanks MPT but, တစ်နေ့ လုံးလျော့ချလိုက်တော့ ဘာဖြစ်မှာစိုးလို့ လဲ မြန်မာနိုင်ငံက international မှာတော့ ထူးကို ထူးခြားတယ်နော် . . . သူများနဲ့ မတူတာတွေကို ရွေးလုပ်တတ်တယ် . . .

ktd said...

အိပ်ရေးတွေတော့ ပျက်ကုန်တော့မှာဘဲ မြန်မာပြည်သူတွေ၊
သဘောကောင်းတဲ့ ဆက်သွယ်ရေးဆိုရင် နေ့တွေ/ညတွေ ရွေးမနေပါနဲ့၊
ပြည်သူ့အတွက်ဘဲဟာ ။ ။ ။ တန်းတူရည်တူပေါ့ ။ ။ ။

myo lay said...

လူအိပ်ချိန် ဖြစ်ပြီ ဘယ်သူတွေက ဒီအချိန်ဖုန်း ထဆက်အုံးမှာလဲ ကြည့်ပြီးလဲ လုပ်ပါအုံး မြန်မာ့ဆက်သွယ်ရေး ရယ်နော် ၊ မကောင်းတဲ့ အကျင့်က ခုထိတောင်မပျောက်သေးဘူးနော်၊၊ ပြည်သူတွေဆီက နည်းလမ်းအမျိုးမျိုးနဲ လိမ်စား၊ ညစ်စားနေတာပဲ့ဗျာ၊၊

Thazin said...

သြော် .. အလုပ် ပြီးချိန် ၊နားချိန်မှ ဆိုတော့ ။ တယ်လီးဖုန်းနဲ့ ကြူတဲ့သူတွေ အတွက် ပေါ့နော်

ပုဂံစစ်သည် said...

အော်အော် ချစ်သူရည်းစားတွေတော့ အစဉ်ပြေပြီပေါ့လေ။ လုပ်ငန်းရှင်တွေလဲ ညမှအလုပ်လုပ်ကြပေါ့။

zarni said...

သူငယ်ချင်းတို့ရေ-ညဖက်ကိုမအိပ်ဘဲ ဖုန်းပြောကြရတာပေါ့-ငါတို့နိုင်ငံကတော့ ဒီအတိုင်းဘဲ လုပ်လိုက်ရင်ဘာမှန်းကိုမသိဘူး-

60P said...

နိုင်ငံတိုင်းမှာဒီလို လူအများမသုံးတဲ့အချိန်ကိုပဲဈေးလျှော့ပေးတာပါ..လုပ်ရပ်ပမှန်ပါတယ်..၂၅ကျပ်ဆိုတာလည်းကောင်းပါတယ်..နေ့ခင်း၅၀ဆိုတာလည်းတခြားနိုင်ငံတွေနဲ့ ယှဉ်ရင်အရမ်းတန်နေသေးပါတယ်..ဈေးကြီးတာကဖုန်းကဒ်ဈေးပါ..အစိုးရကိုကညံ့တာပါ...ဖုန်းကဒ်ကိုအလကားပေးပီးဖုန်းခေါ်ခများများကောက်ရမှာပါ..ဒါနိုင်ငံတကာရဲ့ လုပ်နည်းပုံစံပါ..ဒါနဲ့ တင်ဖုန်း၁လုံးကိုပြောခ၁လကို၂၀၀၀၀လောက်ပိုရပီး၁နှစ်ဆိုအခုထုတ်မဲ့၂၀၀၀၀၀တန်ဖုန်းထက်ကိုပိုရနေပါပီ...လုပ်ရမှာကအရင်ကဖုန်းတွေကို၅၀နဲ့ ပေးပြောပီးအခုဖုန်းတွေကို၅၀၀၀နဲ့ ရောင်း၁မိနစ်၁၀၀နဲ့ ပြောရမှာ..ရူးတယ်ဒီလူတွေ...စီးပွားရေဆိုတာရုပ်ထွက်ကောင်းအောင်လုပ်ပေးရမှာ...ပီးမှမနေနိုင်ပဲပြောတဲ့ သူတွေဆီကနေနည်းနည်းစီဆွဲသိမ်းရမှာ...

Kalaw Thar said...

အထွက်ခေါ်ဆိုခပဲဈေးချတာလား

Asia Myanmar said...

ကောင်းပါတယ် ကောင်မလေးနဲ့ များများကျူချင်လို့ ဂွတ်တယ်နော်။

တစ်နာရီ 2 ကျပ်ဆိုရင်တော့ အတိုင်းထက်အလွန်ပေါ့ဂျာ ဟဲ ဟဲးးးးးးးးးးးးးးးးးးးး

Unknown said...

ညမင်းသား ညမင်းသမီးတွေအတွက် သီးသန့်ရှယ် လုပ်ပေးလိုက်တဲ့ အစီအစဉ်လေးပေါ့ဗျာ။ ကောင်းပါ့ ကောင်းပါ့။

rev.khemananda said...

အိပ်ချိန်မှ မဟုတ်ပါဘူး။ ကျန်အချိန်တွေလဲ ဈေးလျှော့(ရှော့)ပေးရင် ပြည်သူတွေအတွက် အများကြီးကောင်းပါတယ်။

sky blue said...

Macwill မဟုတ်ပါ McWiLL ( Multi carrier Wireless information Local Loop) ပါ....အဲဒီ McWiLL (Mobile Internet Phone)ကြတော့ ဘာလို့ ခေါ်ဆိုခမလျှော့ပေးတာလဲ.....

kyawhtetlin said...

ခင်ဗျားတို့ မိုးကောင်းတုန်း ရွာထားဦးပေါ့ဗျာ ကျုပ်ကလဲ့ကျရင် မိုးရော မိုးကြိုးရော ပစ်ချမယ် ခင်ဗျားတို့ကို
ပုံ
(ပြည်သူလူထု)

phomesatpaing said...

ည ၁၁ နာရီ က နံနက် ၇ နာရီထိ ဖုန်းသုံး သူတော်တော်နည်းပုံရတယ်
ပုတ်နေ တဲ့ ငါးကို တစ်ဝက်ဈေးနဲ့ရောင်းသလို များဖြစ်နေမလား
လုပ်ပေးချင် ရင်ဘာမဆို ဖြစ်ပါတယ်၊

Unknown said...

သတင်းကောင်းတော့ ဟုတ်ပါတယ်..ဒါပေမယ့် လျော့ပေးချင်လို့လျော့ပေးတာ မဟုတ်ဘူးလို့ ထင်တယ်.. မသက်သာလို့ဘဲဖြစ်မယ်ထင်တယ်.. ကြိုက်တော့ကြိုက်တယ်..ဒါပေမယ့် မကြိုက်ချင်ဘူှးဗျာ..

မျိုးစင်ဆွေဆက် said...

ဒီတခါတော့ MPT ကို ဗိုလ်ချုပ်ရဲ့  လမ်းညွှန်မိန့် ခွန်းကို လိုက်နာ တတ်လာပြီလို့ ...စောက်တလွဲ ချီးကြူးရမယ်........ဗိုလ်ချုပ်ပြောသလိုပေါ့..ခင်ဗျားတို့  ဒီလိုသာ သွားနေရင် တနေ့  ဖာနိုင်ငံကြီးဖြစ်မယ်ဆိုတာ...ဟုတ်ပါတယ်ခင်ဗျာ ..MPT က ဒီစကားလေး ကို အရမ်းနှစ်သက် ပြီး အလုပ်လက်မဲ့ အလုပ်အကိုင်မယ်မယ်ရရ မရှိ သောမိန်းမငယ်လေးများ၊ ကျောင်းတက်ရင်းကျောင်းစရိတ်လိုနေရှာသော ကျောင်းသူလေးများ၊ အငယ်အမြှောင်လေးများ၊ ညဥ့်ငှက်လေးများ ကြက်ကလေးများ ၊ဖလောင်း ဖလန်းလေးများ၊အငုံးအငန်းလေးများ၊အကိတ်အရိတ်လေးများ၊စပွန်စာရှာနေသော လက်ကိုင်မဲ့ မော်ဒယ်ပေါက်စနိ ပေါက်စနလေးများနှင့် အဘ ဘီးကြဲကြီးများအတွက် အစဉ်ပြေနိုင်စေသော အပုတ်ချိန် အချိန်ကောင်းလေးကိုရည်ရွယ်ချက်ကောင်းမွန်စွာဖြင့် ထိုက်သင့်သောဈေးနှုံးသို့ လျှော့ချ ပေးလိုက်သလိုဖြစ်များနေသလားလို့ ......တကယ်ဆို စေတနာထားမှန်ရင် ဘယ်အချိန်ဆက်ဆက် လျှော့ပေးခြင်တယ်ဆိုရင်ပါ... ၃၅ ကျပ်နှုံးထားပေးလိုက် ....အကုန် လုံးအဆင်ပြေ သွားနိုင်လေမလားဗျာ..............ဟုတ်တယ်မလုပ်လား .... တလွဲတွေ လုပ်နေတာတွေ များပြီနော်...အဲ့ဒီအကျင့်လေးတွေပြင်ကြတော့... အကုန်လုံးမျက်စိပွင့်နားပွင့်တွေဖြစ်နေကြပြီ......

သားငယ်လေး said...

6oPရေ ... တခြားနိုင်ငံကလူတွေလခနဲ့ မြန်မာပြည်ကလူတွေ ရတဲ့ လခလေးလဲ ချိန်ထိုးပြီး ပြောပါဦး။ အမှန်တကယ်ကုန်ကျငွေက တမိနစ်ကို ငါးကျပ်လောက်ပဲ ကျတာပါတဲ့။ အမြတ်သိပ်မတင်ပါဘူးနော်။ :P ပြည်သူတွေမှာတော့ ရေသောက် ဗိုက်မှောက်ပေါ့။

skyboy said...

ဖုန်းခေါ်ခလျှော့တာ အကောင်းဆုံးပဲ! ၁ မိနစ် ၅၀ ဆိုတာ တော်တော်များတယ်! ဖုန်းအလုံးရေ ဒီလောက်များနေတာ! ဖုန်းခေါ်ခ လျှော့သင့်နေတာ ကြာပြီ! ၁ မိနစ် ၁၀၀ ဆိုတာ လုံးဝ မဖြစ်သင့်ဘူး! 6oP ပြောသလိုသာဆိုရင်တော့ ပိုဆိုးကုန်မှာပေါ့!

မောင်ငွေ said...

နေ့ပိုင်းပါ ထပ်လျှော့လိုက်လေ။ သော်တာဆွေ ဒန့်သလွင်သီးရောင်းတာ ကြားဖူးတယ်မို့လား။

Thar Du said...

မှတ်သားစရာပေပဲ ....
ညကြီးအချိန်မတော်မှ ဘယ်လိုစကားမျိုးတွေကိုပြောရမှာပါလိမ့် ...
ကောင်းလိုက်တဲ့ idea တွေပ ...
လူတော်တွေလဲရှိပေသကိုး ...

Anonymous said...

1 min = 15 ks is suitable . Compare with basic staff salary. SINGAPORE L.D.C = 1400 S $ MYANMAR L.D.C = 70 S $ -------

thetpaingoo said...

အော်မြန်မာနိုင်ဆက်သွယ်ရေး နိုင်ငံတကာမှဘယ်နိုင်ငံမှမရှိတဲ့ နုန်းထားနဲ့ငါတို့တွေကို ဈေးကြီးကြီးနဲ့ sim cardရောင်းခဲ့တယ်ဒါတွင်အားမရဘဲပွဲစားတွေ သူ့လူတွေအတွက် အမြတ်အစွန်းတွေအများကြီးရအောင်ဖန်တီးပေးခဲ့တယ် sim cardတစ်ကဒ်ကို တစ်ဆယ့်ငါးသိန်းငါေးသာင်း ကိုအစိုးရကိုတရားဝင်ပေးသွင်းရတယ် လျှောက်လွှာတွေတင်ရတယ် မဲနှီုက်ချပေးတယ် သူတို့တွေဘဲရတယ် ဒီတော့အပြင်မှာသိန်း20ကျော်30လောက်ပေးဝယ်ရတယ် ဒီတင်အားမရသေးဘဲ ဖုန်းခေါ်ဆိုခလဲတက်လာတယ် တက်လိုက်ရင်လဲဘယ်တော့မှနဲနဲချင်းမတက်ပါ နှစ်ဆတက်ပါတယ် နောက်ပိုင်းရွှေပြည်တံခွန်က simcardတစ်ခုကို 5000နဲ့ေ၇ာင်းနိုင်ပါတယ် အနီးဆုံးထိုင်းနိုင်ငံမှာတောင်မြန်မငွေနဲ့1500ဘဲရှိတယ်ဆိုတော့အရင်ပြည်သူတွေဆီက မဟားတရားယူထားတဲ့ ငွေတွေဆိုတာအရမ်းပေါ်လွင်လာပါတယ် ပြည်သူတွေပေါ်ဘယ်အချိန်ဘယ်အခါမှကောင်းပါ့မလဲ အရင်နစ်နာထားသူတွေနောက်ပိုင်းအသုံးပြုမယ့်ပြည်သူတွေကိုဘယ်လိုဆက်ပြီး ဖြည့်ဆည်းပေးမှာလဲ မြနမာ့ဆက်သွယ်ရေးလို့ဘဲမေးလိုက်ချင်ပါတယ်

Josex Creed said...

MPT ကလူတွေညလုပ်ဆင်းတယ်နဲ့တူတယ်

aba said...

internet အသုံးပြုခ များလည်း international အဆင့်မြီလျော.ချလိုက်ပြီ

mirror man said...

အင်း လုပ်တော့လုပ်ပါရဲ့ လွဲနေတယ်

Anonymous said...

ဘာလဲ မရှိသေးတဲ့ လူတွေ အတွက်ကွ၊ MPT ကတော့ အိုးနင်းခွက်နင်းနဲ့ ၊

Shwe Khae Thar said...

How about for McWiLL?We want to save McWiLL also and then should be reduce the initial payment.

သက်မောင် said...

အထူးသတင်းပါ...
ဆက်သွယ်ရေးမှ အရာရှိကြီးများသည် ညညတွင် နိုက်ကလပ်၊ ကေတီဗီ၊ မဆတ် နှင့် အခြားသော ပျော်ပါးဖွယ်ရာနေရာဒေသများသို့ သွားရောက်လေ့ရှိကြသည်... ယင်းသို့သွားရောက်ရာတွင် ညည့်ငှက်လေးများ၏ နားဝင်ပီယံကောင်းသော ချွဲ့မြူသံဖြင့် အကြိမ်ကြိမ် တောင်းဆိုမှုကြောင့် ညည့် တယ်လီဖုန်းခေါ်ဆိုခများ လျော့ပေးရသည်ဟုသိရ...
အထူးသဖြင့်
ချစ်သူရည်းစား ကျူလိုသူများနှင့် ညည့်ငှက်လေးများမှ အဆိုပါ တယ်လီဖုန်းခေါ်ဆိုခ သတင်းကြောင့် လွန်စွာ ပျော်လျှက်ရှိပြီး စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့်လည်း နေ့နှင့်ည ပြောင်းလဲ အလုပ်လုပ်ဆောင်ရန် စဉ်းစားလျှက်ရှိကြောင်း သတင်းရရှိ

lusoelay said...

နားလှည့်ပီး ပါးရိုက်တာ နဲ့ ပါးရိုက်တာတူတူပဲ ညဘက်ကျမှ ဖုန်းထပြောကြတဲ့ မအိပ်ပဲနဲ့ အလုပ်တွေကိုလည်း ညကျမှထလုပ်ကြဟေ့
မဟုတ်တာတော့တော်တော်လုပ်တယ် ဒီချိန်ဘယ်သူကပြောမှာလဲ...ဖုန်းကဒ်ကျတော့ဈေးမချဘူး တခြားချိန်ကျတော့ ဈေးလျော့မပေးပဲ မဟုတ်တာတော့တော်တော်လုပ်တာပဲ တိုးတက်ဖို့တော့မြင်တယ်.......

kokomaung said...

MPTကကောင်တွေအပြောခံရတာနည်းတောင်နည်းသေးတယ်။ရူးနေလားညကျမှဖုန်းပြောရအောင်။

LTE said...

Just interest for McWiLL mobile Broadband Access then other G & C ! Event SkyNet & FTTX is not good then McWiLL for voice & internet access.
Want to ask MPT, When will McWiLL MBA reduce the initial & call charges too?

Powered by Blogger.