ဒေါ်အောင်ဆန်းစုကြည်ကျန်းမာရေးကြောင့် မြိတ်ကျွန်းစုခရီးစဉ်ဖျက်သိမ်း

ဒီဗွီဘီ- ၂၅- မတ်လ

တနင်္သာရီတိုင်း မြိတ်ဒေသကို ရွေးကောက်ပွဲမဲဆွယ်ခရီးထွက်နေတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ခရီးစဉ်အတွင်း ကျန်းမာရေးချို့ ယွင်းလာတာကြောင့် တနင်္ဂနွေနေ့  မှာ မြိတ်ကျွန်းစုမြို့ နယ်ကို သွားရာက်ဟောပြောဖို့ စီစဉ်ထားတဲ့ခရီးစဉ်ကို ဖျက်သိမ်းလိုက်ရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်မြိတ်ခရီးစဉ်တောက်လျောက်လိုက်ပါ သတင်းယူနေတဲ့ သတင်းထောက် တဦးက ( ဒီနေ့ အန်တီတော်တော်နေမကောင်းဖြစ်နေတယ် ။အဲဒါကြောင့်မလို့ ဒီမနက်က ကျွန်းစုသွား မယ့် ခရီးစဉ်ကိုဖျက်လိုက်ပါတယ်။ ခုဆေးတောင်သွင်းထားရတယ်။ သူတည်းခိုတဲ့နေ အိမ်မှာ ဆေး ကုနေရပါတယ်)လို့ ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ စနေနေ့က မနက်က မြိတ်မြို့ ကို ရောက်ရှိလာပြီး စခန်းသစ်ရွာကို သွား ရောက် ဟောပြောပြီး အပြန် ပန်းဇင်ရွာအနီးမှာ စက်လှေ သောင် တင်မှုနဲ့ ကြုံတွေ့ ခဲ့ရပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ခရီးစဉ် အတွက် အသုံးပြုမယ့် ရေပေါ်ရှပ်ပြေးရေယာဉ်တွေကို ငှားရမ်းလို့ မရတဲ့ အတွက် စက်လှေနဲ့ သွားခဲ့ရာမှာ ညနေ ၅ နာရီခွဲ ခန့်  ကနေ ည ၈ နာရီခွဲလောက် ထိ သောင် တင်နေခဲ့တာလို့  အဆိုပါသတင်းထောက်ကပြောပါတယ်။

' သောင်တင်တာကတော့ သဘာဝ ရေတက်ရေကျကြောင့်တင်တာပါ။ ရှပ်ပြေးယာဉ်နဲ့  ဆိုအဲ သလိုမဖြစ်ဘူး။ စက်လှေနဲ့ မို့ ဖြစ်ရတာ ။ စက်လှေက (၃) နာရီမောင်းတဲ့ခရီးဆို ရှပ်ပြေးက (၁)နာ ရီပဲမောင်းတယ် ။ ပထမစီစဉ်ထားတဲ့ရှပ်ပြေးက ခန့် ခန့်ညားညားသက်သောင့်သက်သာရှိတယ်၊ အဲဒါကို ငှားမရ အောင်လုပ်ထားတယ်။ အန်တီ တကယ်စီးရတော့ ဒေသအခေါ် ကဲ့လှေနဲ့  အန်တီက အဲဒီ စက်လှေကြီးကို ယာယီအမိုးမိုးပြီးစီးလိုက်ရတာ။ ရေကျသွားတဲ့အခါကျတော့ သောင်ပြင်ကြီးက ကတ္တ ရာ လမ်းကြီးလို အဖွေးသားကြီးပေါ်လာတယ် ။ အဲဒီသောင်ပြင်ကြီးကို ကွေ့ ပတ်ေ၇ှာင်ရင်း သောင် တင်သွားတာ '

ဒေါ်အောင်ဆန်းစုကြည်နဲ့ အဖွဲ့ ဟာ မြိတ်မြို့ ကမ်းခြေကို ပြီးခဲ့တဲ့ ည ၁၀နာရီ လောက်မှာ ပြန်လည် ရောက်၇ှိခဲ့ပြီး ထောင်ပေါင်းများစွာသော မြို့ ခံတွေက ကမ်းခြေမှာစောင့်ကြိုကာ တညလုံး နီးပါး ကားတွေဆိုင်ကယ်တွေနဲ့ တေးသီချင်းတွေဖွင့်ကာ လှည့်လည်နေခဲ့ကြတယ်လို့ သိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ခရီးပန်းလာပြီး ကျန်းမာရေး မကောင်းတာကြောင့် မြိတ်မြို့ က ပါတီဝင် တဦးရဲ့ နေအိမ်မှာတည်းခိုရင်း ဆေးကုသမှုခံယူနေရပါတယ်။ ကျွန်းစု၇ွာသွားရောက်ဟောပြောမယ့် ခရီးစဉ်ကို ဖျက်သိမ်းလိုက်ပြီဖြစ်ပေမယ့် ကျွန်းစု ၇ွာသား တွေအနေနဲ့ ညနြေ့မိတ်မြို့ မှာ ပြုလုပ်မယ့် ဟောပြောပွဲမှာ လာရောက် နားထောင်နိုင်အောင် ဒေါ်အောင်ဆန်းစုကြည်က စက်လှေ စီစဉ် ပေးထားတယ်လို့ သိရပါတယ်။ တနင်္ဂနွေနေ့ညနေ ၃နာရီလောက်မှာတော့ ရန်ကုန်ကို လေကြောင်းနဲ့  ပြန်လာဖို့ အစီအစဉ် ရှိပါတယ်။
 
ဒေါ်အောင်ဆန်းစုကြည်ကျန်းမာရေးကြောင့် မြိတ်ကျွန်းစုခရီးစဉ်ဖျက်သိမ်း ဒေါ်အောင်ဆန်းစုကြည်ကျန်းမာရေးကြောင့် မြိတ်ကျွန်းစုခရီးစဉ်ဖျက်သိမ်း Reviewed by သစ်ထူးလွင် on 16:20 Rating: 5

9 comments:

tkm said...

ခွေးမသားတွေ.တော်တော်ယုတ်မာလို့
ငါတို့မကွေးလဲအမေစုမလာနိုင်တာ

ko htoo said...

လက်ရှိအာဏာရှိသူတွေအနေနဲ့ မကူညီချင်ရင် မကူညီဘဲနေလို့ ရပါတယ်။ နှောင့်ယှက်တယ်ဆိုတာမျိုးက မလုပ်သင့်တဲ့အလုပ်ပါ။ စစ်သားလူထွက် ယောက်ျားရင့်မကြီးတွေရဲ့ အပြုအမူတဲ့လားဗျာ။ အောက်တန်းကျလိုက်တဲ့ စိတ်ဓါတ်တွေ

I love NLD said...

ဘိတ်သားတွေ တာဝန်ကျေပါတယ်...
တစ်ရက်နေ့ လည်း ဒီထက်မလျော့စေနဲ့နော်...
အမေရေ...အနားများများယူ...အစားကိုဂရုစိုက်စားပြီး..
ကျန်းမာအောင်နေပါ နော်...အားလုံးကအမေ့ကိုစိတ်ပူနေကြတယ်..
ရွေလမင်းကြီးထိန်ထိန်သာမှ...ပြည်သူပြည်သားတွေ ရင်မှာအေးမြနိုင်ပါတယ်
အမေကျန်းကျန်းမာမာတနဲ့သက်တော်ရာကျော်ရှည်ပါစေလို့..ဆုတောင်းလိုက်ပါတယ်
အမေ့ကိုအားကိုးနေတဲ့ပြည်သူတွေ..ရင်တမမနဲ့ စိုးရိမ်နေကြတယ်အမေ..

Anonymous said...

ကိုထူးပြောတာဟုတ်တယ်။ သဘောထား သေးသိမ်တဲ့လူတွေမို့ မကူညီချင် မကူညီနဲ့ပေါ့။ အနှောက်အယှက် ပေးတာကြတော့ စိတ်ဓာတ်က ကောက်ကျစ်ယုတ်မာတာ၊ မိုက်ရိုင်းတာ။ အဆင့်အတန်း မရှိတာပဲ။ အောက်တန်းစားဆန်တာ။
ဒီလိုလူတွေ ဘာလို့ရှိနေ၊ များနေရတာလဲဆိုတော့ အသိပညာ၊ အတတ်ပညာမရှိလို့ပဲ။ လူတွေအသိဥာဏ် အတွေးအခေါ်နိမ့်ကျနေအောင် စိတ်ဓာတ်ကောင်းတွေ ဆုပ်ယုတ်ကုန်အောင် အာဏာရှင်အစိုးရတွေက စနစ်တကျ လုပ်ခဲ့တာပါ။ လူတွေ အသိဥာဏ်နဲလေ သူတို့ အသုံးချ အုပ်ချုပ်လို့လွယ်လေပေါ့။
လူတွေ အတွေးအခေါ်မြင့်လာမယ့် အသိဥာဏ်ရင့်သန်စေတဲ့ စာပေမျိုးဆို အကုန်လုံးစိစစ်ရေးက ဖြတ်ပစ်လိုက်တယ်။ ခွေးမကြီးနို့ကို ကြောင်ကစို့တာတို့ သစ်ပင်မြစ်က ဘုရားပုံပေါ်နေတာတို့ ဒါမျိုးတွေဆို စိစစ်ရေးက ခွင့်ပြုတယ်။ အဲဒီတော့ လူတွေမှာ စာကောင်းပေမွန်တွေ ဖတ်စရာမရှိ ဖြစ်ရတယ်။ သတင်းစာ ဖတ်ရင်လည်း အစိုးရရဲ့ ၀ါဒဖြန့်တဲ့စာတွေချည်းပဲ။ ဂျာနယ် ဖတ်ရင်လည်း အရည်မရ၊ အဖတ်မရတွေနဲ့ ကြော်ငြာတွေ မင်းသားမင်းသမီးပုံတွေကြီးပဲ။ ဒီလိုနဲ့ လူတွေဟာ ကြာလေတုံးလေ၊ အသိဥာဏ်မရှိလေ၊ အတွေးအခေါ်မဲ့လေ၊ မိုက်ရိုင်းလေ၊ ယုတ်မာလေ၊ ကျွန်စိတ်ပေါက်လေ..
ဒီလိုနဲ့ အခုလို ယုတ်မာ၊ ပက်စက်၊ ကောက်ကျစ်ရတာကို အလုပ်တစ်ခုလုပ်နေတယ်လို့ ထင်ပြီး ကိုယ်လုပ်နေတဲ့အလုပ်ဟာ မှန်သလား၊ မှားသလားဆိုတာကိုတောင် ပိုင်းခြားသိနိုင်တဲ့ အသိဥာဏ်တွေ ခေါင်းပါးကုန်တော့တယ်။ အဓိက တရားခံက နယ်ချဲ့တွေထက်ဆိုးတဲ့ အတ္တကြီးလွန်းတဲ့ အာဏာရှင်တွေပါပဲ။ ဗမာပြည်ကြီးမှာ လူဖြစ်နေရတာ ဇာတိပုည ဂုဏ်မာနဆိုတာ ဝေးလို့.. ကြာလေ ရှက်ဖို့ကောင်းလေလို့ ခံစားနေရတယ်ဗျာ။

Ar Ga said...

ဒီလူတွေ ဒီလောက်ဆောက်ကျင့် မကောင်းတာ ၊ တိုင်းပြည် သူတို့လက်ထဲမှာ ဆက်၇ှိနေလို့ကတော့ ပိုဆိုးဖို့ပဲ ၇ှိမယ် ...

Theodo said...

လူမှမဟုတ်တာခွေးသာသာလောက်အသိဥာဏ်နဲ.ကောင်တွေဆိုတော့

lwannaymie said...

ဒီဖွတ်တွေလုပ်တာနဲ့...အမေရေလမ်းမှာတခုခုဖြစ်သွားနိုင်တယ်...အခုဘာမှမဖြစ်လို့ပေါ့...မိုက်ရိုင်းလိုက်တဲ့ကောင်တွေကွာ။
ဒီကောင်တွေလုပ်တာ...ငါတို့ဘဝရည်မှန်းချက်ပျောက်သွားနိုင်တယ်ကွာ။
သမ္မတကြီးရေ...မကူညီတော့ဘူးလားဟင်။
အမှန်တရားဘက်မှာမရှိတော့ဘူးလား။

ပန်းလေး said...

အမေစုရေအားတင်းထားပါ....စောင့်မျှော်နေလျှက်ပါ.ကျန်းမာပီလို့သတင်းတွေပြန်ကြားရမဲ့အချိန်..အရမ်းစိတ်မကောင်းဘူး..............

ပန်းလေး said...

အမေစုရေ.........စိတ်မကောင်းဘူး..အမြန်ကျန်းမာရေးကောင်းပါစေ....တကယ်...စောင့်မျှော်နေပါတယ်...

Powered by Blogger.