ကြားဖြတ်ရွေးကောက်ပွဲ လွတ်လပ်မျှတမည်ဟု ဦးသိန်းစိန် အာမခံ

သမ္မတဦးသိန်းစိန်က ဧပြီလ ၁ ရက်နေ့တွင် ကျင်းပမည့် ကြားဖြတ် ရွေးကောက်ပွဲသည် သန့်ရှင်းလွတ်လပ် မျှတမှုရှိမည်ဟု အာမခံလိုက်ကြောင်း နယူးဇီလန် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ မာရေး မက်ခူလီက ပြောသည်။
နယူးဇီလန် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ မာရေး မက်ခူလီနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ကို သတင်းစာ ရှင်းလင်းပွဲတွင် တွေ့ရစဉ် (ဓာတ်ပုံ - ဧရာဝတီ)
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် ယမန်နေ့က တက္ကသိုလ်ရိပ်သာလမ်း နေအိမ်တွင်တွေ့ဆုံအပြီး ကျင်းပပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ၄င်းက အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်း ဖြစ်သည်။
“ကြားဖြတ်ရွေးကောက်ပွဲ သန့်ရှင်းမျှတမယ်လို့ အာမခံချက်တွေ သမ္မတကြီး၊ နိုင်ငံခြားရေးဝန်ကြီး အပါအ၀င် မြန်မာအစိုးရ အရာရှိတွေဆီက ရရှိထားပါတယ်။ ရွေးကောက်ပွဲက သန့်ရှင်းမျှတ လွတ်လပ်မယ်ဆိုရင် လက်ခံမယ်ဆိုတာကို ကျနော် မနေ့က နေပြည်တော်မှာ သမ္မတကြီးအပါအ၀င် အစိုးရအရာရှိတွေနဲ့ တွေ့ဆုံတုန်းက ပြောခဲ့ပါတယ်။ ဒါပေမယ့် ရွေးကောက်ပွဲ သန့်ရှင်းမျှတလွတ်လပ်ဖို့ဆိုတာ လုပ်စရာတွေ အများကြီးရှိပါတယ်” ဟု မစ္စတာ မာရေး မက်ခူလီက ဆိုသည်။
“ကျနော်လာတဲ့ခရီးစဉ်က နယူးဇီးလန်အစိုးရကိုယ်စား လာရောက်တာဖြစ်ပြီး မြန်မာ့နိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှုတွေမှာ ကျနော်တို့ရဲ့ စိတ်ဝင်စားမှုကို ပြဖို့ဖြစ်သလို ကြားဖြတ်ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးကောက်ခံရဖို့ မျှော်လင့်ပါတယ်။ ဒီရွေးကောက်ပွဲက မြန်မာ့နိုင်ငံရေး သမိုင်းကြောင်းအတွက် အင်မတန်မှ အရေးကြီးတဲ့ အချိန်အခါလည်း ဖြစ်ပါတယ်” ဟု မစ္စတာ မက်ခူလီက ဆက်လက်ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်က “နယူးဇီလန်က ကျမနှစ်သက် သဘောကျတဲ့နိုင်ငံတွေထဲမှာ တခုအပါအ၀င်ဖြစ်ပါတယ်။ နိုင်ငံသေးတခုဖြစ်ပေမယ့် အခြေအနေတွေကို နားလည်သဘောပေါက်မှုတွေက နိုင်ငံကြီးတွေထက် သာပါတယ်။ ကျမတို့နိုင်ငံက နိုင်ငံကြီးတခု မဟုတ်သလို၊ နိုင်ငံသေးတခုလည်း မဟုတ်ပါဘူး။ ကျမတို့ နိုင်ငံမှာ ဖြေရှင်းဖို့ ပြဿနာတွေ အများကြီးရှိပါတယ်။ နယူးဇီလန်အနေနဲ့ ကျမတို့နိုင်ငံရဲ့ ဒီမိုကရေစီပြုပြင် ပြောင်းလဲမှု လမ်းကြောင်းမှာ မိတ်ဆွေကောင်းတဦးအနေနဲ့ ဆက်လက်ကူညီသွားမယ်လို့ မျှော်လင့်ပါတယ်” ဟု ပြောကြားသည်။
မစ္စတာ မက်ခူလီသည် သမ္မတ ဦးသိန်းစိန်၊ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ လွှတ်တော်ဥက္ကဋ္ဌများနှင့်လည်း ခရီးစဉ်အတွင်း တွေ့ဆုံခဲ့သည်။
ဧရာဝတီ
ကြားဖြတ်ရွေးကောက်ပွဲ လွတ်လပ်မျှတမည်ဟု ဦးသိန်းစိန် အာမခံ ကြားဖြတ်ရွေးကောက်ပွဲ လွတ်လပ်မျှတမည်ဟု ဦးသိန်းစိန် အာမခံ Reviewed by သစ်ထူးလွင် on 18:39 Rating: 5

19 comments:

ဇော်ရှင်း said...

အထက်ကတော့မျှတမယ်လို့ပြော၊ အောက်ကလူတွေက လုပ်ချင်တာတွေလုပ်၊(တားဆီးတာ၊ပိတ်ပင်တာ၊ခွင့်မပြုတာ)ဘယ်လောက်ထိမျှတမယ်ဆိုတာ ကြည့်ကြတာပေါ့

Aung said...

မဲ စာရင်းတွေ မမှန်ဘူးလေ

အမြင်သစ် said...

ကျွန်တော်မဆဲချင်ဘူးနော် သမ္မတကြီး။
အောက်မှာဖြစ်နေတဲ့ကိစ္စလေးတွေကိုလည်း အရေးယူဆောင်ရွက်
ဖို့ ဆင်းကြည့်ပါအုံး။ မျှတရပါမယ်ဆိုပြီး ဖင်ကုန်းအော်မနေနဲ့အုံး။

datha said...

မဲဆန္ဒရှင်စာရင်းတောင် လိမ်ညာနေတာ ရလာဒ်က အမှန်အကန်
ထွက်ပါမလား
သိန်းစိန်ဆိုတဲ့ကောင် သွေးရူးသွေးတန်းနဲ့ ရှောက်ပြောနေတာ
ဘယ်သူက ယုံမှာလဲ
ချီးစားပြောကွာ ..........မယုံရေးချ.....မယုံ
ကို့နိုင်ငံမှာ လူဦးရေဘယ်လောက်ရှိလဲဆို သိန်းစိန်ဆိုတဲ့ကောင်
သိလို့လား လ.၀.က က၀န်ကြီးတောင် မသိတာ ဒီရွေးကောက်
ပွဲက လွတ်လပ်ပြီးမျှတ မှာတဲ့ ကလေးတောင် မယုံလောက်ဘူး
ရွေးကောက်ပွဲမှာ မမျှတလဲ အမေစုက နိုင်ပြီးသား တကမ္ဘာလုံးက
သိတယ် မင်းတို့ စောက်ရူးတွေ ပြောချင်ရာပြော ဘယ်သူမှမယုံ

ပတ္တမြားမှန်ရင် ဘယ်တော့မှ နွံမနစ်ဘူး ဆိုတာမင်းတို့ မြဲမြဲမှတ်ထားပါ

mightkhae said...

မိုက်ခဲလေး
သေချာရဲ့လား ဦးသိန်းစိန်ရယ်

a said...

မဲထည့်ရမဲ့စာရင်းမှာဖျာပုံမြို့ ၁၆ ရပ်ကွက်မှာမှတ်ပုံတင်အမှတ် ၁၄/ဖပန(နိုင်)၁၄၄၂၆၇ တစ်ခုတည်းကိုလူ ၂၆ ယောက်နာမည်နဲ့ထည့်ထားတယ်၊မြောင်းမြမြို့မှာလွန်ခဲ့တဲ့ ၇ နှစ်ကသေဆုံးထားတဲ့လူနာမည်ပါပြီးသူ့သမီးနာမည်မပါဘူး၊NLD ကိုထည့်မဲ့လူစာရင်းဖျောက်ပြီး၊ကြံ့ဖွတ်ထဲရောက်မဲ့သေပြီးသားလူနာမည်ပဲပါလာတယ်။ရွေးကောက်ပွဲလွတ်လပ်မျှတရမည်ဟုဦးသိန်းစိန်အာမခံတဲ့..သိန်းစိန်အစိုးရဘယ်လောက်လိမ်တယ်ဆိုတာမြန်မာနိုင်ငံသားတွေထက်ပိုမသိနိုင်ပါဘူး။ မြန်မာ့ပြဇတ်ရှည်ကြီးမှာသိန်းစိန်ကဗီလိန်၊ရွှေမန်းကမင်းသား၊ဇာတ်ညွှန်းကခွေးသူခိုးသန်းရွှေ

Minn Aung said...

တနှစ်သားကလေးကပြောတာဆိုတော့ ယုံရခက်မယ်ထင်တယ်၊ နို့မှမပြတ်သေးတာ။

ko htoo said...

ရွေးကောက်ပွဲကာလတစ်ရက်နှစ်ရက်ထဲတော့မလုပ်ပါနဲ့ဗျာ။ အခုလို မဲဆွယ်ချိန်ကစပြီး နောင်လွှတ်တော်ထဲရောက်သည်အထိ လွတ်လပ်မျှတ စေလိုပါတယ်... အခုမြင်နေတွေ့နေရသလောက်ကတော့.. မလွတ်လပ်တာတွေ၊ မမျှတတာတွေ တွေ့နေရသေးတယ်ဗျာ။

u kyaw moemoe said...

သမ္မတဦးသိန်းစိန်က ဧပြီလ ၁ ရက်နေ့တွင် ကျင်းပမည့် ကြားဖြတ် ရွေးကောက်ပွဲသည် သန့်ရှင်းလွတ်လပ် မျှတမှုရှိမည်ဟု အာမခံလိုက်တာ တကယ်ပါ။။
မဲခိုးမှာ က သူခိုးမှာ မဟုတ်ဘူး။ခိုးပြီးရင် လွှဲချလိုက်ရုံပဲ။။

parsharp said...

ပြောတဲ့  အတိုင်းဖြစ်ပါစေဗျာ...

Myanmar said...

လေပုတ်ထုတ်တာတွေ လျှော့ပီး တကယ်အေ၇းယူဆောင်၇ွက်တာတွေ မျှော်လင့်ပါ၇စေ။ ကြံ့ဖွတ်၇ဲ့ အနိုင်ကျင့်စော်ကားသံတွေ မိုးလုံးညံနေတုန်းဘဲ။ ။

Fighting Peacock said...

Mr. President,

Please do not let us believe that you are the person who closed the eyes and just open the mouth.

snow said...

သိန်းစိန်ရေ-မင်းကလည်းအမြဲတမ်းတလွဲဘဲပြောနေတာဘဲ။ မင်းပြောတာတွေနဲ့လုပ်တာတွေလွဲနေတယ်။ ၂၀၁၀ ရွေးကောက်ပွဲကမဲစာရင်းအတိုင်းဆိုရင်မင်းတို့ဘဲနိုင်မှာပါကွာ။ဘာလို့လည်းတိုတော့ မဲပေးခွင်ရှိသူတွေကသေလူတွေလေ။သက်ရှိက၂၅ ရာခိုင်နှုန်းဆိုရင်သေသူက၇၅ရာခိုင်နှုန်းမဲပေးခွင့်ရှိနေတယ်လေ။မင်းတို့ကွာသေတဲ့လူတောင်ဖြောင့်ဖြောင့်သေခွင့်မပေးကြဘူး

tharzaw said...

အာရွှီး

y said...

all are right!

007747 said...

မျှတမှာလား။ တပ်မြတ်မှာလား။
‌ေ ရွ့ဟာ‌ေ တာ့သိပ္မျဖစ္နိုင္ဘူး။
‌ေ နာက္ဟာဘျဲဖစ္နိုင္တယ္။
ဟုတ်တယ်ဟုတ်

pyaponthu said...

ရွေးကောက်ပွဲမျှတ မမျှတ တာတော့လောလောဆယ်မဖြစ်သေးတော့ မသိပါ။တပ်သားကျော်ဇင်ဝင်းကတော့ ဘယ်လိုဖြစ်နေပြီးလဲမသိဘူး။အဲ့လို မတရားမလုပ်ကြနဲ့လေ။လူ ကိုယ်ချင်းစာတတ်ရဲ့လား။သူ့ကြိုက်တာ ကိုယ်ကြိုက်တာ တူခြင်မှတူမှာပေါ့း။အမှန်တရားဆိုတာ မြန်မာပြည်မှာဘယ်တော့မှပေါ်မှာလဲ။ကြီးနိုင် ငယ်ငြင်းဘဲ။

Shwe Mg said...

အစိုးရသစ်တက်လာတော့ အရည်ခြုံပဲထင်တယ်လို့ စိတ်ထဲထင်ထားတာ..ဧရာဝတီ ကိစ္စသမ္မတကြီးဆုံးဖြတ်ချက်ကို တစ်တိုင်းပြည်လုံး နတ်လူသာဓုခေါ်လိုက်ကြတာ...တစ်တိုင်းပြည်လုံးသမ္မတကြီးကိုအားကိုးအကြည့်တွေနဲ့ပဲ ကြည့်တော့တယ်..နောက်တဖြည်းဖြည်း အချိန်တန်တော့...5000 တန်ဖုံးလည်း သမ္မတကြီးက အင်းမလုပ်အဲမလုပ်..သမ္မတကြီးကသာ..ရွေးကောက်ပွဲသန့်ရှင်းရမယ်အော်နေ...အောက်ကလူတွေက ညစ်နည်းပေါင်းစုံနဲ့ ညစ်နေတာ...တွေမသိတာလား မသိချင်ယောင်ဆောင်နေတာလားတော့မသိဘူး...ကျွန်တော့်တို့အရမ်းကိုမျှော်လင့်ထားတဲ့ သမ္မသစ်ကြီးရေ...တစ်နိုင်ငံလုံးကွင်းဆင်းမကြည့်နိုင်ရင်နေ (သစ်ထူးလွင်) ဆိုဒ်လေးပဲ နေတိုင်းဝင်ဖြစ်ရင်တောင် ပြည်သူတွေအသံနားဆင်လို့ရပါတယ်ဗျာ.....

kyaw said...

ha ha ..very good joke.no brain can believe.

Powered by Blogger.