အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပိုစတာများဖျက်ဆီးခံရခြင်း


ဧရာဝတီတိုင်း၊မြောင်းမြို့နယ် ၊ ရှမ်းရေကျော်ကျေးရွှုာ ၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ ကျေးရွာအုပ်စု ရုံးတွင် မတ်လ ၁၆ ရက်နေ့ညက အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပြည်သူ့လွတ်တော်ကိုယ်စားလှယ်လောင်း မန်းဂျော်နီနှင့် ဒေါ်အောင်ဆန်းစုကြည်ပုံပါသော ပိုစတာများ ဓါးဖြင့် ခုတ်ဖြတ် ဖျက်ဆီးခံရပါသည်။ အခင်းဖြစ်ပွားရာနေရာသို့ နောက်တစ်နေ့ နေ့လည်တွင် မန်းဂျော်နီ ကိုယ်တိုင် သွားရောက် ကြည့်ရှု့စစ်ဆေးပြီး မြောင်းမြမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မြို့နယ်အောင်နိုင်ရေးအဖွဲ့မှ တာဝန်ရှိသူများဖြစ်သော ဦးမောင်ဖုန်း၊ ဦးမောင်ပြုံး၊ ဦးဇော်ဇော်၊ ဦးဂျော့ တို့လည်း အတူလိုက်ပါသွားကြ၍ အဖြစ်အပျက် အသေးစိတ်အား ဆက်လက်စုံစမ်းနေကြောင်း၊ သက်ဆိုင်ရာ မြို့နယ်အောင်နိုင်ရေးအဖွဲ့နှင့် ဥပဒေ အကြံပေးအဖွဲ့ တို့မှ အစည်းအဝေးတစ်ရပ်ခေါ်ယူပြီး သက်ဆိုင်ရာ မြို့နယ် ရဲစခန်းသို့ တိုင်ကြားရန် ပြင်ဆင်နေကြောင်း သိရပါသည်။ “ဒါပြည်သူတွေကို ကြောက်လန့်အောင်လုပ်တာပဲ၊ ဒါပေမဲ့ အဲဒီကပြည်သူတွေကိုတော့ စိတ်ရှည်သည်းခံပြီး ဆက်လက်အောင်ပွဲဝင်နိုင်အောင် ဆက်ပြီး ကြိုးစားပေးကြပါ၊ ဘာတုန့်ပြန်မှုမှ မလုပ်ပါနဲ့” လို့ မန်းဂျော်နီ မှ ရွာသားများကို ပြောကြားသွားကြောင်း သိရသည်။ ဆက်လက်ပြီး “ဥပဒေကြောင်းအရ ဆက်ပြီးရင်ဆိုင်သွားမယ်၊ လောလော ဆယ် တိုင်ချက်ဖွင့်ဖို့ ပြင်ဆင်ထားတယ်။ ကျနော်တို့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ခဏခဏ ပြောနေတဲ့ တရားဥဒေ စိုးမိုးမှု မရှိသေးဘူးဆိုတာ ပြတာပဲ။ ဒါကြာင့် တရားဥပဒေ စိုးမိုးမှု ရှိတယ်ဆိုတာ ပြချင်ယင် ဒီကိစ္စကို ဖော်ထုတ် အရေးယူပေးဖို့ လိုပါတယ် “ လို့ မန်ဂျော်နီက ပြောကြားကြောင်း NLD မှ လာသော နောက်ဆုံး အစီရင်ခံစာ များ အရ သိရပါသည်။
 National League for Democracy (Facebook)
 
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပိုစတာများဖျက်ဆီးခံရခြင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပိုစတာများဖျက်ဆီးခံရခြင်း Reviewed by သစ်ထူးလွင် on 10:11 Rating: 5

9 comments:

kokomaung said...

ပိုစတာ ပဲဖျက်ဆီးလို.ရမယ်။
ပြည်သူရင်ထဲက အမေစု နဲ. N L D အပေါ်ထားရှိတဲ.ယုံကြည်လေးစားမှုကိုဘယ်တော.မှဖျက်လို.မရဘူး။
စည်ပင် ဘာလုပ်နေလဲ၊ ခွေးတွေသောင်းကျန်းနေတယ်။

myochit.mm.2012@gmail.com said...

မန်းဂျော်နီရေ.. အခုကတော့ ပိုစတာပဲ ဖျက်ဆီးလိုက်တာနော်.. နောက်တစ်ခါဆို လူပါ အမဲဖျက်သလို ဖျက်ပစ် လိမ့်မယ် သတိထားနေ... အမေစု ပုံကျတော့ မဖျက်ဆီးဘဲ မန်းဂျော်နီ ပုံကျတော့ဖျက်ဆီးတာဆိုတော့ နည်းနည်းတော့ စဉ်းစားကြည့်ပေါ့ မန်းဂျော်နီရေ...

ပုတီတိုး said...

ဖွတ်တွေ..လက်ချက်ပဲနေမှာပေါ့.. သူတောင်းစားတွေ..

Wailin said...

အတော်လေးစားစရာကောင်းတဲ့ သူတွေပဲ ဒီလိုလုပ်ရပ်မျိုးကို ပြည်သူက လုပ်မတဲ့လား။ အသိဥာဏ်မရှိတဲ့ အရက်မူးသမားတောင် ဒီလိုလုပ်ရင် အဖမ်းခံရမယ်ဆိုတာ သိတယ်။ ဒီလုပ်ရပ်ကို မရှက်မကြောက် ဘယ်သူလုပ်မလဲ ?

ကြယ်ပြာ said...

ဖျက်ခံရတာ ခဏ ခဏရှိနေပြီ။ လူလဲ မမိဘူး။ တော်တော်စိတ်ပျက်ဖို့ကောင်းတာပဲ။ ဖွတ်တွေ ရိုးရိုးသားသားမပြိုင်ဝံ့ကြဘူးနဲ့တူတယ်။ ဘယ်လိုလူတွေကများ ခိုးကြောင် ခိုးဝှက် ကလိန်လိုက်ကျနေသလဲ မသိဘူး။

Bravo said...

တရားဥပဒေစိုးမိုးရေးနဲ့ လုံခြုံရေး အင်မတန်အားနည်းနေတယ်ဆိုတဲ့ သဘောပေါ်လွင်နေတယ်။
သတ္တိရှိရှိ ဖျောင်ကြကြမလုပ်ရဲရင် ထမိန်ဝတ်သင့်တယ်။ အရင်တုံးကလည်း ကလောင်အမည်အမျိုးမျိုးနဲ့ သတင်းစာထဲ အတင်းစာရေးဖူးတာလဲ သူတို့ပဲ။

thant said...

ကိုမင်းကိုနိုင် နှင့် ဦးကိုကိုကြီးတို့ခင်ဗျား ....
အကြောက်တရားကင်းဝေးရေးဆိုတဲ့ ဟောပြောချက်လေးတွေကို...
ကြံ့ဖွံ့ကို သွားပြီးတရားဟောပေးပါဦး ...သူတို့ကိုကြည့်ရတာ ကြောက်ကန်ကန်နေကြပြီ

သက်မောင် said...

ပိုစတာဆိုတာ သက်မဲ့ပစ္စည်းတစ်ခုပါ...
အဲဒါကို ဘာကြောင့် ဖျက်ဆီးကြတယ်ဆိုတာ နားကို မလည်နိုင်ဘူး...
တကယ်တမ်း လုပ်သင့်တာက ပြည်သူ့ရင်ထဲကို ကိုယ့်လုပ်ဆောင် ချက်တွေ စွဲစွဲမြဲမြဲဝင်ရောက်သွားအောင် ပြည်သူကျေနပ်အောင် လုပ်ပြနေရမယ့်အချိန် ဖြစ်နေပြီ....
ကိုယ့်ပြိုင်ဘက်ထက် အားသာချက်ရဖို့ ပြည်သူ့အတွက် အနစ်နာခံ အလုပ်အကျွေး ပြုပေးဖို့ အချိန်ဖြစ်နေပြီ...
ပြည်သူတွေ ဘာကို လိုလားနေကြတယ်ဆိုတာကို သိဖို့ကောင်းနေပြီ....
ပြည်သူတွေ ဘာကို တန်ဖိုးထားတတ်ကြတယ်ဆိုတာကို သိနေသင့်ပြီ....
ဒါမှ အနာဂတ်မှာ ယှဉ်ပြိုင်ခံနိုင်မယ့် ပါတီတစ်ခု ဖြစ်လာမယ်။
ပါတီအရေးအတွက် အောက်တန်းကျသော လုပ်ရပ်လုပ်သူများကို ဖယ်ရှားကန့်ကွက်ပြီး ပြည်သူ့အကျိုးကို ဦးတည်တဲ့သူတွေကို မွေးထုတ်ဖို့လိုနေပြီ....
ဒီလိုမှ မဟုတ်ရင်တော့ နောင်နှစ်များစွာအထိ ပြည်သူ့မေတ္တာမရပဲ ပြည်သူ့ချဉ်ဖတ်အဖြစ် ဆက်ရှိနေမယ်ဆိုတာကို သိသင့်ဖို့ကောင်းနေပါပြီ။

chochin said...

အမှန်တရားကိုနတ်စောင့်ပါတယ်။မေ စု ကို ဘယ်သူ မှအ သရေဖျက်လို့ မရပါဘူး။

Powered by Blogger.