လုံထိန်း​တပ်ဖွဲ့​ ဖျက်ပစ်ဖို့​ လွှတ်​တော်မှာ အဆိုတင်

အဓိကရုဏ်း​ နှိမ်း​နင်း​ရေး​တွေမှာ အစိုး​ရက အသုံး​ပြု​လေ့​ရှိတဲ့​ လုံထိန်း​ရဲတပ်ဖွဲ့​တွေ အပါအဝင် ​ခေတ်စနစ်နဲ့​ မညီ​တော့​တဲ့​ အဖွဲ့​တချို့​နဲ့​ ဝန်ကြီး​ဌာနအချို့​ ဖျက်သိမ်း​ဖို့​ အဆိုတရပ်ကို ကျင်း​ပ​နေတဲ့​ အမျိုး​သား​လွှတ်​တော်မှာ မတ် ၁၂ ရက်က တင်သွင်း​ခဲ့​ပါတယ်။
ဝန်ထမ်း​အဖွဲ့ ​အစည်း​တချို့​ ဖျက်သိမ်း​ဖို့​၊​ ချုံ့​ဖို့​၊​ ချဲ့​ဖို့​နဲ့​ အသစ်ဖွဲ့​ဖို့​ လိုရင်လည်း​ ထပ်ဖွဲ့​ဖို့​ စတဲ့​ အဆို တရပ်ကို ရခိုင်ပြည်နယ်၊​ မဲဆန္ဒနယ် အမှတ်(၁)က ​ဒေါက်တာ​အေး​မောင်က တင်သွင်း​ခဲ့​တာပါ။
ဒေါက်တာ​အေး​ မောင်က “ ဥပမာ-ရဲတပ်ဖွဲ့​ဆိုရင်လည်း​ လုံထိန်း​တွေက ဒီ​လောက်ထိ တပ်ရင်း​တွေ ရှိစရာ မလိုဘူး​၊​ ဆန္ဒပြတာကို ထိန်း​ချုပ်ဖို့​အတွက် ဖွဲ့​ထား​ခဲ့​တယ်ဆိုရင် ဒီရည်မှန်း​ချက်က ဒီ​နေ့​ချိန်မှာ မလို အပ်​တော့​ဘူး​။ ဥပမာ – ဝန်ထမ်း​ရွေး​ချယ် ​လေ့​ကျင့်​ရေး​ရဲ့​ အထက်မြန်မာပြည်၊​ ​အောက်မြန်မာပြည် ၂ ခုရှိတယ်။ ဗဟိုဝန်ထမ်း​တက္ကသိုလ်၊​ ဝန်ထမ်း​အစ ဝန်ထမ်း​တွေရဲ့​ အရာရှိ ၅ လ သင်တန်း​ပေး​ရမယ့်​ ရုံး​ဝန်ထမ်း​တွေကိုပဲ၊​ ဒါ​ပေမယ့်​ ​ကျောင်း​ဆရာ၊​ ဆရာမ​တွေ၊​ တခြား​ဝန်ထမ်း​ အကြီး​တွေကို ခုနလို အထူး​မွမ်း​မံသင်တန်း​လို ​ပေး​ ​ပေး​နေတဲ့​ နိုင်ငံ​တော်ရဲ့​ ပိုက်ဆံ စရိတ်​တွေက ​တော်​တော်ကုန်ပါတယ်။ ဒါ​တွေက ခုန​ပြောသလို မ​ပေး​သင့်​တော့​ဘူး​။ သူ့​ရဲ့​ကျွမ်း​ကျင်မှုအတွက် သူ့​ရဲ့​ဝန်ကြီး​ဌာန​အောက်မှာ ​ပေး​ရင် ရတဲ့​ သင်တန်း​မျိုး​ကို အခုလို အချိန်ကုန်ခံပြီး​ ​ပေး​တာမျိုး​ဟာ ဒီ​နေ့​ အချိန်ကာလဟာ ဆိုရှယ်လစ်​ခေတ် မဟုတ်​တော့​ဘူး​။ နအဖ၊​ နဝတ​ခေတ် မဟုတ်​တော့​ဘူး​။ ကျ​နော်တို့​သွား​တဲ့​ ဒီမိုက​ရေစီလမ်း​ကြောင်း​ပေါ်မှာ လိုအပ်ရဲ့​လား​ဆိုတာ အစိုး​ရအဖွဲ့​သိမှာပါ။ ဒီသ​ဘောပါပဲ။”
ခေတ်နဲ့​အညီ ချုံ့​ဖို့​၊​ ချဲ့​ဖို့​ တင်ပြခဲ့​တဲ့​ ဝန်ကြီး​ဌာန​တွေထဲမှာ ပြန်ကြား​ရေး​၊​ စိုက်ပျိုး​ရေး​နဲ့​ သမဝါယမစတဲ့​ ဌာန​တွေပါရှိပါတယ်။ အခုတင်သွင်း​တဲ့​ အဆိုဟာလွှတ်​တော်ထဲမှာ ​အောင်မြင်နိုင် မလား​ဆိုတဲ့​အ​မေး​ကို​တော့​ ​ဒေါက်တာ​အေး​မောင်ကခုလို​ဖြေကြား​သွား​ပါတယ်။
“​ခေတ်ကို ပြုပြင်ချင်တယ်။ စနစ်အမှန် တခုကို သွား​ချင်တဲ့​အခါမှာ အဆိုတခု တင်တယ်။ တချို့​ အရိုး​စွဲ​နေတဲ့​ ပုဂ္ဂိုလ်​တွေက အဲ့​လိုသွား​မယ့်​ လမ်း​ကြောင်း​ကို ပိတ်ဆို့​တာရှိတယ်။ အဲဒီ​တော့​ ကျ​နော်တို့​ ပိတ်ဆို့​ခြင်း​၊​ ဖွင့်​ပေး​ခြင်း​ဆိုတာ အဆိုတခုရဲ့​ ​အောင်ခြင်း​၊​ မ​အောင်ခြင်း​ပေါ်မှာ မူတည်ပါတယ်။ အဲဒီ​တော့​ လွှတ်​တော်မှာရှိတဲ့​ ဒီပုဂ္ဂိုလ်​တွေရဲ့​ သ​ဘောထား​တွေ၊​ သူတို့​သွား​ချင်တဲ့​ လမ်း​ကြောင်း​က ​ရှေ့​ကိုသွား​လား​ ဒါမှမဟုတ် ​နောက်ကို ဆုတ်​နေသလား​ဆိုတာ လူထုကလည်း​ သိ​အောင် အစိုး​ရကိုယ်တိုင်သိ​အောင် ကျ​နော်တို့​က အဆို​တွေကို တင်ရခြင်း​ဖြစ်တယ်။ အဲဒါ​ကြောင့်​ ​အောင်ခြင်း​၊​ မ​အောင်ခြင်း​ထက် လွှတ်​တော်ရဲ့​ ပုံသဏ္ဍန်ကို လူထုသိ​အောင် အဓိကရည်ရွယ်ပါတယ်။”
ဒေါက်တာ​အေး​ မောင်ဟာ အမျိုး​သား​လွှတ်​တော်ရဲ့​ နိုင်ငံသား​များ​ရဲ့​ မူလအခွင့်​အ​ရေး​၊​ ဒီမိုက​ရေစီ​ရေး​နဲ့​ လူ့​အခွင့်​အ​ရေး​ဆိုင်ရာ ​ကော်မတီ ဥက္ကဋ္ဌလည်း​ ဖြစ်ပါတယ်။ ပြည်သူ့​လွှတ်​တော်ဥက္ကဋ္ဌ သူရဦး​ရွှေမန်း​က အလုပ် မဖြစ်တဲ့​ စီမံကိန်း​တွေ ရပ်ဆိုင်း​ထား​ဖို့​ ပြီး​ခဲ့​တဲ့​လက ​ပြောကြား​ခဲ့​ပါ​သေး​တယ်။ 
ဒီဗွီဘီ
 
လုံထိန်း​တပ်ဖွဲ့​ ဖျက်ပစ်ဖို့​ လွှတ်​တော်မှာ အဆိုတင် လုံထိန်း​တပ်ဖွဲ့​ ဖျက်ပစ်ဖို့​ လွှတ်​တော်မှာ အဆိုတင် Reviewed by သစ်ထူးလွင် on 17:14 Rating: 5

6 comments:

Once Myanmar said...

A good brave idea of creating a measurement indicator to understand the whole picture of the parliament's spirit.....

ပုဂံစစ်သည် said...

ကောင်လိုက်တဲ့တင်ပြချက်။

Anonymous said...

Thats right. Suggest.

thethnin said...

ပြည်သူတွေကိုသတ်တဲ့ အဲဒီ အဖွဲ့အစည်း မရှိသင့်တာကြာပီ
ဟိုအဖွဲ့လည်းဖျက်သင့်ပီ
ဘာတဲ့ ပါဝါရိန်းဂျားလိုလို စွမ်းအားရှင်လိုလို ဖွတ်ဖွတ်ရဲ့
လက်ကိုင်လူမိုက်တွေ မြန်မာပြည်မှာ မရှိသင့်ဘူး
ပြည်သးကိုသတ်တဲ့ တရားဝင် လူသတ်သမားတွေ

lwannaymie said...

ရဲနဲ့စစ်တပ်ရှိရင်ပြည်သူတွေလုံခြုံပြီးသားဘဲ.....လုံထိန်းအဖွဲ့ရှိတဲ့နိုင်ငံဟာပြည်သူတွေကိုနှိပ်ကွပ်တဲ့အစိုးရနိုင်ငံပါ....လစာလဲလိမ်ယူနေတာပါ။ ယခုကစပြီးမလိုတော့ပါ....သမ္မတကြီးကိုယုံတယ်။

Tint Lwin Swe, M. Engg. Geol., FGS, MMEC said...

ဗဟိုဝန်ထမ်းတက္ကသိုလ်ဆိုတ ဝန်ထမ်းတွေ၊ ဆရာ ဆရာမတွေကို နှိပ်စက်တဲ့နေရာတွေပါ။

Powered by Blogger.