အဓိကရုဏ်း
နှိမ်းနင်းရေးတွေမှာ အစိုးရက အသုံးပြုလေ့ရှိတဲ့
လုံထိန်းရဲတပ်ဖွဲ့တွေ အပါအဝင် ခေတ်စနစ်နဲ့ မညီတော့တဲ့
အဖွဲ့တချို့နဲ့ ဝန်ကြီးဌာနအချို့ ဖျက်သိမ်းဖို့ အဆိုတရပ်ကို
ကျင်းပနေတဲ့ အမျိုးသားလွှတ်တော်မှာ မတ် ၁၂ ရက်က တင်သွင်းခဲ့ပါတယ်။
ဝန်ထမ်းအဖွဲ့
အစည်းတချို့ ဖျက်သိမ်းဖို့၊ ချုံ့ဖို့၊ ချဲ့ဖို့နဲ့
အသစ်ဖွဲ့ဖို့ လိုရင်လည်း ထပ်ဖွဲ့ဖို့ စတဲ့ အဆို တရပ်ကို
ရခိုင်ပြည်နယ်၊ မဲဆန္ဒနယ် အမှတ်(၁)က ဒေါက်တာအေးမောင်က
တင်သွင်းခဲ့တာပါ။
ဒေါက်တာအေး
မောင်က “ ဥပမာ-ရဲတပ်ဖွဲ့ဆိုရင်လည်း လုံထိန်းတွေက ဒီလောက်ထိ တပ်ရင်းတွေ
ရှိစရာ မလိုဘူး၊ ဆန္ဒပြတာကို ထိန်းချုပ်ဖို့အတွက်
ဖွဲ့ထားခဲ့တယ်ဆိုရင် ဒီရည်မှန်းချက်က ဒီနေ့ချိန်မှာ မလို
အပ်တော့ဘူး။ ဥပမာ – ဝန်ထမ်းရွေးချယ် လေ့ကျင့်ရေးရဲ့
အထက်မြန်မာပြည်၊ အောက်မြန်မာပြည် ၂ ခုရှိတယ်။ ဗဟိုဝန်ထမ်းတက္ကသိုလ်၊
ဝန်ထမ်းအစ ဝန်ထမ်းတွေရဲ့ အရာရှိ ၅ လ သင်တန်းပေးရမယ့်
ရုံးဝန်ထမ်းတွေကိုပဲ၊ ဒါပေမယ့် ကျောင်းဆရာ၊ ဆရာမတွေ၊
တခြားဝန်ထမ်း အကြီးတွေကို ခုနလို အထူးမွမ်းမံသင်တန်းလို ပေး
ပေးနေတဲ့ နိုင်ငံတော်ရဲ့ ပိုက်ဆံ စရိတ်တွေက တော်တော်ကုန်ပါတယ်။
ဒါတွေက ခုနပြောသလို မပေးသင့်တော့ဘူး။ သူ့ရဲ့ကျွမ်းကျင်မှုအတွက်
သူ့ရဲ့ဝန်ကြီးဌာနအောက်မှာ ပေးရင် ရတဲ့ သင်တန်းမျိုးကို အခုလို
အချိန်ကုန်ခံပြီး ပေးတာမျိုးဟာ ဒီနေ့ အချိန်ကာလဟာ ဆိုရှယ်လစ်ခေတ်
မဟုတ်တော့ဘူး။ နအဖ၊ နဝတခေတ် မဟုတ်တော့ဘူး။ ကျနော်တို့သွားတဲ့
ဒီမိုကရေစီလမ်းကြောင်းပေါ်မှာ လိုအပ်ရဲ့လားဆိုတာ အစိုးရအဖွဲ့သိမှာပါ။
ဒီသဘောပါပဲ။”
ခေတ်နဲ့အညီ
ချုံ့ဖို့၊ ချဲ့ဖို့ တင်ပြခဲ့တဲ့ ဝန်ကြီးဌာနတွေထဲမှာ
ပြန်ကြားရေး၊ စိုက်ပျိုးရေးနဲ့ သမဝါယမစတဲ့ ဌာနတွေပါရှိပါတယ်။
အခုတင်သွင်းတဲ့ အဆိုဟာလွှတ်တော်ထဲမှာ အောင်မြင်နိုင်
မလားဆိုတဲ့အမေးကိုတော့ ဒေါက်တာအေးမောင်ကခုလိုဖြေကြားသွားပါတယ်။
“ခေတ်ကို
ပြုပြင်ချင်တယ်။ စနစ်အမှန် တခုကို သွားချင်တဲ့အခါမှာ အဆိုတခု တင်တယ်။
တချို့ အရိုးစွဲနေတဲ့ ပုဂ္ဂိုလ်တွေက အဲ့လိုသွားမယ့်
လမ်းကြောင်းကို ပိတ်ဆို့တာရှိတယ်။ အဲဒီတော့ ကျနော်တို့
ပိတ်ဆို့ခြင်း၊ ဖွင့်ပေးခြင်းဆိုတာ အဆိုတခုရဲ့ အောင်ခြင်း၊
မအောင်ခြင်းပေါ်မှာ မူတည်ပါတယ်။ အဲဒီတော့ လွှတ်တော်မှာရှိတဲ့
ဒီပုဂ္ဂိုလ်တွေရဲ့ သဘောထားတွေ၊ သူတို့သွားချင်တဲ့ လမ်းကြောင်းက
ရှေ့ကိုသွားလား ဒါမှမဟုတ် နောက်ကို ဆုတ်နေသလားဆိုတာ လူထုကလည်း
သိအောင် အစိုးရကိုယ်တိုင်သိအောင် ကျနော်တို့က အဆိုတွေကို
တင်ရခြင်းဖြစ်တယ်။ အဲဒါကြောင့် အောင်ခြင်း၊ မအောင်ခြင်းထက်
လွှတ်တော်ရဲ့ ပုံသဏ္ဍန်ကို လူထုသိအောင် အဓိကရည်ရွယ်ပါတယ်။”
ဒေါက်တာအေး
မောင်ဟာ အမျိုးသားလွှတ်တော်ရဲ့ နိုင်ငံသားများရဲ့ မူလအခွင့်အရေး၊
ဒီမိုကရေစီရေးနဲ့ လူ့အခွင့်အရေးဆိုင်ရာ ကော်မတီ ဥက္ကဋ္ဌလည်း
ဖြစ်ပါတယ်။ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက အလုပ် မဖြစ်တဲ့
စီမံကိန်းတွေ ရပ်ဆိုင်းထားဖို့ ပြီးခဲ့တဲ့လက
ပြောကြားခဲ့ပါသေးတယ်။
ဒီဗွီဘီ
လုံထိန်းတပ်ဖွဲ့ ဖျက်ပစ်ဖို့ လွှတ်တော်မှာ အဆိုတင်
Reviewed by သစ်ထူးလွင်
on
17:14
Rating:
6 comments:
A good brave idea of creating a measurement indicator to understand the whole picture of the parliament's spirit.....
ကောင်လိုက်တဲ့တင်ပြချက်။
Thats right. Suggest.
ပြည်သူတွေကိုသတ်တဲ့ အဲဒီ အဖွဲ့အစည်း မရှိသင့်တာကြာပီ
ဟိုအဖွဲ့လည်းဖျက်သင့်ပီ
ဘာတဲ့ ပါဝါရိန်းဂျားလိုလို စွမ်းအားရှင်လိုလို ဖွတ်ဖွတ်ရဲ့
လက်ကိုင်လူမိုက်တွေ မြန်မာပြည်မှာ မရှိသင့်ဘူး
ပြည်သးကိုသတ်တဲ့ တရားဝင် လူသတ်သမားတွေ
ရဲနဲ့စစ်တပ်ရှိရင်ပြည်သူတွေလုံခြုံပြီးသားဘဲ.....လုံထိန်းအဖွဲ့ရှိတဲ့နိုင်ငံဟာပြည်သူတွေကိုနှိပ်ကွပ်တဲ့အစိုးရနိုင်ငံပါ....လစာလဲလိမ်ယူနေတာပါ။ ယခုကစပြီးမလိုတော့ပါ....သမ္မတကြီးကိုယုံတယ်။
ဗဟိုဝန်ထမ်းတက္ကသိုလ်ဆိုတ ဝန်ထမ်းတွေ၊ ဆရာ ဆရာမတွေကို နှိပ်စက်တဲ့နေရာတွေပါ။
Post a Comment