ကချင်ပြည်နယ်အတွင်း
ပါတီမဲဆွယ်စည်းရုံးရေး ခရီးထွက်နေတဲ့ အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ
(အန်ဒီအက်ဖ်) ခေါင်းဆောင် ဦးခင်မောင်ဆွေက အကြောက်တရား မရှိကြဖို့ လူထုကို
တိုက်တွန်းပြောကြားလိုက်ပါတယ်။
မတ် ၂၂ရက်နေ
့က ဖားကန့် မှာ ပြုလုပ်တဲ့ လူထုဟောပြောပွဲ မှာ ဦးခင်မောင်ဆွေက “စနစ်ကတော့
ပြောင်းသွားပြီ ။ ခေတ်ကတော့ ခင်ဗျားတို့ အားနဲ့ ဆက်ရုန်းမှ ရမယ်။
စစ်အုပ်ချုပ်ရေးအောက်မှာ မဟုတ်တော့တဲ့ အတွက်ကြောင့် မို့လို့ ဒီမိုကရေစီ
အခွင့်အရေးတွေကိုရအောင် မိမိတို့နဲ့ ပတ်သက်တဲ့ လူမှုရေး နာကျင် မှုတွေပေါ။့
လူမှုဒုက္ခတွေ ရှိတာကို တရားဝင် တင်ပြခွင့် ရှိတယ်။ တိုင်ကြားပါ။
သက်ဆိုင်ရာကို တိုင်ကြားခွင့် ရှိသလို လွှတ်တော်ကို တဦးချင်း
စာရေးတိုင်ကြားလို့ ရတယ်။ ထိုနည်းတူစွာပဲ သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်
ကို ပေးပို့တိုင်ကြားလို့ ရသလို၊ ကျနော်တို့ ပါတီဆီကို တိုင်ကြားမယ် ဆိုရင်
ကျနော်တို့ ဆောင်ရွက်ပေးမယ်။” လို့  ပြောပါတယ်။
တိုင်းပြည်မှာ
ငြိမ်းချမ်းရေးမရှိလို့ ရှိရင် ဘာမှလုပ်လို့ ရမှာ မဟုတ်တဲ့ အကြောင်း
ငြိမ်းချမ်းရေး ရှိမှ ဖွံ့ဖြိုး တိုးတက်ရေး ဆောင်ရွက်လို့ ရမှာဖြစ်တဲ့
အတွက် ငြိမ်းချမ်းရေးရဖို့ အားလုံး တောင်းဆိုကြဖို့လည်း ဦးခင်မောင်ဆွေက
ကချင်လူထု ကို တိုက်တွန်းသွားပါတယ်။
တချိန်က
အန်အယ်လ်ဒီ ပါတီဝင်ဟောင်းတွေဖြစ်ခဲ့ဖူးသူတွေနဲ့ ဖွဲ့စည်းတည်ထောင်ထားတဲ့
အန်ဒီအက်ဖ်ပါတီ အနေနဲ့ ကချင်ပြည်နယ်အတွင်း ဖားကန့်နဲ့ မိုးကောင်း မြို့နယ်
ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ၂ နေရာမှာ ၀င်ရောက် ယှဉ်ပြိုင်မှာ ဖြစ်ပြီး၊
တနိုင်ငံလုံး အနေနဲ့ ၁၃နေရာ ၀င်ပြိုင်မှာဖြစ်ပါတယ်။
ဒီဗွီဘီ
အကြောက်တရား မရှိဖို့ အန်ဒီအက်ဖ်ပါတီ ခေါင်းဆောင် လူထုကို တိုက်တွန်း
Reviewed by သစ်ထူးလွင်
on
18:52
Rating:
2 comments:
u do nothing for sanchaung township.
i am so disappointed to u and your party. i expect so much but u do a littel expect u khine maung yay from ahlone t/s
တိုင်တဲ့သူရဲ့လုံခြုံရေးဘယ်သူတာဝန်ယူမလဲ၊လယ်သိမ်းခံ၊မြေသိမ်ခံတွေတိုင်လို့ဖမ်းခံရတယ်၊ဒီထက်ရှင်းတဲ့အမှူ့မျိုးရှိမလား၊ပြီးတော့အတိုက်အခံတွေထဲမှာမင်းအကြောက်ဆုံးပဲ၊ဘယ်တော့မှခွေးသူခိုးအစိုးရကိုပြတ်ပြတ်ရှင်းရှင်းမပြောရဲဘူး။
Post a Comment