နှစ်ပေါင်း ၃၀၀ ကျော်တိုင် နစ်မြုပ်နေသော ဓမ္မစေတီ ခေါင်းလောင်း တည်နေရာကို အတိအကျ တွေ့ရှိပြီ


နှစ်ပေါင်း ၃၀၀ ကျော်တိုင် နစ်မြုပ်နေသော ဓမ္မစေတီ ခေါင်းလောင်း တည်နေရာကို အတိအကျ တွေ့ရှိပြီ
By Flower News Journal
ရန်ကုန်မြစ်-ပဲခူးမြစ်-ပုဇွန်တောင်ချောင်းတို့ ဆုံရာအလယ်တွင် နှစ်ပေါင်း ၃၀၀ ကျော်တိုင် နစ်မြုပ်နေသော ဓမ္မစေတီ ခေါင်းလောင်းကို အမေရိကန်နိုင်ငံမှ လွှတ်တင်ထားသော နာဆာ Land Sat 7 ဂြိုဟ်တုဖြင့်  ခေါင်းလောင်းပုံရိပ်ကို အတိအကျ တွေ့ရှိခဲ့ပြီ ဖြစ်ကြောင်း သိရသည်။ “လွန်ခဲ့တဲ့ ငါးရက်လောက်က ကြည့်ဖြစ်ခဲ့တာ ဘယ်နေရာမှာ ခေါင်းလောင်း ရှိတယ်၊ ဘယ်နေရာမှာ သင်္ဘောပျက် ရှိတယ် ဆိုတာတွေကို အတိအကျ မြင်နေရပါတယ်။ ဓမ္မစေတီခေါင်းလောင်းကို ရေထဲကနေ ပြန်လည်ဆည်ယူဖို့ ခန့်မှန်းခြေ ဒေါ်လာငါးသိန်း ဝန်းကျင်လောက် လိုတယ်။ အခုလက်ရှိတော့ အဲဒီဓမ္မစေတီ ခေါင်းလောင်းကို ဆယ်ယူဖို့ နိုင်ငံတော်အနေနဲ့ ဘယ်သူ့ကိုမှ လုပ်ပိုင်ခွင့် မပေးသေးဘူး” ဟု ဒဂုံတက္ကသိုလ် ဘူမိဗေဒ အငြိမ်းစား ပါမောက္ခ ဦးစိုးသိန်းက ပြောသည်။

အဆိုပါ ဓမ္မစေတီ ခေါင်းလောင်းကို ပြီးခဲ့သည့် နှစ်များအတွင်းက သြစတြေးလျနိုင်ငံမှ ပညာရှင်များက Sonar System နှစ်မျိုး ဖြစ်သည့် Lowlarce HDS 7 Structure Scan Star Fish Side Scan စနစ်တို့ကို အသုံးပြုပြီး လာရောက်စမ်းသပ် ဖော်ထုတ်ခဲ့ကြရာ ခေါင်းလောင်း ရှိမည့် နေရာနှစ်နေရာကို စမ်းသပ်ဖော်ထုတ်ခဲ့ကြသော်လည်း နေရာ အတိအကျကိုမူ ရှာဖွေတွေ့ရှိခဲ့ခြင်း မရှိကြောင်း ယင်းက ထပ်မံပြောသည်။ သြစတြေးလျနိုင်ငံ အခြေစိုက် ကုမ္ပဏီတစ်ခုက ခေတ်မီ ပစ္စည်းကိရိယာများ အသုံးပြု၍ ရှာဖွေမှုများ ပြုလုပ်ခဲ့ရာ ခေါင်းလောင်းတော်ကြီး၏ ပုံရိပ်ဟု ယူဆရသော နေရာနှစ်နေရာကို ဖမ်းယူရရှိခဲ့ကြောင်း၊ သို့သော် သေချာစွာ အတည်ပြု ပေးနိုင်ရေးအတွက် ရေငုပ်စမ်းသပ် အတည်ပြုရန် လိုအပ်ကြောင်း သိရသည်။

“သြစတြေးလျ ပညာရှင်တွေက ဓမ္မစေတီခေါင်းလောင်း ရှိမယ့်နေရာကို အသံလှိုင်းနဲ့ စမ်းသပ်ခဲ့ကြတာ။ ကျွန်တော်က မြစ်အတွင်းမှာ ရှိတဲ့ သံဓာတ် အနည်းအများ ပမာဏကို Land Sat 7 နာဆာဂြိုဟ်တုနဲ့ ကြည့်ရှုစမ်းသပ်ပြီး ခေါင်းလောင်းကို ဖော်ထုတ် တွေ့ရှိခဲ့တာပါ” ဟု ဦးစိုးသိန်းက ပြောသည်။ ရွှေတိဂုံစေတီတော် နှစ် ၂၆၀၀ ပြည့်တွင် လူအများ အဆိုပါ ဓမ္မစေတီ ခေါင်းလောင်းကြီးကို ဖူးမြော်စေချင်သည့် ရည်ရွယ်ချက်ဖြင့် ယခုကဲ့သို့ Land Sat 7 နာဆာဂြိုဟ်တုဖြင့် ကြည့်ရှုခဲ့ခြင်း ဖြစ်သည်ဟု ယင်းက ထပ်မံ ပြောသည်။ “ဓမ္မစေတီ ခေါင်းလောင်းကြီး အကြောင်းကို လူကြီးသူမတွေ ပြောတာပဲ ကြားဖူးတယ်။ တစ်ခါမှ မမြင်ဖူးဘူး။ အခုလို ဂြိုဟ်တုနဲ့ ခေါင်းလောင်းပုံရိပ်ကို အတိအကျ မြင်ရပြီဆိုတော့ ဘယ်အချိန် ကုန်းပေါ်ကို ပြန်ရောက်မလဲဆိုတာ စိတ်ဝင်စားမိတယ်” ဟု အဆိုပါ ခေါင်းလောင်းအကြောင်းကို စိတ်ဝင်စားသည့် ပုဇွန်တောင်မြို့နယ်နေသူ တစ်ဦးက ပြောသည်။


ကျော်မြတ်ဇံ
kmzan@yangonmedia.com
နှစ်ပေါင်း ၃၀၀ ကျော်တိုင် နစ်မြုပ်နေသော ဓမ္မစေတီ ခေါင်းလောင်း တည်နေရာကို အတိအကျ တွေ့ရှိပြီ နှစ်ပေါင်း ၃၀၀ ကျော်တိုင် နစ်မြုပ်နေသော ဓမ္မစေတီ ခေါင်းလောင်း တည်နေရာကို အတိအကျ တွေ့ရှိပြီ Reviewed by သစ်ထူးလွင် on 14:42 Rating: 5

13 comments:

Wai Yan Linn said...

အမြန်ဆုံးဆောင်ရွက်သင့်တဲ့ စီမံကိန်း တစ်ခုအနေနဲ့ ပြုလုပ်အကောင်အထည်ဖော်သင့်ပါတယ်. မြန်မာ့ရိုးရာအမွေအနှစ်တစ်ခုပါ.

Hintha said...

Sayar U Soe Thein,

Please do not give irresponsible and unethical remarks such as finding Diamond, Gold, Dhammazedi Bell through Landsat7 in order to get personal popularity.

mon-optimistic said...

အဲဒီ ခေါင်းလောင်းကြီးက မွန်တမျိုးသားလုံးရဲ့ အမွေနှစ်၊ ဓမ္မစေတီမင်းရဲ့ အလှူအဒါန်း၊ မွန်အမျိုးသားတို့ရဲ့ သမိုင်းတွေ ကမ္ဘာတည်သရွှေ့ မပြောက်မပျက်စေနိုင်တဲ့ အရင်းအမြစ်တွေပေါ့။ မွန်အမျိုးသားတွေ လွတ်လပ်မှု မရမချင်း၊ ဒါမှမဟုတ် မွန်လူမျိုးတွေ ဆန္ဒမပြုသရွှေ့တော့ တူးဖော်လို့ ရမှာ မဟုတ်ဘူးဆိုတာ သိထားပေတော့။

saw 00 said...

ဒေါ်လာငါးသိန်း ဆိုတာ သမိုင်း တန်ဘိုး နဲ့ ယှဉ်ရင် ဘာမှ မပြောပ လောက်ပါဘူး ၊ ပြည်သူ အများလဲ စိတ်ဝင်စား နေကြ တာဆိုတော့ လူ ကြီးတွေ အနေနဲ့ နား မျက်စိ ပိတ်မနေသင့်ပါဘူး။

iban said...

ိမြန်မာကို ကမ္ဘာက မသိဘူး.. ကိုယ့်နိုင်ငံက အပြင်ကို နဲနဲထွက်ကြည့်တာနဲ့ အဲဒါကို လက်ခံလိမ့်မယ်။
ဒီခေါင်းလောင်းကြီးက ကမ္ဘာမှာ ဒီကနေ့အထိ ကမ္ဘာမှာအကြီးဆုံး.. ဒီလို ကမ္ဘာနဲ့ချီပြီး မှတ်တမ်းပြုလောက်တဲ့၊ ဂင်းနစ်မှတ်တမ်းဝင်သွားရင်.. ကမ္ဘာလှည့်ခရီးသွားတွေရဲ့ စိတ်အ၀င်စားမှုအရှိဆုံး world heritage စာရင်းဝင် ဖြစ်သွားမယ်၊
အကျိုးဆက်က.. ကမ္ဘာက မြန်မာကို အများစုသိသွားမယ်။
မြန်မာ့ ခရီးသွားလုပ်ငန်းကို များစွာ.. များစွာ အထောက်ကူပြုမယ်။ ခေါင်းလောင်းကြီးကို အကြောင်းပြုပြီး ဗုဒ္စဘာသာ စိတ်ဝင်စား ပျံ့ နှံ့ရေးကို တစိတ်တဒေသ အထောက်အကူဖြစ်စေမယ်။ အခြားသော ဆက်နွယ်နေတဲ့ ခရီးသွားလုပ်ငန်းတွေအပေါ် များစွာ အထောက်အကူပြု အကျိုးသက်ရောက်စေနိုင်မယ်။ ဒါကို ကမ္ဘာကသိအောင် အသေအချာကြော်ငြာပြီး ပြခန်းနဲ့ အသေအချာထားပြီး အဖိုးအခယူပြီး ပြသရင် ရလာမယ့် ၀င်ငွေဟာ...ဆယ်ယူရင် ကုန်ကျမယ့် ဒေါ်လာ ၅၀၀၀၀၀ ဆိုတာ တစ်လအတွင်း အရင်းကြေယုံတင်မကဘူး.. အမြတ်ပါ ထွက်နိုင်တယ်။ မွန်တို့ရဲ့ ဂုဏ်ယူစရာသမိုင်းကို ပြန်လည် ဖော်ထုတ်ပေးတဲ့အတွက် အမျိုးသားပြန်လည်သင့်မြတ်ရေးမှာ များစွာ အထောက်အကူဖြစ်စေမယ်။ ကွင်းဆက်ပြတ်နေတဲ့ အချို့သော သမိုင်းအချက်အလက်တွေကို တိကျစွာ ဖော်ထုတ်နိုင်လိမ့်မယ်။ ဆယ်ယူနိုင်တဲ့ အစိုးရရဲ့သိက္ခာကို များစွာတက်စေလိမ့်မယ်။ ကိုယ့်လူမျိုးအပေါ် ဂုဏ်ယူ အထင်ကြီးစိတ် ဖြစ်စေမယ်။ ပြည်သူတွေ့ရဲ ယုံကြည်မှုကို ဒီလိုနည်းနဲ့ပဲ ရနိုင်တယ်။
အရှေ့တောင်အာရှနဲ့ ရန်ကုန်မှာ နိုင်ငံခြားခရီးသွားတွေကို အကြီးအကျယ်ဖမ်းစားနိုင်မယ့် အရာ ဖြစ်လာလိမ့်မယ်။ သမိုင်းတန်ဖိုးရရော၊ ဖြစ်စဉ်တန်ဖိုးအရပါ အင်မတန် မြင့်မားလှတဲ့ ဒီဓမ္မစေတီခေါင်းလောင်း ပြန်လည်ဆယ်ယူုရေးလုပ်ငန်းဟာ အစိုးရသစ်အနေနဲ့ သေချာပေါက် အကျိုးရှိမယ့် အမျိုးသားရေးစီမံကိန်းတစ်ခုပမာ မဖြစ်မနေ လုပ်ဆောင်သင့်တယ်လို့ မြင်ပါတယ်။
ကမ္ဘာမှာ နံပါတ်-၁ ဆိုတဲ့အရာတွေကို သန်း၇၀၀၀သော လူသားတွေ စိတ်ဝင်စားကြပါတယ်။ ဘယ်လိုမှ အရှုံးမရှိနိုင်ဘဲ ကမ္ဘာ့မှတ်တမ်းဝင်မယ့် လုပ်ငန်းကို အစိုးရအနေနဲ့ အချိန်မဆွဲသင့်ပါဘူး။

yoenayb said...

ဗိုလ်ခင်ညွှန့် က စလို့ ခေတ်အဆက်ဆက် ၀န်ကြီးတွေ၊ ဌာနဆိုင်ရာတွေက အဲလိုဘဲ ဟန်ပြလေးလုပ်လိုက်၊ နိုင်ငံခြားအဖွဲ့ပေါင်းစုံ ခေါ်လိုက် စမ်းလိုက်၊ တကယ်တွေ့ သယောင်ယောင်ပြောလိုက်နဲ့ လုပ်စားလာခဲ့ကြတာ များပေါ့ .. ခုလဲ ဘာမှာ သေချာသေးတာ မဟုတ်ဘဲနဲ့၊ ပြောပြန်ဘီ .. လုပ်စားကြဦးမယ် ..

Nyan Win Bo said...

စစ်သား ၉၉%ရှိတဲ့ မြန်မာပြည်...စစ်ဗိုလ်ချုပ်တွေက ငါတို့ မလုပ်နိုင်တာ မရှိဘူးဆိုတဲ့ အတွေးအခေါ် အများကြီးဘဲ...ပညာရှင်ကို တန်ဘိုးမထားဘူး မတိုင်ပင်ဘူး သူတို့သာ သိ သူတို့သာတတ် ဒီလိုလူတွေ.....ခု ရေအောက်ရောက်
နေတဲ့ ခေါင်းလောင်းကို တွေ့ပါဘီတဲ့...ဒီအတိုင်း ဆွဲမလို့ ဖြစ်နိုင် မဖြစ်နိုင်...ခေါင်းလောင်း ခိုင်ခန့်မှု...မြေကြီးထဲ နစ်ဝင်နေတဲ့ ခေါင်းလောင်းရဲ့ မခန့်မှန်းနိုင်တဲ့ အလေး....ဒီမှာ စင်္ကာပူက ဒီလို အတွေ့အကြုံတွေ အများကြီးရှိတယ်...မြေအောက် မီတာများစွာ ဥမင်ဖောက်တဲ့နည်းပညာ....ခေါင်းလောင်းပတ်လည် Sheet pile ရိုက်မယ်...ခေါင်းလောင်း ပတ်ဝန်းကျင်က မြေသားတွေ ရေတွေ ဖယ်ရှားမယ်...မြစ်အောက်ရောက်နေတဲ့ ခေါင်းလောင်းကို ပကတိ မြင်ရမှ အပေါ်ကို မတင်ဘို့....မြန်မာ အစိုးရ တာဝန်ရှိသူတွေကို ပညာရှင်ကို လုပ်ပိုင်ခွင့်ပေးတဲ့စင်္ကာပူ အနက်ဆုံးရထားလမ်း ၁၃ ထပ်အနက် လုပ်ငန်းခွင်ကို လာရောက်လေ့လာဘို့...စီစဉ်ပေးနိုင်ခဲ့ယင်ကောင်းမယ်...

ATM said...

အရမ်းတွေ့ချင်တယ်

Gyawdyi said...

ကိုမွန် ရယ်ခေတ်နေ နောက်ပြန်မဆွဲပါနဲ့ တော. အခုမြန်မာပြည် ဟာလည်း လူမျိုးတိုင်း အစိုးအကောက်နဲံ့ သက်ဆိုင်နေပါတယ် ဖြစ်တာလည်းဖြစ်ခဲ့မှာပေါ့ တက်ညီလက်ညီ ချီတက်ကြရအောင်စို့  ဒို့ လည်းမွန် ပါဘဲ အဓိကနဲံ့ သာမညကိုခွဲခြားချိန်တန်ပါပြီ၊

MasterMyanmar said...

It is impossible to detect something under the water using Landsat satellite images. It is good to see the top (most top) surface of land but it is useless or no use at all for the under the surface of the earth. So finding the Bell using Landsat7 is not practical. It is simply wild guess.

villager said...

ဗြဟ္မဇာလသုတ်ကိုလေ့လာကြည့်ပါ။ ကမ္ဘာကြီးပျက်ပြီး လူသားတွေ ပြန်လည်
စတင်ဖြစ်ပေါ်လာပုံကို တွေ့ရပါလိမ့်မယ်။ ဘာလူမျိုးမှ မရှိပါဘူး။ နောက်ပိုင်းမှသာ ရေကြည်ရာ မြက်နုရာရှာဖွေကြရင်: ကွဲကွဲသွားကြတာပါ။ အားလုံးဟာ လူသားတွေပါဘဲ
လူးသားတိုင်းမှာ လူသားတစ်ဦးချင်းစီရဲ့တန်ဘိုးတွေရှိကြပါတယ်။
ကောင်းတယ် ဆိုးတယ်ဆိုတာက လူမျိုးနဲ့မဆိုင်ပါဘူး
အမျိုးနဲ့ပြောမယ်ဆိုရင် မြတ်စွာဘုရားရှင်ရဲ့အမျိုးမှာတောင် ရှင်ဒေ၀ဒတ်လို ပုဂ္ဂိုလ်မျိုးရှိခဲ့ပါတယ်။
လက်ျာရံမထေရ်၊ လက်ဝဲရံမထေရ်တွေဟာ မြတ်စွာဘုရားရှင်နဲ့
အမျိုးမတူကြပါဘူး။ အဓိကက လူတစ်ဦးချင်းစီမှာရှိတဲ့အကျင့်သီလပါ။
လူမျိုးရေခွဲ၊ အတ္တတွေစွဲပြီးမလိုလားအပ်တဲ့တိုက်ခိုက်မှုတွေဖြစ်ခဲ့ ကြတာ နှစ်ပေါင်းမနည်းတော့ပါဘူး
ဘယ်သူတွေနစ်နာလဲ? ဘယ်သူတွေကောင်းစားလဲ ?
ပြည်သူလူထုပဲ နစ်နာတာပါ

မောင်မောင် said...

မွန်ဆိုတာလည်းမြန်မာပြည်ထဲက လူမျိုးတစ်စုပဲမဟုတ်လား..တခြားနိုင်ငံကိုထွက်ရင် မွန်ပတ်စ်ပို.လို. သီးခြားရှိတယ်လား..သိချင်ပါတယ်

Sit Naing said...

U Soe Thein was involved in finding this bell while Khin Nyunt was in power. No result came out.
I agreed with Mastermynmar. No way to detect using Lansat.

Let his paper send to remote sensing in geology conference. He will get Noble prize in Science if he defend.

Powered by Blogger.