မလေးရှားဝန်ကြီးချုပ် မြန်မာနိုင်ငံလာမည်

မြန်မာနဲ့ မလေးရှား ၂ နိုင်ငံ ကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်ရေး အတွက် ၀န်ကြီးချုပ် နာဂျစ် ရာဇတ် ဟာ မကြာခင် မြန်မာနိုင်ငံကို လာရောက် လည်ပတ်မယ်လို့  မြန်မာအစိုးရက ကြေညာလိုက်ပါတယ်။
AFP
မလေးရှားဝန်ကြီးချုပ် နာဂျစ် ရာဇတ်ကို သူဦးဆောင်သည့် ညီညွတ်သော မလေးအမျိုးသားအဖွဲ့ (UMNO) နှစ်ပတ်လည် ညီလာခံတွင် ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၃ ရက်နေ့က တွေ့ရစဉ်။
လာရောက်မယ့်ရက်ကို အတိအကျ ဖော်ပြထားခြင်း မရှိပေမယ့် သမ္မတဦးသိန်းစိန်ရဲ့ ဖိတ်ကြားချက်အရ လာရောက်တာ ဖြစ်တယ်လို့ သိရပါတယ်။ မနှစ် နိုဝင်ဘာလအတွင်းမှာလည်း ၂ နိုင်ငံ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ဖွံ့ ဖြိုးရေး အစီအစဉ် အတွက် မလေးရှား ၀န်ကြီးချုပ်ဟောင်း ဒေါက်တာ မဟာသီယာ မိုဟာမက် လာရောက် လည်ပတ်ခဲ့ပါတယ်။ မလေးရှားနိုင်ငံဟာ မြန်မာနိုင်ငံနဲ့ ကုန်သွယ်မှု အများဆုံး နိုင်ငံတွေထဲမှာ တရုတ်၊ ထိုင်း၊ စင်္ကာပူ၊ အိန္ဒိယ နဲ့ ဟောင်ကောင် ပြီးရင် ၆ နိုင်ငံမြောက် ဖြစ်ပါတယ်။ မြန်မာအစိုးရရဲ့ ထုတ်ပြန်ချက်အရ ၂၀၁၀ - ၁၁ ဘဏ္ဍာနှစ် အတွင်း မြန်မာ - မလေးရှား ၂ နိုင်ငံ ကုန်သွယ်မှု ပမာဏ ဟာ အမေရိကန်ဒေါ်လာ ၅၈၆ သန်းရှိရာမှာ မြန်မာနိုင်ငံက ထုတ်ကုန် ၄၄၁ သန်းဖိုးနဲ့  သွင်းကုန် ၁၄၅ သန်းဖိုး ရှိတယ်လို့  သိရပါတယ်။
RFA
မလေးရှားဝန်ကြီးချုပ် မြန်မာနိုင်ငံလာမည် မလေးရှားဝန်ကြီးချုပ် မြန်မာနိုင်ငံလာမည် Reviewed by သစ်ထူးလွင် on 08:52 Rating: 5

5 comments:

rita said...

ဝန်ကြီးချုပ်နဲ့ အတူမြန်မာပြည်အကြောင်းသိ မြန်မာ့စီးပွားရေးအကြောင်းနားလည်စိတ်ဝင်စားသူတွေပါတဲ့ အယောက်၁၀၀ လောက်သောစီးပွားရေးလုပ်ငန်းရှင်တွေလဲ အတူပါလာပါလိမ့်မယ်
မလေးရှားနဲ့ အကျိုးတူစီးပွားရေးလုပ်ချင်သူ မြန်မာပြည်ရှိစီးပွားရေးသမားများအတွက်အခွင့်အလမ်းကောင်းပါပဲ ။

datha said...

အထူးသတင်း
28.3.2012 နေ့တွင် အမေစု မကွေးကိုလာမည်
မကွေးသားတွေ ပျော်ကြပါ

အမြင်သစ် said...

ဒီဝန်ကြီးချုပ်ကလဲ ဘာအသုံးကျတာမှတ်လို့။ သူနိုင်ငံအကျိုးအ
တွက်ဘယ်လိုအမြတ်ထုတ်ရမလဲလာကြည့်တာဘဲနေမှာပေါ့။
သိန်းစိန်နဲ့တွေ့မယ် ဘယ်လိုဂွင်တွေဖန်တီးမယ် ဒီလောက်ပါဘဲ။

Myanmar said...

မလေး၇ှားက အချဉ်ဖောက်တော့မယ် ခံလိုက်ဦးကွာ။ အကောင်ကြီးနဲ့တွေ့လဲ ခံဘက်က အကောင်သေးနဲ့တွေ့လဲ ခံဘက်က။ ကိုယ့်ပြည်သူကျတော့ မော်တောင်မကြည့်၇ဘူး။ -ွတ်...............။ ။

nationalism said...

မြန်မာ - မလေးရှား ၂ နိုင်ငံ ကုန်သွယ်မှု ပမာဏ မြန်မာနိုင်ငံက ထုတ်ကုန် ၄၄၁ သန်းဖိုးနဲ့  သွင်းကုန် ၁၄၅ သန်းဖိုး ?
about showing that myanmar loose in trade with not only malaysia but also other country aspecially china

Powered by Blogger.