လယ်ယာစိုက်ပျိုးရေးနဲ့ ဆည်မြောင်းဝန်ကြီး ဌာနအတွက်
ဘတ်ဂျက်ဖြတ်တောက်မှုနဲ့ ပတ်သက်လို့ လယ်ယာ စိုက်ပျိုးရေးနဲ့
ဆည်မြောင်းဝန်ကြီးက လွှတ်တော်ကိုယ်စားလှယ်အပေါ် ပုတ်ခတ် ပြောဆိုထားတာကို
အရေးယူ ဆောင်ရွက်ပေးဖို့ လွှတ်တော်ကိုယ်စားလှယ်တွေက လွှတ်တော်
အခွင့်ရေးကော်မတီကို စုပေါင်း တိုင်ကြားထားပါတယ်။
မတ်လ ၂၃ ရက်နေ့ထုတ် Hot News ဂျာနယ်မှာ ဖော်ပြထားတဲ့ အင်တာဗျူးအတွင်း လယ်/ဆည် ၀န်ကြီးရဲ့ ပြောဆို ချက်တချို့ဟာ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့သိက္ခာကို ထိခိုက်စေတယ်ဆိုပြီး မကျေမနပ် ဖြစ်ကြတာဖြစ်သလို ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီကိုလည်း ထိခိုက်မှု ရှိတယ်ဆိုတဲ့ ဝေဖန်ချက်တွေလည်း ရှိနေပါတယ်။ ဒီအခြေအနေအပြည့်အစုံကိုတော့ မသင်းသီရိက တင်ပြပေးထားပါတယ်။
၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်အတွက် လယ်ယာစိုက်ပျိုးရေးနဲ့ ဆည်မြောင်းဝန်ကြီး ဌာနအပေါ် ဘတ်ဂျက်ဖြတ်တောက်မှုနဲ့ ပတ်သက်လို့ မတ်လ ၂၃ ရက်နေ့၊ သောကြာနေ့ထုတ် Hot News ဂျာနယ်ထဲမှာ လယ်/ဆည်ဝန်ကြီး ဦးမြင့်လှိုင်နဲ့ အင်တာဗျူး ဖော်ပြထားတာပါ။
ဒီတွေ့ဆုံမေးမြန်းခန်းထဲမှာ ဘတ်ဂျက်အဖြတ်ခံရတာနဲ့ ပတ်သက်လို့
ဝန်ကြီးဦးမြင့်လှိုင်ရဲ့ ပြောဆိုသုံးနှုန်းချက်
တချို့လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ဂုဏ်သိက္ခာကို ထိခိုက်မှုတွေပါတယ်ဆိုပြီး
ဒီကနေ့မနက် အင်တာဗျူးပါတဲ့ ဂျာနယ်ရဲ့ စာမျက်နှာကို မိတ္တူကူးကာ
ပြည်ထောင်စုလွှတ်တော် အစည်းအဝေးထဲမှာ ဝေငှတာတွေ ရှိခဲ့ပါတယ်၊ ဒါကို ဖတ်ရတဲ့
ကိုယ်စားလှယ်တွေလည်း မကျေမနပ်ဖြစ်ကြပြီး စုပေါင်းလက်မှတ်ရေးထိုးကာ လွှတ်တော်
အခွင့်အရေးကော်မတီကို ဒီကနေ့ ညနေက တိုင်ထားတယ်လို့
ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီရဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်
ဦးဖေသန်းက ပြောပြပါတယ်။
“လွှတ်တော်ကိုယ်စားလှယ်တွေ အဓိက မကျေမနပ်ဖြစ်တဲ့ စကားစုတွေကတော့-
လယ်တစ်ဧကထဲကို ရေရောက်ဖို့ သိန်းဘယ်လောက်ကုန်တယ်ဆိုတာ၊ အဲဒီဈေးတွက်တွက်နည်းနဲ့ တွက်တာ သက်သက် အပြစ်တင်ဖို့ ဝေဖန်တာပဲ။ ဒါ-ဦးနှောက်မရှိတာပေါ့၊ ရှိရက်သားနဲ့ သက်သက် Negative ဆန်တာပေါ့၊ လွှတ်တော်ကိုယ်စားလှယ်ဆိုပြီး စာမှမတတ်၊ ဆယ်တန်းမှမအောင်ဘဲ။ လွှတ်တော်ထဲကို လာထိုင်နေတော့ သူများက ထဆို ထမယ်။ ထိုင်ဆိုရင်ထိုင်မယ်။ သူများက ခလုတ်နှိပ်ဆို နှိပ်တယ်။ သူကမှ မသိတာ၊ ဘာတွေပြောနေလဲ၊ သူကမှ နားမလည်တာ။ ရမ်းပြီး လုပ်နေတာ။ လှော်တဲ့ ကောင်ကလည်း လှော်ရမယ်။ ထိုင်တဲ့ကောင်ကလည်း ငြိမ်ငြိမ်လေးထိုင်၊ အသက်ကြီးပြီဆိုရင် ငြိမ်နေရမယ်။ ငြိမ်ငြိမ်လေးမထိုင်ဘဲ အသားကုန် ဟိုလှုပ် ဒီလှုပ်၊ လှုပ်နေရင်တော့ ဒါ ဘုန်းကြီးရူးနဲ့ လှေလူးနဲ့...
လို့ ပြောတာ….အဲဒါ၊ အဲဒီအပိုဒ်တွေပေါ့ဗျာ၊ အဲဒီအပေါ်မှာ လွှတ်တော်ကိုယ်စားလှယ်တွေက တော်တော့်ကို မကျေနပ်ဖြစ်ပြီးတော့ လွှတ်တော်ထဲမှာ ရုတ်ရုတ်သဲသဲဖြစ်သွားတာဗျာ့၊ ပြည်သူ့လွှတ်တော်အခွင့်အရေးကော်မီတီကို နိုင်ငံတော်ပိုင် သတင်းစာ၊ ရုပ်မြင်သံကြားတို့ကနေ တရားဝင် ၀န်ချတောင်းပန်ဖို့၊ အဲလိုမှ မလုပ်ပေးရင်တော့ ကျနော်တို့ လွှတ်တော်က တရား ဥပဒေအရ အရေးယူ ဆောင်ရွက်သွားမယ်လို့ လွှတ်တော် ကိုယ်စားလှယ်တွေက တင်ပြကြတယ်လေ။”
ဦးမြင့်လှိုင်ဟာ နေပြည်တော် ဒက္ခိဏသီရိ မြို့နယ် ကြံ့ခိုင်ဖွံဖြိုးရေးပါတီရဲ့ ရွေးကောက်ခံ ကိုယ်စားလှယ် တစ်ဦးလည်း ဖြစ်သလို ပြည်ထောင်စု လယ်ယာစိုက်ပျိုးရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာန၀န်ကြီး အဖြစ်လည်း လက်ရှိ တာဝန်ယူထားတာပါ။ အခုလို ၀န်ကြီး ဦးမြင့်လှိုင်ရဲ့ ပြောဆိုချက်တွေဟာ ကြံ့ခိုင်ဖွံဖြိုးရေးပါတီကို ဂုဏ်သိက္ခာကျစေပြီး လွှတ်တော်ထဲမှာ ရှိနေကြတဲ့ ကြံ့ခိုင်ဖွံဖြိုးရေးပါတီရဲ့ ကိုယ်စားလှယ်တွေကိုပါ ထိခိုက်နေတယ်လို့ ကြံ့ခိုင်ဖွံ့ဖြိုးပါတီရဲ့ ရေဖြူမြို့နယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းဦးကလည်း ပြောပါတယ်။
“အထူးသဖြင့် ဒီလိုကြားဖြတ်ရွေးကောက်ပွဲနီးလာတဲ့ အချိန်မှာ ကျနော်တို့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ အနေနဲ့လည်း အနိုင်ရအောင် ကြိုးစားတာပါပဲ။ လောလောဆယ် ကျနော်တို့ လွှတ်တော်ထဲမှာ အများစုသော ကိုယ်စားလှယ်များဟာ ပြည်ခိုင်ဖြိုးပါတီက ဖြစ်ပါတယ်။ ကျနော်တို့ စည်းရုံးရေးဆင်းတဲ့ နေရာမှာ ကျနော်တို့အားလုံးကို ထိခိုက်နစ်နာစေပါတယ်။ ပြည်သူတွေက လွှတ်တော်ကို အယုံအကြည်ပျက်အောင်၊ ပြည်သူ့ကိုယ်စားလှယ်တွေကို အယုံအကြည်ပျက်အောင်၊ လုပ်ခဲ့တာသည်လည်းပဲ လွှတ်တော်သိက္ခာကျသလို နိုင်ငံလည်း သိက္ခာကျပါတယ်။ ကျနော်တို့ ပါတီလည်း သိက္ခာကျပါတယ်။”
Hot News ဂျာနယ်ထဲမှာ ဖော်ပြခဲ့တဲ့ ဒီအင်တာဗျူးထဲမှာ မေးမြန်းသူ သတင်းသမားဘက်က အသုံးအနှုန်းတခုနဲ့ ပတ်သက်လို့လည်း အမျိုးသားဒ်ီမိုကရေစီအင်အားစု NDF ပါတီက ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးစိုးဝင်း ပြောတာက-
“ဂျာနယ်မှာ ဗျူးထားတဲ့အပိုင်းမှာက မေးတဲ့လူက မေးထားတာက လွှတ်တော်ထဲမှာ အတိုက်အခံ ဒီမိုကရေစီ အင်အားစုတွေက ဆိုတော့- တကယ်ဆိုတော့ လွှတ်တော်မှာလည်း အတိုက်အခံဆိုတာ ကျနော်တို့ကို မပေးသုံးတော့ပါဘူး၊ မသုံးပါနဲ့။ အတိုက်အခံဆိုတဲ့ သဘောမထားပါနဲ့။ အားလုံး လက်တွဲလုပ်ကြရအောင်ပါလို့ သမ္မတကလည်း ပြောထားတယ်။ လွှတ်တော်ဥက္ကဋ္ဌကလည်း ပြောထားတယ်။ နောက်တခုကလည်း ကျန်တဲ့ဟာက ဒီမိုကရေစီအင်အားစု မဟုတ်ဘူး ဆိုတာမျိုး သွားပြီးသက်ရောက်နေတယ်။”
NDF ပါတီက ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိုးဝင်းပါရှင်။ ဘတ်ဂျက် ၆၅ ရာခိုင်နှုန်း အဖြတ် ခံထားရတဲ့ ၀န်ကြီးဌာနတစ်ခုအနေနဲ့ အများပြည်သူ စိတ်ဝင်စားတဲ့ ဘယ်လို ရပ်တည်ပြီး ဘယ် စီမံကိန်းတွေ ဆက်လုပ်ဖို့ ရပ်ပစ်ဖို့ ဆိုတဲ့အပေါ် တင်ပြချင်တာကြောင့် ဖြစ်ပြီး ကိုယ်စားလှယ် ဦးစိုးဝင်း ထောက်ပြခဲ့တဲ့ အသုံးအနှုန်းနဲ့ ပတ်သက်ပြီး လယ်/ဆည်ဝန်ကြီး ဦးမြင့်လှိုင်နဲ့ အင်တာဗျူးကို ကိုယ်တိုင် မေးမြန်းခဲ့သူလည်းဖြစ် Hot News ဂျာနယ်ရဲ့ အယ်တီတာချုပ်လည်း ဖြစ်တဲ့ ဒေါ်ဟေမာ ခေါ် မမ က- အခုလို VOA မြန်မာပိုင်းကို ရှင်းပြပါတယ်။
“ပြည်ခိုင်ဖြိုးက တက်တဲ့ အမတ်တွေရှိတယ်။ ဒီမိုကရေစီအင်အားစုကနေ တက်တဲ့ အမတ်ရှိတယ်။ အမတို့ ဂျာနယ်တွေက အင်တာဗျူးသွားရင် ဒီမိုကရေစီအင်အားစု အမတ်တွေကသာ အမတို့ စာနယ်ဇင်းတွေကို ပွင့်ပွင့်လင်းလင်း ဖြေကြားလေ့ရှိပါတယ်။ ပြည်ခိုင်ဖြိုးဘက်ကနေ လက်ရှိ in service တို့၊ အဲလိုမျိုးဘက်ကနေ ဖြစ်လာတဲ့ အမတ်တွေဟာ မဖြေကြဘူးညီမလေး၊ မဖြေတဲ့အတွက် အမတို့လည်း မေးရတာအခက်အခဲရှိပါတယ်။
အဲဒီအတွက် အတိုက်အခံပါတီလို့ အမပြောတဲ့ဟာက လက်ရှိ ဆိုရှယ်လစ်စနစ်ကနေ မူဝါဒပြောင်းခဲ့တာ ဘယ်သူတွေက အတိုက်အခံပြုခဲ့ကြတာလဲ၊ အဲဒီအတွက် ၀န်ကြီးဌာနတခုမှာ ၀န်ကြီးတယောက်နဲ့ မေးတဲ့အခါမှာ ဘတ်ဂျက်ကိစ္စကို ကျယ်ကျယ်လောင်လောင် အော်နေတယ်လို့ အမက မေးရပါတယ်။ အမက စာနယ်ဇင်းသမား၊ သတင်းသမားဆိုတဲ့ အတွက် မေးတဲ့နေရာမှာ ကွဲကွဲပြားပြားမေးရပါတယ်။ အဲဒီသဘောနဲ့ သုံးနှုန်းခြင်းသာဖြစ်ပါတယ်။”
Hot News ဂျာနယ်ရဲ့ အယ်တီတာချုပ်လည်း ဖြစ်တဲ့ ဒေါ်ဟေမာခေါ် မမ ပြောခဲ့တာပါရှင်။ ရှေ့ဘဏ္ဍာနှစ်အတွင်း ၀န်ကြီးဌာနတွေကို ဘတ်ဂျက်ဖြတ်တာတွေနဲ့ ပတ်သက်လို့ သတ္ထုတွင်း ၀န်ကြီးဌာနကလည်း အပတ်စဉ်ထုတ် The Voice Journal ကို မမှန်မကန်ရေးသားတဲ့ အတွက်ဆိုပြီး တရားစွဲဆိုထားတာတွေလည်း ရှိပါတယ်။
မတ်လ ၂၃ ရက်နေ့ထုတ် Hot News ဂျာနယ်မှာ ဖော်ပြထားတဲ့ အင်တာဗျူးအတွင်း လယ်/ဆည် ၀န်ကြီးရဲ့ ပြောဆို ချက်တချို့ဟာ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့သိက္ခာကို ထိခိုက်စေတယ်ဆိုပြီး မကျေမနပ် ဖြစ်ကြတာဖြစ်သလို ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီကိုလည်း ထိခိုက်မှု ရှိတယ်ဆိုတဲ့ ဝေဖန်ချက်တွေလည်း ရှိနေပါတယ်။ ဒီအခြေအနေအပြည့်အစုံကိုတော့ မသင်းသီရိက တင်ပြပေးထားပါတယ်။
၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်အတွက် လယ်ယာစိုက်ပျိုးရေးနဲ့ ဆည်မြောင်းဝန်ကြီး ဌာနအပေါ် ဘတ်ဂျက်ဖြတ်တောက်မှုနဲ့ ပတ်သက်လို့ မတ်လ ၂၃ ရက်နေ့၊ သောကြာနေ့ထုတ် Hot News ဂျာနယ်ထဲမှာ လယ်/ဆည်ဝန်ကြီး ဦးမြင့်လှိုင်နဲ့ အင်တာဗျူး ဖော်ပြထားတာပါ။
“လွှတ်တော်ကိုယ်စားလှယ်တွေ အဓိက မကျေမနပ်ဖြစ်တဲ့ စကားစုတွေကတော့-
လယ်တစ်ဧကထဲကို ရေရောက်ဖို့ သိန်းဘယ်လောက်ကုန်တယ်ဆိုတာ၊ အဲဒီဈေးတွက်တွက်နည်းနဲ့ တွက်တာ သက်သက် အပြစ်တင်ဖို့ ဝေဖန်တာပဲ။ ဒါ-ဦးနှောက်မရှိတာပေါ့၊ ရှိရက်သားနဲ့ သက်သက် Negative ဆန်တာပေါ့၊ လွှတ်တော်ကိုယ်စားလှယ်ဆိုပြီး စာမှမတတ်၊ ဆယ်တန်းမှမအောင်ဘဲ။ လွှတ်တော်ထဲကို လာထိုင်နေတော့ သူများက ထဆို ထမယ်။ ထိုင်ဆိုရင်ထိုင်မယ်။ သူများက ခလုတ်နှိပ်ဆို နှိပ်တယ်။ သူကမှ မသိတာ၊ ဘာတွေပြောနေလဲ၊ သူကမှ နားမလည်တာ။ ရမ်းပြီး လုပ်နေတာ။ လှော်တဲ့ ကောင်ကလည်း လှော်ရမယ်။ ထိုင်တဲ့ကောင်ကလည်း ငြိမ်ငြိမ်လေးထိုင်၊ အသက်ကြီးပြီဆိုရင် ငြိမ်နေရမယ်။ ငြိမ်ငြိမ်လေးမထိုင်ဘဲ အသားကုန် ဟိုလှုပ် ဒီလှုပ်၊ လှုပ်နေရင်တော့ ဒါ ဘုန်းကြီးရူးနဲ့ လှေလူးနဲ့...
လို့ ပြောတာ….အဲဒါ၊ အဲဒီအပိုဒ်တွေပေါ့ဗျာ၊ အဲဒီအပေါ်မှာ လွှတ်တော်ကိုယ်စားလှယ်တွေက တော်တော့်ကို မကျေနပ်ဖြစ်ပြီးတော့ လွှတ်တော်ထဲမှာ ရုတ်ရုတ်သဲသဲဖြစ်သွားတာဗျာ့၊ ပြည်သူ့လွှတ်တော်အခွင့်အရေးကော်မီတီကို နိုင်ငံတော်ပိုင် သတင်းစာ၊ ရုပ်မြင်သံကြားတို့ကနေ တရားဝင် ၀န်ချတောင်းပန်ဖို့၊ အဲလိုမှ မလုပ်ပေးရင်တော့ ကျနော်တို့ လွှတ်တော်က တရား ဥပဒေအရ အရေးယူ ဆောင်ရွက်သွားမယ်လို့ လွှတ်တော် ကိုယ်စားလှယ်တွေက တင်ပြကြတယ်လေ။”
ဦးမြင့်လှိုင်ဟာ နေပြည်တော် ဒက္ခိဏသီရိ မြို့နယ် ကြံ့ခိုင်ဖွံဖြိုးရေးပါတီရဲ့ ရွေးကောက်ခံ ကိုယ်စားလှယ် တစ်ဦးလည်း ဖြစ်သလို ပြည်ထောင်စု လယ်ယာစိုက်ပျိုးရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာန၀န်ကြီး အဖြစ်လည်း လက်ရှိ တာဝန်ယူထားတာပါ။ အခုလို ၀န်ကြီး ဦးမြင့်လှိုင်ရဲ့ ပြောဆိုချက်တွေဟာ ကြံ့ခိုင်ဖွံဖြိုးရေးပါတီကို ဂုဏ်သိက္ခာကျစေပြီး လွှတ်တော်ထဲမှာ ရှိနေကြတဲ့ ကြံ့ခိုင်ဖွံဖြိုးရေးပါတီရဲ့ ကိုယ်စားလှယ်တွေကိုပါ ထိခိုက်နေတယ်လို့ ကြံ့ခိုင်ဖွံ့ဖြိုးပါတီရဲ့ ရေဖြူမြို့နယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းဦးကလည်း ပြောပါတယ်။
“အထူးသဖြင့် ဒီလိုကြားဖြတ်ရွေးကောက်ပွဲနီးလာတဲ့ အချိန်မှာ ကျနော်တို့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ အနေနဲ့လည်း အနိုင်ရအောင် ကြိုးစားတာပါပဲ။ လောလောဆယ် ကျနော်တို့ လွှတ်တော်ထဲမှာ အများစုသော ကိုယ်စားလှယ်များဟာ ပြည်ခိုင်ဖြိုးပါတီက ဖြစ်ပါတယ်။ ကျနော်တို့ စည်းရုံးရေးဆင်းတဲ့ နေရာမှာ ကျနော်တို့အားလုံးကို ထိခိုက်နစ်နာစေပါတယ်။ ပြည်သူတွေက လွှတ်တော်ကို အယုံအကြည်ပျက်အောင်၊ ပြည်သူ့ကိုယ်စားလှယ်တွေကို အယုံအကြည်ပျက်အောင်၊ လုပ်ခဲ့တာသည်လည်းပဲ လွှတ်တော်သိက္ခာကျသလို နိုင်ငံလည်း သိက္ခာကျပါတယ်။ ကျနော်တို့ ပါတီလည်း သိက္ခာကျပါတယ်။”
Hot News ဂျာနယ်ထဲမှာ ဖော်ပြခဲ့တဲ့ ဒီအင်တာဗျူးထဲမှာ မေးမြန်းသူ သတင်းသမားဘက်က အသုံးအနှုန်းတခုနဲ့ ပတ်သက်လို့လည်း အမျိုးသားဒ်ီမိုကရေစီအင်အားစု NDF ပါတီက ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးစိုးဝင်း ပြောတာက-
“ဂျာနယ်မှာ ဗျူးထားတဲ့အပိုင်းမှာက မေးတဲ့လူက မေးထားတာက လွှတ်တော်ထဲမှာ အတိုက်အခံ ဒီမိုကရေစီ အင်အားစုတွေက ဆိုတော့- တကယ်ဆိုတော့ လွှတ်တော်မှာလည်း အတိုက်အခံဆိုတာ ကျနော်တို့ကို မပေးသုံးတော့ပါဘူး၊ မသုံးပါနဲ့။ အတိုက်အခံဆိုတဲ့ သဘောမထားပါနဲ့။ အားလုံး လက်တွဲလုပ်ကြရအောင်ပါလို့ သမ္မတကလည်း ပြောထားတယ်။ လွှတ်တော်ဥက္ကဋ္ဌကလည်း ပြောထားတယ်။ နောက်တခုကလည်း ကျန်တဲ့ဟာက ဒီမိုကရေစီအင်အားစု မဟုတ်ဘူး ဆိုတာမျိုး သွားပြီးသက်ရောက်နေတယ်။”
NDF ပါတီက ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိုးဝင်းပါရှင်။ ဘတ်ဂျက် ၆၅ ရာခိုင်နှုန်း အဖြတ် ခံထားရတဲ့ ၀န်ကြီးဌာနတစ်ခုအနေနဲ့ အများပြည်သူ စိတ်ဝင်စားတဲ့ ဘယ်လို ရပ်တည်ပြီး ဘယ် စီမံကိန်းတွေ ဆက်လုပ်ဖို့ ရပ်ပစ်ဖို့ ဆိုတဲ့အပေါ် တင်ပြချင်တာကြောင့် ဖြစ်ပြီး ကိုယ်စားလှယ် ဦးစိုးဝင်း ထောက်ပြခဲ့တဲ့ အသုံးအနှုန်းနဲ့ ပတ်သက်ပြီး လယ်/ဆည်ဝန်ကြီး ဦးမြင့်လှိုင်နဲ့ အင်တာဗျူးကို ကိုယ်တိုင် မေးမြန်းခဲ့သူလည်းဖြစ် Hot News ဂျာနယ်ရဲ့ အယ်တီတာချုပ်လည်း ဖြစ်တဲ့ ဒေါ်ဟေမာ ခေါ် မမ က- အခုလို VOA မြန်မာပိုင်းကို ရှင်းပြပါတယ်။
“ပြည်ခိုင်ဖြိုးက တက်တဲ့ အမတ်တွေရှိတယ်။ ဒီမိုကရေစီအင်အားစုကနေ တက်တဲ့ အမတ်ရှိတယ်။ အမတို့ ဂျာနယ်တွေက အင်တာဗျူးသွားရင် ဒီမိုကရေစီအင်အားစု အမတ်တွေကသာ အမတို့ စာနယ်ဇင်းတွေကို ပွင့်ပွင့်လင်းလင်း ဖြေကြားလေ့ရှိပါတယ်။ ပြည်ခိုင်ဖြိုးဘက်ကနေ လက်ရှိ in service တို့၊ အဲလိုမျိုးဘက်ကနေ ဖြစ်လာတဲ့ အမတ်တွေဟာ မဖြေကြဘူးညီမလေး၊ မဖြေတဲ့အတွက် အမတို့လည်း မေးရတာအခက်အခဲရှိပါတယ်။
အဲဒီအတွက် အတိုက်အခံပါတီလို့ အမပြောတဲ့ဟာက လက်ရှိ ဆိုရှယ်လစ်စနစ်ကနေ မူဝါဒပြောင်းခဲ့တာ ဘယ်သူတွေက အတိုက်အခံပြုခဲ့ကြတာလဲ၊ အဲဒီအတွက် ၀န်ကြီးဌာနတခုမှာ ၀န်ကြီးတယောက်နဲ့ မေးတဲ့အခါမှာ ဘတ်ဂျက်ကိစ္စကို ကျယ်ကျယ်လောင်လောင် အော်နေတယ်လို့ အမက မေးရပါတယ်။ အမက စာနယ်ဇင်းသမား၊ သတင်းသမားဆိုတဲ့ အတွက် မေးတဲ့နေရာမှာ ကွဲကွဲပြားပြားမေးရပါတယ်။ အဲဒီသဘောနဲ့ သုံးနှုန်းခြင်းသာဖြစ်ပါတယ်။”
Hot News ဂျာနယ်ရဲ့ အယ်တီတာချုပ်လည်း ဖြစ်တဲ့ ဒေါ်ဟေမာခေါ် မမ ပြောခဲ့တာပါရှင်။ ရှေ့ဘဏ္ဍာနှစ်အတွင်း ၀န်ကြီးဌာနတွေကို ဘတ်ဂျက်ဖြတ်တာတွေနဲ့ ပတ်သက်လို့ သတ္ထုတွင်း ၀န်ကြီးဌာနကလည်း အပတ်စဉ်ထုတ် The Voice Journal ကို မမှန်မကန်ရေးသားတဲ့ အတွက်ဆိုပြီး တရားစွဲဆိုထားတာတွေလည်း ရှိပါတယ်။
ံHot News
လယ်/ဆည်ဝန်ကြီး လွှတ်တော်ကိုတောင်းပန်ရန် အမတ်များတောင်းဆို
Reviewed by သစ်ထူးလွင်
on
09:35
Rating:
44 comments:
what you said is true????“လွှတ်တော်ကိုယ်စားလှယ်တွေ အဓိက မကျေမနပ်ဖြစ်တဲ့ စကားစုတွေကတော့-
လယ်တစ်ဧကထဲကို ရေရောက်ဖို့ သိန်းဘယ်လောက်ကုန်တယ်ဆိုတာ၊ အဲဒီဈေးတွက်တွက်နည်းနဲ့ တွက်တာ သက်သက် အပြစ်တင်ဖို့ ဝေဖန်တာပဲ။ ဒါ-ဦးနှောက်မရှိတာပေါ့၊ ရှိရက်သားနဲ့ သက်သက် Negative ဆန်တာပေါ့၊ လွှတ်တော်ကိုယ်စားလှယ်ဆိုပြီး စာမှမတတ်၊ ဆယ်တန်းမှမအောင်ဘဲ။ လွှတ်တော်ထဲကို လာထိုင်နေတော့ သူများက ထဆို ထမယ်။ ထိုင်ဆိုရင်ထိုင်မယ်။ သူများက ခလုတ်နှိပ်ဆို နှိပ်တယ်။ သူကမှ မသိတာ၊ ဘာတွေပြောနေလဲ၊ သူကမှ နားမလည်တာ။ ရမ်းပြီး လုပ်နေတာ။ လှော်တဲ့ ကောင်ကလည်း လှော်ရမယ်။ ထိုင်တဲ့ကောင်ကလည်း ငြိမ်ငြိမ်လေးထိုင်၊ အသက်ကြီးပြီဆိုရင် ငြိမ်နေရမယ်။ ငြိမ်ငြိမ်လေးမထိုင်ဘဲ အသားကုန် ဟိုလှုပ် ဒီလှုပ်၊ လှုပ်နေရင်တော့ ဒါ ဘုန်းကြီးရူးနဲ့ လှေလူးနဲ့...
လို့ ပြောတာ….
"လွှတ်တော်ကိုယ်စားလှယ်ဆိုပြီး စာမှမတတ်၊ ဆယ်တန်းမှမအောင်ဘဲ။ လွှတ်တော်ထဲကို လာထိုင်နေတော့ သူများက ထဆို ထမယ်။ ထိုင်ဆိုရင်ထိုင်မယ်။ သူများက ခလုတ်နှိပ်ဆို နှိပ်တယ်။ သူကမှ မသိတာ၊ ဘာတွေပြောနေလဲ၊ သူကမှ နားမလည်တာ။ ရမ်းပြီး လုပ်နေတာ။ လှော်တဲ့ ကောင်ကလည်း လှော်ရမယ်။ ထိုင်တဲ့ကောင်ကလည်း ငြိမ်ငြိမ်လေးထိုင်၊ အသက်ကြီးပြီဆိုရင် ငြိမ်နေရမယ်။ ငြိမ်ငြိမ်လေးမထိုင်ဘဲ အသားကုန် ဟိုလှုပ် ဒီလှုပ်၊ လှုပ်နေရင်တော့ ဒါ ဘုန်းကြီးရူးနဲ့ လှေလူးနဲ့..."
ကဲ.ကြံ့ဖွံ့ရေ.ဘာမှပြောမနေနဲ့.ဟုတ်တာပြောတာပဲ.
ကြံ့ဖွံ့အကြောင်းကြံ့ဖွံ့ပဲသိလို့ပြောတာပေါ့..ကဲပြည်သူလူထု
ကြီးခင်ဗျား..အဖြေကရှင်းနေပါပီ.ကိုယ့်အထုပ်ကိုယ်ဖျေပြနေတာ
ဘယ်သူ့မဲထည့်ရမလဲ.မေးနေစရာကိုမလိုဘူး..
သိတယ်နော်..ညီစေ.
လူလိမ္မာသား ယဉ်ပါး၍ လူမိုက်သား ရမ်းကားသည်။
ဒုတိယဗိုလ်ချုပ်ကြီးမြင့်လှိုင်(ပြည်ထောင်စုဝန်ကြီး)၏
အဆင့်အတန်းသည်ကား၊ ဤမျှသာတည်း။
စစ်တပ်ကလာရင်၊ဘာသာစုံကျွမ်းကျင်တယ်လို့ အယူရှိ
ခဲ့ကြသဖြင့်၊တိုင်းပြည်ဤအခြေအနေရောက်ခဲ့ရသည်။
စိတ်ဓါတ်အဆင့်နိမ့်ကျခြင်းသည်၊ဂုဏ်ယူဖွယ်မဟုတ်၊
ရှက်ဖွယ်လိလိ ဖြစ်ပေသည်။
ဤသတင်းကို အခြားနိုင်ငံများသိလျှင်၊တိုင်းပြည်ကော
လူမျိုးပါ ရှက်စရာအလွန်ကောင်းလှသည်။
အချင်းချင်း သတ်ကုန်ပြီ
မစားရတဲ့ကောင်နဲ့ စားရတဲ့ကောင်တွေ ကိုက်ကုန်ပြီ
လက်ခုပ် ၀ိုင်းတီးပေးပါ
မျောက်ပွဲကြည့် သလိုပေါ့
"လယ်တစ်ဧကထဲကို ရေရောက်ဖို့ သိန်းဘယ်လောက်ကုန်တယ်ဆိုတာ၊ အဲဒီဈေးတွက်တွက်နည်းနဲ့ တွက်တာ သက်သက် အပြစ်တင်ဖို့ ဝေဖန်တာပဲ။ ဒါ-ဦးနှောက်မရှိတာပေါ့၊ ရှိရက်သားနဲ့ သက်သက် Negative ဆန်တာပေါ့၊ လွှတ်တော်ကိုယ်စားလှယ်ဆိုပြီး စာမှမတတ်၊ ဆယ်တန်းမှမအောင်ဘဲ။ လွှတ်တော်ထဲကို လာထိုင်နေတော့ သူများက ထဆို ထမယ်။ ထိုင်ဆိုရင်ထိုင်မယ်။ သူများက ခလုတ်နှိပ်ဆို နှိပ်တယ်။ သူကမှ မသိတာ၊ ဘာတွေပြောနေလဲ၊ သူကမှ နားမလည်တာ။ ရမ်းပြီး လုပ်နေတာ။ လှော်တဲ့ ကောင်ကလည်း လှော်ရမယ်။ ထိုင်တဲ့ကောင်ကလည်း ငြိမ်ငြိမ်လေးထိုင်၊ အသက်ကြီးပြီဆိုရင် ငြိမ်နေရမယ်။ ငြိမ်ငြိမ်လေးမထိုင်ဘဲ အသားကုန် ဟိုလှုပ် ဒီလှုပ်၊ လှုပ်နေရင်တော့ ဒါ ဘုန်းကြီးရူးနဲ့ လှေလူးနဲ့..."
ဝန်ကြီးရေ.. မှန်ပါ့ဗျာ. ထိုသို့သော အမတ်များမှာ မည်သူတွေပါနည်း.. လူကြီးမင်း၏ ပါတီမှ အမတ်များ မဟုတ်ကြပါသလော...
သူများ မပြောခင်. လူကြီးမင်း ပဲ ကိုယ့်ဟာကို ပြန်သုံးသတ်ပါဦး.
စိုက်ပျိုးရေးဝန်ကြီးဌာနဆိုတာ ဆန်စပါးပဲ စိုက်ဖို့ တာဝန်ရှိတာလား။ လူကြီးမင်း ထမင်းစားတဲ့ အချိန်ကျလျှင် ဆန်ကရတဲ့ ထမင်းပဲ စားသလား. ဆီမပါ၊ .. ပဲမပါ. ..အသီးအရွက်မပါ။ စားသလား သိခြင်ပါတယ်။ မည်သူကိုမှ ဒုက္ခမပေးဘဲ တဧက တင်း၂၀၀ ထွက်အောင် လုပ်နိုင်လျှင် လူကြီးမင်းကို ရာသက်ပန် ထောက်ခံမယ်.။ လူကြီးမင်းကို၌က စာမတတ်ပေမတတ်နှင့် မဖြစ်နိုင်တာကို စိတ်ကူယဉ်ပီး လျှောက်အော်နေတော့၊ လွတ်တော်ထဲက လူတွေ လျှောက်အော်တာ မလွန်ပါဘူး။ ဝန်ကြီးေ-ာက်ရူးရဲ့။
အမှန်တွေပြောနေတယ်...အမှန်တွေပြောနေတယ်
နွားတွေကွဲနေပြီ။ ကျားစွဲဖို့ပဲလိုတော့တယ်။
ဒါပဲလေ စားပေါက်ပိတ်လို့ ပြောတဲ့ လူကပြောပြီ။
မှန်တာပြောတော့ နာတယ်ပေါ့ ဖွတ် အမတ်တွေ-------
ကြို့က်ပြီ..ဟေ
အချင်းချင်းတောင် မတည့်ကျတော့ဘူး
တောင်းပန်တယ်ကွာ....တစ်လောကလုံးဗြောင်းဆန်နေတာပဲ......
(မင်းတို့လုပ်သမျှ)..၂၀၁၀..က..တကယ်ခိုးခဲ့တဲ့မဲတွေကတော့!!!
လုပ်ဇာတ်မဟုတ်ပါဘူး..ပရိတ်သတ်ကြီးရေရရရရရရရရ!!!
မှန်ပါတယ် ကြံဖွတ်ကိုယ်စားလှယ်တော်ကြီးတွေကိုပါေ၇ာပီးစော်ကားလိုက်တာပါဘဲ။ ချက်ချင်း အေ၇းယူသင့်ပါတယ်။ ဒူးနေ၇ာဒူး တော်နေ၇ာတော် နားမလည်တဲ့ ဇီးသီးသည်ဝန်ကြီးကို ချက်ချင်းအေ၇းယူသင့်ပါတယ်။ သြော်ပြောသာပြော၇ ၁၀တန်းမအောင်ဘဲ စီးပွားေ၇း ၀န်ကြီးဌာန ၀န်ကြီးလဲ လုပ်လို့၇တာဘဲ။ မသာကာ ဟိုဝင်ကြီးတစ်ယောက်လို ဂုဏ်ထူးဆောင် ပါမောက်ခုတ် ဘွဲ့လေးဘာလေး ၀ယ်လိုက်ဖြစ်တာကို.. အဟီး.............။ ။
လွှတ်တော်ထဲမှာ ၁၀ တန်းမအောင်တဲ့သူ ဘယ်နှစ်ယောက် ဒေါက်တာဘွဲ့အတု ဘယ်နှစ်ယောက် ငတက်ပြားဘွဲ့ရထားသူ ဘယ်နှစ်ယောက် စသဖြင့် အတိအကျလေး ဖော်ပြပေးက ပိုပြိး ကောင်းမယ်. ဟိဟိ။ အရင်က သိတော့ သိတယ်. ဒါပေမယ့် မင်းတို့ ကိုယ်တိုင် ဝန်ခံတော့ ပိုပြိးတော့ ကောင်းတာပေါ့. ဟဲဟဲ။
ဒီဦးမြင့်လှိုငိကအရင်တိုငိးမှုးဘ၀ကလဲဆင်းရွှေလီစိုက်ပြလာတာအခုဆင်းရွှေလီစပါးတွေဘယ်ေ၇ာက်ကုန်လဲ၊အခုတခါလာပြန်ပြီနောက်စပါးတမျိုး၊အလကားသူသိသူတပ်ကြည်ဘဲ၊ညာဖီးပြီ။အီတ်ထဲထည့်နေကြတာ။
မင်းတို့ ဖွတ် အမတ်တွေပဲ လေ
ချကုန်ကြပြီကိုး။ ကောင်းပါတယ်လေ။ ဒို့ကပွဲကြည့်ပရိသတ်ပဲကိုး။
အရှက်ရှိရင်ကိုယ့်တာဝန်ကိုယ်ယူပါ။
ဇော်မင်းလိုမျက်နှာပြောင်တိုက်ပြီးနေရင်ခင်ဗျားအတွက်မကောင်းပါ။
ကိုယ့်တာဝန်ကိုယ်ယူသောအားဖြင့်ရာထူးမှထွက်ပေးပါ။
သမ္မတကြီးမှလည်းတိုင်းပြည်ဧ။်အရေးကြီးသောစိုက်ပျိုးရေးဝန်ကြီးနေရာမှာတကယ်လက်တွေ့ လုပ်နေသောသူ သို့မဟုတ်ပညာရှင်တစ်ဦးကိုခန့်ပေးစေလိုပါသည်။
အစိုးရအဖွဲ့ထဲမှာ ဒုသမ္မတရာထူးနဲ့မထိုက်တန်သူ၊ ဝန်ကြီးရာထူးနဲ့မထိုက်တန်သူတွေကို ဖယ်ရှားလိုက်မယ်ဆိုရင် လက်ရှိအစိုးရအဖွဲ့ဟာ တော်တော်ကြည့်ပျော်ရှုပျော်ဖြစ်သွားပါလိမ့်မယ်။ ဒီလူမိုက်၊ လူယုတ်မာတွေဟာ စစ်အာဏာရှင်ခေတ်မှာသာ တွင်ကျယ်နိုင်မှာဖြစ်ပြီး ဒီမိုကရေစီအစိုးရအတွက်တော့ ဆွမ်းဆန်ထဲက ကြွက်ချေးလိုလူတွေဖြစ်ပါတယ်။ အစိုးရအဖွဲ့ထဲက လူမိုက်ရှစ်လုံးအဖွဲ့ရယ်၊ ဖွတ်ပါတီက လူယုတ်အောင်သောင်းအဖွဲ့ရယ်ကို ရှင်းထုတ်နိုင်ခဲ့မယ်ဆိုရင် ကျန်သူတွေရဲ့ Image တော်တော်ကောင်းလာစရာရှိပါတယ်။ ဒီလူတွေဟာ ဒီမိုကရေစီစံနစ်ကိုဆန့်ကျင်နေသူတွေမှန်း တဖြည်းဖြည်းရုပ်လုံးပေါ်လာပါပြီ။ ဆန့်ကျင်ဘက်ပါတီကိုမဆိုထားနဲ့ ကိုယ့်တစ်ဖွဲ့တည်းသားတွေရဲ့ ဒီမိုကရေစီကျင့်စဉ်တွေကိုပါ ဆန့်ကျင်နေတဲ့ အာဏာရူးတွေဆိုတာ အားလုံးအမြင်ပါဘဲ။ ပါးစပ်က နိုင်ငံချစ်ပြ၊ တိုင်းပြည်ချစ်ပြနေပေမယ့် တစ်ဖွဲ့တည်းသားတွေရဲ့ လုပ်ရပ်ကောင်းတွေကိုတောင် သူတို့ကိုယ်ကျိုးထိပါးလာရင် ခါးခါးသီးသီးဆန့်ကျင်နေတာ အော့နှလုံးနာစရာကြီးဗျာ။
အိမ်ဖွတ်ချင်းတော့ အိုးမည်းသုတ် ကိုက်ကြပြီ .. စားရတဲ့ ဖွတ်နဲ့ မစားရတဲ့ဖွတ်တို့ ဂိုဏ်းကွဲလေသောအခါ ပုတ်သင်ဥတွေ ပေါ်ကုန်တာပေါ့ ... ဟားဟားဟား ။
အော်....ခွေးတွေအချင်းချင်း ပြန်ကိုက်နေကြပြီတော့..
ရုပ်ရှင်ထဲမှာ
ရွှေဘ လူဆိုးရှိရာ လိုက်လာပြီဆိုရင် ပရိသတ်က လက်ခုပ်လက်ဝါးတီး အော်ဟစ်အားပေးကြတယ်။
ရွှေဘ လက်သီးထိုးခံရရင် ပိတ်ကားကို တွေ့ရရာနဲ့ပေါက်တော့တာဘဲ။
လွှတ်တော်ထဲမှာကော အစိုးရထဲမှာပါ ရွှေဘလို လူမျိုးတစ်ယောက်မှမပါဘဲ။
ရွှေဘလုပ်ချင်သူတွေသာ ပေါနေတာ
အရည်အချင်းမရှိတဲ့သူအချင်းချင်း ဘောင်ဘင်ခတ်နေကြတယ်။
အားလုံးလေမထူးဘူး... အရှုး။
သူတို့တွေထဲမှာတော့ဦးရွှေမန်း သည်မှန်မှန်ကန်ကန်နှင့်ထက်ထက်မြက်မြက် ရှိပြီး လတ်ြတော်၏ဥပဒေပြုရေးနှင့် လတ်ြတော်၏လုပ်ပိုင်ခွင့်ကိုပီပြင်အောင်ပုံဖော်နိုင်သူ ဟုယုံကည်ပါသည်။သို့သော်
ဦးမြင့်လှိုူင်ပြောသလို ဘာမှမသိဘဲ လတ်ြတော်ထဲရောက်လာသူများလည်း ဘယ်နှစ်ယောက် အထိရှိသလဲဆိုတာ သံသယဖြစ်မိပါသည်။ သူတို့အချင်းချင်းတော့ ပိုသိနိုင်ပါလိမ့်မည်။
ကိုထူး။။ ""ပါးစပ်က နိုင်ငံချစ်ပြ၊ တိုင်းပြည်ချစ်ပြနေပေမယ့် တစ်ဖွဲ့တည်းသားတွေရဲ့ လုပ်ရပ်ကောင်းတွေကိုတောင် သူတို့ကိုယ်ကျိုးထိပါးလာရင် ခါးခါးသီးသီးဆန့်ကျင်နေတာ အော့နှလုံးနာစရာကြီးဗျာ။""
totally agree with you.. Ko Htoo
Comment အားလုံးေ၇းထားတာအလွန်မှန်လိုက်လေခြင်း....
ဒီအတိုင်းကြည့်မနေကြနဲ့လေရေလေးဘာလေးနဲ့ပက်ပေးလိုက်ကြအုံးသနားလို့တော့မဟုတ်ဘူးဟေ့အချင်းကိုက်ကြတော့ရှိစုမဲ့စုနိုင်ငံသိက္ခာကျမှာစိုးလို့ဟေ့
ဟအကောင်ရ စမတတ်တဲ.ထဲမှာမင်းလဲပါတယ် သိလား မနေတတ်မထိုင်တတ်နဲ.ကွာ ထမင်းတော.ငတ်တော.မှာပဲ မှိန်းစားရင်4နှစ်လောက်ရဦးမှာ ခုတော. ဟိဟိ
ဝန်ကြီးပြောတာမှန်ပါတယ်ဗျာ --- ဟဲ--ဟဲ--ဟဲ သူတို့အချင်းချင်းအကြောင်းသိတယ်လေ ဆယ်တန်းလဲမအောင် အလိုက်လဲမသိဆိုတာမျိုးပေါ့ ဘယ်နှယ်ဗျာ အထိုင်အထ လောက်လုပ်တတ်တဲ့ ကိုယ်စားလှယ်တွေကများနေတာ အမှန်ဘဲလေ ဘာစီမံကိန်း ဘာဘတ်ဂျတ် ဘာဆိုဘာမှာနားမလည် အိပ်ငိုက်တဲ့သူက ငိုက် အင်တာဗျူးမေးတော့လဲ ဘာမှမဖြေတတ် ဘာကိုယ်စားလှယ်လဲ ပြည်သူအတွက်ဆိုတာ ဘာကိုပြောတာလဲဗျာလို့ပြန်မေးမဲ့ကောင်တွေ မဲခွဲရင် သူလူတွေထိုင်ရင်လိုက်ထိုင် ထရင်လိုက်ထ ၀န်ကြီးက အဲလိုပြောတာတောင်နည်းသေးတယ် ထမင်းစားတဲ့စက်ရုပ်ကောင်တွေ
ဒဂုံမြို.သစ်ကမြေတိုင်းရပ်ကွက်(၁၁)ကွက် မြေကွက်ပေါင်း(၈၀၀၀)ကျော်
ဝန်ထမ်း(၈၀၀၀)ကျော်တို.ရဲ.မြေကွက်တွေကိုစက်မှုလယ်ယာလုပ်ဖို.ဆိုပြီး
ပြန်သိမ်းဖို.လုပ်နေတာ သူပေါ့။
အဲ့ဒီ့တုန်းက ဒီလိုမျိုးစဉ်းစားခဲ့ဖူးရဲ.လား?
အခု လယ်ဆည်ရဲ. budget တွေအဖြတ်ခံရတော့ နေမထိ ထိုင်မထိ
ဖြစ်နေပြီ။ဝဋ်ဆိုတာ ချက်ခြင်းလည်တယ်နော်။
သမ္မတကြီးရေ...အဲဒါတွေးတိုးစမ်းတာပါ...တစ်ကောင်လောက်ဖြုတ်ပြလိုက်ပါ...သမ္မတကြီးရေ။
သမ္မတကြီး(လူသေရင်..ကိုယ့်နောက်ဘာမှသယ်သွားလိုမရပါဘူး...နာမည်မသေဖို့အရေးကြီးတယ်နော်) ။
တောက်....ငါဝါးရမဲ့အလှည့်ရောက်မှ၊ဒီလိုလာလုပ်ရလားသောက်ရူးတွေရဲ့။
ဝန်ကြီးဦးမြင့်လှိုင်က အရင်ကဆည်ရေသောက်တာ ''၀'' နေတော့ ဘာမှပြောဘူး ... အခုနောက်ပိုင်းက ဆည်ရေတွေကောင်းကောင်း သိပ်မသောက်ရတော့ အားလုံးပေါ်ပြီး နောက်ဆို ဒီထက်ကြားရအုံးမယ်.... အချင်းချင်တွေပဲ တို့တတွေ ပညာမတက်တာ အားလုံးသိကုန်မယ်...အဖွဲ့ သိက္ခါကျအောင်တော့မပြောရဘူး တို့တတွေဝိုင်းလိမ်ရမယ်........ ပြည်သူတွေကို........
ကိုယ့်လူတွေရဲ့အကြောင်း ကိုယ်အသိဆုံးနေမှာပေါ့ဗျာ..ဘာတဲ့.."လွှတ်တော်ကိုယ်စားလှယ်ဆိုပြီး စာမှမတတ်၊ ဆယ်တန်းမှမအောင်ဘဲ။ လွှတ်တော်ထဲကို လာထိုင်နေတော့ သူများက ထဆို ထမယ်။ ထိုင်ဆိုရင်ထိုင်မယ်။ သူများက ခလုတ်နှိပ်ဆို နှိပ်တယ်။ သူကမှ မသိတာ၊ ဘာတွေပြောနေလဲ၊ သူကမှ နားမလည်တာ။ ရမ်းပြီး လုပ်နေတာ။ လှော်တဲ့ ကောင်ကလည်း လှော်ရမယ်။ ထိုင်တဲ့ကောင်ကလည်း ငြိမ်ငြိမ်လေးထိုင်၊ အသက်ကြီးပြီဆိုရင် ငြိမ်နေရမယ်။ ငြိမ်ငြိမ်လေးမထိုင်ဘဲ အသားကုန် ဟိုလှုပ် ဒီလှုပ်၊ လှုပ်နေရင်တော့ ဒါ ဘုန်းကြီးရူးနဲ့ လှေလူးနဲ့.." အင်း ငါတို့ မြန်မာနိုင်ငံ အတွက် ရင်လေးလိုက်တာ...အမေ စု လိုပညာတတ်ပြီး နိုင်ငံနဲ့လူမျိုးကို တကယ်ကို နိုင်ငံတကာနဲ့ ရင်ဘောင်တန်းနိုင်အောင် လုပ်ပေးချင်တဲ့စိတ်ဓာတ်မျိုး ရှိသူတွေ..လွှတ်တော်ထဲမှာ ရောက်သင့်နေပါပြီ..
တစ်ဧကတင်း(၂၀၀)တဲ့စံကွက်ရိတ်မဲ့ညမတိုင်ခင်အခြားလယ်တွေကစပါးတွေကို တိတ်တိတ်လေးခိုးထည့်ထားပြီး တစ်ဧကတင်း(၂၀၀)ထွတ်ပါတယ်ဆိုတဲ့ညာဝါးတဲ့ခေတ်ကုန်သွားပြီးလေ
မြင့်လှိုင်ရာ ငါတို့က ဆယ်တန်း မအောင်ပါဘူး...ဟုတ်ပါတယ်...မင်းက ဆယ်တန်းကို အမှတ် ၄၀ ကျော်လေး နဲ့ ကပ်အောင်သွားတယ်လေ...စစ်တပ်ဆိုတာ အမှတ်စာရင်း ပြစရာ မလိုတော့...အဲသည်မှာ ဖားယား ဟုတ်ကဲ့ အမိန့်လိုက်နာတာနဲ့...တိုင်းမှူး ဖြစ်...
ခေတ်ကလဲ စစ်တပ်က အကုန်ဝင်ပါ...မကြာမကြာ ဗိုလ်ချုပ်တွေ လာဘ်စား ပြုတ်..မင်းက ဗိုလ်ချုပ်ကြီးဖြစ်...အောက်က ဆယ်တန်းမှာ ထူးချွန် နေရာမရရှာတဲ့ ပညာရှင်တွေ ကော်ဆဲ....ပညာရှင် စီမံခွင့်မရတော့ ဒီတိုင်းပြည် ဖွတ်ဖြစ်တာဘဲကွာ....မြင့်လှိုင် မင်းဆယ်တန်းအောင်တဲ့ အမှတ်ကို လဲ ပြန်ကြည့်အုံးလေကွာ....
All comments are very very very good.....totally agree with you all.
ဘာမှမပြောတော.ဘူး..........
ဒီပို.စ်နဲ. ဒီကွန်.မတ်တွေကို ထိုင်ပဲရီလိုက်တော.မယ်
ဟားဟားဟားဟားဟားဟား
ဝန်ကြီးပြောတာ အားလုံးမှန်ပါတယ် သူ့ပါတီကလူတွေအကြောင်းသူအသိဆုံးပဲလေ .....ထိုင်မယ်...ထမယ်...လမ်းလျှောက်မယ်...ဟားဟား ဒါပဲလေ..
ကြံ့ဖွတ်ရဲ့ဂုဏ်သတင်းတွေ
အလကားသူခိုးပါကွာ။
ရမခတိုင်းမှူးဘဝ တုန်းက အသေအလဲ ခိုးခဲ့တာပေါ့။
မောင်အေးတပည့်ပေါ့ကွာ။
အဘတို့ကောင်းကောင်းသိပါတယ်။
Education is not important for Ministers or Members of Hluttaw,but character and patriotism is a must.Be honest to the citizens.Doing for the country is a good job.You know what the decision maker need to do.
Education is not important for politicians,Presidents,Ministers or Members of Parliament.Character and Patriotism are a must.
Be honest to the citizens.Doing for the country is a good job.You know what the decision makers need.A farmer or an ordinary worker can lead the country if he has leadership ability.Think it hard.
တစ်ဖြည်းဖြည်းနဲ့ တော့ပေါ်လာပြီနော်.မတည့်တဲ့သူတွေခုမှ
ရုပ်လုံးပေါ်လာပြီနော်...ဖွတ်တွေတော့အချင်းချင်းတော့သတ်
ကျတော့မယ်နော်...တို့ ကတော့ NLD ကိုမဲပေးမယ်ဟေ့
ဝန်ကြီးပြောတာ အားလုံးမှန်ပါတယ် သူ့ပါတီကလူတွေအကြောင်းသူအသိဆုံးပဲလေ .....ထိုင်မယ်...ထမယ်...လမ်းလျှောက်မယ်...ဟားဟား ဒါပဲလေ..
ကြံ့ဖွတ်ရဲ့ဂုဏ်သတင်းတွေကျော်ကြားနေပြီနော်....နောက်
ထပ်နားထောင်...နားထောင်နော်...
ဝန်ကြီးပြောတာမှန်ပါတယ်ဗျာ --- သူတို့ အချင်းချင်းအကြောင်းသိတယ်လေ ဆယ်တန်းလဲမအောင် အလိုက်လဲမသိဆိုတာမျိုးပေါ့ ဘယ်နှယ်ဗျာ ထိုင်ထ လောက်တော့လုပ်တတ်တဲ့ ကိုယ်စားလှယ်တွေကများနေတာ အမှန်ဘဲလေ ဘာစီမံကိန်း ဘာဘတ်ဂျတ် ဘာဆိုဘာမှာနားမလည် အိပ်ငိုက်တဲ့သူက ငိုက် အင်တာဗျုးမေးတော့လဲ ဘာမှမဖြေတတ် ဘာကိုယ်စားလှယ်လဲ ပြည်သူအတွက်ဆိုတာ ဘာကိုပြောတာလဲဗျာ... မဲခွဲရင် သူလူတွေထိုင်ရင်လိုက်ထိုင် ထရင်လိုက်ထ ၀န်ကြီးက အဲလိုပြောတာတောင်နည်းသေးတယ် ဘာမှအရည်အချင်းမရှိတဲ့ဖွတ်အမတ်တွေပါ...၂၀၁၀ ရွေးကောက်ပွဲက..ကြိုတင်မဲတွေနဲ့ ယူထားတဲ့ဖွတ်အမတ်တွေ....
လွတ်တော်အမတ်တွေ အနာပေါ် ဒုတ်ကျလို့ထအော်နေကြပြီ
ပြည်သူ့အသံ လွှတ်တော် အသံ
ပြည်သူ့ဆန္ဒ လွှတ်တော် ဆန္ဒ
ဘာလုပ်ကြမှာလဲ
Post a Comment