သူမရဲ့ အကြည့်နဲ့ အပြုံးမှာ မေတ္တာတရားတွေ တပ်ဆင်ထားတယ်လို့ မြင်မိတယ်


ဒါကတော့ သူမရဲ့ မိန့်ခွန်းမပြောကြားမီပုံလေးပါ။ ပီတိပန်းဝေတယ်လို့ ဆိုရမယ်။
သူမရဲ့ အကြည့်နဲ့ အပြုံးမှာ မေတ္တာတရားတွေ တပ်ဆင်ထားတယ်လို့ မြင်မိတယ်။

ကော့မှူးကို လေးကြိမ်မြောက် ၀င်ရောက်လာတဲ့ လူထုခေါင်းဆောင်။

သူမက အားအပြည့် မာန်အပြည့်နဲ့ တက်ကြွစွာ ဟောပြောတယ်။
အမေလာရင် ပျော်ကြတယ်.... အိုးစည်မောင်းတီးကြိုကြကွယ်...
ဒေါင်းအလံလေး လွှင့်လို့ရယ်... ဘ၀ကောင်းဖို့ မဲပေးမယ်....
ဓာတ်ပုံ- ဥက္ကာကိုကို (Facebook)
သူမရဲ့ အကြည့်နဲ့ အပြုံးမှာ မေတ္တာတရားတွေ တပ်ဆင်ထားတယ်လို့ မြင်မိတယ် သူမရဲ့ အကြည့်နဲ့ အပြုံးမှာ မေတ္တာတရားတွေ တပ်ဆင်ထားတယ်လို့ မြင်မိတယ် Reviewed by သစ်ထူးလွင် on 08:01 Rating: 5

10 comments:

Anonymous said...

This is Real Genuine Myittar From Her To Our People ! ! !

thethnin said...

ဟုတ်တယ်ဗျာ
အမေ့ပုံလေးတွေ ကြည့်ရတာ အေးချမ်းနေတယ်

မောင်ကြံ့ခိုင် said...

အမေလာရင် ပျော်ကြတယ်.... အိုးစည်မောင်းတီးကြိုကြကွယ်...
ဒေါင်းအလံလေး လွှင့်လို့ရယ်... ဘ၀ကောင်းဖို့ မဲပေးမယ်....
(မဲပေးမယ်....မဲပေးမယ်....ငါတို့အမေပဲ မဲပေးမယ်....မဲပေးမယ်...မဲပေးမယ်...ငါတို့ပါတီ(NLD)ပဲ...မဲပေးမယ်...မဲပေးမယ်....မဲပေးမယ်...ပြည်သူ့ပါတီ(NLD)ပဲ....မဲပေးမယ်..)

Anonymous said...

ဒီစာစုလေးကို zay လို့အမည်ပေးထားတဲ့ ပုဂ္ဂိုလ်တစ်ဦးက comment တစ်ခုမှာ တင်သွားခဲ့ပါတယ်။ သိပ်ကြိုက်လွန်းလို့ အခွင့်သင့်တိုင်း ကျွန်တော်တင်သွားချင်ပါတယ်။ zay က သူ့ရဲ့စာစုလေးကို နာမည်မပေးခဲ့လို့ ကျွန်တော်က မေတ္တာနဲ့အမေ လို့ ခေါင်းစဉ်တပ်ခဲ့ပါတယ်။

မေတ္တာနဲ့ အမေ

သုံးထောင်မပါ ခုံမပါ
မလာမနေရ အာဏာမပြ။
မုန့်ဟင်းခါးမကျွေး ရေမပေး
ဟိုလမ်းမဖောက် ဒီလမ်းမဆောက်
လူငွေ့ထူထူ နေပူပူ
အရိပ်မရှိ အကာမပါ
အဲ အဲ
အဓိက မေတ္တာ
အမေ့မှာ ပါတယ်
လာ သွားမယ် သူငယ်ချင်းတို့။

zay ရဲ့စာစုလေးကို ကျွန်တော်ရဲ့ ခံစားချက်တစ်ခု ထပ်ဖြည့်လိုက်မိပါတယ်။

အမြဲ အပြုံးပန်းတွေနဲ့ လင်းနေတဲ့ အမေ။
အမြဲ အမုန်းတရားတွေနဲ့ ကင်းနေတဲ့ အမေ။
ကျောကလည်းသား ရင်ကသား . . .
ကျောကလည်းသမီး ရင်ကသမီး . . .
သန်း၆၀သော သားသမီးတို့အတွက် . . .
မနာလိုခြင်း ငြူစူခြင်း အရှင်းကင်းတဲ့အမေ။
သာယာ ပျော်ရွှင်ခြင်းကိုသာ ပေးအပ်လိုတဲ့ အမေ။
ငါတို့ရဲ့ နှလုံးသားထဲက
ငြိမ်းချမ်းတဲ့ အမေ။

တို့တွေရဲ့ အမေကို ကြိုဖို့ . . .
လာ သွားမယ် သူငယ်ချင်းတို့။

ခံစားချက်ခြင်းတူတဲ့ အမေ့ရဲ့သားသမီးတွေကို ထပ်ဖြည့်ပေးကြပါလို့ တိုက်တွန်းလိုပါတယ်။

မြန်မာ့မြေ said...

ကျက်သရေ ရှိတဲ့ မြန်မာအမျိုးသမီးကြီး
ဓါတ်ပုံကြည့်ရင်းနဲ့ ကြက်သီးထ အောင်ကို ကြည်နူးရပါတယ်
ကျန်းမာပါစေ . . .
မြန်မာ့ ယဉ်ကျေးမှု ရဲ့ အထိမ်းအမှတ်လို့သတ်မှတ်လို့ရသည်
ဝတ်စားဆင်ယင်မှု ယဉ်ကျေးသည်
အပြောအဆို သိမ်မွေ့သည်
ကြင်နာ တဲ့အပြုံးတွေနဲ့ အမြဲတမ်း ပြည်သူ့အကြိုးကို အစဉ်တွေးတဲ့ မေစု
ကျန်းမာ ချမ်းသာ ပြီး ဘေးဘယာဝေးပါစေ

ကိုကိုကြီး said...

ကျွန်တော်တို့ဖျာပုံမှာ..တွေ့မိတဲ့စာချိုးလေးကို..လက်ဆင့်ကမ်းတင်ပြ တာပါ.ခင်ဗျာ..
ကဗျာလေးတစ်ပုဒ်ဗျာ... အယူတော်မင်္ဂလာဦးနိုး (ဘိုးတော်ဦးဝိုင်းခေတ်)တဲ့

““ဒေါင်းမတွန် မှ မိုးလင်းမယ်””
တစ်ပင်တိုင် ခ၀ါချပါလို့
နာလှတဲ့ အသည်းတွေ
တိုးလို့သာ “ကြွေ”
အသည်းတွေ မြေမှာချကြွေတော့
သာသနာမောင်း ရှေ့ကဆော်
ဒေါင်းတွေက အော်
ဒေါင်းအော်တော့ မနေသာ
သူလာပါလိမ့်
ဂူအောင်းတဲ့ ခင်ကြီးပျော်ရယ်
သမီးတော် လွှတ်လိုက်ပါလေး
ချိန်းကာခြောက်ကာ ခြင်္သေမင်းက
တိုးလို့သာ ပျောက်ကွယ်
ဤ ဇမ္ဗူတစ်ခွင်ဝယ်
ဇာနည် ဒေါင်းမ သူတွန်လျှင်
ဤ ဇမ္ဗူတစ်ခွင်
လင်းလိမ့်မယ်လေး.....။
အယူတော်မင်္ဂလာဦးနိုး
(ဘိုးတော်ဦးဝိုင်းခေတ်)
လက်ဆင့်ကမ်းစာဆောင်မှ ရရှိတာကိုကူးယူဖော်ပြပေးမိခြင်းဖြစ်ပါသည်။။

အမှန်တရား said...

အမေ မျက်နှာကြည့်ရတာအေးချမ်းလိုက်တာ။ ပြည်သူတွေကလဲ ပျော်နေလိုက်တာ.. ဖွတ်တွေနဲ့ကွာပါ့..

Anonymous said...

our only hope ...our only future....our only mother...we give you love ...we trust in you..

အမြင်သစ် said...

ဒါနဲ့ စကားမစပ်...
အခု ကြံ့ဖွတ်နဲ့ ကြံ့ဖွတ် အပေါင်းအပါတွေက ဒေါ်စုကို အပုပ်ချ
တိုက်ခိုက်ရင် နိုင်ငံခြားသားကိုအိမ်ထောင်ပြုခဲ့တာ ဆိုတာကြီးကိုလက်ညှိးထိုးချင်ကြပါတယ်။ အမျိုးဂုဏ်မစောင့်ထိန်းဘူးလေးဘာလေး ပြောချင်ကြတယ်။ မိုက်ကယ်အဲရစ်ဟာ တိုင်းတပါးသားဖြစ်ပေမဲ့
မြန်မာ့ယဉ်ကျေးမှုနဲ့မဝေးတဲ့သူပါ။ မြန်မာပြည်ကဆရာတော်ကြီး
တစ်ပါးကို ဖူးမျှော်ရင်း စကားပြောကြတဲ့အခါ ဆရာတော်ကြီးနဲ့
မိုက်ကယ်အဲရစ် ဟာ ပါဋ္ဋိ လိုတွေပြောဆိုနေကြတယ်ဆိုတာကြားဖူးပါတယ်။ ဒို့ပြည်တွင်းကမျိုးချစ်ကြံ့ဖွတ်ကြီးတွေက သြကာသ တောင်
အစအဆုံးမှန်အောင်ရေးနိုင်ကြရဲ့လားလို့ မေးကြည့်ချင်ပါတယ်

soecyclone said...

ဟုတ်ပါတယ်!
အမေစုရဲ့မျက်နှာကိုကြည့်ရတာ တကယ်ကိုပဲမေတ္တာတရားတွေတပ်ဆင်ထားတဲ့
အတိုင်းပါပဲဗျာ...........
အော်!ဒါနဲ့စကားမစပ် တစ်ခါတည်းပြောလိုက်ပါအုံးမယ်နော်၊
တခြားသောလူတွေရဲ့မျက်နှာတွေကိုကြည့်မိလိုက်ရင် ထမင်းစားတောင်ပျက်မိ
ပါတယ်ဗျာ၊(မှတ်ချက်။ ။ကြံ့ဖွံ့)

Powered by Blogger.