ရန်ကုန်၊ မတ်- ၃၀
ရန်ကုန်မြို့အတွက် လျှပ်စစ်မီးဖြန့်ဖြူးပေးဝေမှုကို
ဧပြီ ၂ ရက်မှ စတင်၍ အလှည့်ကျမီးပေးစနစ်ဖြင့် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း
ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့မှ ဒုတိယ
ဥက္ကဋ္ဌဦးမောင်မောင်လတ်ကပြောသည်။
မီးပေးဝေမှုကို နှစ်စဉ်ကဲ့သို့ A.B.C အုပ်စု (၃)ခုခွဲ၍ မနက် ၅ နာရီမှ ၁၁
နာရီတစ်ကြိမ်၊နေ့လည် ၁၁ နာရီမှညနေ ၅ နာရီတစ်ကြိမ်၊ ညနေ ၅ နာရီမှ ည ၁၁
နာရီ အထိ တစ်ကြိမ်၊ ည ၁၁ နာရီမှ နံနက် ၅ နာရီအထိ တစ်ကြိမ်နှုန်းဖြင့်
အလှည့်ကျ ပေးဝေသွားမည် ဖြစ်သည်။ထို့ကြောင့် အုပ်စုတစ်စု မှာ တစ်ရက်လျှင် ၆
နာရီကြာမီး ပေးချိန်နှစ်ကြိမ်ရမည်ဖြစ်သည်။
အုပ်စုခွဲမီးပေးဝေရခြင်းမှာ လျှပ်စစ်သုံးစွဲမှုပမာဏမြင့်တက်လာ ပြီး ထုတ်လုပ်မှုအပိုင်းမှာ တိုး၍ထုတ်လုပ်နိုင်ခြင်းမရှိသောကြောင့် ဓာတ်အားလိုအပ်ချက်မြင့်နေသဖြင့် အလှည့်ကျစနစ်အား လုပ်ဆောင်ရခြင်းဖြစ်ကြောင်းဦးမောင်မောင်လတ်ကဆက်လက်ပြောသည်။
နှစ်စဉ်တွင် ဇူလိုင်လမှသာ လျှပ်စစ်မီးအပြည့်ပေးသည့် စနစ်ကို
ပြန်လည်စတင်သော်လည်း ယခုနှစ်၌ ဇူလိုင်လမတိုင်ခင်တွင်
လျှပ်စစ်မီးအပြည့်ပေးသည့် စနစ်အား ပြန်လည်ကျင့်သုံးနိုင်ဖွယ်ရှိသည်။ သို့သော်အလှည့်ကျမီးပေးဝေမှုအား H အုပ်စုအဖြစ် အရေးကြီး သောနေရာများအား ထိုစနစ်ကျင့်သုံးမည်မဟုတ်ဘဲထိုအုပ်စုဝင်များမှာ
လုံခြုံရေးဆိုင်ရာနေရာများ၊ ဆေးရုံများ၊ ပုဂ္ဂလိကဘဏ်များအပါအ၀င်
ဘဏ်အားလုံး၊ ဘူတာကြီး၊ ဆက်သွယ်ရေး၊ လေဆိပ်၊ သံရုံး၊ စည်ပင်ရေစက်များ၊
နိုင်ငံပိုင်စက်ရုံ၊ CNG ပေးဝေရာ နေရာများ၊ ရဲဌာနများအား တစ် နှစ်ပတ်လုံး
မီးအပြည့်ပေးသွား မည်ဖြစ်ကြောင်းသတင်းရရှိသည်။
7Day News Journal
ရန်ကုန်တွင် အလှည့်ကျ လျှပ်စစ်မီးပေးဝေမှု ဧပြီ ၂ ရက်စမည်
Reviewed by
သစ်ထူးလွင်
on
15:04
Rating:
5
46 comments:
ဟာာာ....ဘယ်လိုဖြစ်ပြန်ပြီလည်းကွာ စိတ်ဓါတ်တောင်ကျတယ်...တိုးတက်လာတယ်ကိုမရှိဘူး။
လျပ်စစ်ဝန်ကြီးကပိုနေတယ်ဆို။
ထူးမခြားနား... မီးရေကုန်ပီလား..
ပို လို.ရောင်းတယ် ဆို
ကဲကဲကဲ...ဦးဦးဇော်မင်း ဘယ်ရောက်နေပါလည်း...ကျတော်တို့ကတော့ မပြောချင်ဘူးနော်...ဖွလည်းမဖွချင်ဘူး ကိုယ့်အသိစိတ်လေးနဲ့ပြင်သင့်တယ်လို့ထင်တယ်...ကျတော်တို့ ရန်ကုန်ကိုတောင်မီးပုံမှန်မပေးနိုင်သေးပဲနဲ့...ဒီရာထူး အတွက်တော့ရင်လေးတယ်...ဟင်းးးးးး
ရော်....ဖြစ်ပြန်ဘီ..နိုင်ငံတော်ကအကြွေးတွေကို..လျှပ်စစ်အတွက်ယူထားတာဆိုခက်တော့ခက်နေဘီ...
အရင်လိုဘဲ တမင်တကာ ရက်စက်တော့မယ်ပေါ့..။
အရှက်မရှိ ပိုလို့တောင် ရောင်းစားရမယ် ပြောသေးတယ်။
"ဒီနည်းနဲ့ နှိပ်စက်ရင် မင်းတို့ ခံနိုင်ရိုးလား " ဆိုတာမျိုးလား။
ပိုလျှံနေတဲ့ လျှပ်စစ်တွေ ဒို့နိုင်ငံ အတွက်မပါဘူးလား တောက် နာတယ်ကွာ
လျှပ်စစ်မီးတွေ ပိုလို့ တောင် ရောင်းနေရတယ်ဆို . . . ဘယ်ဒီမိုကရေစီ နိုင်ငံမှာမှ မီးအလှည့်နဲ့ ပေးတယ်လို့ မကြားဖူးဘူး . . မနှစ်ကတောင် အချိန်ပြည့် ရသေးတာပဲ ဘယ်လို ဖြစ်တာလဲ . . .
ရှင်းတမ်းမှာတော့ ဘဂျက်အများဆုံးသုံးတဲ့ လျှပ်စစ် ဘယ်လိုတွေလဲဗျာ...
ဒီလိုတွေသာလုပနေလိုကတော့.... အဲလစ် သီချင်းလိုပဲ ငါမင်းကိုသက်ချင်တယ်...
့ပြည်သူတွေရဲ့ အခြေခံကျပြီး အဓိကလိုအပ်ချက်ဖြစ်တဲ့ မီးနဲ့ ရေ လေးတောင် လုံလောက်အောင်မလုပ်ပေးနိုင်တဲ့ အစိုးရ ဘာအစိုးရလဲ?????????
မင်းတို့ တိုင်းပြည်ကို အဲဒီလောက်တောင်မှ မလုပ်ပေးနိုင်ရင်လဲ လုပ်ပေးနိုင်တဲ့ သူကို လွှဲပေးလိုက်ပါလား.... စောက်သုံးမကျတဲ့ သေနာတွေ..
တိုင်းပြည်က ရသမျှ ငွေတွေကို သူတို့ကိုယ်ကျိုးအတွက်ပဲ သုံးတဲ့ အကောင်တွေ..မြန်မြန်သေကုန်မှ အေးမယ်....
အော်တိုင်းပြည် ကိုတိုးတိုးအောင်လုပ်ပြီး လူနေမှုအဆင်အတန်းကိုမြှင့်ပေးမယ်မှတ်တယ် ဆွဲချနေတာကိုးကွလုပ်ထားပေါ့ကွာ အခု5နှစ်တော့
ကဲကဲ...အားလုံးကြားတယ်နော်
မီးလာအောင်လုပ်ပေးမယ်
လမ်းခင်းပေးမယ်ဆို တာတွေ...ယုံရမှာလား
ဧပြီ ၁ ရက်တောင်မရောက်သေးဘူး..မီးပျက်တော.မယ်နော်
ပြည်သူတွေကိုပညာပြတဲ့သဘောပါ။ မင်းတို့ကောင်တွေ ဆန္ဒပြချင်အုံး မြစ်ဆုံစီမံကိန်းကိုဆိုတဲ့သဘောပဲ။ ဇော်မင်းစနက်တွေပေါ့။ပြောတော့လျှပ်စစ်ဓါတ်အားအတွက်ချေးငွေပမာဏက
အများဆုံးတဲ့။ ဘယ်မလဲ အဲဒီချေးငွေတွေ။ ဘယ်မလဲ မြစ်ဆုံအ
တွက်တရုတ်ဆီက ယူထားတဲ့ ဒေါ်လာ ၅ ဘီလျံ။ တပ်မတော်ရဲ့
ကျေးဇူးရှင်ကြီးလို့ မင်းအောင်လှိုင်ကပြောသွားတဲ့ ဟိုမတန်မရာ
သတ္တ၀ါ ကမန်ယူအသင်းတောင်ဝယ်ချင်သေးသတဲ့။ တိုင်းပြည်ကိုရောင်းစားသွားပြီးဒမိုကရေလမ်းစဉ်ကိုချမှတ်ပေးခဲ့သလေးဘာလေးနဲ့ သူ့တောင်ကျေးဇူးတင်ရမဲ့ပုံ။တတိုင်းပြည်
လုံးသိနေတာတောင် တပ်မတော်အပေါ်ကျေးဇူးရှိပါတယ်လို့
ပြောတဲ့လူကရှိသေးတယ်။ ......ထွီ.......
လျှပ်စစ်မီးပိုလို့ တခြားနိုင်ငံတွေ ရောင်းပစ်ရတယ်ဆိုတဲ့ လျှပ်စစ်ဝန်ကြီးငနှဲ့ကောင် အခုဘယ်လိုဖြစ်တာလဲ ရှင်းပြစမ်းပါအုံး။
လျှပ်စစ်မီးတွေ ပိုလို့ တောင် ရောင်းနေရတယ်ဆို . . .လျပ်စစ်ဝန်ကြီးကပိုနေတယ်ဆို။ပွဲစားခယူထားလို့ပြောကြတာလား
ပြောတော့ မြေအောက်ရထားလိုင်းတွေဆောက်မယ်ဆို ခုကျတော့ လျှပ်စစ် မီးတောင် မမှန်တော့ပြန်ဘူး
လေးစားပါတယ် နိုင်ငံတော် သမတ ကြီးနှင့် တပ်မတော် အရာကြီး များခင်ဗျား.။ ခေတ်မှီ ဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော် သစ်ဆီသို့ .................................
ပြောတော့ပိုတယ်ဆို...ပိုလို့ ရောင်းစားနေကြတယ်မလား...ခုဘယ်လိုဖြစ်ပြန်ပြီးလဲ....မြန်မာကတိုးတက်တယ်မရှိဘူး..။
ကဲမှတ်ကရော စွမ်းအင်တွေပိုလျှံနေတယ်တဲ့ သူ့အိမ်ထဲမှာပြောတာထင်တယ်
သြော်... ပိုလို့ ဖက်နဲ့ထုပ်ပီး export လုပ်တတ်သွားပီလေ ဝန်ကြီးက။ မင်းတို့ ကြယ်ကိုကိုတွေဘဲ ပြောနေတာ စက်ာပူလို မြေအောက်ရထားဆိုလား လုပ်မှာဆို။ ငါတော့ မင်းတို့ဓါတ်ရထားဆိုတာကို မစီးရဲပါဘူးကွာ မီးပျက်တာနဲ့ကို အရှင်လတ်လတ် မြေမြိုနေသလို ခံစားနေရမှာ။ ကိုယ့်ဘာသာ လမ်းဆက်လျှောက်မယ်။ မြန်မာပြည်ကြီးတိုးတက်နေလိုက်တာ မြင်မကောင်းအောင်ဖြစ်နေပြီ။ အကြွေးတွေက လည်ပင်းရောက်နေပြီ။ ဒီကောင်တွေ(ဟိုး ဗလာတီမာတို့ဆီကကောင်တွေ)က သူတို့စားသောက်ဖို့ ကျန်မလားတွေးပြီး ဇွတ်ကို တပ်မတော်ကို ချစ်ပြနေတော့တာဘဲ
ကိုယ့်နိုင်ငံရဲ့အထင်ကရမြို့တော်တွေမှာတောင် ၂၄ နာရီပြည့်အောင်လျှပ်စစ်မီးမပေးနိုင်သေးဘဲ တရုတ်(ပထွေး)တွေအတွက်လျှပ်စစ်ထုတ်ရောင်းဖို့ဖို့တဲ့ တရုတ်တွေအကျိုးအမြတ်ရမယ် သူတို့အိပ်ထဲငွေတွေရောက်မယ်ဆိုတဲ့အတွေးဘဲရှိတယ် ဒီလိုစက်ရုံတွေလည်ပတ်ဖို့ တည်ဆောက်ဖို့အတွက်ကျွန်တော်တို့မြန်မာပြည်မှာလည်းအတတ်ပညာရှင်တွေအများချည်းရှိပါတယ်ဗျာ ကိုယ့်နိုင်ငံတော်ကလူကြီးတွေကိုကတိုင်တပါးအထင်ကြီး(တရုတ်)ပြီးကိုယ့်နိုင်ငံသားတွေကိုမချီးမြှောက်ချင်လို့အတတ်ပညာရှင်တွေနိုင်ငံရပ်ခြားထွက်အလုပ်လုပ်နေကြရတာပါ ဘယ်မှာလဲမြန်မာပြည်ကြီးတိုးတက်နေပြီဆိုတာ... တိုင်းပြည်အတွက်ဘာမှတိုးတက်မှုရှိအောင်မလုပ်နိုင်တဲ့ဝန်ကြီးဋ္ဌာနတွေဖျက်သိမ်းသင့်နေပြီ....
သန်းရွှေနေတဲ့နေရာရော မီးပြတ်မှာလားဟင်....? အော် ဆောရီးနော်...မှားလို့ ...တောင်းပန်ပါတယ် ဇော်မင်းရယ်....မင်းဖေဖေကြီးနေတဲ့နေရာတော့ မဖြတ်မိစေနဲ့ ...မင်းကို လာဖြတ်လို့ ..မင်းမိန်းမကြီး အိပ်မရ ဖြစ်နေမယ်....
ကျွန်တော်က ရန်ကုန် ဒဂုံတောင်မှာ နေပါတယ်။ ကျွန်တော်တို့ဆီမှာ လွန်ခဲ့တဲ့ နှစ်ပါတ်ကျော်လောက်က စပြီး မီးက အခုလာ အခုပြတ် ဖြစ်နေပါတယ်။ မီးလာလို့ အားရ၀မ်းသာနဲ့ ရေတင်မယ်ဆိုပြီး မော်တာ ကောက်ဖွင့်လိုက်ပါတယ်။ ဖြတ်ဆို မီးက ပြတ်သွားပါပြီ။ ဒါမျိုးတွေက အကြိမ်ပေါင်းများစွာ ကြုံခဲ့ရ ကြုံနေရဆဲဖြစ်လို့ အဆန်းကို မဟုတ်တော့ပါဘူး။
နေ့လည်နေ့ခင်း ပူအိုက်လွန်းတဲ့အချိန်မှာ ပန်ကာရှိပေမဲ့ မီးမလာလို့ မဖွင့်နိုင်ပါ။ မီးအတွက် အရေးမဆိုချင်ပါဘူး။ တော်ကြာ မြစ်ဆုံစီမံကိန်းကြီး ကောက်ကိုင်လိုက်ရင် မီးမရတာအပြင် အစာရေစာပါ ပြတ်သွားမှာ ဖြစ်ပါတယ်။
မြစ်ဆုံ စီမံကိန်းကြီးနဲ့ ပတ်သက်လို့ လျှပ်စစ်ဝန်ကြီး ဇော်မင်းရဲ့ ပြောကြားချက်တွေကို ဖတ်ပြီးကတည်းက “ဒီလို လူစားမျိုးတွေ ၀န်ကြီးတက်ဖြစ်နေသရွေ့ ငါတို့ နိုင်ငံမှာ ဘာဆို ဘာမှ မျှော်လင့်လို့ မရနိုင်ဘူး” ဆိုတာကို အကြွင်းမဲ့ သဘောပေါက်ပြီးပါပြီ။
မထူးဆန်းတော့ပါဘူး
ဒို့နေပြည်တော်ကြီးမှာတော့ ....လူမရှိသူမရှိနေရာတွေမှာတောင် ... မီးအလင်းရောင်က အပ်ပျောက်ရှာလို့ရတယ်
လက်ရှိ သဘောထား သေးသိမ်တဲ့ လူကြီးတွေ တိုင်းပြည်ကို အရှက်မရှိ ညစ်ပတ်တဲ့ကိစ္စပဲ။ ဒီလူတွေ တော်တော်အကျင့်ယုတ်တဲ့လူတွေပဲ။ လည်/ဆည်ဝန်ကြီး၊ လျှပ်စစ်ဝန်ကြီးစတဲ့ လူယုတ်တွေရဲ့ စနက်ဆိုတာ တွေးကြည့်စရာကို မလိုဘူး၊
ဒီအရေးကိစ္စဟာ လူကြီးလူကောင်း မဆန်စွာ တိုင်းပြည်ကို အရွဲ့တိုက်တာဖြစ်သလို လွှတ်တော်ကိုလည်း ရန်စ၊ ဆော်ကား မထေမဲ့မြင်ပြုတာဖြစ်ပါတယ်။
ဦးခင်အောင်မြင့်၊ သူရဦးရွှေမန်းခင်ဗျား ဒီကိစ္စကို ကြည့်မနေကြပါနဲ့ခင်ဗျား။ လွှတ်တော်အမတ်များလည်း အရေးဆိုပေးကြပါ။
တိုင်းပြည်ကို လက်ရှိ သမတကြီးတို့ရဲ့ စစ်တပ်က နှစ်၂၀ကျော်အုပ်ချုပ်လာတာ မီးတောင်မှန်အောင် မပေးနိုင်သေးဘူးဆိုတာ လုံးဝ မဖြစ်သင့်ပါဘူးခင်ဗျာ။
ဖြတ်ချင်လို့ဖြတ်တယ်...အောက်မေ့လို့လား...
ရွေးကောက်ပွဲမှာ မနိုင်မှာသိလို့ ပြည်သူတွေကို ပညာပြတာ...
အရင် စစ်အစိုးရက (ဆိုက်ဝါး)လုပ်ပြီး နေကြီးရက်ကြီးတွေရောက်ခါနီးရင်၊
ရေဖြတ်၊ မီးဖြတ်လုပ်ပြီး ပြည်သူတွေ အလုပ်မနားရအောင်၊ ညဖက်မှ ရေပေး မီးပေး လုပ်ကြတယ်။။ ခုလဲ ဒီအချိုး ချိုးနေပြန်ပြီ... သောက်ကျင့်တွေက လုံးလုံးမပြောက်သေးဘူး။ ဘယ်မှာလဲ ပြောင်းတာ...
ပြောင်းတာမဟုတ်ဘူးဗျို့... ပြိုနေတာ..ပြိုနေတာ...
ချင်းတွင်း ကို ကုလား ဧရာဝတီ ကို တရုပ် သံလွင် ကို ယိုးဒယား ပွဲစားခ များများနဲ့ ရောင်းစား ပြီး ခုမှ ရူးချင်ရောင်မဆောင်နဲ့ ငါတို့ဘယ်ချောင်း မှာလျှပ်စစ်မှာထုတ်ရမလဲ။ လျှပ်စစ်မီးပိုလို့ တခြားနိုင်ငံတွေ ရောင်းပစ်ရတယ်ဆို
မနက်က ဖတ်လိုက်ရတယ် ယိုးဒယားကို သံလွင်မြစ်က လျှပ်စစ်ဓါတ်အားထုတ်လုပ်တဲ့ ထဲက ၉၀% ရောင်းလိုက်တယ် ဆိုလားပဲ...
မရောင်းပဲ တားတို့ နိုင်ငံကိုပေးပါလား
ဘာလည်း ပြည်သူပြည်သားတွေ ဘယ်လိုနေနေ မင်းတို့ ကောင်းစားရင်
ပြီးရောလား........
ဟားဟား ရီရတယ်ဟေ့ အဲ့ဒီစကားကိုလည်း ကျွန်တော် ပြောရင် မသင့်လျော်မှာဆိုးလို့ မောင်မောင်လတ် ကိုပြောခိုင်းတယ်လို့ပြောပါလား ကိုဇော်မင်းရယ်။ တကယ်ကွာ။ စိတ်ပျက်တယ်။ ကျွန်တော်သာလေ ခင်ဗျားနဲ့ အမျိုးနည်းနည်း တော်ကြည့် ရှက်လွန်းလို့ ခေါင်းတောင် ဖော်ရဲမှာ မဟုတ်ဘူး။ မြန်မာပြည်မှာ လူလာဖြစ်ရပေမယ့် ခင်ဗျားတို့နဲ့ ဆွေမျိုးနည်းနည်းမှ မတော် တာ ကျွန်တော်ကံကောင်းတယ်ပြောရမယ်။
အိမ်က မဟေသီအဘွားကြီးကတော့ ပြောသားပဲ အမေစုကိုတိုးတိုးပဲအားပေးတဲ့ 
“တော်” ညမှဖယောင်းတိုင်တိုလေးနဲ့ ရေတင်နေရဦးမယ်တဲ့ ။
အမေေ၇ကယ်ပါဦး။
အက်ဒီဆင် ကိုဂုဏ်ပြုတဲ့အနေနဲ့ မီးဖျက်တာပါ..
မနိုင်၊ နိုင်တာနဲ့ညစ်ပတ်မယ်ဆိုတဲ့သဘောလား?
လျှပ်စစ်မီးကို မင်းတို့ဆီကနေပြည်သူတွေက အလကားယူပြီးသုံးနေတယ်များ ထင်လို့လား မီတာခတွေ ပေးပြီးသုံးနေတာ ကွ မင်းတို့ပဲ မကိုက်လို့ဆိုပြီး တတ်လိုက် အကြောင်းအမျိုးမျိုးတွေနဲ့ ဈေးတတ်ယူနေတာတောင် မင်းတို့က လျှပ်စစ်ကိုလုံလောက်အောင်မပေးနိုင်သေးဘူးလား လုပ်ငန်းရှင်ဆိုမီတခက တမျိုး တယူနစ်ကို ၇၅ ကျပ်တောင်ပေးပြီးသုံးနေတာလည်း မင်းတို့က မကိုက်သေး ဘူးလား ဒါနဲ့များကွာ ဖွံဖြိုးတိုးတတ်တဲ့နိုင်ငံတည်ဆောက်မလို့ တဲ့ ရန်ကုန်မြို့ကြီးကို စင်ကာပူ လိုဖြစ်အောင်လုပ်မလို့တဲ့ အင်း မင်းတို့ကတော့ ခိုးဖို့ လိမ်ဖို့ အိမ်ကမိန်းမ စိန်နားကပ်ကြီးဖို့ စီမံကိန်းကြီးတွေကို မရမက ဖေါ်ထုပ်နေတာပဲ လက်တွေ့မှာက တော့ ရန်ကုန်မြို့ကြီးကိုစင်ကာပူလိုမပြောနဲ့ မီးပုံမှန်လာအောင်တောင်မလုပ်နိုင်ဘူးလေ နိုင်ငံခြားကရင်းနှီးမြှုပ်နှံမူတွေကိုဖိတ်ခေါ်အုံးမယ်တဲ့ သမ္မတကြီးက ဟိုကစက်ရုံကြီးတွေလုပ်ငန်းကြီးတွေက ဒီရောက်တော့ ဖရောင်းတိုင်ထွန်းပြီး ကုန်ထုတ်လုပ်မှူတွေလုပ်ကြရမှာပေါ့ ဟုတ်စ
မီတာအသုံးပြုခနှစ်ဆတက်ပြီးမှဖြစ်ရတယ်လို့ကွာ...
လျှပ်စစ်တွေ ပေါလို့ နိုင်ငံခြားတောင် ရောင်းစားနေပြီး ဘာအခုမှ အလှည့်ကျပေးမှာလဲ ...အကျင့်တွေကိုက ကောင်းကို မကောင်းဘူးးးးးး
စားလို့မ၀သေးဘူးလား... ပြည်သူ့ ဘက်ကို လှည့်ပြီး ဒုက္ခပေးပြန်ပြီလားးးးးး
လုပ်ကြပေါ့ကွာ
သားသားမယားအတွက်မကိုက်လို့ပါ။
ထူဆန်းပါပေ့ လျှပ်စစ်ဝန်ကြီးရယ် ပြည်သူတွေကို ကိုယ်တိုင်ပြောပါတော့လား။
ဆောက်လိုက် ရတဲ့ ရေအားလျှပ်စစ်ထုတ်ဖို့ဆည် ။တရုတ်ကိုရောင်းစားလို့ကုန်ပြီးလား။တရုတ်ပြည်မှာ ထိန်နေတာဘဲ။မြန်မာ ပြည် ကဝယ်တဲ့လျှပ်စစ် က တရုတ် က တခြားကို အမြတ်တင်ပြီးပြန်ရောင်းမှာ ကြည့်လုပ်ကြပါ လူကြီးမင်းတို့ရေ ။မြန်မာ ပြည်မှောင်ထဲက နေ ဘယ်တော့ထွက်ရမှာလဲ။မြန်မာပြည်က လူတွေ နေတာ။တရုတ်မှ လူမှုတ်ဘူး။မြန်မာ ပြည်ကို တိုးတက်ဘို့ စဉ်းစားကြပါအုံး
ကျွန်တော်တို့ နိုင်ငံမှာ စစ်အစိုးရလက်ထက်က ဓါတ်အားပေးစက်ရုံ (????) တည်ဆောက်ခဲ့ပြီး ယခု အစိုးရလက်ထက်မှာလည်း ဓါတ်အားပေးစက်ရုံ (????) တည်ဆောက်ခဲ့ပြီး (????) မှာ တည်ဆောက်ဆဲဖြစ်ပါတယ် ဒါကြောင့် လျှပ်စစ်မီးအတွက် ပြည်သူတွေ မပူရအောင် လျှပ်စစ်ဌာနမှ မီးများကို တတ်နိုင်သမျှ ဖြတ်နေပါတယ်။ ရှေ့မှာတမျိုး နောက်မှာတမျိုးဆိုတာ အခုထိရှိနေတုန်းပေါ့။ ဘယ်သူ့မှာ တာဝန်ရှိသလဲ။ ကျွန်တော်တို့က လျှော့သုံးရမှာလား။ တန်ရာတန်ကြေးပေးထားတာနော်။ ဘာလဲ ဈေးထပ်တက်ချင်လို့ ဈေးကိုင်တာလား။
ဒါဆိုဘာလို့မီတာခတွေတိုးကောက်တာလဲ။
ရှုံးနေတယ်လို့အော်နေရအောင်လည်း
နင်တို့စစ်အာဏာရှင်ခေါင်းဆောင်နဲဆွေ့တော်မျိုးတော်တွေ
စီးပွါးရေးတွေမှာလည်းမီးကိုအလကားသုံးနေကြပြီး
ပိုက်ဆံတိုးကောက်တော့ပြည်သူဆီက
နဲနဲလေးတော့ရှက်ကြပါ။
ကျမတို့လည်းမီတာခတွေပေးရတာနင့်နေတာပဲ။
မီတာဖတ်သူကလည်းခိုး
အလှည့်ကျပေးတော့လည်း
နောက်ကျမှမီးလား
တော်ပါတော့.....ပြည်သူအတွက်တော့
အ..မင်္ဂလာတွေချည်းပါပဲ။
သတင်းတွေဖတ်ပြီးသေချင်စော်နံလာတယ်။
ကိုယ့်ကိုကိုယ်တောင်သေချင်မိတယ်တကယ်ပါ။
ကျနော်တို့ ဘ၀ကတော့မထူးတော့ ပါဘူးဗျာ ပေးရင် ရမယ် မပေးရင်မရဘူး ဒါဘဲပေါ့  ထမင်းစားပြီး ခေါင်းထဲမှာ ဦးဏှောက်ရှိတယ် တချို.ကျတော့ ထမင်းစားပြီးချီးဖြစ်သွားတယ် ချီးဖြစ်သွါးတဲ့တိရစ္ဆာန်တွေအုပ်ချုပ်မှတော့ ဒီလောက်တော့ ရှိမှာပေါ့ တိုင်းသူပြည်သားတို့ ရေသီးခံလိုက်ကြပေတော.
သူငယ်ချင်းတို့ရေ ရန်ကုန်မှာတင်မဟုတ်ပါဘူး မန္တလေး မှာလည်းမီးပျက်ပါတယ်ဗျာ။ ရန်ကုန်မှာပျက်တယ်ဆိုတာကမှ ပြောပြီးပျက်သေးတယ် မန်းမှာပျက်တာက မပြောဘဲနဲ့ကိုပျက်တာပါဗျာ။ လာချင်ရင် 1 နာရီလောက်လာပြီးတော့ ပျက်ရင်တော့ အနည်းဆုံး 8 နာရီလောက်ကြာပါတယ်။ လျှပ်စစ်ရုံးကိုဖုန်းဆက်တော့လဲ ဖုန်းကိုင်မယ့်သူမရှိတာနဲ့ မအားပါနဲ့ဘဲ ပြီးသွားတာ။ မေးမြန်းလို့လဲ မရပါ။ ဒီအတိုင်းလေးဘဲနေနေရပါတယ်ဗျာ။
(အုပ်စုခွဲမီးပေးဝေရခြင်းမှာ လျှပ်စစ်သုံးစွဲမှုပမာဏမြင့်တက်လာ ပြီး ထုတ်လုပ်မှုအပိုင်းမှာ တိုး၍ထုတ်လုပ်နိုင်ခြင်းမရှိသောကြောင့် ဓာတ်အားလိုအပ်ချက်မြင့်နေသဖြင့် အလှည့်ကျစနစ်အား လုပ်ဆောင်ရခြင်းဖြစ်ကြောင်းဦးမောင်မောင်လတ်ကဆက်လက်ပြော)sauk yuu.min doe sale htar tae china ko yaw di lo pe pay par lar.ta khar lar le pyi thu tway ko pe loke nay tae.
Post a Comment